
ကိုဖိုးသိ
မစ္စတာ မက်ကီလာဒါ ။ သူ့ ကိုမသိရမီကတည်းကပင် ကျွန်တော်စိတ်ထဲတွင် မနှစ်သက် သလိုလို ဖြစ်မိသည် ။ ထိုအခါကား စစ်ပြီးစဖြစ်သည် ။ပင်လယ်ကူး သဘောင်္များတွင် ခရီးသည် များ ကြိတ်ကြိတ်တိုး နေချိန်ဖြစ်သည် ။ သေဘာၤလက္မွတ္ရဖို ့ မလြယ္လွပါ ။ သေဘာၤ ကိုယ်စားလှယ် စီမံပေးသမျှကို မငြင်းပယ်ပဲ ကြိုက်သည်ဖြစ်စေ ၊ မကြိုက်သည် ဖြစ်စေ လက်ခံရသည် ။အခန်းစီးမည်ဆိုလျှင် တယောက် ခန်းကို လွယ်လွယ်နှင့် မရနိုင် ။ ကျွန်တော် ကို ပေးလိုက်သည့် အခန်းမှာ နှစ်ယောက်ခန်း ဖြစ်သဖြင့် ကိုယ်စားလှယ်ကို များစွာကျေးဇူး တင်မိသည် ။
ကျွန်တော်နှင့် အတူ ထရီူးသွားရမည့် အခန်းဖော်`၏ နာမည်ကို ကြားလိုက်သည့်အခါ တွင်မူ များစွာ စိတ်ပျက်မိလေသည် ။ အသက်ရှုရ ခက်မည်ကို စဉ်းစားမိ၍ ဖြစ်ပါသည် ။ ဆယ့်လေးရက် ခရီးရှည်ကြီးကို အခန်းတခုထဲ တွင် အခြားတစိမ်းတယောက်နှင့် အဖော် လုပ် သွားရမည့် အဖြစ်မှာ စိတ်ဆင်းရဲစရာ ကောင်းလှသည် ။ထိုအ ချိန်က ကျွန်တော် သည် ဆန်ဖရန်စစ္စကိုမြို့ မှ ယိုကိုဟားမားမြို့ သို့  ခရီးသွားမည်ဖြစ်သည် ။ မည်သို့ ပင် အခန်း ဖော်တယောက်နှင့် ခရီးသွားရစေ ၊ ထိုအဖော်မှာ စမစ် သို့ မဟုတ် ဗရောင်းတ ယောက် ယောက် ဖြစ်လျှင် မ ထောင်းတာ လှပါ ။
သဘောင်္ပေါ်သို့  ရောက်လျှင် မစ္စတာကီလာဒါ`၏ ခရီးဆောင် ပစ္စည်းများ ရောက်နေ နှင့်ပြီက်ု တွေ့ ရသည် ။ ပစ္စည်းများကို တွေ့ လိုက်ရကတည်းက သူ့ ကို မကြိုက်ချင်လှတော့ပါ ။သားရေ သေတ္တာများပေါ် တွင်နာမည် ရေးထားသော စာရွက်စာတန်း မလေးများ အရေမတွက်နိုင် လောက်အောင် များလှသည်ကို ပထမဆုံး ဂရုစိုက်မိသည် ။ အကျီင်္ဘောင်း ဘီထည့်သည့် သေတ္တာကြီးမှာ အဆမတန် ကြီးမားလှသည် ။
ပေါင်ဒါ ၊ ရေမွေး ၊ ခေါင်းလိမ်းဆီ စသည့် တိုလီမိုလီ ပစ္စည်းများကား အပြင်ရောက်နေကြပြီ ။ ယင်းတို့ ကို ကြည့်ရခြင်းအားဖြင့် မစ္စတာ ကီလာဒါ သည် နာမည်ကျော် မွန်ဆီယာကိုတီ ( ကိုတီရေမွေး ကုမ္မဏီ ) `၏ ဖောက်သည်ကြီး မှန်းသိရသည် ။ ရေမွေး ၊ ခေါင်းလျှော်မွှေး ၊ ခေါင်းလိမ်းဆီ စသည့်တို့ စုံလင်လှသည် ။ မစ္စတာ ကီလာဒါ`၏ ၀က်မှင်ဘီးတို့ သည် ရွေရောင်တောက်နေကြသည် ။
ကျွန်တော်သည် မစ္စတာ ကီလာဒါကို မနှစ်သက်ချင်လှ တော့ပါ ။
သို့ နှင့် ဆေးလိပ်သောက်သည့် အခန်းသို့ ကျွန်တော် ထွက်လာခဲ့ သည် ။ ထို့ နောက် ဖဲထုပ်တခု တောင်းကာ ရသေ့ စိတ်ဖြေ ကစားနညိးတမျိုးကို ကစားရန် ထိုင်လိုက်သည် ။ စကစားရန် ဟန်ပြင်နေဆဲမှာ ပင် ကျွန်တော် ရှေ့သို့  လူတယောက်လာ၍ ရပ်ကာ ကျွန်တော်မည်သူ မည်ဝါ ဖြစ်သည်ဟု သူထင်ကြောင်း နှင့် သူ့ အထင် မှန် ပါသလားဟု မေးသည် ။
“ ကျွန်တော်ကတော့ မစ္စတာ ကီလာဒါ ပဲ ” သွားများဖွေးကနဲ ပေါ်လာအောင် ပြုံးယင်းကျွန်တော် စားပွဲတွင် သူထိုင်ချလိုက်သည် ။
“ သြော် …. ဟုတ်ကဲ့ ၊ ကျွန်တော်နဲ့  တခန်းတည်း ခရီးသွားဖော် မဟုတ်လား ”
“ တလှေတည်း စီးတခရီးတည်း သွားတွေပေါ့ ခင်ဗျာ ၊ ကုသိုလ်ကံ ဆုံစည်းချင်လို့ ပဲ ဆိုရမှာပေါ့ ၊ ဘယ်သူနှင့် ဘယ်သူ တခန်းတည်း စီးရမယ်လို့ စီစဉ်ထားကြတာမျ မဟုတ်ပဲလားခင်ဗျ ၊ ပြီးတော့ ဒီက မိတ်ဆွေက အင်္ဂလိပ် တယောက်ဆိုတာ သိရတော့ ပိုပြီး ၀မ်းသာသွားတာပေါ့ ခင်ဗျာ ၊ ဟောဒီ သဘောင်္ခရီးမှာတော့ ကျွန်တော် တို့ အင်္ဂလိပ်ချင်းချင်း ကျောချင်း ကပ်ကြမှ ခင်ဗျ ၊ ကျွန်တော်ဆိုလိုတာ နားလည်မှ ပေါ့ခင်ဗျာ ”
ကျွန်တော်သည် မျက်တောင်တချက် ခတ်မိလေသည်။
“ ခင်ဗျားက အင်္ဂလိပ်လား ” ကျွန်တော် မေးခွန်းမှာ ပရိယာယ် ကင်းလှသည် ။
“ ဟုတ်တာပေါ့ဗျ ၊ ကျွန်တော် အမေရိကန်နဲ့ မတူဘူး မဟုတ်လား ၊ ဘယ်လိုထင်သလဲ ၊ ဗြိတိသျှမှ အမာခံ ဗြိတိသျှဗျ ၊ အဲ …. ကျွန်တော် ဗြိတိသျှပဲ ”
သူ့ စကားကိုသက်သေထူရန် မစ္စတာ ကီလာဒါသည် အိတ်ထဲမှ နိုင်ငံကူးလက်မှတ်ကို ထုတ်ကာ ကျွန်တော် နှာခေါင်းအောက်သို့  ထိုးပေးလိုက်သည် ။
ဂျော့ဘုရင်တွင် လူထူးလူဆန်း နိုင်ငံသား အများအပြားပင် ရှိသည် မဟုတ်လား ။ မစ္စတာ ကီလာဒါသည် အရပ် ပုပု ၊ ကိုယ်လုံး ကိုယ်ထည် တောင့်တောင့် ဖြစ်သည် ။ မုတ်ဆိတ်မွေး ၊ နှုတ်ခမ်းမွေးများ ပြောင်နေအောင် ရိတ်ထား သည် ။ အသား ညိုသည် ။ ထို့ ပြင် မျက်နှာပြည့်ပြည့် နှာခေါင်းကောက်ကောက် ပွပွနှင့် အရည်လည်ကာ အရောင်တောက်သည့် မျက်လုံးများလည်းရှိသည် ။ သူ့ ဆံပင်သည် ရှည်လျား နက်မှောင် ကာ ခပ်စုစု ခပ်ကောက်ကောက် ဖြစ်သည် ။ စကားပြောသည့် အခါ နှုတ်သွက် လျှာသွက် အာဝဇ္ဖန်း ရွှင်လှသူ ဖြစ်ကြောင်း သိ ရ သည် ။သို့ ရာတွင် စစ်စစ်တယောက် စကားပြောသကဲ့သို့ ကားသူမပြော ပါ။ သူ`၏ ဟန်အမူအရာ တို့ မှာ ဖျက်လတ်သွက်လက်လှသည် ။ သို့ ဖြစ်ရာ မစ္စတာ ကီလာဒါ`၏ ဗြိတိသျှ နိုင်ငံကူး လက်မှတ်ကိုယူ၍ ကြည့်မည်ဆိုလျှင် သူ့ ဇာတိသည် အင်္ဂလန် ကောင်းကင်ထက် ပို၍ပြာသော ကောင်းကင်ပြာ အောက်က တနေရာရာ ဖြစ်ကြောင်း တွေ့ ရလိမ့်မည်ဟု ကျွန်တော်ထင်မိသည် ။
“ ကဲ … ဆိုစမ်း ၊ ခင်ဗျား ဘာသောက်မလဲ ” ကျွန်တော်ကို မေးသည် ။
သူ့ ကို မယုံသကာင်္နှင့် ကြည့်မိသည် ။ စစ်ပြီးစ ဖြစ်၍ အရက်ဆိုသော ပစ္စည်းမှာ တားမြစ်ပစ္စည်းတခု အဖြစ်မှ မလွတ်ကျွတ်သေးပါ ။သဘောင်္ပေါ်တွင်လည်း မူးယစ်စရာဆို၍ ဘာတခုမှ ရှိဟန်မတူပါ ။ ကျွန်တော်အဖို့ ကား အာခေါင် ခြောက်ကပ်ကပ် မဟုတ်လျှင် ဘာအရက်မှ ကြိုက်သည်ဟု မရှိလှပါ ။ မကြိုက်တကာ့ မကြိုက်ဆုံး သောက်စရာတို့ တွင် ဂျင်ဂျာ အေးတို့  သံပရာရေ တို့ ပါလေသလားတော့ မသိပါ ။ သို့ ရာတွင် မစ္စတာကီလာဒါသည် ကျွန်တော့်ကို အရှေ့ တိုင်းသားတို့ `၏ အပြုံးဖြင့် ကြည့်လိုက်သည် ။
“ ၀ီစကီနဲ့ ဆိုဒါလား ၊ ဒါမှမဟုတ် မာတိနီလား ၊ ကြိုက်တာသာ တခွန်တည်း ပြောလိုက်ဗျာ ”
ဘောင်းဘီတင်ပါးနှစ်ဘက်`၏ အိတ်နှစ်ခုထဲမှ ပုလင်းများ ဆွဲထုတ်ကာ စားပွဲပေါ်သို့  ချလိုက်သည် ။
ကျွန်တော်က မာတိနီသောက်မည် ပြောလိုက်သည် ။ ထို့ နောက် မစ္စတာ ကီလာဒါသည် စားပွဲထိုးခေါ်ကာ ရေခဲတခွက်နှင့် ဖန်ခွက်နှစ်လုံးယူ ခဲ့ရန် မှာလိုက်သည်။
“ သိပ်ကောင်းတဲ့ ကော့တေးပဲဗျာ ” ဟု ကျွန်တော် ချီးမွမ်းလိုက်ပါသည် ။
“ အများကြီးရှိသေးတယ်ဗျ ၊ သဘောင်္ပေါ်မှာ ခင်ဗျား မိတ်ဆွေ များရှိသေးယင် ခေါ်လိုက်ဗျ ၊ ပြီးတော့ ကမ္ဘာပေါ်မှာ ရှိသမျှ အရက် မျိုးစုံ တိုက်နိုင်တဲ့လူတယောက်ရှိတယ်လို့  ပြောလိုက်ဗျာ ”
မစ္စတာ ကီလာဒါကားစကားသွက်လာသည် ။ နယူးယော့မြို့  အကြောင်းနှင့် ဆန်ဖရန်စစ္စကိုမြို့  အကြောင်းကို လည်း ပြောသည် ။ ပြဇာတ် ၊ ရုပ်ရှင် ၊ ထို့ ပြင် နိုင်ငံရေး အကြောင်းတို့ ကိုလည်း ဆွေးနွေး သည် ။
သူသည် မျိုးချစ်စိတ်ရှိသူ တယောက်လည်းဖြစ်သည် ။ အင်္ဂလိပ် .ယူနီယံကဂျက် အလံသည် ခန့် ညားထည်ဝါသော အ၀တ်တခု ဖြစ်သည် ။ သို့ ငြားလည်း ယင်းကို အလက်ဇန်ဒရီးယားမြို့ က သို့ မဟုတ် ဘီရွတ်မြို့ က လူတယောက်ယောက်က ကိုင်ဆောင်ဝင့်ဝါမည်ဆို လျှင် ယင်း`၏ ဂုဏ်သိက္ခာ ကျဆင်းသွားမည်ဟု ကျွန်တော် သဘောရမိသည် ။
မစ္စတာ ကီလာဒါသည် ကျွန်တော်ကို အရောတ၀င် ခေါ်ငင်ပြောဆိုသည် ။ ကျွန်တော်ကား ဘ၀င်မြင့်တတ်သူ တယောက်မဟုတ်ပါ ။ သို့ သော်လည်း ကျွန်တော် နာမည်ရှေ့တွင် မစ္စတာတပ်၍ ခေါ်လျှင်မူ ထိုသူသည် ကျွန်တော် အဖို့ သူစိမ်းတရံ ဆန်ဖြစ်သည်ဟုသာ သဘောပေါက်ထား နိုင်မည်ဖြစ်သည် ။ မစ္စတာ ကီလာဒါကမူ ကျွန်တော်နှင့် ပြေပြေပြစ်ပြစ် ဖြစ်လိုသဖြင့် ထုံးတမ်းအစဉ် အလာများကို မလိုက်နာတော့ပါ ။
မည်သို့ ပင်ဖြစ်စေ ကျွန်တော်သည် မစ္စတာကီလာဒါ ကို မနှစ်သက် ချင်လှတော့ပါ ။ စားပွဲတွင် သူလာထိုင်ကတည်းက ဖဲချပ်များကို ဘေး နားသို့ ရွေ့ထားလိုက်သည် ။ ယခုမူ စကားကြောလည်း ရှည်လှပြီ ဖြစ်သဖြင့် ရသေ့စိတ်ဖြေကို ဆက်ကစားရန် ကျွန်တော်ဟန်ပြင်လိုက်သည် ။
“ လေးဖဲအပေါ် သုံးဖဲတင်လိုက်ပေါ့ဗျာ ”
မစ္စတာ ကီလာဒါက ဆိုသည် ။
ရသေ့ စိတ်ဖြေ ကစားနေသည့် အခါ ကိုယ်မမြင်မီ ဘေးက၀င်၍ အထောက်ခံရသည်လောက် စိတ်ဆိုးစရာ ကောင်းသည့်ကိစ္စမရှိဟု ထင်မိသည် ။
“ လာတော့မယ် ၊. လာတော့မယ် ၊ တဆယ်ဖဲကို ဂျက်ဖဲအပေါ် ထားလိုက်ပေါ့ဗျ ” မစ္စတာကီလာဒါက အော်၍ ပြောပါသည် ။
ဒေါသလည်း ဖြစ်မိသည် ။ မုန်းလည်းမုန်းမိသည် ။ သည်လိုနှင့် ရသေ့စိတ်ဖြေ တပွဲအောင်မြင်စွာ အဆုံးသတ်သွား ရသည် ။ ထိုအခါ သူသည် ဖဲထုပ်ကို ကောက်ကိုင်လိုက်သည်။
“ ဖဲမျက်လှည့် ကြည့်မလားဗျ ”
“ ဟင့်အင်း ၊ ကျွန်တော်မကြည့်ချင်ဘူး ၊ မုန်းတယ် ” ကျွန်တော်က ဖြေလိုက်သည် ။
“ အိုလေဗျာ ၊ ခင်ဗျားကို တခုပဲပြမယ် ”
ထို့ နောက် ဖဲမျက်လှည့် သုံးမျိုးပြသည် ။ ပြီးလျှင် ကျွန်တော်လည်း ထမင်းစားခန်းသို့ သွားကာ နေရာယူမည်ဖြစ် ကြောင်းပြောလိုက်သည် ။
“ အို ကိစ္စမရှိပါဘူးဗျာ ၊ ခင်ဗျားအတွက် ကျွန်တော် နေရာယူထားပြီးသားဗျ ၊ တခန်းတည်း ခရီးဖော်ချင်း ဆိုတော့ တစားပွဲတည်း စားရမယ် မဟုတ်လားခင်ဗျ ”
ကျွန်တော်သည် မစ္စတာကီလာဒါ ကို မနှစ်သက်ချင်လှတော့ပါ ။
ကျွန်တော်အဖြစ်ကား သူနှင့် တခန်းတည်း နေ ၊ တနေ့  သုံးခါ တစားပွဲတည်း စားနေရုံမျှမက သဘောင်္ ကုန်း ပတ်ပေါ်တွင် လမ်းလျှောက်သည့်အခါမှာပင် သူမပါပဲ လမ်းလျှောက်လို့ မရသည့် အခြေအနေသို့  ရောက်လာ ပါသည် ။ သူ့ ကို ဟန့် တားရန် မလွယ်လှပါ ။ သူ့ စိတ်ကူးထဲတွင် သူ့ ကို အလိုမရှိမှန်း တခါဖူးမျှ ပေါ်ဟန်မတူပါ ။အိမ်တွင် ဆိုလျှင် သူ့ လိုလူကို လှေကားထိပ်မှ ကန်ချလိုက်ကာ အိမ်ရှေ့  တံခါးကို ဖြန်းကနဲ ပိတ်လိုက်မိမည်ဖြစ်သည် ။ သို့ တိုင်အောင် သူ့ ကိုယ်သူ အိမ်ရှင်မလိုလား၍ နှင်ထုတ်ခံရသည့် သည်အဖြစ် ရောက်နေပြီလားဟု ရိပ်စားမိမည့်သူမျိုး မဟုတ် ။
သူသည် လူတိုင်းနှင့် ရောတတ်သူဖြစ်သည် ။ သဘောင်္ထွက်၍ မှ သုံးရက်ရှိသေးသော်လည်း တသဘောင်္လုံးကို သူသိနေပြီ ။ သဘောင်္ပေါ် တွင်သူသည် “ ပါလေသူကြီး ” ဖြစ်လာသည်။ အမှုကိစ္စအ၀၀ကို သူပင်စီမံခန့် ခွဲ သည် ။ အပျော်တမ်း ကစားခုန်စား ပွဲများကိုလည်း သူပင်ကြီးမှုးကွက်ကဲသည် ။ဆုပေးရန်အတွက် ပိုက်ဆံစု စရာရှိလျှင် သူကပင် လိုက်လံဆော်သြသည် ။ကပွဲ ခုန်ပွဲ ကိုလည်း သူပင် ကမ္မကထပြုသည် ။ သူ့ ကိုသဘောင်္ ပေါ်တွင် နေရာတိုင်း၌ အချိန်မရွေး တွေ့ နိုင်သည် ။ အမှန်စင်စစ် သူသည် သဘောင်္ပေါ်တွင် အများဆုံး လူမုန်း ခံရသူတယောက် ဖြစ်လာသည် ။ ကျွန်တော်တို့  အားလုံးက သူ့ ကို မျက်နှာတည့်တည့် ကြည့်ကာ ခပ်ပြောင် ပြောင် ပင် “ ကိုဖိုးသိ” ဟုခေါ်ကြသည် ။ ထိုနာမည် အခေါ်ခံရ သည်ကို ပင် သူက ဂုဏ်.ယူသည် ။
ထမင်းစားချိန်တွင် ကား အဆိုးရွားဆုံးဖြစ်သည် ။ ထိုအချိန်တွင် သူ့ ကို မည်သူမျှ သည်းမခံနိုင်ကြပါ ။ ကျန် သည့်အချိန် များတွင် ကား ရှောင်၍ ရသည် ။ ထမင်းစားချိန် တနာရီလုံးလုံးတွင်မူ ကျွန်တော်တို့  အားလုံး မှာ သူသနားမှ ချမ်းသာရာရမည့်သူများ ဖြစ်လာရသည်။ စိတ်ပါလက်ပါ ပင် စကားကို တတွတ်တွတ်ပြောသည် ။ ပျော်ပျော်နေတတ်သူလည်း ဖြစ်သည် ။စကားကြောလည်း ရှည်သည် ။ ဆင်ခြေဆင်လက်လည်း များသည် ။ အရာရာကို သူကသူများထက်ပို၍ သိနေသည် ။ သူသည် ကိုယ့်ကိုယ်ကိုယ် အလွန်အမင်း အထင်ကြီးသည် ။ ပလွှားဝင့်ဝါ လိုသည့် မာနရှိသူလည်း ဖြစ်သည် ။သူနှင့် သဘောချင်း မတိုက်ဆိုင်၍ သူ့ ကို ဆန့် ကျင်ပြောမည် ဆိုလျှင် ထိုမာနကို စော်ကား ရာရောက်မည်ဖြစ်သည် ။ မည်မျှပင် သေးဖွဲ့ သည့် အကြောင်းအရာ ဖြစ်စေ သူဝင် ပြောပြီဆိုလျှင် မဆုံးနိုင်တော့ ပေ။ နောက်ဆုံးတွင် သူလိုရာသို့  ရောက်မှ ၊ သူ့ ဘက်ပါလာမှ ၊ သူနှင့် သဘော ချင်း တိုက်ဆိုင်လာတော့မှ ရပ်သည် ။ သူ့ အမှား ဟူ၍ ကားဘယ်တော့ မျှ မရှိ ၊ အရာရာ ကိုသူသာ သိသည့် “ ကိုဖိုးသိ ” ဖြစ်သည် ။
ကျွန်တော်တို့ သည် ဆရာဝန်`၏ စားပွဲတွင် ထိုင်ကြသည် ။ မစ္စတာ ကီလာဒါကား ထိုစားပွဲတွင် လူတွင်ကျယ် ဖြစ်နေသည် ။ အကြောင်းမှာ ဆရာဝန်မှာ လူပျင်းတယောက် ၊ ကျွန်တော်က သူ့ ကို လုံးဝ ဂရုမထား သည့်လူတ ယောက် ဖြစ်သောကြောင့်တည်း ။ သို့ ရာတွင် ကျွန်တော်တို့  စားပွဲ၌ သူနှင့်သဘောချင်း မတိုက်ဆိုင်သည့် ရမ်ဆေးဆိုသူ ပုဂ္ဂိုလ် တယောက်ပါလာသည် ။ ရမ်ဆေးသည် မစ္စတာ ကီလာဒါကဲ့သို့ ပင် တမျိုးအားဖြင့် တယူသန်သမား တယောက်ဖြစ်သည် ။ မြေထဲပင်လယ် သားကိုဖိုးသိက သူ့ ကိုယ်သူ ဟုတ်လှပြီ ထင်သမျှ ကို ရမ်ဆေး က တူးတူးခါးခါး ကြီးဆန့် ကျင်သည် ။ သူတို့ နှစ်ယောက် အပြန်အလှန် ပြောကြဆိုကြ ၊ ငြင်းကြခုံကြ သည်မှာ အတောမသတ်တော့ပါ ။ စကားအချေအတင် ပွဲသည်လည်း အင်မတိအင်မတန် ပြင်းထန်လှသည် ။
ရမ်ဆေးသည် အမေရိကန် သံအမှုထမ်းတယောက် ဖြစ်လေသည် ။ယခု ကိုဗေးမြို့ ၌ တာဝန်ထမ်းရွက်နေသည် ။ သူသည် အနောက်အလယ် ပိုင်းသား တဦးဖြစ်သည် ။အဆီထူပြောသည့် သူ့ ခန္ခာကိုယ်ကြီးသည် အကျီင်္ အပြင်သို့  စူထွက်နေသည် ။ တလောက နယူးယော့မြို့ သို့ ခဏ အလည်ပြန်ကာ သူ့ မိန်းမကို ခေါ်ဆောင်လာ ပြီး နောက် ကိုဗေးမြို့ သို့ ပြန်မည် ဖြစ်သည် ။
မစ္စက် ရမ်ဆေးသည် တနှစ်ခန့်  အမေရိကန်သို့  ပြန်၍နေသည် ။ သူသည် ချောမောလှပသူ တယောက်ဖြစ်ပြီး လျှင် ပြေပြစ်စွာ ဆက်ဆံ ပေါင်းသင်းတတ်သူ တဦးဖြစ်သည် ။ ထို့ ပြင် ရွှင်မြူးစရာ စကားကိုလည်း ဆိုတတ်သူ ဖြစ်သည် ။ သံမှူးဝန်ထမ်းဆိုသည် လခနည်းသည့် ၀န်ထမ်းဖြစ်သည်နှင့်အညီ သူ့ အ၀တ်အစား တို့ မှာ ရိုးတာလှသည် ။ သို့ ရာတွင် နေရာနနှင့် လိုက်အောင် ၊ အချိန်အခါ နှင့်လိုက်အောင် အဆင်အသွေး ပြေပြစ်စွာ ၀တ်ဆင်တတ်သည့် အမျိုးသမီး တဦးဖြစ်သည် ။ သူ`၏ ရိုးရိုး သားသား တန်ဆာဆင်မှုသည် အတင့်အတယ် ဖြစ်စေရုံမျှမက အဆန်းထဲတွင် အရိုးခံအလှသည် ထွန်းထွက်နေသည် ။ သူ့ ကိုဂရုစိုက်၍ကား မကြည့်ရှုမိပါ ။ သို့ ငြားလည်း ရိုးဂုဏ်တခုကား ထူးထူးခြားခြား ရှိသည်ဟု ကျွန်တော်ထင်မိသည် ။သူနှင့် တွေ့ လျှင် အသိမ်အမွေ့  အမူအရာ သဘောသည် တဘက်သားစိတ်တွင် စွဲကျန်ရစ်စေခဲ့သည်ဟု ထင်သည် ။ကုတ်အင်္ကျီကော်လာ ထက်က ထင်းကနဲနေသော ပန်းတပွင့်ကဲ့သို့ ပင် တည်း ။
တညနေတွင် ထမင်းစားပွဲ၌ ကျွန်တော်တို့ စကားဝိုင်းသည် အစီအစဉ် မရှိပဲ ပုလဲရတနာများ အကြောင်းသို့  ရောက်သွားသည် ။ ယခုတလော အလွန် ပါးနပ်လှသော ဂျပန်တို့ သည် ဓာတုဗေဒ ပုလဲများကို အောင်မြင်စွာ လုပ်ကိုင်နေကြကြောင်း သတင်းစာများ၌ ဖတ်ရသည် ။ သည်လိုဆိုလျှင် ပုလဲစစ်များ တန်ဖိုး လျော့ကုန် တော့ မည် ဖြစ်ကြောင်း ဆရာဝန်က ကောက်ချက်ချသည် ။ ဓာတုဗေဒ ပုလဲများသည် အရောင်အသွေး အလွန် ကောင်း သည်ဟုဆိုသည် ။ မကြာမီမှာပင် အစစ်နှင့်ခွဲခြား မရနိုင်လောက် အောင် ထူးခြား ကောင်းမွန် လာလိမ့် မည် ဟုလည်း ဆိုသည် ။
မစ္စတာ ကီလာဒါသည် သူ့ အကျင့်ကို မဖျောက်နိုင်ပဲ ထိုစကားဝိုင်း ထဲဇွတ်ဝင်လာသည် ။ပုလဲအကြောင်းသိသင့် သိထိုက်သည်တို့ ကို ရှည်လျားပြည့်စုံစွာ ပြောသည် ။ ရမ်ဆေးကား ပုလဲ အကြောင်းကို ကောင်းကောင်းသိလှ သူ တယောက် မဟုတ်ဟု ကျွန်တော် ထင်သည် ။သို့ ငြားလည်း မြေထဲပင်လယ်သားကို အလဲထိုးရန် အခွင့် ကောင်းတခု အလွတ်မခံ နိုင်ရကား ရမ်ဆေးသည် ထုံးစံအတိုင်းပင် ကီလာဒါကို ကတ်ဖဲ့ လုပ်တော့သည် ။
သို့ နှင့်ငါးမိနစ် အတွင်းမှာပင် သူတို့ နှစ်ယောက်သည် ဆူဆူပူပူ ငြင်းခုံလာကြသည် ။ ယခင့်ယခင် ပွဲများက မစ္စတာ ကီလာဒါ `၏ အပြောအဆို ထက်ထက်သန်သန် နှင့် ရွန်းရွန်းဝေေ၀ပင် သွက်လက်ချက်ချာ ခဲ့ပုံ များကို ကျွန်တော် ကြုံခဲ့ရဖူးလှပြီ ။ ယခုအခါတွင်မူ ယခင့်ယခင်တို့ ထက် ပို၍ သွက်လက် ချက်ချာကာ ထက်သန်နေ သည်ကို တွေ့ ရသည် ။ တချိန်တွင်ကား ရမ်ဆေး`၏ စကားတခွန်းသည် သူ့ အသည်းကို ခိုက်သွားသည် နှင့် ကီလာဒါသည် စားပွဲကို ၀ုန်းကနဲပုတ်ကာ အသံပို၍ ကျယ်လောင်စွာဖြင့် …
“ ဒီမှာ ၊ ကျွန်တော်စကားကို ကျွန်တော် ကောင်းကောင်းသိတာ ပေါ့ခင်ဗျာ ၊ အခုကျွန်တော် ဂျပန်သွားမယ့် ကိစ္စက ဂျပန်ပုလဲ လုပ်ငန်း ကိစ္စပဲခင်ဗျ ၊ဟောဒီစကား ၀ိုင်းထဲက ဘယ်သူမှ ကျွန်တော်လောက် ပုလဲအကြောင်း မသိဘူး ၊ ကျွန်တော် စကားဘယ်လောက် တာသွားတယ်ဆိုတာ ဘယ်သူမှ နားမလည်နိုင်ဘူးဗျာ ၊ ကမ္ဘာပေါ်မှာ အကောင်းဆုံးဆိုတဲ့ ပုလဲတွေ အားလုံးကို ကျွန်တော်သိတယ် ၊ ဒီတော့ ပုလဲနဲ့  ပတ်သက်လို့  ကျွန်တော် မသိ ဘူး ဆိုတဲ့ ကိစ္စတွေဟာ ဆိုယင် သိနားလည်ဖို့ ကို မလိုလို့ ပဲ ၊ သိနားလည်ဖို့ ကို ကျွန်တော်အဖို့  မလေးနက်လို့ ပဲ ” ဟုဆိုသည် ။
ကျွန်တော် တို့ အဖို့ ကား မစ္စတာကီလာဒါ`၏ အကြောင်းတစွန်း တစ သိရပေပြီ ။ယခင်ကမူ စကားအလွန်များ ပါသည် ဆိုသည့် မစ္စတာ ကီလာဒါသည် သူ့ အလုပ်နှင့်ပတ်သက်၍ ဘယ်သူ့ ကိုမျှဖွင့်ဟ မပြောဆိုခဲ့ ။ ရောင်းရေးဝယ်တာ ကိစ္စတခုနှင့် ဂျပန်သို့ သွားမည်ဖြစ်ကြောင်း မျှသာသာမန်အားဖြင့် သိခဲ့ကြရသည် ။ သူ့ စကားဆုံးလျှင် မစ္စတာ ကီလာဒါ သည် အောင်ပွဲရသူပမာ တစားပွဲလုံးကို လှည့်၍ ကြည့်သည် ။
“ ကျွန်တော်လို ပုလဲပါရဂူတယောက် ရဲ့ မျက်စိတဘက်တည်းနဲ့  ဝေခွဲမရနိုင်တဲ့ ဓာတုဗေဒ ပုလဲတု အကောင်းဆုံးတော့ သူတို့ ဘယ်တော့မှ လုပ်နိုင်မှာ မဟုတ်ပါဘူးဗျာ ”
ထို့ နောက်သူသည် မစ္စက်ရမ်ဆေး ၀တ်ဆင်ထားသော ပုလဲပုတီး ကို ညွန်ကာ “ ကျွန်တော်စကား ကိုယုံပါ မစ္စက် ရမ်ဆေး ခင်ဗျား ၊ ခင်ဗျား အခုဝတ်ထားတဲ့ ပုလဲပုတီးဟာ အခု တန်ဖိုးထက် ဘယ်တော့မှ တန်ဖိုးတပြား လျော့မယ် မဟုတ်ဘူး ” ဟုဆိုလေသည် ။
မစ္စက်ရမ်ဆေးသည် သိမ်မွေ့ သူဖြစ်ရကား အနည်းငယ် မျက်နှာနီမြန်းသွားကာ ပုလဲပုတီးကို အကျီင်္ထဲသို့  ထည့် လိုက်သည် ။ ရမ်ဆေးသည် ရှေ့ သို့ တိုးလာပြီးလျှင် ကျွန်တော်တို့ အားလုံးကိုကြည့်ကာ မျက်လုံးဖြင့် တချက်မျှ ပြုံးပြလိုက်သည် ။
“ မစ္စက်ရမ်ဆေး ရဲ့ ပုလဲပုတီး လှလှလေးကို ပြောတာလား `”
“ ချက်ချင်းသိတာ ပေါ့ဗျာ ၊ ဟုတ်တယ် ၊ မြင်မြင်ချင်းပဲ ၊ အင်း ၊ ဒီပုလဲကတော့ တကယ့်အမျိုးကောင်း ပုလဲစစ်ပဲုလို့  ကျွန်တော်စိတ်ထဲမှာ မှတ်ချက်ချလိုက်မိတယ် ” မစ္စတာ ကီလာဒါ က အဖြေပေးသည် ။
“ ဒီပုလဲ ပုတီးကို ကျွန်တော်ကိုယ်တိုင် ၀ယ်ပေးတာတော့ မဟုတ်ဘူးခင်ဗျ ၊ ဒါပေမယ့် အဲဒီ ပုလဲပုတီး ဘယ်လောက် တန်တယ်ဆိုတာ သိရယင်တော့ အလွန်စိတ်ဝင်စားစရာ ကောင်းမှာပဲ ”
“ အိုဗျာ ၊ ကျွန်တော်တို့  ပုလဲဈေးမှာတော့ ဒေါ်လာ သောင်းငါးတောင် ပတ်ဝန်ကျင်ပဲ ခင်ဗျ ၊ ဒါပေမယ့် ပဥ္ဒမရိပ်သာလမ်းမှာ ဆိုယင် တော့ ဒေါ်လာ သုံးသောင်းဆိုယင်လဲ ကျွန်တော် မအံ့သြေပါဘူး ”
ရမ်ဆေးသည် မထေ့ တထေ့ ပြုံးလိုက်သည် ။
“ အဲ ၊ ၀ယ်ခဲ့ရတဲ့ ဈေးကို သိယင် ခင်ဗျား အံ့သြသွားမှာပဲ ၊ ကျွန်တော် တို့ နယူးယော့က မထွက်ခင်တနေ့ က ကုန်ပဒေသာစတိုးတခုမှာ ၀ယ်ခဲ့တာဗျ ၊ အဲဒီ ပုလဲပုတီး ဟာ ဆယ့်ရှစ်ဒေါ်လာပဲ ပေးရတယ်ဗျား ”
မစ္စတာ ကီလာဒါ `၏ မျက်နှာသည် ရဲကနဲ နီမြန်းသွားသည် ။
“ ဘာမဟုတ်တရုတ်ဗျာ ၊ ပုလဲစစ်ရုံတင် မကဘူး ၊ ဒီအရွယ်မျိုးနဲ့ ဒီလိုကောင်းတဲ့ ပုလဲကို ဒီတခါပဲ ကျွန်တော်ဖြင့် တွေ့ ဖူးတယ် ”
“ ကဲ… ဒါဖြင့် ခင်ဗျား လောင်းမလား ၊ ဒေါ်လာ တရာကြေး ဗျာ ၊ ဒီပုလဲပုတီးဟာ အတုကြီးလို့  ကျွန်တော်စိန်တယ် ”
“ စိန်လိုက်ဗျို့ ”
“ ကွယ် အယ်လမာကလဲ ၊ အတုအစစ် ခွဲခြားပြီး လောင်းလို့ ဘယ်ဖြစ်နိုင်ပါ့မလဲ ” မစ္စက်ရမ်ဆေးက သူ့ ခင်ပွန်းကို ပြောလိုက်သည် ။
သူ့ နှုတ်ခမ်း အစုံတွင် အပြုံးယဲ့ယဲ့ကလေး သန်းနေသည် ။သူအသံသည် သာယာညင်းပျောင်းပြီး ဖျောင်းဖျသံ ပါသည် ။
“ ဘာလို့ မလောင်းရမှာလဲ ၊ ဒီလို လွယ်လွယ်နဲ့  ပိုက်ဆံရတာမျိုးမှ မယူလိုက်ယင် ကိုယ့်လောက် မိုက်တဲ့လူ ရှိဦးမလားကွ ”
“ ဒါပေမယ့် ဘယ့်နှယ်လုပ်ပြီး အတုအစစ် ခွဲခြားပြောနိုင်မလဲ ၊ မစ္စတာကီလာဒါ ရဲ့  အဆိုကို ကျွန်မတယောက်ပဲ များတယ် ပြောနိုင်မှာပေါ့  ”
“ ကဲပါလေ ၊ ခင်ဗျား ပုလဲပုတီး ကို ခဏ ကြည့်စမ်းပါရစေဦး ၊ အတုဆိုယင် ကျွန်တော် ချက်ချင်းပဲ ဟုတ်ကြောင်း ပြောလိုက်ပါမယ့် ၊ ဒေါ်လာ တရာလောက်တော့ ကျွန်တော် အဆုံးခံရဲ ပါတယ်ခင်ဗျာ ” ဟု မစ္စတာ ကီလာဒါက ၀င်၍ ပြောသည် ။
“ ဖြုတ်ပေးလိုက်ပါကွယ် ၊ ဟောဒီက လူကြီးမင်း ကြည့်ချင်သလောက် ကြည့်ပါစေ ”
မစ္စက်ရမ်ဆေးသည် အနည်းငယ် ဆုတ်ဆိုင်းဆိုင်း ဖြစ်သွားသည် ။ ပုလဲပုတီးကို လည်းလက်ဖြင့်ဆုပ်ကိုင် လိုက်သည် ။
“ ဖြုတ်လို့  မလွယ်ဘူး ရှင့် ၊ ဒီတော့ မစ္စတာကီလာဒါအဖို့ ကျွန်မ စကားကိုပဲ အမှန်.ယူပေတော့ ”
အကြောင်းမလှစရာ တခုခုတော့ ကြုံတွေ့ ရလိမ့်မည်ဟုကျွန်တော် သံသယ ဖြစ်မိသည် ။ သို့ ရာတွင် ဘယ်သို့ ဝင်၍ ပြောရမည်ကို စဉ်းစားချိန် မရလိုက်ပါ ။
ရမ်ဆေး သည် ထိုင်ရာမှ ၀ုန်းကနဲ ထလိုက်သည် ။
“ နေ ၊ ကျွန်တော် ဖြုတ်ပေးမယ် ”
ထို့ နောက် မစ္စတာ ကီလာဒါ လက်သို့ ပုလဲပုတီးကို ထိုးပေးလိုက်သည် ။ မြေထဲပင် လယ်သားသည် အိတ်ထဲမှ မှန်ဘီးလူးတခု ကို ထုတ်ကာ ပုလဲပုတီးကို စေ့စေ့စပ်စပ် သေသေချာချာ ကြည့်သည် ။ ပြီးလျှင် သူ့ မျက်နှာထက် ၌ အောင်ပွဲရအပြုံးတချက် သန်း လာ သည်ကို တွေ့ ရသည်။ ထိုမှတဖန် သူသည် ပုလဲပုတီးကို ပြန်ပေးလိုက်ပြီးလျှင် စကား ပြော ရန် အရှိန်ယူသည် ။ ထိုခဏမှာပင် သူသည် မစ္စက်ရမ်ဆေး`၏ မျက်နှာကို လှမ်း ကည့် လိုက်သည် ။ ရမ်းဆေး`၏ ဇနီးသည်`၏ မျက်နှာသည် ချက်ချင်းပင် မူးမေ့သွား တော့ မတတ် ဖြူဖပ်ဖြူရော် ဖြစ်လာသည် ။ သူ့ မျက်နှာတွင် သွေးတစက်မှ မရှိတော့ပါ ။ မစ္စတာ ကီလာဒါ ကိုသာ စိုးရွံ့ သောမျက်လုံးဝိုင်းကြီးများနှင့် စိုက်ကြည့်နေသည် ။ ထိုမျက် လုံး အစုံတွင် အပူတပြင်း တောင်းပန်ရိပ်တို့ ယှက်သန်းလာသည် ။ ထိုအရိပ်အရောင် တို့ုသည် ထင်ရှားလွန်းကား ယင်းကို ဘာ့ကြောင့် သူ့ ယောက်ျား မမြင်သည်ကို ကျွုန်တော် အံ့သြမဆုံးတော့ပါ ။
မစ္စတာကီလာဒါကား ပါးစပ် အဟောင်းသားနှင့်ကြောင်၍ ကြည့်နေသည် ။ သူ့ မျက်နှာသည် ချက်ချင်းနီမြန်း လာ သည် ။ ထို့ နောက်မနည်းပင် က္ကုနြေ္ဒဆည်ရန် ကြိုးစားနေသည်ကို အထင်အရှား တွေ့ ရသည် ။
“ ကျွန်တော် မှားသွားပါပြီ ခင်ဗျာ ၊ ဒီပုလဲ ဟာ ပုလဲအတုပဲ ၊ အလွန်ကောင်းတဲ့ အတုပဲ ၊ မှန်ဘီလူးနဲ့ ကြည့်လိုက်တော့မှပဲ အစစ်မဟုတ်မှန်း ကြည့်ကြည့်ချင်း ကျွန်တော် သိတာပဲခင်ဗျ၊ အင်းဒီလောက် ကောင်းတဲ့ ပုလဲဟာ ဆယ့်ရှစ်ဒေါ်လာတော့ တန်မှာပဲခင်ဗျ ”
ထို့ နောက် မစ္စတာ ကီလာဒါ သည် ဒေါ်လာ တရာတန်တချပ်ကို အိတ်ထဲမှ ထုတ်ကာ စကားတခွန်းမျှ မပြောပဲ ရမ်ဆေး လက်သို့ ကမ်းလိုက်သည် ။“
“ ကဲ … အဲဒါ သင်ခန်းစာပဲခင်ဗျ ၊ ခင်ဗျား အလွန်အကျွံ မပြောမိ ဖို့ ဆင်ခြင်ပေတော့ ” ဟုပြောကာ ရမ်ဆေးသည် ရာတန်ကို လှမ်းယူလိုက်သည် ။
ရာတန်ဒေါ်လာကို ကိုင်ထားသော မစ္စတာ ကီလာဒါ `၏ လက်များသည် တဆတ်ဆတ် တုန်နေသည်ကို ကျွန်တော် သတိထားလိုက်မိ သည် ။
ထိုသတင်းသည် ခါတိုင်းသတင်းစကားတို့ ကဲ့သို့ ပင်တသဘောင်္လုံး သို့ ပျံနှံသွားသည် ။ ထိုညနေတွင် မစ္စတာ ကီလာဒါသည် တွေ့ သမျှ လူအပေါင်း`၏ အကျီစယ် ကိုခံရလေသည် ။ “ ကိုဖိုးသိကြီး တယောက် လူမိတာ နာတယ်ဟေ့ ” ဟူသော စကားသည် ပြက်လုံးကောင်းတခု ဖြစ်နေသည် ။ သို့ ရာတွင် မစ္စက်ရမ်ဆေးကား ခေါင်းကိုက်သည် ဆိုကာ အခန်းအောင်းနေလေသည် ။
နောက်တနေ့ မနက်တွင် ကျွန်တော်သည် အိပ်ရာမှ ထပြီးနောက် မုတ်ဆိတ်မွေး ရိတ်နေသည်။ မစ္စတာကီလာဒါကား အိပ်ရာထက်တွင် စီးကရက် သောက်နေသည် ။ ထိုခဏတွင် တံခါးခြစ်သံလိုလို ကြားရပြီး တံခါးအောက်မှ စာတစောင် ၀င်လာသည် ကိုတွေ့ ရသည် ။တံခါးဖွင့်၍ ကြည့်သည့်အခါ မည်သူကိုမျှ မတွေ့ ရပါ ။ စာအိတ်ကို ကောက်ယူကြည့် လိုက်လျှင် မစ္စတာ ကီလာဒါ `၏ စာမှန်းသိရသည် ။ နာမည်ကို စာလုံးကြီး နှင့်ရေးထားသည် ။ ထို့ ကြောင့် သူ့ ထံသို့ ကမ်းလိုက်သည် ။
“ ဘယ်သူ့ ဆီကစာများလဲဗျ ” ဟုပြောပြောဆိုဆို ဖွင့်လိုက်ပြီး နောက်“ အိုး ” ဟုအော်လိုက်သည် ။
စာအိတ်ထဲမှ ထွက်လာသည်မှာ စာမဟုတ်ပါ ။ ရာတန်ဒေါ်လာ တရွက်သာ ဖြစ်သည် ။ ထို့ နောက် ကျွန်တော်ကိုကြည့်ကာ မျက်နှာ နီရဲလာသည် ။ စာအိတ်ကို အစိတ်စိတ်အမြွာမြွာ ဆုတ်ဖြဲပြီးနောက် ကျွန်တော်ကိုပေးသည် ။
“ တဆိတ် ၀န်မလေးယင် ပြင်ဘက် ချလိုက်စမ်းပါဗျာ ”
သူပြောသည့်အတိုင်း စာအိတ်စုတ်ကို အပြင်သို့ ချလိုက်ပြီးနောက် အပြုံးတချက်ဖြင့် သူ့ ကို ကြည့်လိုက်မိသည် ။
“ အသုံးမကျတဲ့ လူအတယောက် ဖြစ်မှာ ကိုတော့ ဘယ်သူခံချင်ပါ့မလဲဗျာ ” မစ္စတာ ကီလာဒါ ကဆိုသည် ။
“ ပုလဲပုတီးက အစစ်လားဗျ ”
“ အင်း ၊ ကျွန်တော်မှာ သာဇနီးချောချောလေး တယောက်ရှိယင် ကိုယ်က ကိုဗေးမှာနေပြီး သူ့ ကိုနယူးယော့မှာ တနှစ်လောက် ဘယ်သွားနေခိုင်းပါ့ မလဲဗျာ ” ဟုမစ္စတာ ကီလာဒါ ကဆိုသည် ။
ထိုအခိုက်တွင် ကျွန်တော်သည် မစ္စတာ ကီလာဒါ ကိုလုံးလုံးလျားလျား မနှစ်သက်ချင်စိတ် မဖြစ်ချင်တော့ပါ ။ မစ္စတာကီလာဒါသည် အိတ်ထဲမှ အိတ်ဆောင် စာအုပ်ကလေးကို ထုတ်ကာ ရာတန်ဒေါ်လာကို သေချာစွာ ထည့်လိုက်လေသည် ။
0 comments:
Post a Comment