အနိုင်မခံ


အနိုင်မခံ


သူသည် မီးဖိုထဲသို့  ပြန်ရောက်လာသည် ။ စောစောက သူ ထိုးကြိတ်ထား ခဲ့သော အ ဘိုးကြီး သည် ကြမ်းပေါ်တွင် ပက်လက် ရှိနေသေးသည် ။ မျက်နှာတွင် ကားသွေးစ သွေး နများ ရှိနေ သည် ။ တအင်အင် သည်းနေသည်။ အမေကြီးကား နံရံကိုမှီကာ တိတ် လန့် သောမျက် လုံးအစုံ ဖြင့် သူ့ သူငယ်ချင်းဝီလီကိုကြည့်နေသည် ။ ၀ီလီဝင်လာသည့်အခါ သူမ သည် သက်ပြင်းတချက် မှုတ်ထုတ်ကာ တအီအီ ရှုပ်ငိုနေသည် ။ ၀ီလီသည် ခြောက် လုံး ပြူး ကို ကိုင်ကာ စားပွဲတွင် ထိုင်လိုက်သည် ။ ဘေးတွင် ၀ိုင်ခွက် အလွတ်တခုရှိ နေသည် ။ ဟန်းသည် စားပွဲဆီသို့  သွားကာ သူ့ ခွက်ကို ၀ိုင်အပြည့်ထည့်ပြီး တခါတည်း မော့ချ လိုက် သည်။


“ ဟေး … ဘယ်လိုလဲ ၊ တော်တော် ခက်ခက်ခဲခဲ ပဲလား ” ၀ီလီက ခပ်ထေ့ထေ့ ပြုံးကာ မေးလိုက်သည် ။


ဟန်း`၏ မျက်နှာတွင် သွေးစသွေးနများ တွေ့ ရသည် ။ လက်သည်း ငါးခု အရာကိုပင်တွေ့ နိုင်သည် ။ သူသည် ပါးပြင်ကို အသာအယာ ပွတ်စမ်းကြည့်သည် ။


“ ခွေးမက ငါ့မျက်လုံး နှစ်ခုကို ဖောက်ထုတ်လို့ များရယင် ဖောက်ထုတ်မှာ ၊ ပြီးမှ တင်ချာ ထည့်ရဦး မယ် ၊ အခုတော့ ဟန်သွားပါပြီ ၊ ကဲ… မင်းဝင်သွားလေ ”


“ သွားရမလား ၊ နောက်ကျများ နေမလား မသိဘူး ”


“ ငအကတော့ လုပ်ရော့မယ် ၊ မင်းယောက်ျား မဟုတ်ဘူးလား ၊ နောက်ကျရော ဘာဖြစ်သလဲ ၊ မျက်စိလည်ပြီး လမ်းမှားနေတယ် ပေါ့ကွ ”


အလင်းရောင် ရှိနေသေးသည် ။ ၀င်ခါနီး နေရောင်ခြည်သည် လယ်တဲမလေး`၏ မီးဖိုထဲ သို့  ပြတင်းမှ ထိုးဝင်လာသည် ။ ၀ီလီသည် ခဏမျှ ဆိုင်းငံ့နေသည် ။ သူသည် လူဖလံ ကလေးသာ ဖြစ်သည် ။ အသားညှိသည် ။


အရပ်သားဘ၀က ၀တ်စုံ ဒီဇိုင်းဆွဲသူ ဖြစ်သည် ။ ဟန်းကသူကို ယောက်ျားမဟုတ်သူဟု ထင်မှာလည်း စိုးသည် ။ သို့ နှင့် ဟန်းထွက်လာ ခဲ့သောတံခါးပေါက်မှ အထဲသို့ ဝင်သွား သည် ။ အမျိုးသမီးသည် သူဝင်လာသည်ကို မြင်လျှင် စူးစူးရွားရွား အော်ကာရှေ့ သို့ တိုး လာသည် ။


“ ဟင့်အင်း .. ဟင့်အင်း ” အမျိုးသမီးက အော်သည် ။


ချက်ချင်းပင် ဟန်းရောက်လာကာ သူတို့ ရှေ့ ရပ်လိုက်သည် ။ အမျိုးသမီးကို ပခုံးနှစ်ဘက်မှ ကိုင်ကာ နောက်သို့ ခပ်ပြင်းပြင်း တွန်းလိုက်သည်။ အမျိုးသမီးသည် ဒယိမ်းဒယိုင်နှင့် လဲကျ သွားသည် ။ ဟန်းသည် ၀ီလီ`၏ ခြောက်လုံးပြူးကို ကိုင်လိုက်သည် ။


“ နှစ်ယောက်စလုံး ငြိမ်ငြိမ်နေကြ ”


ဂျာမန်လည် ချောင်းသံနှင့် ပြင်သစ်လို ပြောလိုက်သည် ။ထို့ နောက်တံခါးဆီသို့  ခေါင်းငဲ့ကြည့် လိုက်ပြီး “ ကဲ လုပ်လေ ၊ သူတို့ ကို ငါကြည့်ထားလိုက်မယ် ” ဟုဆိုသည် ။


ဝီလီသည် အပြင်ဘက်သို့  ထွက်သွားပြန်သည် ။ သို့ သော် ချက်ချင်းပင် ပြန်ဝင်လာသည် ။

“ သတိမေ့နေတယ် ”


“ သတိမေ့နေရော ဘာဖြစ်လဲ ”


“ ဟင့်အင်းကွာ ၊ မလုပ်ချင်ဘူး ၊ မကောင်းဘူး မဟုတ်လား ”


“ ငအ ၊ မင်းတော့ ငတ်တာပဲ ကောင်းတယ် ၊ ယောက်ျားမှ မဟုတ်တာ ”


ဝီလီ`၏ မျက်နှာသည် နီရဲသွားသည် ။


“ ကဲကွာ ပြန်ကြရအောင် ”


ဟန်းသည် ခပ်မိန့် မိန့်  မျက်နှာပေးဖြင့် ပခုံးနှစ်ဘက်ကို တွန့် လိုက်သည် ။


“ ၀ိုင်တပုလင်း ကုန်အောင် လုပ်လိုက်ဦးမယ် ၊ ပြီးတော့ သွားတာပေါ့  ”


ယခုမှ သူသည် နေသာ ထိုင်သာ ရှိသွားသည် ။ ယခုလို ဇိမ်ယူရသည်မှာ အရသာ ရှိသည် ။ တမ နက်လုံး အလုပ်ကိစ္စ နှင့် ထွက်ခဲ့ရသည်။ မော်တော်ဆိုင်ကယ်ပေါ်မှာချည်း နေရသဖြင့် ခြေသလုံး များတောင့် တင်းကိုက်ခဲနေသည် ။ သူတို့ အဖို့  ခရီးဆက်စရာ သိပ်မကျန်တော့ ။ ဆွိုက်ဆန်သို့  သွားရမည် ။ ထိုခရီးမှာ ဆယ့်လေးငါး ကီလိုမီတာသာ ရှိသည် ။ ထိုအရပ်တွင် အိပ်စ ရာ အိပ်ရာ ကောင်းကောင်းတခု ရလျှင် ကောင်းမှာပဲဟု အောက်မေ့ခဲ့သည် ။ အမျိုးသမီးက မရိုင်းပျလျှင် ယခုလို ဖြစ်စရာ အကြောင်းမရှိ ။


သူနှင့်ဝီလီသည် လမ်းမှားနေသည် ။ လမ်းတွင် လယ်ကွင်းတခု၌ အလုပ်လုပ်နေသော လယ်သမား တယောက်ကို မေးသည့်အခါ တမင်သက်သက် လမ်းမှားကို ညွှန်လိုက်သည် ။ သို့ နှင့် လမ်းမကြီးမှ ဖဲ့ထွက်ကာ တခြားလမ်းငယ် တခုသို့ ရောက်သည် ။ လယ်တဲတခုသို့  ရောက်လျှင် လမ်းညွှန်ရန်မေး ပြန်သည် ။ သူတို့ က ယဉ်ယဉ်ကျေးကျေးပင် မေးမြန်းပါသည် ။ ပြင်သစ် ပြည်သူပြည်သား တို့ ကို ကောင်းစွာ ဆက်ဆံရမည်ဟု အမိန့် များကလည်း ထုတ်ထားသည် မဟုတ်လား ။


လယ်တဲတံခါးဖွင့် ပေးသူမှာ အမျိုးသမီးငယ် ဖြစ်သည် ။ သူက ဆွိုက်ဆန်သို့  သွားသည့်လမ်းကို သူမသိဟုဆိုသည် ။ ထိုအခါ ၀ီလီရော ဟန်းပါ တဲထဲသို့ ဝင်လိုက်ကြသည် ။ ထိုအခါတွင်မှ သူ့ အမေ နှင့်တူသူ မိန်းမကြီးက လမ်းညွှန်သည် ။ လယ်သမား လင်မယားနှင့် သမီးပျို လေးတို့ သည် ယခုမှ ညစာစားပြီး ကြဟန်တူသည် ။ စားပွဲပေါ် တွင်ကား ၀ိုင်အရက်တပုလင်း တွေ့ ရသည် ။ ဟန်းသည် ပုလင်းကိုမြင်လျှင် ရေအလွန်ငတ်နေသည်ကို သတိရလာသည် ။ တနေ့ လုံးနေပူ နေသည် ။ နေ့ လယ်ကတည်းက ဘာမျှမသောက် ခဲ့ကြရ ။ သို့ နှင့် ၀ိုင်တပုလင်း တောင်းသည် ။ ၀ီလီက ပိုက်ဆံပေးပါမည်ဟု ဆိုသည် ။ ၀ီလီသည် လူကောင်းလေးဖြစ်သည် ။ ချိုသာ ပျော့ပျောင်း သည် ။ တကယ်တော့ သူတို့ သည် စစ်နိုင်သူများ မဟုတ်လား ။့ ပြင်သစ်တပ်မတော်ကြီး ဘယ် ရောက် နေပြီလဲ ။ ဖင်နီတန်းအောင် ထွက်ပြေးကုန်ကြပြီ ။ အင်္ဂလိပ်တို့ သည်လည်း အရာရာကိုစွန့် ကာ သူတို့ ကျွန်ကလေးဆီသို့ ယုန်ကလေးများလို သုတ်ခြေတင်ပြေးပြီ ။ စစ်နိုင်သူတို့ အဖို့  လိုချင် တာ ယူနိုင်သည် မဟုတ်လား ။ သို့ သော်လည်း ၀ီလီသည် ပါရီမြို့  အကျီင်္ချုပ် ဆိုင်တွင် နှစ်နှစ်ခန့်  အလုပ်လုပ်ဖူးသည် ။ သူသည် ပြင်သစ်စကား ကောင်းကောင်းပြောတတ်သည် ။ ထို့ ကြောင့် ပင် ယခုအလုပ်ကို ရခြင်း ဖြစ်သည် ။ ပြင်သစ်လူမျိုး ဆိုသည်မှာ ပျက်စီးဆုံးပါးစပြုနေသည့် လူမျိုး ဖြစ်သည် ။ သူတို့ အကြားတွင် ဂျာမန်တယောက် နေဖို့ မကောင်း ။

လယ်သမား မိန်းမသည် ၀ိုင်နှစ်ပုလင်းကို ယူလာကာ စားပွဲပေါ် ချလိုက်သည် ။ဝီလီသည် အိတ်ထဲ မှ ဖရန့် နှစ်ဆယ်ထုတ်ကာ ပေးလိုက်သည် ။ကျေးဇူးတင်စကားပင် မပြော ။ဟန်း `၏ပြင်သစ် စ ကား သည် ၀ီလီလောက်မကောင်း ။ သို့ သော် ပြောသည်ကို ကား နားလည်သည် ။ ၀ီလီနှင့် သူ တို့နှစ်ယောက်သည် တချိန်လုံး ပြင်သစ်စကားဖြင့်သာ ပြောဆိုဆက်ဆံကြသည် ။ မှားသည့် အခါ ၀ီလီကပြင်ပေးသည် ။ ဤ နည်းအားဖြင့် ၀ီလီမှာ သူ့ အတွက် အသုံးတည့်နေလေရာ ဟန်း သည် ၀ီလီကို သူငယ်ချင်း လုပ်ထားသည် ။ ထို့ ပြင် ၀ီလီက သူကို သဘောကျနေသည်ကို လည်း တွေ့ ရသည် ။


ဟန်းသည် အရပ်ရှည်သည် ။ သေးသွယ်သည် ။ပခုံးကားသည် ။ ဆံပင်ကောက်ကောက် ကလေး ကလည်းလှသည် ။ မျက်လုံးအစုံမှ သူငယ်အိမ်သည် ပြာလဲ့နေသည် ။ သူသည် ပြင်သစ်စကား ပြော ကျင့်ရန် အမြဲသတိရသည် ။ အခွင့်အရေးရလာလျှင် အလွတ်မခံ ။ ယခုလည်း ပြင်သစ်စကား ပြောကြည့်သည် ။ သို့ သော်လယ်သမား သားအမိသုံးယောက် မှာသူ့ ကိုအဖက်မလုပ် ။ သူသည် လယ်သမားတယောက် `၏သားဖြစ်သည် ။ စစ်ပြီးလျှင် လယ်ပြန်လုပ်မည် ဟူ၍လည်း ဟန်းက ပြောသေးသည် ။ သူ့ ကို မျူးနစ်၌ ကျောင်းထားသည် ။ သူ့ အမေက ကုန်သည် လုပ်စေချင်သည် ။ သို့ သော် သူကားစိတ်မပါ ။ သို့ နှင့် တက္ကသိုလ် ၀င်တန်းအောင်သည့် အခါ စိုက်ပျိုးရေးကောလိပ် တခုသို့ သွားသည် ။


“ ရှင်တို့  လမ်းမှားလို့  မေးရအောင်လာတာ မဟုတ်လား ၊ အခုလမ်းသိရပြီ ၊ ဒီတော့ ၀ိုင်သောက်ပြီးယင် ပြန်ကြတော့ ” အမျိုးသမီးက ဆိုသည် ။


စောစောကမူ သူငယ်မကို ဂရုစိုက်မကြည့်မိ ။ အချောအလှကြီး ကားမဟုတ် ။ သို့ သော် နှာတံ မှာစင်းနေသည် ။ မျက်လုံးဝိုင်းဝိုင်း နက်နက်ကြီးများရှိသည် ။ မျက်နှာကား ဖြူဖပ်ဖြူရော် ဖြစ်နေ သည် ။ ရိုးရိုးဝတ်စားထား ရာ ရုပ်မပေါ်လှ ။ သို့ သော် ထူးခြားချက်ကားရှိသည် ။ စစ်စဖြစ် က တည်း က သူငယ်ချင်း အပေါင်းအသင်းများ သည် ပြင်သစ်မလေးများ အကြောင်းပြော ကြသည်ကို ကြားရသည် ။ ပြင်သစ်မလေးများတို့ တွင်ဂျာမန်မလေးများနှင့် မတူသည့်တခု ရှိသည် ဟု ဆိုသည် ။ ဟန် ပေါ့ဗျာဟု ၀ီလီက ဆိုသည် ။ သို့ သော် ဘယ်လိုဟန်လဲ ၊ ဟန်ဆိုတာ ဘာလဲ ဟု မေးသည့်အခါ ကိုယ်တိုင်တွေ့ ရမှ နားလည်မည်ဟု ၀ီလီက ပြန်ဖြေသည် ။ တခြားသူတို့ ပြော စကား အရဆိုလျှင် ပြင်သစ်သူတို့ သည် ကြေးစားများဖြစ်သည် ။ လက်သည်း အလွန်မာသည် ဟူသတည်း ။ ဟုတ်ပြီ ။ နောက်တပတ် လောက်ဆိုလျှင် ပါရီသို့  ရောက်တော့မည် ။ ထိုအခါ တွင် မှ ကိုယ်တွေ့ ကြုံရတော့မည် ။ တပ်မတော် အာဏာပိုင်တို့ ကလည်း သူတို့ အတွက် သွားလာရန် ဂေဟာများ စီစဉ်ပေးမည်ဟု ပြောနေကြသည် ။


“ ကဲ … ပြီးအောင်သောက်လေ ၊ သွားကြမယ် ” ဟု ၀ီလီကခေါ်သည် ။


သို့ သော် ဟန်းကား ယခုမှ ဇိမ်တွေ့ နေသည်။ မသွားချင်သေး ။


“ မင်းဟာ လယ်သမားသမီး နဲ့ မတူပါဘူး ” သူငယ်မကို စ၍ စကားပြောသည် ။


“ အဲဒါ ဘာဖြစ်သလဲ ”


“ သူက ကျောင်းဆရာမ ” အမေကြီးက ဖြေသည်။


“ ဒါဖြင့် ပညာ ကောင်းကောင်း သင်ခဲ့ရမှာပေါ့ ” အမျိုးသမီးသည် ပခုံးနှစ်ဘက်ကို တွန့် ပြသည် ။ ဟန်းကား သူ`၏ အထစ်အထစ် ပြင်သစ် စကားနှင့် စိတ်ပါလက်ပါ ပြောနေသည် ။ “ အခုလို အ ခွင့်အရေးဟာ ပြင်သစ်လူမျိုးတွေ အဖို့  အကောင်းဆုံးအခွင့်အရေးပဲ ဆိုတာ မင်းတို့ နားလည်ဖို့ ကောင်းတယ် ၊ တို့ က စစ်ကြေငြာတာမဟုတ်ဘူး ၊ မင်းတို့ ကစစ်ကြေငြာတာပဲ ၊ အခုတော့ ပြင် သစ်ပြည်ကြဲီးကို တိုးတတ်လာအောင် တို့ လုပ်ပေးမယ် ၊ မင်းတို့ တတွေ အလုပ်လုပ် တတ်လာ အောင် တို့ ကသင်ကြားပေးမယ် ၊ မင်းတို့ ဟာ စည်းကမ်းသေ၀ပ်ဖို့  ၊ အမိန့် ကိုနာခံတတ်ဖို့ သင် ကြား ယူရဦးမယ် ”


အမျိုးသမီးငယ်သည် လက်သီးနှစ်ဘက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ သူ့ ကိုကြည့်နေသည် ။ မျက်လုံးများမှာ မုန်တီးစိတ်ဖြင့် မီးတောက်နေကြသည် ။ သို့ သော် သူသည် စကားတခွန်းမျှ ပြန်မပြော ။


“ မင်း မူးနေတယ် ဟန်း ” ၀ီလီက သတိပေးသည် ။


“ ငါမမူး ပါဘူး ၊ တရားသူကြီး တယောက်လို တည်ငြိမ်ပါတယ် ၊ သူတို့ ကို အမှန်တရားတွေ ပြောပြနေတာ ၊ သူတို့ သိထားမှဖြစ်မယ် ”


“ ဟုတ်တယ် ၊ သူပြောတာ မှန်တယ် ၊ ရှင်မူးနေတယ် ပြန်တော့ အခုပြန်တော့ ”


အမျိုးသမီးကသည်းမခံနိုင်တော့ သဖြင့် အော်ပြောသည် ။


“ အိုး … မင်းဂျာမန်စကားတတ်ပါလား ၊ ဟုတ်လား ၊ ကဲ ဒါဖြင့် ကောင်းပြီ ၊ ငါတို့ သွားမယ် ၊ ဒါပေမယ့် ငါကိုတော့ အနမ်းတချက်ပေးရမယ် ”


အမျိုးသမီးသည် သူကို ရှောင်ရန်နောက်သို့ တလှမ်းဆုတ်လိုက်သည် ။ သို့ သော် ဟန်းသည် သူလက်ကောက်ဝတ်ကို ဖမ်းဆုပ်တားလိုက်သည် ။


“ အဖေရေ … အဖေ ”


လယ်သမားကြီးသည် ဂျာမန်စစ်သား လေးကိုခုန်အုပ်လိုက်သည် ။ ဟန်းက အမျိုးသမီးကို လွတ်လိုက်ကာ အဘိုးကြီး`၏ မျက်နှာကို အားရပါးရထိုးလိုက်သည် ။ ချက်ချင်းပင် အဘိုးကြီး သည် ကြမ်းပေါ်သို့ လဲကျသွားသည် ။ ထို့ နောက် ပြင်သစ်မလေး ထွက်မပြေးမီ လက်ကိုဆွဲ ထားလိုက်သည် ။ အမျိုးသမီးက သူ့ ပါးကို တချက်လွဲရိုက်လိုက်သည် ။သူက မထေ့ တထေ့ တချက်ရယ်လိုက်သည်။

“ ဂျာမန်စစ်သား တယောက်က မင်းကို နမ်းမယ်ဆိုတော့ တုံ့ ပြန်တယ်ပေါ့ ဟုတ်လား ၊ အေး … သိကြရောပေါ့ကွာ ”


ဟန်းသည်သူငယ်မ`၏ လက်နှစ်ဘက်ကို တအားချုပ်ကိုင်ကာ အပြင်ဘက်သို့  ဆွဲထုတ်သည် ။ သို့ သော်လည်း သူတို့ နောက်သို့  အမေကြီးကထက်ကြပ် လိုက်လာပြီး သူ့ အကျီင်္စကို ဆွဲသည် ။ ထိုအခါ သူသည် လက်တဘက်ဖြင့် သူငယ်မကို အတင်းဖက်ထားကာ ကျန်လက်တဘက်ဖြင့် အမေကြီးကို ဆောင့်တွန်းလိုက်သည်။ အမေကြီးသည် နံရံဆီသို့ ဒယိမ်းဒယိုင် လဲကျသွားသည် ။


“ ဟန်း.. ဟန်း ” ၀ီလီ ကအော်သတိပေးသည် ။


“ တော်စမ်း ၊ တိတ်တိတ်နေ ”


ဟန်းသည် အမျိုးသမီးငယ် `၏ပါးစပ်ကို မအော်နိုင်အောင် ပိတ်ကာအပြင်သို့  ဆွဲခေါ်သွားသည် ။ ဖြစ်သမျှ အကြောင်းကား ဤသို့ ပင်ဖြစ်သည် ။ ဤသို့ ဖြစ်ရသည်မှာ အမျိုးသမီးက စခြင်းပင် ဖြစ်သည် ။ သူ့ ပါးကို အရိုက်မခံရလျှင် ၊ သူတောင်း ဆိုသည့် အနမ်းအရှုပ်ကို ကြည်ကြည်သာသာ ပေးခဲ့လျှင် သူသည် ထိုနေရာမှ ထွက်သွားမည်သာ ဖြစ်သည် ။ ကြမ်းပေါ်လဲနေသော လယ်သမားကြီး`၏ မျက်နှာကိုကြည့်ကာ ရယ်ချင်လာသည် ။ နံရံမှီနေသော အမေကြီးကို ကြည့်ကာ ပြုံးမိသည် ။ နောက်တခါ သူ့ အလှည့်လေလားဟု ကြောက်နေသလား ။ မလှည့်နိုင်ပါ ။ သူသည် ပြင်သစ်စကားပုံ တခုကို သတိရမိသည် ။


“ ငိုစရာ မလိုပါဘူး အဘွားကြီး ၊ ဒီအဖြစ်မျိုးကတော့ အခုမဟုတ် လဲနောင်ကြုံရမှာပဲ ” သူသည် အိတ်ထဲသို့  လက်နှိုက်ကာ ပိုက်ဆံအိတ်ကို ဆွဲထုတ်လိုက်သည် ။ “ ဟောဒီမှာ ဖရန့် တရာ ၊ ကောင်မလေး အကျီင်္သစ် ၀ယ်ဝတ်ပေါ့ ” ထို့ နောက် ငွေစက္ကူကို စားပွဲပေါ်သို့ တင်ကာ သံခမောက် ကို စွပ်လိုက်ပြီး “ သွားကြမယ် ” ဟုဆိုသည် ။


သူတို့ သည် တံခါးကို ဆောင့်ကန်ခဲ့ကာ မော်တော်ဆိုင်ကယ်ပေါ်သို့ တက်ခဲ့ကြသည် ။ အမေကြီး သည် ဧည့်ခန်းထဲသို့ ဝင်သွားသည် ။ သူ့ သမီးငယ်ကား နံရံကပ်ထားသည့် ခုံရှည်တခုပေါ်တွင် လဲ လျောင်း နေသည် ။ သူထွက်သွားပြီးနောက် သည်အတိုင်း လဲလျာင်းကာရှိုက်ကြီးတငင် ငိုနေလေသည် ။


နောင်သုံးလခန့် ရှိသည့်အခါ ဟန်းသည် ဆွိုက်ဆန်သို့  တခါ ရောက်လာသည် ။ သူသည် အောင်တပ်မတော်ကြီးနှင့် အတူ ပါရီမြို့ သို့ ဝင်ခဲ့ပြီး သူ့ မော်တော်ဆိုင်ကယ် နှင့် အောင်ဗိမာန် မုခ်ဝကြီးအောက်မှ ဖြတ်မောင်းခဲ့သည် ။ ဦးစွာ ပထမ “ တိုး ” သို့ တပ်နှင့်အတူ လိုက်သွားသည် ။ထို့ နောက် “ ဗော်ရဒိုး ” သို့ ရောက်သွားသည် ။ တိုက်ပွဲကိုကား အနည်းငယ် သာတွေ့ ရသည် ။ ပြင်သစ်စစ်သား ဆို၍သုံးပန်းများကိုသာ သူ မြင်ဖူးသည် ။ ယခုလို စစ်တိုက်ထွက်ခဲ့ ရသည်မှာ မကြုံဖူးခဲ့ ။ ပျော်ပွဲစားထွက်လာ ရသလားပင် အောင့်မေ့မိသည် ။ ပြင်သစ်ပြည်ကို သိမ်းပိုက်သည့် စာချုပ်ကို ချုပ်ဆိုပြီးနောက် ဟန်းသည် ပါရီတွင် တလခန့် နေခဲ့ သည် ။ ဗာဗေးရီးယား ရှိသူ့ အိမ် သို့  ပို့ စကတ်များ ပို့ ခဲ့သည် ။လက်ဆောင် များလည်းဝယ်ခဲ့ သည် ။ ပါရီမြို့ ကို လက်ဝါးပေါ် တင် ကြည့် နိုင်သလို အလွန်လူရေလည် သည့်ဝီလီသည် ပါရီတွင် နေခဲ့ သည် ။ သို့ သော်လည်း ဟန်းနှင့် သူ့ တပ်မှာ ဆွိုက်ဆန်ကို သိမ်းပိုက်ထားသည့် တပ်ကို အားဖြည့်ရန် ရောက်လာရသည် ။


ဆွိုက်ဆန် ကားနေစချင့်ဖွယ် ကောင်းသည့် မြို့ ငယ်ကလေးတခုဖြစ်သည် ။ ယခုမူ သူသည် နေ သား တကျ စခန်းချမိနေပြီ ။ သည်မြို့ တွင်စားစရာ ပေါသည် ။ ရှမ်ပိန်ဆိုလျှင် တပုလင်းကို ဂျာမာန် ငွေ တမတ်ပြည့်ပြည့်ပင် မပေးရ ။ ဆွိုက်ဆန်သို့  ပြန်သွားရမည်ဟု အမိန့် ရသည့်အခါ သူ နှင့်တွေ့ ခဲ့သည့် လယ်တဲက ကောင်မလေးဆီ သွားရလျှင် ပျော်စရာတမျိုး ကောင်းမည်ဟု ထင်မိ သည် ။ သူ့ အတွက် ပိုးခြေအိတ်တစုံ ၀ယ်ခဲ့ သည်။ တကယ်တော့ သူ့ တွင် မကောင်းသည့် စိတ်ထား မရှိဆိုသည်ကို ပြချင်သည် ။ ယခုမူ သည်နေရာတွေကို ကောင်းကောင်း ကျွမ်းနေပြီ ။ လယ်တဲကို လွယ်လွယ်နှင့် ရှာတွေ့ နိုင်မည်ဖြစ်သည် ။


ထို့ ကြောင့် ဘာမှလုပ်စရာမရှိသည့် တညနေခင်းတွင် ဟန်းသည် အိတ်ထဲသို့  ပိုးခြေအိတ်တစုံ ကိုထည့်ကာ မော်တော်ဆိုင်ကယ်နှင့် ထွက်ခဲ့ သည် ။ ဆောင်းဦးပေါက် ဖြစ်သဖြင့် ရာသီမှာ သာ ယာ သည် ။ ကောင်းကင် တွင်မိုးသားတိမ်တိုက် ကင်းစင်နေသည် ။ သူဖြတ်လာခဲ့သည့် တော လမ်းကလေး မှာလည်း လန်းဆန်းသစ်လွင်နေသည်။ စက်တင်ဘာလ ပင်ရောက် နေသော်လည်း စိုစွတ်ခြင်းမရှိ ။ ခြောက်သွေ့ နေခဲ့သည်မှာ ကြာပြီ ။ နွေရာသီ ကုန်တော့မည်ကို ပေါ့ပလာပင် များ ကပင် နိမိတ်မပြသေး ။ တနေရာတွင် လမ်းတကွေ့ မှားသွားသည်မှအပ ခရီးမဖင့်တော့ပဲ နာရီ ၀က် အတွင်း လိုရာသို့  ချောချောမောမော ရောက်လာခဲ့သည် ။ လယ်တဲတံခါး ဆီသို့ အသွား ခွေးတ ကောင်က သူ့ ကိုဆီး၍ ဟောင်သည် ။ တံခါးကို မခေါက်တော့ပဲ မင်းတုပ်ကိုလှည့်ကာ အထဲသို့ ဝင်ခဲ့သည် ။ အမျိုးသမီး ကလေးသည် စားပွဲတွင်ထိုင်ကာ အာလူးနွာနေသည် ။ ယူနီဖောင်းကို မြင် လိုက် လျှင် ၀ုန်းကနဲ ထလိုက်သည် ။


“ ဘာလိုချင်လို့ လဲ ” မေးပြီးမှ ချက်ချင်းပင် သူ့ ကိုမှတ်မိသွားသည် ။ သို့ နှင့် နံရံဆီသို့  ဆုတ်သွားသည် ။ သူ့ လက်ထဲတွင် ရှိသော ဓားကို ကျစ်ကျစ် ပါအောင် ဆုပ်ထားလိုက်သည် ။ “သြော် .. ရှင်ကိုး ”


“ မကြောက်နဲ့ လေ ၊ မင်းကို ငါဘယ် လိုမှ မလုပ်ပါဘူး ၊ ဟောဒီမှာ ကြည့် ၊ မင်းအတွက် ပိုးခြေအိတ် ယူလာတယ် ”


“ ပြန်ယူသွား ၊ ရှင်လဲပြန်တော့ ”


“ မဆိုးချင်ပါနဲ့ ကွယ် ၊ ဓားကို ချလိုက် ၊ ယီးတီးယားတား လုပ်ယင် မင်းသာနာမှာ ပဲ ၊ ငါ့ကို ကြောက်စရာ မလိုပါဘူး ”


“ ရှင့်ကို ကျွန်မ မကြောက်ပါဘူး ” တင်းတင်းပင်ဆိုသည် ။


သူသည် ဓားကို ကြမ်းပေါ်သို့  လွတ်ချလိုက်သည် ။ ထိုအခါ ဟန်းသည် သံခမောက်ကို ချွတ်ကာ ထိုင်လိုက်သည် ။ ထို့ နောက်ဓားကို ခြေနှင့် လှမ်း၍ သူ့ ဆီသို့ ဆွဲယူသည် ။


“ မင်းအတွက် အာလူး နွှာပေးရမလား ”


စကားပြန် မရ ။ သူသည် ဓားကို ကုန်းကောက်ကာ ခွက်ထဲမှ အာလူးတလုံးကို .ယူပြီး အခွံနွှာသည် ။ အမျိုးသမီး`၏ မျက်နှာမှာ တင်းမာခက်တရော် ရှိနေသည် ။ မျက်လုံးများမှာဝင်းဝင်း တောက်နေ သည် ။ နံရံကို မှီကာ ရပ်ယင်း သူ့ ကို မျက်ခြည်ပြတ်မခံပဲ စောင့်ကြည့်နေသည် ။ ထိုအခါ သူကမျက်နှာချိုသွေးသည် ။


“ ဘာလို့  ဒါလောက် ငါ့ကို စိတ်ဆိုးနေရတာလဲ ၊ မင်းလဲ အသိပဲ ဟာ ၊ ငါ့စိတ် ကလဲ လှုပ်ရှား နေခဲ့တယ် ၊ ဒါကတော့ တို့ တတွေအားလုံး ပါပဲလေ ၊ ပြီးတော့ သူတို့ က ပြောတာက ပြင်သစ်တပ်မတော်ကြီးဆိုတာ ဘယ်သူမှချေမှုန်း လို့ ရတာမဟုတ်ဘူး ၊ မဂ္ဂီ နော့ ခံတပ်ကြီး ဆိုတာကလဲ ” သူသည် တချက်ခစ်ကနဲ ရယ်လိုက်သည် ။ “ ပြီးတော့ ၀ိုင်ကလဲ ခေါင်းထဲရောက် သွားတယ် မဟုတ်လား ၊ မင်းအဖို့ သည်ထက်တောင် ကံဆိုးဖို့  ကြုံချင် ကြုံနိုင်သေးတယ် ၊ ငါနဲ့ တွေ့ တဲ့ မိန်းမတွေက ငါ့ကိုရုပ်ဆိုးတယ်လို့ မပြောကြပါဘူးကွာ ”


အမျိုးသမီးသည် သူ့ ကိုစက်ဆုပ် ရွံ့ ရှာသည့် အမူအရာဖြင့် ခြေဆုံးခေါင်းဆုံး ကြည့်သည် ။

“ ရှင် သွားတော့လေ ”


“ ငါသွားချင် မှပဲ သွားမယ် ”


“ မသွားယင်တော့ ကျွန်မ အဖေကြီးက ဆွိုက်ဆန်သွားပြီး ဗိုလ်ချုပ်ကို တိုင်မှာပဲ ”


“ အင်း .. ဂရုစိုက်ပါလိမ့်မယ် ၊ တို့ ဆီမှာ အမိန့် ထုတ်ထားတယ် ၊ ပြည်သူတွေနဲ့  မိတ်ဆွေ အပေါင်းအသင်း ဖွဲ့ ရမယ်တဲ့  ၊ မင်းနာမည် ဘယ်သူလဲ ”


“ ဒါ ရှင့် အလုပ် မဟုတ်ပါဘူး ”


အမျိုးသမီးငယ် `၏ မျက်နှာသည် နီရဲလာသည် ။ ဒေါသကြောင့် မျက်လုံးများမှာ မီးတောက် နေ သည် ။ ယခုကား အလျင်ကထက် ပို၍ လှနေသည်ဟု သူထင်သည် ။ သည်လိုဆိုတော့ သူ့ အ ဖို့ မဆိုးလှဘူးပေါ့ ။ အမျိုးသမီး`၏ အမူအရာတွင် မြို့ ကြီးသူတို့ `၏ အသိမ်အမွေ့ မျိုး တွေ့ ရ သည်။ တောသွေး တောမွေးကားမဟုတ် ။ ဟုတ်သည် ။ သူ့ အဖေကြီးက သမီးမှာကျောင်းဆရာမတ ယောက်ဖြစ်သည်ဟုပြောခဲ့ သည်ကို သူပြန်အမှတ်ရသည် ။


ယခုဆိုလျှင် ကျောင်းဆရာမလေးသည် အမျိုးသမီးကြီး ဂိုက်ဖမ်းနေရာ သူ့ ကိုမထိတထိ လုပ်ရသ ဖြင့် ဟန်း ကျေနပ်နေသည် ။ သူသည် ယခုမှကြွကြွရွရွ ဖြစ်လာသည် ။ လက်တဘက်နှင့် သူ့ ခေါင်းထက် မှ ရွှေရောင်တောက်နေသည့် ဆံပင်ကို ထိုးဖွလိုက်သည် ။ အလျင် သုံးလခန့် ကြုံတွေ့ ခဲ့သည့်အဖြစ်မျိုး နှင့် ကြုံရလျှင် ဘယ်အမျိုးသမီး မဆိုထခုန်မည် ဖြစ်သည်ဟု သူထင်သည် ။ နွေရာသီ ဒဏ်ကြောင့် သူ့ အသားမှာ နီညှိလာပြီး သူ့ မျက်လုံးတို့ မှာလည်း ပြာလဲ့နေသည် ။


“ မင်းအဖေ နဲ့ အမေရော ”


“ လယ်ထဲမှာပေါ့  ”


“ ငါဆာတယ်ကွာ ၊ ပေါင်မုန့် တဖဲ့လောက်နဲ့  ဒိန်ခဲနည်းနည်းပေး ပါ ၊ ၀ိုင်လဲပေးပါ ၊ ငါပိုက်ဆံ ပေးပါ့မယ် ”


အမျိုးသမီးငယ် က ခြောက်ကပ်ကပ် ရယ်လိုက်သည် ။


“ ဒိန်ခဲဆိုတာ ကျွန်မတို့ မမြင်ရတာ သုံးလရှိပြီ ၊ ကိုယ့်ဗိုက်ကိုယ် ဖြည့်ဖို့ တောင် ပေါင်မုန့် လုံလုံ လောက်လောက် မရှိဘူး ၊ ပြင်သစ်စစ်တပ်က ကျွန်မတို့ မြင်းတွေကို လွန်ခဲ့တဲ့ တနှစ်လောက်က ယူသွားတယ် ၊ အခုဂျာမန်တွေ က နွားတွေ ၊ ၀က်တွေ ၊ ကြက်တွေ ပြီးတော့ အားလုံးကို ယူသွားတယ် ”

“ အင်း … သူတို့ က မင်းတို့ ကို ပိုက်ဆံပေးတာပဲ ”


“ သူတို့ ပေးတဲ့ တန်ဖိုးမရှိတဲ့ စက္ကူကို ကျွန်မတို့ ကိုက်စားလို့ ရတာမှ မဟုတ်ပဲ ”


ထို့ နောက် အမျိုးသမီး ငို တော့သည် ။


“ မင်းဆာနေသလား ”


“ ဟင့်အင်း ၊ မဆာဘူး ”


ခါးခါးသီးသီး ပြောလိုက်သည် ။


“ ကျွန်မတို့ ဟာ အာလူး ၊ ပေါင်မုန့် တို့ ကိုရှင်ဘုရင်တွေလို ပေါပေါစားနိုင်တယ် ၊ နက်ဖြန်ဆိုယင် ကျွန်မဖေဟာ ဆွိုက်ဆန်သွားပြီး မြင်းသွားဝယ်မယ် ”


“ ဒီမယ် ငါပြောတာ နားထောင်စမ်းပါ ၊ ငါဟာ ဒါလောက်လဲ မဆိုးပါဘူး ၊ မင်းတို့ ဖို့ ဒိန်ခဲယူ လာခဲ့မယ် ၊ ပြီးတော့ ၀က်ပေါက်ခြောက်လဲ နည်းနည်းယူခဲ့ နိုင်မယ်ထင်တယ် ”


“ ရှင့် လက်ဆောင်တွေ ကျွန်မ မလိုချင်ဘူး ၊ ရှင်တို့  ၀က်မျိုးသူခိုး တွေ ကျွန်မတို့ ဆီက အစားအစာ တွေ ခိုးသွားတာ ၊ ရှင့်ဆီက အစာကို လက်ဖျားနဲ့ တောင်မတို့ ဘူး ၊ ကျွန်မ အငတ်ခံမယ် ”

“ ကြည့်သေးတာပေါ့ကွာ ” သူက ခပ်ပြုံးပြုံး ပြောလိုက်သည် ။


ထို့ နောက် ဦးထုပ်ကိုဆောင်းကာ နှုတ်ဆက်ပြီး ထွက်သွားသည် ။


သူသည် တောရွာများသို့  အလည်အပတ် မထွက်တော့ပဲ အလုပ်ကိစ္စတခုနှင့် ထွက်ရန် စောင့်နေ သည် ။ နောက်ဆယ်ရက် လောက်ရှိသည့်အခါ လမ်းကြုံသည်နှင့် လယ်ထဲသို့  ရောက်သွားသည် ။ အလျင်ကလို ပင် မထင်မရှား တဲတဲသို့  ၀င်သွားသည် ။ မီးဖိုထဲတွင် အဘိုးကြီး နှင့်အသွားကြီး တို့ ကိုတွေ့ ရသည် ။ အချိန်ကား မွန်းတည့်ချိန် ရှိနေပြီ ။ အဘွားကြီး သည် မီးဖိုပေါ်တွင် အိုးတလုံး ကိုမွှေနေသည် ။ အဘိုးကြီးမှာ စားပွဲ၌ ထိုင်နေသည် ။



သူဝင်သွားသည့်အခါ တချက်မျှ ငဲ့ကြည့်သည် ။ အံ့သြဟန် မပြ ။ သူတို့ သမီးက အလျင်တခေါက် သူလာသည်ကို ပြောထားဟန် တူသည် ။ သူတို့ ကား စကားတခွန်း မျှမပြော ။ အဘွားကြီးသည် ဟင်းအိုးနှင့် အလုပ်ရှုပ်နေသည် ။ အဘိုးကြီးကား စားပွဲခင်းကို မှုန်သိုးသိုး မျက်နှာဖြင့် စိုက်ကြည့် နေသည် ။ ဟန်းသည် ရောရောနှောနှော လုပ်ဖို့ အရေး ကြီးသည် ။


သူက ရယ်ရယ်မောမော ပင်နှုတ်ဆက်သည် ။ “ ခင်ဗျား တို့ ဖို့  လက်ဆောင် ပါလာတယ် ” ဟူ၍လည်း ပြောသည် ။


အထုပ်ကို သူကိုယ်တိုင် ဖြေသည် ။ ဆွစ်ဒိန်ခဲ ခပ်ကြီးကြီးတလုံး ၊ ငါးသေတ္တာနှစ်ဗူး ၊ ၀က်သား အနည်းငယ် တို့ ဖြစ်သည် ။ အဘွားကြီး ကားဟင်းချက်နေရာ မှ လှည့်ကြည့်သည် ။ အဘွားကြီး`၏ လိုချင်မျက်စိ ကိုတွေ့ လိုက်လျှင် ဟန်းပြုံးမိသည် ။ အဘိုးကြီးက အစားအစာ များကို ခပ်တည်တည် ကြည့်နေသည် ။ ဟန်းက သူ့ ကိုပြုံးပြလိုက်သည် ။


“ ပထမဆုံး အခေါက်လာတုန်းက တယောက်နဲ့ တယောက် အထင်လွဲခဲ့ရတာကို ကျွန်တော် ၀မ်းနည်းပါတယ် ၊ ခင်ဗျားတို့ ကလဲ ၀င်ပြီး နှောင့်ယှက်ဖို့  မကောင်းဘူးပေါ့ ”

ထိုအခိုက်မှာ ပင် ကျောင်းဆရာမလေး ရောက်လာသည် ။


“ ရှင် ဒီမှာ ဘာလာလုပ်နေတာလဲ ”


စူးစူး ရွားရွား အော်လိုက်သည်။ ထို့ နောက် စားပွဲပေါ်ရှိ သူ.ယူလာသည့် ပစ္စည်းများကို မြင်သွားသည် ။ ထိုအခါ အားလုံးကို သိမ်းကျုံးကာ သူ့ ဆီသို့  လွှင့်ပစ်လိုက်သည် ။

“ ယူသွား ၊ ဒါတွေ ပြန်ယူသွား ”


သို့ သော်လည်း အမေကြီးသည် ရှေ့ သို့ ထွက်လာသည် ။


“ ဟဲ့ .. အဲနက် ၊ နင်ဘာအရှုးထတာလဲ ”


“ ဒီလက်ဆောင် တွေကို ကျွန်မ မယူနိုင်ဘူး ”


“ ဒါတွေက တို့ ပိုင်တဲ့အစားအစာတွေပဲ ၊ တို့ ဆီက သူတို့ ခိုးသွားတာလေ ၊ ငါးသေတ္တာ ဗူးတွေ ကြည့်ပါလား ၊ ဗော်ရဒိုး ငါးသေတ္တာတွေ ပဲဟာ ”


အမေကြီးသည် ပစ္စည်း များကို တခုဆီ ကောက်ယူနေသည် ။ဟန်းသည် ကျောင်းဆရာမလေးကို လှောင်ပြုံး ပြုံးယင်း ကြည့်နေသည်။


“ မင်းနာမည် အဲနက်တဲ့ လား ၊ သိပ်ချစ်စရာ ကောင်းတဲ့ နာမည်ပဲ ၊ ဒီအစားအစာ လေးတွေလောက်ကိုမှ မင်းမိဘတွေကို မကျွေးချင်ဘူးတဲ့လား ၊ မင်းတို့  ဒိန်ခဲ မစားရတာ သုံးလတောင် ရှိပြီဆို ၊ ၀က်ပေါင်ခြောက်တော့ မရခဲ့ ဘူး ၊ ငါလဲ ရနိုင်သမျှ ယူလာခဲ့တာပဲ ”

လယ်သမား ကြီး`၏ မိန်းမသည် ၀က်သားကို ကောက်ယူကာ ရင်ခွင်ထဲ ပွေ့ ထားလိုက်သည် ။ ၀က်သားကို နမ်းများနမ်းလေမည်လား အောက်မေ့ရသည် ။ အဲနက်ကား မျက်ရည်တွေတွေ ကျနေသည် ။


“ ရှက်စရာ ကောင်းလိုက်တာ … ဟင်း ” အဲနက်က ညည်းသည် ။


“ အို … လာစမ်းပါကွာ ၊ ဒိန်ခဲတတုံးနဲ့  ၀က်သားတတုံး အတွက် ရှက်စရာ ဘာမှမရှိပါဘူး ”

ဟန်းသည် ထိုင်ချလိုက်ကာ စီးကရက် ကို မီးညှိလိုက်သည် ။ ထို့ နောက် အဘိုးကြီးဆီသို့  စီးကရက်ဗူး ကို လှမ်းပေးလိုက်သည် ။ လယ်သမားကြီးသည် ခဏမျှ မယူသေးပဲ နေသည် ။ သို့ သော်လည်း သောက်ချင်စိတ်ကို ကား တားဆီးမရ ဖြစ်လာသည်တွင် စီးကရက်တလိပ် ယူကာ ဗူးကိုပြန်ပေးလိုက်သည် ။


“ ယူထားလေ ၊ ကျွန်တော့် မှာ အများကြီးရှိပါတယ် ” ဟန်းသည် အားရပါးရ ရှိုက်ကာ နှာခေါင်းထဲမှ မီးခိုးများ အလိပ်လိုက် မှုတ်ထုတ်လိုက်သည် ။ “ ကျွန်တော်တို့  ဘာကြောင့် မိတ်ဆွေ မဖြစ်နိုင်ကြရမှာလဲ ၊ ဖြစ်ပျက်ပြီး သမျှ တွေဟာ ပြန်ပြီးပြင်လို့  ရတော့တာမှ မဟုတ်တာ ၊ စစ်ကစစ်ပဲ ၊ ကျွန်တော်ဆိုချင်တာ နားလည်မှာပေါ့ ၊ အဲနက်ဟာ ပညာတတ် အမျိုးသမီး လေး တ ယောက်ဆိုတာ ကျွန်တော်သိပါတယ် ၊ ပြီးတော့ ကျွန်တော်အပေါ်လဲအထင်အမြင် ကောင်း ကောင်း ထားစေချင်တယ် ၊ ကျွန်တော်တို့ တပ်ဟာ ဆွိုက်ဆန်မှာ အတော်လေး ကြာဦးမှာပဲ ၊ ဒီတော့ အ ဖေတို့ အတွက် မကြာခဏ ပစ္စည်းလေးတွေ ထောက်ပံ့ ကူညီနိုင်မှာပါ ၊ ကျွန်တော်တို့ ကတော့ မြို့ သူမြို့ သားတွေနဲ့ ရင်းနှီးမိတ်ဖြစ်အောင် ကျွန်တော်တို့ ဘက်က တတ်နိုင်သမျှ ဆောင် ရွက်တာပါပဲ ၊ ဒါပေမယ့် သူတို့ ကလက်မခံဘူး ၊ ကျွန်တော်တို့ တတွေ လမ်းထဲဖြတ်သွားကြယင်း တွေ့ တာတောင် လှည့်မကြည့်ကြဘူး ၊ ပြီးတော့ ၀ီလီနဲ့ လာတုန်းက ဖြစ်ပျက်သွားတာဟာလဲ ရုတ် တရက် ရှောင်တခင် ဖြစ်သွားတာပါ ၊ ကျွန်တော့်ကို ဘာမှ ကြောက်စရာ မလိုပါဘူး ၊ အဲနက် ကိုလဲ ကျွန်တော် နှမလေး တယောက်လို သဘောထားပါမယ် ”


“ ရှင်ဘာလို့  ဒီကိုလာချင်ရတာလဲ ၊ ဘာလို့ ကျွန်မတို့ ဆီက ခုထက်ထိ မပြန်သေးတာလဲ ” အဲနက်က မေးသည် ။


ဘာကြောင့်မှန်းကား သူ့ ကိုယ်သူ တကယ်ပင်မသိ ။ လူလူချင်း တွေ့ ကြဆက်ဆံကြပြီ ဆိုတော့ မိတ်ဆွေ သဘောလေးလောက်တော့ ဆက်ဆံချင်သည် ဟူ၍ လည်းမပြောချင်တော့။ ဆွိုက်ဆန် သို့ ရောက်ကတည်း က သူတို့ မှာ “ မဆက်ဆံရေး ပတ်ဝန်းကျင် ” အလယ်သို့ ရောက်နေခဲ့ ရ သည် ။ ဘယ်သူကမှ သူတို့ ကိုစကား မပြော ။ ကြာသော် သူစိတ်မှာထိခိုက် လာသည် ။ တခါ တရံ သူကို ရှိလေသည်ဟု မမှတ်ပဲ စိန်းစိန်းဝါးဝါး ကြည့်သော ပြင်သစ် တယောက်အား ဆွဲထိုးလိုက်ချင် စိတ် ပေါ်မိသည် ။ တခါတရံတွင် မူ အထီးကျန် ဘ၀ကို သူနာကျည်းလာကာ အော်ငိုလိုက်ချင် သည် ။ သူ့ ကို ကြိုဆိုလက်ခံမည့် တနေရာရှိလျှင် ယင်းသို့ သွားကာ ပြောဆိုဆက်ဆံနေရလျှင် ကောင်း မည် ။

အဲနက်ကို ထွေပြားစိတ်နှင့် မဆက်ဆံတော့ပါဟု ပြောသည်မှာ ယခု သူ့ စိတ်ထဲတွင် ရှိသည့် အ တိုင်း ပြောနေခြင်းဖြစ်သည် ။ အဲနက်မှာ သူကြိုက်သော မိန်းမမျိုး မဟုတ် ။ မိန်းမဆိုလျှင် အ ရပ် ရှည်ရှည် ရင်သားဖွံ့ ဖွံ့  ၊ ပြီးတော့ သူ့ လိုမျက်လုံးပြာပြာ ဆံပင်ကောင်းကောင်းမှ သူကြိုက် ချင် သည် ။ ကျန်းမာပြည့်ဖြိုးရမည် ။ အဲနက်`၏ အသိမ်အမွေ့ မျိုးကို သူအရေးမထား ။ အဲနက်`၏ ပေါ်လွင်သော နှာတံ ၊ သူငယ်အိမ် နက်နက် တို့ ကိုလည်း သူမစွဲလမ်းလှ ။ အဲနက်နှင့် ဆက်ဆံရ သည့်အခါ သူ့ ကိုကြောက်သလို လန့် သလို ဖြစ်ရသည် ။


ထိုစဉ်ကမူ ဟန်းမှာ ဂျာမန် တပ်မတော်ကြီး`၏ အောင်ပွဲတို့ တွင် ယစ်မူးနေသည် ။ သူသည် အလွန်မောပန်းနေသည် ။ သို့ ငြားလည်း တက်ကြွနေသည် ။ အစာမရှိသည်ဗိုက်ထဲသို့  ၀ိုင်များများ ၀င်သွားကာ မူးနေသည် ။ အကယ်၍ သာ ထိုအခြေအနေမျိုး မဟုတ်ခဲ့လျှင် အဲနက်နှင့် ရင်ဆိုင်တွေ့ ခဲ့ရသည့် အဖြစ်မျိုး ကြုံရမည်မဟုတ် ။ သူ့ တွင် ထိုစိတ်မျိုး ပေါ်လာမည်မဟုတ် ။

ဟန်းသည် နှစ်ပတ်ခန့်  အပြင်သို့ မထွက်ဖြစ် ။ သူယူသွားသော အစားအစာများကို လယ်ထဲ၌ ထားခဲ့ သည် ။ မည်သို့ ဖြစ်စေ သူတို့ တတွေ ၀ါးမျိုကြမည်မှာ သေချာသည်ဟု သူယုံကြည်သည် ။ အဲနက်တယောက် တော့စားမှစားပါ့မလား ။ သူမျက်ကွယ်ပြုသည့်အခါ အဲနက်တယောက် သူ့ အိမ်သားများနှင့်အတူ စားသောက်ကြမည်ဆိုလျှင် သူမအံသြ ။ ဒီပြင်သစ်ဆိုတဲ့ လူမျိုးတွေဟာ ဘယ်တော့မှ ထိန်းသိမ်းနိုင်ကြတဲ့  လူမျိုးတွေ မဟုတ်ဘူး ။ အလကား ရယင် ယူမှာပဲ ၊ စားမှာပဲ ။

အဲနက် တယောက် သူ့ ကို မုန်းသည်မှာ မှန်သည် ။ ဘယ်လောက် မုန်းသည်ဖြစ်စေ ၀က်သားက တော့ ၀က်သားပဲ ။ ဒိန်ခဲကလည်း စားစရာ ဒိန်ခဲပဲ ။ဤသို့ အဲနက်အကြောင်းကို သူအများကြီးတွေး မိသည် ။ဘာကြောင့် သူ့ ကို သည်လောက်မုန်းရသလဲ ဟု စိတ်ထဲတွင် မချင့်မရဲ ဖြစ်နေသည် ။ သူ ကို ဆိုလျှင် မိန်းမများ အလွန်ကြိုက်ကြသည် ။ ယခုရက်အတွင်း အဲနက်တယောက် သူ့ အပေါ် ချစ်စိတ် ၀င်လာလျှင် ကားပျော်စရာကောင်းမည် ။ သူသည် အဲနက်`၏ အချစ်ဦး ဖြစ်ကောင်း ဖြစ် မည် ။

မြူးနစ်တွင် ကျောင်းသား ဘ၀တုန်းက အပေါင်းအသင်း ကျောင်းသားများနှင့် ဘီယာသောက်ယင်း အချစ်အကြောင်းပြောကြ သည်ကို အမှတ်ရမိသေးသည် ။ မိန်းမတို့ မှာ အချစ်ဦးကို အလွန်အစွဲ အလမ်းကြီးသည်။ အချစ်ဦးနှင့်တွေ့ ပြီးသည့်နောက်တွင်ကား အချစ်အကြောင်း သိသွားပြီဟု ဆိုကြသည် ။ တဖန် သူ့ အတွေ့ အကြုံအရဆိုလျှင် မိန်းမတယောက်ကို စွဲလမ်းမိပြီဆိုသော် အောင်နိုင်သည်ချည်းသာ များသည်။ဟန်းသည် သူ့ ကိုယ်သူ သဘောကျကာ ရယ်မိသည်။ ထိုအခါ သူ့ မျက်လုံး များသည် မသာမာစိတ်ဖြင့် အရောင်လက်လာကြသည် ။

နောက်ဆုံး တွင် လယ်တဲသို့ သွားရန် အခွင့်အရေးတခု ပေါ်လာသည် ။ ဒိန်ခဲ ၊ ထောပတ် ၊ သကြား ၊ ၀က်အူတောင့်ဗူး ၊ ကော်ဖီမှုန့်  အနည်းငယ်တို့ ကို ယူကာ မော်တော်ဆိုင်ကယ် နှင့် ထွက်လာခဲ့ သည် ။ ထိုအချိန်တွင် တဲ၌အဲနက်မရှိ ။ အဖေကြီးကို လယ်တွင် ကူညီလုပ်ကိုင်ပေး နေသည် ။ အဘွားကြီးသည် တဲရှေ့ ကွက်လပ်တွင် ရှိနေသည် ။ သူ့ လက်ထဲမှ အထုပ်ကိုမြင်လျှင် အဘွားကြီးမျက်နှာသည် ၀င်းလက်လာသည် ။ သူကို မီးဖိုထဲသို့  ခေါ်သွားသည် ။အထုပ်ကိုဖြေရင်း သူ့ လက်များတုန်နေသည် ။ အထုပ်ထဲမှ ပစ္စည်းတို့ ကို မြင်လိုက်ရသည့်အခါ သူ့ မျက်လုံး ထဲတွင် မျက်ရည်များ လည်လာသည် ။


“ မင်းသိပ်သဘောကောင်းတာပဲ ”


“ ကျွန်တော် ထိုင်မယ်နော် ” ဟန်းကယဉ်ယဉ် ကျေးကျေးပင် အခွင့်တောင်းသည် ။


“ ထိုင်လေ ထိုင်ပေါ့ ” အဘွားကြီးသည် အပြင်ဘက်သို့ တချက် လှမ်းမျှော်ကြည့်လိုက်သည် ။ အဲနက်တယောက်တော့ လာဦးမည် မဟုတ်ဟု သေချာလိုသဖြင့် ကြည့်ခြင်းဖြစ်သည်ဟု ဟန်းတွေးကြည့်သည် ။ “ ၀ိုင်တခွက်လောက် သောက်ဦးပေါ့ ”


“ ကောင်းတာပေါ့ ခင်ဗျာ ”


သူ့ တွင်ပါလာသည့်လက်ဆောင် အစားအစာများကြောင့် သူနှင့်မိတ်ဆွေအဖြစ် မဟုတ်ငြားလည်း တနည်းအားဖြင့်ပြေလည်စပြု လာပြီဟု ဟန်းနားလည်လိုက်သည် ။ အပြင်ဘက်သို့  တချက်ငဲ့ စောင်း ကြည့် လိုက်ခြင်းကြောင့် သူနှင့်အဘွားကြီးတို့  ကြံဖော် ကြံဘက်နီးပါး ဖြစ်သွားသည် ။

“ အမေ ၀က်သားကြိုက်သလား ”


“ ပွဲကြီးလမ်းကြီး အစားအစာပါကွယ် ”


“ နောင်တခေါက်လာတော့ ထပ်ပြီး ယူလာခဲ့ဦးမယ် ၊ အဲနက်ရောကြိုက်သလား ”


“ သူကတော့ မင်းပေးသွားတာဆိုယင် ဘာပစ္စည်းကိုမှ လက်ဖျားနဲ့ တောင် မတို့ ဘူး ၊ ကျွန်မ အငတ်ခံမယ်တဲ့  ”


“ မိုက်တာပေါ့ ”


“ အေး ငါလဲဒီလို ပဲ သူ့ ကိုပြောလိုက်တယ် ၊ စားစရာရှိနေမှတော့ မြင်နေရမှတော့ အဲဒါကို မစားတာနဲ့ ဘာများ ကိုယ့်ဘက်က အနိုင်ရသွားမှာတဲ့လဲ ”


ဟန်းသည်ဝိုင်ကိုတငုံချင်း မြုံ့ ယင်း အမေကြီး နှင့်စကားလက်ဆုံကျနေသည် ။ သူ့ နာမည်မှာ မဒမ်ပီရီယာ ဟု သိရသည် ။ သူတို့ မိသားစု သုံးယောက်တည်းပဲလားဟု မေးသည် ။ အဘွားကြီး သည် သက်ပြင်းတချက်ချကာ ဖြေသည် ။ မဟုတ် ။ သူတို့ ၌သားတယောက် ရှိသေးသည် ။ စစ်ဖြစ်တုန်းက စစ်ထဲပါသွားရာ ယခုသေပြီ ။ တိုက်ပွဲတွင် ကျဆုံးခြင်းမဟုတ် ။ အဆုတ်အအေးမိ သည့် ရောဂါရကာ နန်စီဆေးရုံ၌ ဆုံးသွားသည် ။


“ ကျွန်တော်ဝမ်း နည်းပါတယ် ”


“ သေတာ ကောင်းပါတယ်ကွယ် ၊ သူလဲ အဲနက်နဲ့  သိပ်တူတာပဲ ၊ နိမ့်ကျရတဲ့ ရှုံးရတဲ့ အရှက်ကို သူ ဘယ်တော့မှ မခံနိုင်ဘူး ”


ထို့ နောက် အဘွားကြီးသည် သက်ပြင်းတချက်ချလိုက်ပြန်သည် ။ “ ဒီမှာကွယ် …. တို့ အဖြစ်က သစ္စာဖောက်ခံရတာကွယ့် ”


“ ပိုလန်သားတွေ အတွက် အမေတို့ က ဘာလို့ ဝင်တိုက်ပေးရမှာလဲ ၊ သူတို့ နဲ့ ဘာဆိုင်လို့ လဲ ”


“ ဟုတ်တယ် ၊ မင်းပြောတာမှန်တယ် ၊ မင်းတို့  ဟစ်တလာက ပိုလန်ကိုသိမ်းတာကို ကြည့်နေလိုက်ယင် တို့ ဆီရောက်လာမှာ မဟုတ်ဘူး ”


ဟန်းသည် ပြန်တော့မည်ဟန် ပြင်ကာ နောက်တခေါက် လာခဲ့မည်ပြောသည် ။

“ ၀က်သားကိုတော့ မေ့နိုင်မယ် မဟုတ်ပါဘူးကွယ် ”


ထို့ နောက် ဟန်းအဖို့  ကံကောင်းသည့် အဖြစ်တခုကြုံရသည် ။ အဝေးရှိ မြို့ ကလေးတမြို့ သို့ တ ပတ်နှစ်ခါ သွားရသည့်တာဝန်ကို သူယူရသည် ။ ထိုအခါ သူသည် လယ်တဲကလေးသို့ မကြာ ခဏ ဏ၀င်နိုင်သည့်အခွင့် အရေး ရလာသည် ။ လယ်တဲသို့ လာသည့်အခါ လက်ဆောင်ပစ္စည်းတ ခုခု မပါပဲနှင့် ဘယ်တော့မှ မ၀င်ဖို့  သတိထားရသည် ။သို့ သော်လည်း အဲနက်နှင့်ကား ပြေပြေ လည်လည်ဖြစ်မ လာ ။ ထိုအခါ သူသည် လိုက်လိုက်လျောလျော ဖြစ်လာအောင် သူတတ်ကျွမ်း သည့် ပရိယာယ်အမျိုးမျိုးကို သုံးသည် ။ မိန်းမတို့ သဘောကျအောင်လုပ်သည့် နည်းအမျိုးမျိုး ကိုသုံးသည် ။သို့ သော်လည်း ယင်းတို့ မှာ လှောင်ပြောင် ကဲ့ရဲ့ စရာများဖြစ်အောင် အဲနက်စိတ်ကို ဆွပေးသည်သာ များသည် ။ အဲနက်`၏ နှုတ်ခမ်းလေး ကပါးလျားသည် ။ သို့ သော်တင်းမာသည် ။


ထိုနှုတ်ခမ်းလေးကို ခပ်တင်းတင်းစေ့ကာ သူ့ အား တစက်မှ အသုံးမကျသည့်လူလို စေ့စေ့ ကြည့် သည် ။ ထိုအမူအရာမျိုးမှာ တကြိမ်နှစ်ကြိမ်ပင် မကတော့ပြီ ။ထိုအခါ ဟန်းသည် သည်းမခံ နိုင် ဖြစ် လာကာ အဲနက်`၏ ပခုံးနှစ်ဘက်ကို ဆောင့်ကိုင်ပြီး မှုန့် မှုန့် ညက်ညက် ချေပစ်လိုက်ချင်စိတ် ပေါ်မီသည် ။ တနေ့  တွင်အဲနက်ကို တယောက်တည်း တွေ့ ရသည် ။ အဲနက်က သူဝင်လာသည် ကိုမြင်လျှင် ထွက်သွားဟန်ပြင်သည်။ သူကလမ်းမှတားဆီးလိုက်သည်။


“ အဲဒီမှာ ရပ်နေ ၊ မင်းကို ငါစကားပြောစရာရှိတယ် ”


“ ပြောလေ ၊ ကျွန်မဟာ မိန်းမသားပါ ၊ ခုခံကာကွယ်စရာ ဘာလက်နက်မှ မရှိပါဘူး ”


“ မင်းကို ပြောချင်တာက ငါဟာ ဒီဒေသမှာ တော်တော်ကြာကြာ နေရမယ်လို့ သိထားတယ် ၊ မင်းတို့ ပြင်သစ်တွေ အဖို့ လဲ အခြေအနေ ကောင်းလာစရာ မရှိဘူး ၊ ပိုပြီးတော့သာ ဆိုးလာနိုင်စရာ ရှိတယ် ၊ ငါဟာ မင်းတို့ အတွက် အသုံးတည့်ပါတယ် ၊ ဒီတော့ ဘာလို့ ခေါင်းမာနေရတာလဲ ၊ မင်းအဖေကြီး နဲ့  အမေကြီးတို့ လို နားလည်မှုရှိပါ့လား ”


ဟုတ်သည် ။ အဘိုးကြီး သည်သူ့ ဘက်သို့  ပြန်လည်လာသည် ။ ဖော်ရွေသည်ဟုလည်း မဆိုသာ ။ အေးတိအေးစက်နှင့် ပြတ်ပြတ်တောင်းတောင်း ရှိသည် ။ သို့ သော် ယဉ်ကျေးသည်ကား မှန် သည်။ ဆေးတံသောက် ဆေးယူခဲ့ရန် ပင်ဟန်းကိုမှာသည် ။ ပိုက်ဆံပေး၍ ဟန်းကမယူသည့်အခါ ကျေးဇူးတင်စကား ဆိုသည် ။ ဆွိုက်ဆန်မြို့ မှ သတင်းစကား တို့ ကို ဟန်းမှတဆင့် ကြားရသဖြင့် ကျေနပ်သည်။ ဟန်းယူလာသည့် သတင်းစာကို လုယူဖတ်ရှုသည် ။ ဟန်းသည် လယ်သမား `၏သား ဖြစ်ရာ လယ်ယာအကြောင်း ဟန်းနှင့် ပြောနိုင်သည် ။ ဟန်းသည် လယ်ယာ အကြောင်း ကောင်းကောင်း သိသူလို ပြောနိုင်သည် ။အဘိုးကြီး`၏ လယ်မှာ ကောင်းသည် ။ ကြီးလည်းမကြီး ။ ငယ်လည်းမငယ် ။ လယ်ကွင်းထဲသို့  စမ်းချောင်းကလေးတခု ဖြတ်စီးသဖြင့် ရေလည်း ကောင်း ကောင်း ရသည် ။ တောအုပ်ကလေး လည်းရှိသည် ။ ထွန်ယက်နိုင်သည့် မြေနှင့် စားကျက်လည်း ရှိသည် ။ အဘိုးကြီးက လယ်လုပ်သား မရှိကြောင်း ၊ ဓာတ်မြေသြဇာ မရှိကြောင်း ၊ သူ့ ဆီမှာ ရှိသ မျှ ယူသွားကြောင်း ၊ သို့ ဖြစ်ရာ ကြာလျှင် ပျက်ဆီးဆုံးပါးတော့မည် ဖြစ်ကြောင်း ပြောသည့်အခါ ဟန်းက စိတ်ထိခိုက်စွာနားထောင်သည် ။


“ ရှင်က ဘာကြောင့် အဖေကြီး နဲ့  အမေကြီး တို့ လို နားလည်မှုမရှိရသလဲ လို့ မေးတယ် မဟုတ်လား ” အဲနက်က ပြန်မေးသည် ။


ထို့ နောက် အဲနက်သည် သူ့ အ၀တ်ကို တင်းကျပ်နေအောင် ဆွဲပြလိုက်သည် ။ ဟန်းကား သူ့ မျက်စိကိုပင် သူမယုံနိုင် ။ မြင်လိုက်ရသည့် အရာ မှာသူ့ စိတ်ကိုတမျိုးတဖုံ တုန်လှုပ်ချောက် ချားသွားစေသည် ။ ဘယ်တုန်းကမှ သည်လိုတုန်လှုပ်စရာမျိုး နှင့် မကြုံဖူးခဲ့ ။ သူ့ ပါးနှစ်ဘက်သည် ရဲတက်သွားသည်။


“ မင်း .. ကိုယ်ဝန်ရှိနေပြီ


အဲနက်သည် ကုလားထိုင်တွင်ထိုင်ယင်း လက်နှစ်ဖက်ပေါ်သို့ ခေါင်းတင်ကာ ရှိုက်ကြီးတငင် ငိုလေသည် ။


“ ရှက်စရာ ကောင်းလိုက်တာ ၊ သိပ်ရှက်စရာ ကောင်းတာပဲ ”


“ ဟန်းသည် နေရာမှထကာ အဲနက်ကို နှစ်သိမ့်ရန် လက်ကမ်းလိုက်သည် ။


“ အချစ် ကလေးရယ် ”


ထိုအခါ အဲနက်သည် ဆတ်ကနဲ ထိုင်ရာမှထကာ သူ့ ကိုတွန်းပစ်လိုက်သည် ။


“ ကျွန်မကို မထိနဲ့  ၊ သွားရှင် ထွက်သွား ၊ ခုလိုအရှက်တကွဲ အကျိုးနည်းဖြစ်အောင်လုပ်တာ နဲ့ အားမရသေးဘူးလား ”


အဲနက်သည် ချက်ချင်းပင် အခန်းထဲမှ ပြေးထွက်သွားသည် ။ ခဏမျှ သူစောင့်နေသေးသည် ။ ယခုမူ သူလည်းစိတ်နောက်ကျုလာသည် ။ သူ့ အတွေးတို့ သည် ချာချာလည်နေပြီ ။ ဆွိုက်ဆန်သို့  ခပ်ဖြည်းဖြည်းမောင်းကာ ပြန်လာခဲ့သည် ။ အိပ်ရာထဲသို့ ရောက်သည့်အခါ တော်တော်နှင့် အိပ်မ ပျော် ။ သူ့ ခေါင်းထဲသို့  ဘာမျှမ၀င် ။ အဲနက်နှင့်သူ့ ဗိုက်သားတင်းတင်းကိုသာ မြင်နေသည် ။ စားပွဲတွင်ထိုင်ကာ မျက်ရည်တို့ ကို သွန်ထုတ်နေသည့်အခါ အလွန်သနားစရာ ကောင်းသည် ။ သူ့ ခေါင်းသည် မူးဝေနောက်ကျု လာသည် ။


ချက်ချင်းပင် သူသည် တစုံတခုကြောင့် နိုးနိုး ကြားကြားဖြစ်လာသည် ။ အဲနက်လွယ် ထားသည့် သားမှာ သူ့ ရင်သွေးဖြစ်သည် ။ သူ့ ကလေးဖြစ်သည် ။ ထိုအခါ တွင်မှ အမြောက်သံတချက် ကြား လိုက် ရပြီး ချက်ချင်းနိုးကြား သလိုအသိတခု ရလိုက်သည် ။ အဲနက်ကို သူချစ်နေပြီ ။ ယင်းအသိ မှာ ရုတ်တရက် ချက်ချင်း အံ့သြစရာ ကောင်းလောက်အောင် ဖူးပွင့်လာရကား အထိတ်တလန့် ကြီး လိုပင် နိုးကြားလာလေရကား ထိုစိတ်ကို တွန်းလှန်ချိန်ပင် မရလိုက် ။ မကျော်နင်းနိုင်လိုက် ။ အဲနက်အကြောင်းကို သူအများကြီး စဉ်းစားခဲ့ တွေးတောခဲ့သည်မှာ မှန်သည် ။ သို့ သော် ယခုလို ချစ်သည့်စိတ်နှင့်ကား မဟုတ် ။အဲနက်တယောက် သူ့ အပေါ်ချစ်ခင် နှစ်သက်လာအောင် လုပ်နိုင်မည်ဆိုလျှင် အလွန်ပျော်စရာကောင်းမည် ။ ရယ်စရာလည်း အလွန်ကောင်းမည်ဟု တွေးခဲ့ သည် ။အလျင်က အတင်းလုယူခဲ့သည်ကို နောင်တချိန်ချိန်တွင် အဲနက်က လိုလိုလားလား သူ့ အားပေးသူ့ အားပေးအပ်ခဲ့လျှင် သူ့ အတွက် အောင်ပွဲဖြစ်လိမ့်မည်ဟု သူထင်သည် ။

အဲနက်ကို အခြားမိန်းမများလိုပင် သူသဘောထားသည် ။သည့်ထက်မပိုခဲ့ ။ အဲနက်သည် သူလိုချင် သော မိန်းမမျိုး မဟုတ် ။ အလွန်ချောလှသည်လည်း မဟုတ် ။ သူ့ တွင်ဘာအရည် အသွေးမှ မရှိ ။ သို့ ဖြစ်လျှင် သူ့ စိတ်ထဲတွင် ယခုပေါ်လာသည့် အချစ်စိတ်မျိုး ဘာကြောင့် ချက်ချင်းပေါ်လာရ သ နည်း ။ တကယ်ဆိုတော့ သူ့ ရင်ထဲတွင် ယခုအခိုက်အတန့် ၌ ခံစားနေရသည်မှာ ကြည်နှုးစရာ ခံစားမှုမျိုးမဟုတ် ။ နာကျင်သည့်ခံစားမှုမျိုးသာ ဖြစ်သည် ။ သို့ သော်ကိစ္စမရှိ ။ သူကောင်း ကောင်း လက်ခံနိုင်ပါသည် ။ ထိုစိတ်က သူ့ ကိုအလျင့်အလျင်ကထက် ပို၍ပျော်ရွင်ချမ်းမြေ့ ဖြစ်လာစေသည် ။ အဲနက်ကို ရင်ခွင်ထဲ ပွေ့ ဖက်ကာနှစ်သိမ့်ချင်သည် ။


မျက်ရည်ပြည့်လျှမ်းနေသည့် အဲနက်မျက်လုံး ကလေးကိုနမ်းချင်သည် ။ ယခုအခိုက်အတန့် တွင်ကား သူသည်ယောကျားတယောက်က မိန်းမတယောက်ကို အလိုရှိသည့် နည်းမျိုးဖြင့်အဲနက်ကို အလိုမရှိ ။ အဲနက်ကို နှစ်သိမ့်မှု ပေးချင်သည်။ ယုယချင်သည် ။ ချော့မြူချင်သည် ။ ပွေ့ ပွေ့ ပိုက် ပိုက် လုပ်ချင်သည် ။ အဲနက်တယောက် ပြုံးသည်ကို သူမမြင်ဖူးခဲ့ ။ သူ့ မျက်လုံးများ ကြည်လင် တောက်ပ နေသည်ကို မြင်ချင်သည် ။ ထိုမျက်လုံး လှလှလေးများမှ ကြင်နာမှု အပြည့်ဖြင့် အပြုံး ကိုသူမြင်ချင်သည် ။

သူသည် သုံးရက်လုံးလုံး ဆွိုက်ဆန်မှ မခွာ ။ သုံးရက်နှင့် သုံးညလုံးလုံး အဲနက်အကြောင်း တွေး သည် ။ အဲနက်မွေးလာမည့် ကလေး အကြောင်းကိုတွေးသည် ။ ထို့ နောက်တွင်မှ လယ်တဲ က လေးသို့ သူရောက်သွားနိုင်သည် ။ မဒမ်ပီရီယာ ကိုသူကိုယ်တိုင် တွေ့ ချင်သည် ။


သူကံကောင်းသည် ။ အိမ်နှင့် မဝေး လှသည့်လမ်းတွင် သူ့ ကို အဆင်သင့် ပင်တွေ့ ရသည် ။တောထဲမှ ထင်းခွေပြန်လာခြင်းဖြစ်သည် ။ ကျောပေါ်တွင် ထင်းစည်းများ ထမ်းလာသည် ။ ဟန်းသည် မော်တော်ဆိုင်ကယ် ကိုရပ်လိုက်သည် ။ အဘွားကြီးက သူ့ ကိုဖော်ဖော် ရွေရွေ ဆက်ဆံသည်မှာ သူယူလာသည့် လက်ဆောင်များကြောင့်ဖြစ်သည်ကို သိသည် ။ သို့ သော် အရေးမဟုတ် ။ ကိစ္စမရှိ ။ သူ့ ဆီမှ ရနိုင်သမျှ ရနေခိုက် ဖော်ဖော်ရွေရွေ ဆက်ဆံလျှင်ပင် တော်လှပြီဟု ဟန်းသဘောထားသည် ။ သူ့ ကိုစကား ပြောချင်သည် ။ ထင်းစည်းကိုချ ပါဦးဟု ဟန်းကပြောသည့်အခါ ထင်းစည်းကို ချသည် ။ ထိုနေ့ ကားတိမ်ထူသည် ။ အုံ့ မှိုင်းနေသည် ။ သို့ သော်မအေးလှ ။


“ ကျွန်တော် အဲနက်အကြောင်း သိပြီ ”


အဘွားကြီး အလန့် တကြား ဖြစ်သွားသည် ။


“ ဘယ်လိုသိတာလဲ ၊ မင်းမသိအောင် ဖုံးထားတာ ”


“ သူ ကျွန်တော်ကို ပြောတယ် ”


“ အဲဒီနေ့  ညနေက မင်းနဲ့ တွေ့ သွားတဲ့ အကျိုးပေါ့ ”


“ ကျွန်တော်ဖြင့် သိကို မသိဘူး ၊ ကျွန်တော်ကို ဘာလို့ စောစော က မပြောတာလဲ ”


အမေကြီးသည် ဖြစ်ကြောင်းကုန်စင် ပြန်ပြောပြသည် ။ ထိုသို့ ပြောသည့်အခါ ဖြစ်ပျက်သမျှကို ခါး ခါးသီးသီး လက်မခံ မဟုတ်။ ဟန်းကိုပင် အပြစ်မတင် ။ ဖြစ်ပျက်သမျှတို့ မှာ ဖြစ်တတ်သည့် ဓမ္မတာ သဘောအရသာ ဖြစ်သည် ။ ကံကြမ္မာ`၏ လှည့်စားချက်ဟု သူခံယူသည် ။နွားမကြီးသည် နွားမကလေးကို မွေးပြီး သေသွားသလို ၊ သစ်သီးတို့ သည် နှင်းဒဏ်ကြောင့် ဆီးနှင်းကိုက်ပြီး ပျက် စီး သွားသလို ၊ အခြားသီးနှံတို့ လည်း နှင်းဒဏ်ကြောင့် ပျက်သွားသလို တွေ့ ကြုံရခြင်းသာ ဖြစ် သည် ။ လောကတွင် လူဖြစ်လာလျှင် သည်လို ကံဆိုးမိုးမှောင် ကျခြင်းမျိုးကို စိတ်လျှော့ ထား ကာ ခံယူဖို့ သာရှိသည် ။


ကံဆိုးမိုးမှောင်ကျသည့် ထိုညလွန်မြောက်သည့်အခါ အဲနက်မှာ အိပ်ရာထဲသို့  အဖျားကြီးစွာ ရ လျက်လဲလျောင်းနေရသည် ။ စိတ်ဖောက် ပြန်သွားလေပြီလား ဟူ၍ပင် စိုးရိမ်မိသည် ။ ကယောင် က တမ်းလည်း ပြောသည် ။ ပြသရန် ဆရာဝန်ကလည်း အနီးအနားတွင်မရှိ ။ ရှိသည့် ကျေးရွာ ဆရာဝန်ကိုလည်း စစ်တပ်ကခေါ်သွားသည် ။ဆွိုက်ဆန်မှာပင် ဆရာဝန်နှစ်ယောက်သာ ကျန် သည် ။ နှစ်ယောက်စလုံး သက်ကြီးရွယ်အို များသာဖြစ်သည် ။ လယ်တဲသို့  ပင့်ခေါ်၍ ရနိုင်မည် ဆိုလျှင်ပင် ဘယ်ပုံလိုက်လာနိုင်ပါ့မလဲ ။ သူတို့ ကိုလည်း မြို့ မှ ခွာခွင့်မပြု ။


အဖျားကျသွားသည့်အခါ အဲနက်သည် အားမရှိသဖြင့်အိပ်ရာ ပေါ်မှာနေရသည် ။ အိပ်ရာက ထနိုင် သည့် တိုင် နုံးချည့်နေသည် ။ သနားစရာကောင်းလှသည် ။ အထိတ်တလန့် ကြုံလိုက်ရသည်မှာ ကြောက်စရာ ကောင်းလှသည် ။ သို့ နှင့် တလကုန်ခဲ့သည် ။ တဖန်နောက်တလသို့  ကူးလာသည် ။ လူကလည်း နေမကောင်းနေရာ ဘာကိုမှ ဂရုမစိုက် သတိမထားမိ ။ အဲနက်သည် အမြဲလိုလိုပင် သွေးသားမမှန် ဖြစ်တတ်သည် ။ ပထမဦးဆုံ့း သတိထားမိသူမှာ မဒမ်ပီရီယာဖြစ်သည် ။

တခုခုတော့ မှားနေပြီဟု သူထင်သည် ။ ထို့ ကြောင့် အဲနက်ကို စစ်ဆေးမေးမြန်းသည် ။ ထိုအခါတွင်မှ သားအမိနှစ်ယောက်စလုံး မျက်လုံးပြူးကာ ထိတ်လန့် တုန်လှုပ်သွားကြသည် ။ သို့ သော် မသေချာ ။ ထိုကြောင့် ပီရီယာကို ဘာမျှမပြော။ တတိယလ ရောက်လာသည့်အခါ တွင်မူ ဘာမျှ ယုံမှားသံသယ ၀င်နေစရာ မလို ။ အဲနက်တယောက် ကိုယ်ဝန်ရှိနေပြီ ။


သူတို့ တွင် ဆစ်ထရွန် ကားဟောင်းတစီးရှိသည် ။ စစ်မဖြစ်မီက လယ်ယာထွက် သီးနှံများကို ဆွိုက်ဆန် သို့ တပတ်တွင်နှစ်ရက် ပို့ ရန် မဒမ်ပီရီယာ ၀ယ်ထားခြင်းဖြစ်သည် ။ သို့ သော်လည်း ဂျာမန် တွေ ၀င်လာကတည်းက ရောင်းချစရာ လယ်ထွက်ဆို၍ ဘာမျှမရှိတော့ ။ ဓာတ်ဆီက လည်း ရှားသေးသည် ။ ယခုမူ မတတ်သာတော့ သဖြင့်ကားကိုထုတ်ကာ မြို့ သို့ လာခဲ့ကြသည် ။ လမ်းတွင် ကားဆို၍ ဂျာမန်စစ်ကားများကိုသာ တွေ့ ရသည် ။


လမ်းသလားနေကြသော ဂျာမန်စစ်သား တို့ ကိုလည်း တွေ့ ရသည် ။ လမ်းများတွင် ဂျာမန် အမှတ် အသားများကိုလည်း တွေ့ ရသည် ။ ရုံးများနှင့် အခြားကျောင်းများစသည့် တို့ ၌ ပြင်သစ်ဘာသာ ဖြင့် ကြေငြာချက်များကို ဂျာမန်စစ်ဗိုလ်ချုပ်များ လက်မှတ်ဖြင့်တွေ့ ရသည် ။ ဆိုင်များအားလုံးလိုလို ပိတ်ထားကြသည် ။ သူတို့ သိသောဆရာဝန် ကြီးတယောက်ထံ သွားကြသည် ။ ဆရာဝန်ကသူ တို့ သံသယကို အတည်ပြုလိုက်သည် ။

သို့ သော်လည်း ဆရာဝန်မှာ ဘုရားတရား အလွန်ကြည်ညိုသည့် ကက်သလစ်ဘာသာဝင် တယောက်ဖြစ်လေရာ သူတို့ ကို အကူအညီ မပေးနိုင် ။ သူတို့ သားအမိနှစ်ယောက် ငိုပွဲဆင်ကြ သည့် အခါ ဆရာဝန်သည် ပခုံးနှစ်ဘက်ကိုသာ တွန့် ပြသည် ။


“ ဒါမျိုး တွေ့ ကြုံရတာ မင်းတယောက်တည်း မဟုတ်ဘူး ” ဆရာဝန်ကဆိုသည် ။

တခြား ဆရာဝန်တယောက်ထံသို့ လည်း မေးမြန်းကာ သွားတွေ့ သည် ။ ခေါင်းလောင်းအကြာကြီး နှိပ်သော်လည်း ဘယ်သူမှ တံခါးလာမဖွင့် ။ အတော်လေးကြာမှ အ၀တ်အနက် ၀တ်ထားသည့် မိန်းမတယောက် လာဖွင့်သည် ။ သူ့ မျက်နှာမှာ ၀မ်းနည်းရိပ်သန်းနေသည် ။ ဆရာဝန်ကြီး တွေ့ ပါရစေဟု ပြောသည့်အခါ ထိုမိန်းမသည် ငိုသည် ။ ဆရာဝန်သည် ပသျူးခေါင်းဖြတ် အသင်းဝင် ဖြစ်သဖြင့် ဂျာမန်တို့ ကဖမ်းသွားကာ ဓားစားခံအဖြစ် ချုပ်ထားသည်။ ဂျာမန်စစ်ဗိုလ်တို့  လာလေ့ ရှိသည့် ကဖေးတခုတွင် ဗုံးပေါက်ကွဲရာ နှစ်ယောက်သေပြီး အများအပြား ဒဏ်ရာရသည် ။ တရားခံကို ကြေငြာထားသည့် ရက်အတွင်း မအပ်လျှင် ဆရာဝန်ကို ပစ်သတ်မည်ဟု ဂျာမန်တို့ ကဆိုသည် ။ မိန်းမကြီးမှာ ကြင်နာတတ်သူ ဖြစ်ဟန်တူသည် ။ မဒမ်ပီရီယာက သူတို့ ဒုက္ခကို ပြောပြသည် ။

“ သေနာတွေ ” မိန်းမကြီးက ဆိုသည် ။ ထို့ နောက် အဲနက်ကို ကရုဏာစိတ်ဖြင့် ကြည့်ကာ “ ငါ့သမီးလေး ကံဆိုးရှာတယ်ကွယ် ” ဟု နှစ်သိမ့်သည် ။


ထို့ နောက် မိန်းမကြီးက ၀မ်းဆွဲဆရာမ တယောက်`၏ လိပ်စာကို ပေးကာ သူ့ ဆီက လွတ်လိုက် ကြောင်း ပြောရန်မှာ သည် ။ ၀မ်းဆွဲဆရာမက သူတို့ ကို ဆေးအနည်းငယ် ပေးလိုက်သည် ။ ထိုဆေးကြောင့် အဲနက်မှာ ပို၍နေမကောင်းဖြစ်ရသည် ။ သေသွားမလား ဟူ၍ပင် အောက်မေ့ ရသည် ။ သို့ သော်လည်း နောက်ထပ် ဘာမျှ အစွမ်းမပြတော့ ။ အဲနက်ကား ကိုယ်ဝန်ရှိလျက်ပင် ။

ယင်းမှာ ဟန်းကို မဒမ်ပီရီယာက ပြောပြသည့် ဇာတ်ကြောင်းဖြစ်သည် ။ သို့ နှင့် ဟန်းသည် ငြိမ်နေသည် ။ စကားမပြောသေး ။


“ နက်ဖြန် တနင်္ဂနွေနေ့  မဟုတ်လား ၊ နက်ဖြန်ဘာမှ လုပ်စရာ မရှိဘူး ၊ ကျွန်တော်လာခဲ့မယ် ၊ ကျွန်တော်တို့ စကားပြောကြတာပေါ့ ၊ ပြီးတော့ ကောင်းတဲ့ဟာလေးတွေလဲ .ယူခဲ့ပါမယ်


“ တို့ မှာ အပ်မရှိဘူး ၊ နည်းနည်းယူခဲ့ပါလား ”



“ ကျွန်တော် ရှာခဲ့ပါမယ် ”


အမေကြီးသည် ထင်းစည်းကို ကျောတွင်ပိုးကား ထွက်သွားသည် ။ ဟန်းလည်း ဆွိုက်ဆန်သို့  ပြန်ခဲ့လေသည် ။ နောင်တနေ့ တွင် သူသည် အသံမြည်သည့် မော်တော်ဆိုင်ကယ်ကို မယူခဲ့ရဲ ။ ထို့ ကြောင့် စက်ဘီးတစီးကို ငှားလာခဲ့သည် ။ စားစရာ အထုပ်ကို ဆိုင်ကယ်နောက်၌ တင်ခဲ့သည် ။ ယခု ယူလာသည့် အထုပ်မှာ ခါတိုင်းထက်ကြီးသည် ။ အထဲတွင် ရှပ်ပိန်ပုလင်း ပါလာသောကြောင့် ဖြစ်သည် ။ လယ်တဲသို့  သူရောက်သွားသည့် အချိန်မှာ မှောင်ရီပျိုးနေပြီ ။ အားလုံးအလုပ်မှ ပြန်ရောက် ချိန် တန်ပြီဟု သူမျှော်လင့်သည် ။ မီးဖိုထဲသို့  ၀င်သွားလျှင် နွေးနွေးထွေးထွေး ရှိသည် ကို တွေ့ ရသည် ။ မဒမ်ပီရီယာသည် ချက်ပြုတ်နေသည် ။ အဘိုးကြီးမှာ သတင်းစာဖတ်နေသည် ။ အဲနက်ကား ခြေအိပ်များးကို ဖာထေးနေသည် ။


“ ဟောဒီမှာ အမေ့ဖို့  အပ်တွေပါလာတယ် ၊ ဒီမှာလဲ အဲနက်ဖို့ ” ဟန်းသည် အထုပ်ကိုဖြေယင်း ပြောသည် ။



“ ဟင့်အင်း ၊ ကျွန်မ မလိုချင်ဘူး ”


“ မလိုချင်ဘူး ၊ ကလေးအတွက်ပစ္စည်းတွေ ခုကတည်းက စုရမယ်မဟုတ်လား ”


“ ဟုတ်တယ် အဲနက် ၊ တို့ မှာဘာမှ ရှိတာမဟုတ်ဘူး ” အမေကြီးက ၀င်ပြောသည် ။ အဲနက်ကား အပ်ချုပ်နေရာမှ ခေါင်းဖော်မကြည့် ။ မဒမ်ပီရီယာသည် အထုပ်ထဲတွင် ပါလာသည့် ပစ္စည်းများကို လောဘတကြီးကြည့် နေသည် ။ “ ရှမ်ပိန်ကုလင်းပါလား ”


ဟန်းသည် ခစ်ကနဲ ရယ်လိုက်သည် ။


“ အဲဒါ ဘာလို့ ယူလာသလဲ ဆိုတာ ကျွန်တော်ပြောမလို့  ၊ ကျွန်တော်မှာ စိတ်ကူး တမျိုးပေါ် လာ တယ် ” ဟန်းသည် ပြောနေရာမှ ရပ်လိုက်ပြီး ကုလားထိုင်တခု ဆွဲကာ အဲနက်နှင့် မျက်နှာချင်း ဆိုင် ထိုင်လိုက်သည် ။ “ ဘယ်လို စရမယ်တောင် မသိပါဘူး ၊ ဟိုနေ့ ညက ကျွန်တော် ပြုလုပ်ခဲ့တဲ့ အတွက်ဝမ်းနည်းပါတယ် အဲနက် ၊ ကျွန်တော့် အပြစ်ပါပဲ ၊ အခြေအနေ ကလဲတမျိုးဖြစ်သွားတယ် ၊ မင်းငါ့ ကို ခွင့်မလွတ်နိုင်ဘူး လား ”


အဲနက်သည် သူ့ ကို မုန်းတီးစက်ဆုပ်သည့် မျက်နှာဖြင့်ကြည့် လိုက်သည် ။


“ ဘယ်တော့မှ ခွင့်မလွတ်နိုင်ဘူး ၊ ရှင်ဘာလို့  ကျွန်မဆီ လာနေတာလဲ ၊ သွားပါတော့လား ၊ ကျွန်မဘ၀ကို နစ်မွန်းအောင်လုပ်ပြီးလို့ အားမရသေးဘူးလား ”


“ ဟုတ်တယ် မသွားနိုင်ဘူး ၊ မင်းဘ၀ကိုလဲ မနစ်မွန်းစေခဲ့ပါဘူး ၊ အခုတော့ မင်းမှာ ကလေးရှိလာပြီဆိုတာ သိရတော့ ငါ့စိတ်ထဲမှာ တမျိုးဖြစ်လာတယ် ၊ အလျင်ကနဲ့ လုံးဝမတူတော့ဘူး ၊ အခုငါ သိပ်ပြီး ဂုဏ်တက်နေတယ် ”


“ ဂုဏ်တက်နေတယ် ” အဲနက်ကသူ့ ကို မေးလိုက်သည် ။


“ မင်းမှာ ကလေးရှိနေစေချင်တယ် အဲနက် ၊ ဒီကိုယ်ဝန်ကို မင်းဖျက်ချလို့  မရတာ ကိုပဲငါဝမ်းသာလှပြီ ”


“ ရှင် ဘာတွေ လျှောက်ပြောနေတာလဲ ”


“ ဒီမယ် ငါပြောတာ နားထောင်စမ်းပါဦး ၊ ဒီအကြောင်း သိရကတည်းက တခြားဘာမှ ငါမတွေးတော့ဘူး ၊ စစ်ကလဲ နောက်ခြောက်လ လောက်ရှိယင် ပြီးမှာပဲ ၊ မိုးဦးကျမှာဆိုယင် အင်္ဂလိပ်တွေ ဒူးထောက်လက်နက်ချရတော့မယ် ၊ သူတို့ အရေးသာဖို့ တကွက်မှ မရှိဘူး ၊ ဒီတော့ ငါလဲ တပ်ထဲက ထွက်ရရော ၊ ပြီးတော့ မင်းကို ငါလက်ထပ်ယူမယ် ”


“ ရှင်က .. ဘာဖြစ်လို့ ”


ဟန်းသည်ရဲမနဲရှက်သွေးဖြန်းသွားသည် ။ သူသည် သူပြောချင်သည့် စကားကို ပြင်သစ်လို ပြည့်ပြည့်စုံစုံ မပြောတတ် ။ ထို့ ကြောင့် ဂျာမတ် လို ပြော လိုက်သည် ။ အဲနက် နားလည် မည်ဟုသူသိသည် ။


“ အစ်ချလီဗီဒစ်ခ်ျ ”


“ သူက ကျွန်မကို ချစ်တယ် လို့ ပြောတာပဲ ”


အဲနက်သည် ခေါင်းကို နောက်ပစ်ကာ တဟားဟားရယ် လေသည် ။ သူ့ ရယ်သံကို အဆက်မပြတ် ကြားနေရသည် ။ ဆုံးနိုင်ဖွယ်ပင်မရှိ ။ ကျယ်သည်ထက်ကျယ်လာသည် ။ သူ့ ဘာသာသူလည်း ရပ်၍ရဟန်မတူ ။ ထို့ နောက် မျက်ရည်များပင်ကျလာသည် ။ မဒမ်ပီရီယာက အဲနက်`၏ ပါးနှစ်ဘက်ကို ဗယ်ပြန်ညာပြန်ရိုက် လိုက်သည် ။


“ သူ့ ကိုဂရုစိုက်မနေနဲ့  ” ဟန်းကို ပြောလိုက်သည် ။ “ ဒါဟာ လင်တရှုးထနေတာပဲ ၊ သူ့ အခြေအနေကို မင်းသိတယ်မဟုတ်လား ”


အဲနက်သည် ပင့်သက်တချက် ရှုလိုက်သည် ။ ယခုကားသူ့ စိတ်ကို သူထိန်းနိုင်လာပြီ ဖြစ်သည် ။


“ ရှမ်ပိန်ပုလင်း ယူလာတာ ကျွန်တော်တို့ စေ့စပ်တဲ့ အခမ်းအနားအတွက်ပဲ ” ဟန်းက စကားစသည် ။

“ အဲဒီစကားဟာ ကျက်သရေမရှိဆုံးစကားပဲ ၊ အခုကြည့်ပါလား ၊ ကျွန်မတို့ ဟာ လူမိုက်တွေ လူအန္ဓတွေရဲ့  အစော်ကား ခံနေရတယ် ၊ သူ့ လိုငတုံးတွေရဲ့  အစော်ကားကို ခံနေရတယ် ”


ထိုအခါ ဟန်းသည် ဂျာမန်လိုပြန်ပြောသည် ။ “ မင်းမှာ ကိုယ်ဝန်ရှိနေပြီဆိုတာ သိရတဲ့အခါကျတော့ မှ မင်းကိုငါချစ်နေပြီဆိုတာ သိတော့တာပဲ ၊ အဲဒီအချစ်စိတ်ကလဲ လျှပ်စီးလက်သလို ၀ုန်းကနဲ ရောက်လာတယ် ၊ ဒါပေမယ့် မင်းကိုတော့ အချိန်ရှိစရွေ့ ချစ်နေမယ်လို့  ငါ ထင်တာပဲ ”


“ သူ ဘာပြောတာလဲ ” မဒမ်ပီရီယာက မေးသည် ။


“ အရေးကြီးတဲ့ စကား မဟုတ်ပါဘူး ”


ထို့ နောက် ဟန်းသည် ပြင်သစ်စကားဖြင့် ဆက်ပြောပြန်သည် ။သူပြောသည့်စကားတို့ ကို အဲနက်`၏ မိဘများ ကြားစေချင်သည် ။


“ မင်းကို အခုလက်ထပ်ချင်တယ် ၊ ဒါပေမယ့် သူတို့ ကခွင့်ပြုဦးမှာ မဟုတ်ဘူး ၊ ပြီးတော့တို့ ကိုလဲ ဘာကောင်မှမဟုတ်ဘူး လို့ သဘောမထားလေနဲ့  ၊ ငါ့အဖေက ချမ်းသာတယ် ၊ တို့ အသိုင်းအ၀ိုင်းမှားတို့ မိသားစုဟာ အလေးစားခံရတယ် ၊ ငါဟာ အကြီးဆုံးသားပဲ ”

“ မင်းဘာသာက ဘာလဲ ၊ ကစ်သလစ်လား ” မဒမ်ပီရီယာကမေးသည် ။

“ ဟုတ်တယ် ၊ ကျွန်တော်ဟာ ကက်သလစ်ပဲ ”

“ ဒါလဲ တမျိုးပဲပေါ့ ”

“ ကျွန်တော်တို့  တိုင်းပြည်ကလှတယ် ၊ မြေသြဇာ ကလဲ ကောင်းတယ် ၊ မျူးနစ်နဲ့ အင်းစဗရု ကြားမှာ လယ်မြေကောင်းကောင်း မရှိဘူး ၊ အဲဒီမြေတွေဟာ ကျွန်တော်တို့ မြေတွေချည်းပဲ ၊ ကျွန်တော် တို့ အဘိုးက ၁၈၇၀ စစ်ပွဲအပြီး အဲဒီမြေတွေက်ု ၀ယ်ခဲ့တာပဲ ၊ ကျွန်တော်တို့ မှာု ကားတစီးရှိတယ် ၊ ရေဒီယို ရှိတယ် ၊ တယ်လီဖုန်း ရှိတယ် ”


အဲနက်သည် သူ့ အဖေဘက်သို့  လှည့်၍ ပြောလိုက်သည် ။


“ ဟောဒီ ပုဂ္ဂိုလ် ကြီးဟာ အလွန်နည်းပရိယာယ်ကောင်းတဲ့ ပုဂ္ဂိုလ်ကြီးပေါ့ အဖေရဲ့  အဲနက်က ခပ်ထေ့ထေ့ ပြောကာ ဟန်းကို တချက်ကြည့်လိုက်သည်။ “ ကျွန်မအဖို့  ဟန်ကျပန်ကျ နေရမှာပဲ ၊ စစ်နိုင်တဲ့ တိုင်းပြည်က နိုင်ငံခြားသားတယောက်နဲ့  လက်ထက်ပြီး ကလေးတယောက်မွေးလာမယ် ၊ အင်း .. ပျော်စရာ ချမ်းမြေ့စရာ အခွင့်အလမ်း တခုပဲ ၊ အလွန်ကောင်း တဲ့ အခွင့်အရေးတခုပဲ ”

အဖေကြီး မွန်ဆီယာပီရီယာသည် စကားအလွန် နည်းသည် ။ ယခုအကြိမ်သည် ပထမဦးဆုံးစကားပြောသည့် အကြိမ်ဖြစ်သည်။


“ အခုမင်းတင်ပြနေတာတွေဟာ မဆိုးလှပါဘူး ၊ ပြီးခဲ့တဲ့ ကမ္ဘာစစ်တုန်းကလဲ ငြိမ်းချမ်းရေးရှိတဲ့ ကာလမှာ တွေ့ ရကြုံရ တာမျိုးတွေ ဘာမှမရခဲ့ပါဘူး ၊ စစ်ဖြစ်တုန်းဆိုတာတော့ ဒီလိုပဲပေါ့ ၊ လူ့ သဘောဝဆိုတာ ကလဲ လူ့ သဘာဝပဲ ၊ အခုတော့တို့ များသားလဲသေပြီ မဟုတ်လား ၊ ဒီတော့ အဲနက်တယောက်တည်း ပဲကျန်တော့တယ် ၊ ဒီတော့ အဲနက်ကို ဘယ်မှ မထည့်နိုင်ဘူး ”

“ အဖေကြီး ဒီလိုစဉ်းစားမိမှာပဲလို့  ကျွန်တော် တွေးမိတယ် ၊ အဲဒါတွေအတွက် အဖြေအသင့် ရှိပါတယ် ၊ ကျွန်တော် ဒီမှာနေမယ် ”


အဲနက်သည် ဟန်းကို ဖြတ်ကနဲ ကြည့်လိုက်သည် ။

“ ဘာဆိုလိုချင်တာလဲ ” မဒမ်ပီရီယာက မေးသည် ။

“ ကျွန်တော်မှာ ညီတယောက် ရှိသေးတယ် ၊ သူက အဖေတို့ ဆီမှာ နေပြီး အဖေတို့ ကို ကူညီနိုင် တယ် ။ ကျွန်တော်တော့ ဒီတိုင်းပြည်ကို ကြိုက်တယ် ၊ အခု အဖေကြီးတို့ လယ်ယာမျိုးကို အင်အား ကောင်းကောင်းနဲ့  လုပ်လိုက်ရရင် သိပ်ဟန်မှာပဲ ၊ စစ်ပြီးယင် ဂျာမန်အတော် များများဟာ ဒီတိုင်း ပြည်မှာ အခြေစိုက်ကြလိမ့်မယ် ၊ ပြင်သစ်ပြည်မှာလယ်မြေရှိသလောက် ထွန်ယက်နိုင်တဲ့ လူအင် အား မရှိဘူး ဆိုတာလူတိုင်း အသိပဲ ၊ တနေ့ ကဆွိုက်ဆန်မှာ ကျွန်တော် တို့ ဆီက တယောက်က ဟောပြောချက်တခုပေးတယ် ၊ သူက ပြောတယ် ၊ လယ်မြေ သုံးပုံတပုံဟာ ဘယ်သူမှ မထွန်ယက် နိုင်ကြ ဘူးတဲ့ ၊ လူမရှိလို့ တဲ့ ”


ပီရီယာနှင့် သူ့ မိန်မတို့ တယောက်ကို တယောက်ကြည့်နေကြ သည် ။ သူ့ အဖေနှင့် အမေ နှစ်ယောက်စလုံးမှာ တွေဝေနေကြပြီ ကိုအဲနက်သိသည် ။ သူ့ တို့ သားဆုံးပြီးကတည်းက သမက်တယောက် လိုချင်နေကြသည် ။ သူတို့ အသက်အရွယ် ကြီးလာသည့်အခါ အကူအညီရမည့် သမက်မျိုးကို လိုချင်နေကြသည် ။

“ ဒီလိုဆိုရင် တမျိုးစဉ်းစားရမယ် ၊ သူ့ အဆိုပြုချက်ကို လက်ခံဖို့ စဉ်းစားစရာ ဖြစ်လာပြီ ” မဒမ်ပီရီယာက ၀င်ပြောသည် ။


“ အမေ ဘာမှမပြောနဲ့  ” အဲနက်သည် ခပ်ထန်ထန် အော်လိုက်သည် ။ ထို့ နောက် မီးဝင်းဝင်း တောက်နေသော မျက်လုံးများကို ဂျာမန်လေးဆီသို့ ပစ်လွတ်လိုက်သည် ။ “ ကျွန်မဟာ ကျွန်မ ကျောင်းဆရာမ လုပ်တဲ့မြို့ က ယောကျားလေးကျောင်းက ဆရာလေးတယောက်နဲ့  ရည်ငံနေခဲ့ တယ် ၊ လက်ထက်ဖို့  စေ့စပ်ပြီးနေပြီ ၊ စစ်ပြီးယင် လက်ထပ်ကြဖို့ ပဲ ၊ သူကတော့ ရှင့်လို အားလဲ မကြီးဘူး ၊ လှလဲ မလှဘူး ၊ သေးသေး သွယ်သွယ်ပဲ ၊ ဒါပေမယ့် သူ့ မှာလှတာတခုရှိတယ် ၊ အဲဒါ က အသိဥာဏ်ပညာရှိတာပဲ ၊ အဲဒါကို သူ့ မျက်နှာမှာ တွေ့ နိုင်တယ် ၊ အားကြီးတာကတော့ အလွန်ကြံ့ခိုင်တဲ့ သူ့ စိတ်ဓာတ်အင်အားပဲ ၊ ကျွန်မချစ်သူဟာ အရိုင်းအစိုင်းမဟုတ်ဘူး ။


လူယဉ်ကျေးတယောက်ပဲ ၊ ကျွန်မသူ့ ကို ချစ်တယ် ၊ စိတ်ရော ကိုယ်ပါချစ်တယ် ”

ဟန်း`၏ မျက်နှာသည် သုန်မှုန်လာသည် ။ အဲနက်တွင် ချစ်သူရှိလိမ့်မည်ဟု သူမထင်ခဲ့ ။


“ သူအခုဘယ်မှာလဲ ”


“ ဘယ်မှာ ရှိမယ်လို့ ထင်သလဲ ၊ ဂျာမနီ မှာပေါ့ ၊ သုံ့ ပန်းဖြစ်ပြီး ငတ်နေမှာပေါ့ ၊ ရှင်ကတော့ ကျွန်မတို့ မြေက အဆီတွေစား အသားတွေမျို ၊ ဒီမှာ ကျွန်မရှင့်ကို မုန်းတယ် ဆိုတာ ဘယ်နှစ်ခါ ပြောခဲ့ပြီလဲ ၊ ဘယ်နှစ်ခါ ထပ်ပြောရဦးမှာလဲ ၊ ရှင့်က ခွင့်လွတ်ဖို့ ပြောတယ် ၊ ဘယ်တော့မှ ခွင့်မ လွတ်ဘူးမှတ် ၊ ရှင်ကစစ်ပြေငြိမ်းရေးလုပ်ချင်တာကိုး ၊ ရှင်လူမိုက်ပဲ အဲနက်သည်ခေါင်းကို နောက်သို့ ပစ်လှန်လိုက်သည် ။ သူ့ မျက်နှာတွင် ချုပ်တည်းမရသည့် ဒေါသရိပ်ကို တွေ့ ရသည် ။


“ ပျက်စီးခဲ့ပြီ ၊ အဖတ်ဆည်လို့ မရတော့ဘူး ၊ ဒါပေမယ့် သူကတော့ ခွင့်လွတ်မှာပါပဲ ၊ သူဟာ ကြင်နာတတ်တယ် ၊ ဒါပေမယ့် ကျွန်မစိတ်ထဲမှာ မသန့် ဘူး ၊ ကျွန်မကို ရှင်က အနိုင်အထက် လုမယူရပဲ အလွယ်တကူ ရသွားတယ်လို့ တနေ့ မှာ သူသံသယ၀င်မှာ ကိုစိုးတယ် ၊ အဲဒီအတွေးက ကျွန်မကိုအမြဲဖိစီးနှိပ်စက်နေတယ် ၊ ထောပတ်ရယ် ၊ ဒိန်ခဲရယ် ၊ ပိုးခြေအိတ်ရယ် ပေးတာနဲ့  ရှင့်ကို ပုံအပ်လိုက်သလို ဖြစ်သွားမှာ စိုးတယ် ၊ပြီးတော့ ကျွန်မတို့ နှစ်ယောက် ဘ၀ထဲမှာ ရှင့်ကလေး ဂျာမန်သွေးကလေးက ၀င်ရှုပ်နေပြီ ၊ ရှင်လို ထွားထွား ၊ မျက်လုံးပြာပြာ ၊ ရွှေရောင်ဆံပင်နဲ့ ဂျာမန်မလေး ၊ အို.. ဘုရားသခင် ၊ ကျွန်မမှာ ဘာဖြစ်လို့ ဒီလိုစိတ်ဒုက္ခမျိုး ခံစားနေရပါလိမ့်မလဲနော် ”

အဲနက်သည် မီးဖိုထဲမှ ခပ်သုတ်သုတ် ထွက်သွားသည် ။ ကျန်သုံးယောက်မှာ စကားမပြောပဲ ငြိမ်ကျန်ရစ်ခဲ့ကြသည် ။ ဟန်းသည် ရှမ်ပိန်ပုလင်း ကို စူးစူးရွားရွား စိုက်ကြည့်နေသည် ။ ထိုင်နေရာ မှထ၍ မီးဖိုထဲမှ ဟန်းထွက်သွားသည့်အခါ မဒမ်ပီရီယာ သည် သူ့ နောက်မှ လိုက်သွားသည် ။


“ သူ့ ကို လက်ထက်မယ် လို့ ပြောလိုက်တာ တကယ်ပဲလား ” ဟန်းကို တိုးတိုး မေးသည် ။


“ တကယ်ပါပဲ အမေ ၊ သူ့ ကို ကျွန်တော် ချစ်နေပြီ ”


“ ပြီးတော့ သူ့ ကို ခေါ်မသွားဘူးပေါ့ ၊ ဒီမှာပဲနေပြီး လယ်ယာအလုပ်ကို လုပ်မယ်ပေါ့ ”


“ ကျွန်တော် ကတိပေးပါတယ် ”


“ တို့ များ အဘိုးကြီးကလဲ ကြည့်ရတာ အသက်က ရှည်မှာမဟုတ်ဘူး ၊ မင်းအိမ်မှာ ဆိုယင် မင်းညီနဲ့ နှစ်ယောက် မဟုတ်လား ၊ ဒီမှာတော့ မင်းတယောက်တည်းပဲ ရှိမှာ ”


“ ဟုတ်တယ် အမေ ”


“ တို့ စိတ်ထဲကလဲ အဲနက်ကို အဲဒီကျောင်းဆရာနဲ့  သဘောမတူဘူး ၊ ဒါပေမယ့် အဲဒီတုန်းက သားကြီးကလဲ မသေသေးဘူး ၊ သူကအမေတို့ သမီးကြိုက်ယင် ယူပါစေလို့  ပြောလို့ သာ ၊ အဲနက်ကလဲ ကျောင်းဆရာလေးကို အရှုးအမူးပဲ ၊ အခုတော့ သားကြီးလဲသေပြီ ၊ ဒီတော့ အခြေအနေက တမျိုးပေါ့ ၊ သူက ဘယ်လောက်ပဲ ကျောင်းဆရာ လေးကို လက်ထပ်ချင် ပါတယ် ဆိုပေမယ့် အခုဟာက လယ်ယာ အလုပ်ကို တယောက်တည်း ဘယ့်နှယ်လုပ်မလဲ ”

သူတို့ သည် လမ်းမသို့ ရောက်လာခဲ့ကြသည် ။ မဒမ်ပီရီယာက ဟန်း`၏ လက်ကိုခပ်ဖွဖွလေး ဖျစ်ညှီစ်လိုက်သည် ။


“ မကြာခင် လာခဲ့ဦးနော် ”


အမေကြီးသည် သူ့ ဘက်တွင် ရှိနေသည်ကို ဟန်းသိသည် ။ သူ့ ဘက်ကလိုက်မည့်သူ ရှိနေကြောင်း သိရသဖြင့် တမျိုး စိတ်သက်သာရာရသေးသည် ။ ဖြေနိုင်သေးသည် ။ ဆွိုက်ဆန်အပြန်ခရီး တွင် ဤသို့ တွေးမိသည် ။ သို့ သော် အဲနက်တယောက် တခြားသူနှင့် ချစ်နေသည် ဆိုခြင်းကြောင့် တမျိုးစိတ်ရှုပ်ပြန်သည် ။ ကံအား လျော်စွာပင် အဲနက်ချစ်သူမှာ သုံ့ ပန်းဖြစ်နေသဖြင့် တော်သေးသည် ။ သူမလွတ်မီမှာပင် ကလေးငယ်ကိုမွေးမည် ။ ထိုအခါ အဲနက် စိတ်ပြောင်းမည်ဆိုက ပြောင်းနိုင်သည် ။ သို့ သော် မိန်းမတို့ စိတ်ကို သေချာ တပ်အပ် တွက်၍မရ ။


သူတို့ ရွာတွင် လင်ယောကျားကို အလွန်ချစ်သည့် မိန်းမတယောက်ရှိသည် ။ ချစ်လွန်းအားကြီး၍ ပြောင်စရာ လှောင်စရာပင် ဖြစ်နေသည် ။သို့ သော် ကလေးတယောက် မွေးပြီးသည့်အခါ ထိုယောကျား`၏ မျက်နှာကို မကြည့်နိုင်လောက်အောင် စိတ်ပြောင်းသွားသည် ။ ယခုလည်း ထိုအဖြစ်မျိုးနှင့် ဆန့် ကျင်ဘက်အဖြစ်မျိုး မကြုံနိုင်ဟု မည်သူ ပြောနိုင်မည်လဲ ။ ယခု အဲနက်ကို လက်ထက်ခွင့်တောင်း ခဲ့ပြီမဟုတ်လား ။ သည်လိုဆိုလျှင် အဲနက်က သူ့ ကို အလွန်သိမ်မွေ့  ယဉ်ကျေးသူတယောက်ဟု မြင်ရမည် ဖြစ်သည် ။


အမယ်လေး …. သူ့ ခေါင်းကို နောက်လှန်ပစ်လိုက်တော့ သိပ်သနားစရာကောင်းတာပဲ ။ ပြီးတော့ စကားပြောလည်း သိပ်ကောင်းတာပဲ ။ စကားလုံးရွေးတတ်တယ် ။ ဇာတ်ခုံပေါ်က မင်းသမီးတောင် သူ့ လိုချက်ကျကျ ပြောတတ်မှာ မဟုတ်ဘူး ။ ဒါပေမယ့် သူပြောတာ တွေဟာ အားလုံးသဘာဝ ကျတာချည်းပဲ ။


ဟုတ်သည် ။ ပြင်သစ်တို့ သည် မည်ကဲ့သို့ ချက်ပိုင်ပိုင် ပြောရမည်ကို ကောင်းကောင်းသိသည် ။

အိုး … အဲနက်ကတော့ သိပ်ပါးနပ်တာပဲ ။ ခုလို ကက်ကက်လန်အောင် ပြောဆိုရန်တွေ့ နေပေမယ့် တဘက်သားကို နာကျည်းသွားအောင် ပြော နေပေမယ့် သူပြောတာ နားထောင်နေရတာ ကိုကပဲ အရသာ ရှိသားကလား ။ ဟန်းသည်လည်း ပညာတတ်တယောက်ပင် ဖြစ်သည် ။ သို့ သော်လည်း အဲနက်နှင့်ကား မယှဉ်နိုင် ။ အဲနက်မှာ အယဉ်အကျေး အသိမ်အမွေ့ တို့ ရှိသည် မဟုတ်လား ။


“ ငါကတော့မြည်းပဲ ” သူသည် စက်ဘီးစီးယင်းတယောက်တည်း ပြောမိသည် ။ အဲနက်က သူ့ အားကြီးထွားသည် ၊ အားအင်ပြည့်ဖြိုးသည် ၊ ပြီးတော့ လှပသည်ဟု ပြောခဲ့သည် ။ ဤ အရည်အသွေးတို့ သည် အဲနက်အတွက် အဓိပ၌ာယ်တမျိုးမျိုး မဆောင်ခဲ့လျှင် ထိုအကြာင်းကို ပါးစပ်က ဖွင့်ပြောပါမည်လား ။ ပြီးတော့ မွေးလာမည့် ကလေးအကြောင်းကို ပြောရာ၌ သူ့ လိုဆံပင်ကောက်လေး ရှိမည် ၊ မျက်လုံးပြာမည်ဟု ဆိုသည် ။ သည်အသွေး အရောင်တို့ ကို ဖော်ပြခြင်း အားဖြင့် ဟန်းကို ဒတ်ခ်ျလူမျိုး တယောက်ဟုများ ဆိုချင်သလား ။ သူသည် အသံမထွက်ပဲ ရယ်လိုက်သည် ။


“ အချိန်စောင့်ရမှာပဲ ၊ သည်းခံရမှာပဲ ၊ နောက်တော့ သူ့ သဘောဝ အတိုင်း ဖြစ်သွားမှာပါပဲ လေ ”

သို့ နှင့်ရက်တို့ သည်ကုန်လွန်သွားသည် ။ ဆွိုက်ဆန်ရှိ တပ်မှူးသည် သဘောကောင်း သည်။ သူ့ တပ်သားများကို နာနာခိုင်းရန်းစိတ်ကူး မရှိ။ ဂျာမန်သတင်းစားများ အရကား အင်္ဂလန်ပြည်မှာ ဂျာမန်လေတပ် မတော်ကြောင့် အတော်လေး ပျက်စီးသွားပြီး ပြည်သူအ ပေါင်း မှာ လည်း စိတ်ဓာတ် ပျက်ပြားနေပြီ ။ ဂျာမန်ရေငုတ် သဘောင်္တို့ က အင်္ဂလိပ်သ ဘောင်္ အများအပြားကို မြုပ်လိုက်သည် ။ထို့ ကြောင့် အင်္ဂလိပ်တို့ ငတ်ပြတ်နေကြပြီ ။ အင်္ဂလိပ်လူမျိုးတို့ ကပင် သူတို့  အစိုးရကို ပုန်ကန်ကြလိမ့်မည် ။ နွေရာသီ မရောက်မီမှာပင် စစ်ကြီးပြီဆုံးသွားလိမ့်မည် ။ ထိုအခါ ဂျာမန်တို့ သည် ကမ္ဘာပေါ်တွင် အရှင်သခင်များ ဖြစ်လာကြလိမ့်မည် ။

ဟန်းသည် သူ့ မိဘများထံသို့ စာရေးသည့်အခါ သူသည်ပြင်သစ် မလေးတယောက်ကို လက်ထပ်ယူတော့မည် ဖြစ်ကြောင်း ၊ ပြင်သစ်မလေးတွင် သင့်တင့်သည့် လယ်ယာလေးများ ရှိကြောင်းတို့ ကို ထည့်ရေးလိုက်သည် ။

ထို့ နောက်သူသည် ပီရီယာနှင့်အတူ လယ်ကွင်းထဲသို့ လိုက်သွားသည် ။ ဟန်းက သူ့ စိတ်ကူးများကို ပြောပြသည့်အခါ အဘိုးကြီးက ငြိမ်ငြိမ်နားထောင်သည် ။ လယ်ယာပစ္စည်း များပြန်စုရမည် ။သူတယောက်မှာ ဂျာမန်ဖြစ်နေရာ ကူညီနိုင်မည် ။ ထရက်တာမှာ ဟောင်းနေပြီ ။ ဂျာမဏီမှ အသစ်တခု မှာယူမည် ။ တဖန် ထွန်စက်တခု ကိုလည်း မှာယူမည် ။

လယ်ယာထွက်သီးနှံ တို့ မှ ပိုက်ဆံကောင်းကောင်း ရအောင် ခောတ်မီစက်မှုလယ်ယာ သို့ ကူးပြောင်းရမည် ။


နောင်အခါ မဒမ်ပီရီယာက ဟန်းအား သူ့ ယောက်ျား`၏ ထင်မြင်ချက်ကို ပြောပြသည် ။ အဘိုးကြီး က ဟန်းမှာ မဆိုးလှ ၊ အတော်လေး ဗဟုသုတ ရှိသည်ဟုဆိုသည် ။ယခုမူ ဟန်းသည် အဘွားကြီး နှင့် အတော်လေး ရင်းနှီးနေပြီ ။ အဘွားကြီးက တနင်္ဂနွေနေ့ များတွင် သူတို့ နှင့်အတူလာ၍ နေ့ လယ် စာ စား ရန် ဖိတ်လေါ်သည် ။ တဖန် အဘွားကြီးကပင်ုဟန်း`၏နာမည်ကို ပြင်သစ်နာမည် သို့  ပြောင်းကာ ဂျင်းဟုခေါ်သည် ။ ဟန်းသည် အမြဲလိုလိုပင် လိုသည့်အကူ အညီများ ကိုပေး သည် ။ကူညီလုပ်ကိုင်ပေးသည်။ အချိန်ကြာလာသည့်အခါ အဲနက်မှာ တဖြည်းဖြည်း လေးလံ လာပြီး ပင်ပင်ပန်းပန်း မလုပ်နိုင်ဖြစ်လာသည် ။ ထိုအခါ ဟန်းမှာ ယောက်ျားတယောက်ပီပီ များစွာ အကူ အညီရလေသည် ။


အဲနက်ကား စောစောကအတိုင်းပင် ပြင်းပြင်းထန်ထန် ဆန့် ကျင်သည်။ ဘယ်တော့မှ သူ့ ကို စကား မပြော ။ တိုက်ရိုက်မေးလာလျှင် တခွန်းချင်းသာ ဖြေသည်။ ပြီးလျှင် မတွေ့ အောင်ရှောင် ကာ အခန်းထဲသို့  ၀င်သွားသည်။ အေးလွန်းသည့် အခါတွင်မူ မီးဖိုနားထိုင်ကာ အပ်ချုပ် နေတတ် သည် ။ စာဖတ်နေတတ်သည် ။ ထိုအခါများတွင် သူရှိနေလျှင် ဂရုမစိုက်တော့ ။ မရှိသလိုပင် နေလေသည်။ အဲနက်`၏ ကျန်းမာရေးမှာ အတော်လေးကောင်းသည် ။ ပါးနှစ်ဘက်တွင် သွေး ရောင် လေးများ ပင် သန်းနေသည်။ ဟန်း`၏ မျက်စိထဲတွင်မူ အဲနက်သည် အလွန်လှ နေ လေသည် ။ ကိုယ်ဝန် ရင့်မာလာလေ အဲနက်မှာတမျိုး ကျက်သရေရှိလာလေဖြစ်သည် ။အဲနက်ကိုမြင်လိုက်ရလျှင် ၀မ်းသာကြည်နူးစိတ်ဖြင့် သူ့ ဗိုက်သည် ပြည့်သွားသည်။ တနေ့ တွင် လယ်တဲသို့ အလာ လမ်း၌ မဒမ်ပီရီယာကို တွေ့ ရသည်။လက်ပြတား သဖြင့် မော်တော်ဆိုင်ကယ်ကို ရပ်လိုက်သည် ။


“ မင်းကို စောင့်နေတာ တနာရီလောက် ရှိသွားပြီ ၊ လာမှလာပါ့ မလားလို့ ၊ အေး … မင်းပြန်သွားတော့ ၊ ပီရီသေပြီ ”


“ ပီရီ ဆိုတာ ဘယ်သူလဲ ”


“ ပီရီဂေဗင်လေ ၊ အဲနက် လက်ထက်ယူမယ် ဆိုတဲ့ ကျောင်းဆရာလေးပေါ့ ”


ဟန်း`၏ နှလုံးသားသည် ဒိန်းကနဲ ခုန်သွားသည် ။ ကုသိုလ်ကံ ဆိုတာ အဆန်းကြယ်သားလား ။ အခု သူ့ အခွင့်အရေး ပေပဲ ။



“ သူ မငိုဘူး ၊ သူ့ ကိုနှစ်သိမ့် စကားပြောမယ်လုပ်တော့ ငါ့ခေါင်းကို ကိုက်လွတ်တယ် ၊ ဒီနေ့ သာ မင်းကို တွေ့ ယင် ဓားနဲ့ ထိုးဖို့ တောင် ၀န်လေးမှာ မဟုတ်ဘူး ”


“သူသေ သွားတာ ကျွန်တော့်အပြစ် မှ မဟုတ်တာ ၊ အမေ ဘယ်ကကြားသလဲ ”


သူ့ သူငယ်ချင်း သုံ့ ပန်းတယောက် ဆွစ်ဇာလန်ဘက် ကထွက်ပြေးလွတ်မြောက်လာပြီ အဲနက်ဆီကို စာရေးလိုက်တယ် ၊ ဒီမနက်ပဲ စာရတယ် ၊ အကျဉ်းစခန်းမှာ သူပုန်ထကြတယ် ၊ စားစရာ ပြည့်ပြည့် ၀၀ မပေးလို့ တဲ့ ၊ ခေါင်းဆောင်တွေကိုတော့ ပစ်သတ်လိုက်တယ် ၊ ပီရီက ခေါင်းဆောင် တယောက်ပဲ ”


ဟန်းသည် စကားမပြော ဘဲငြိမ်နေသည် ။ မှန်မှန်ကန်ကန် ပင်စီရင်သွားခြင်း ဖြစ်သည်ဟု သူတွေး မိသည် ။ ဒီကောင်တွေဟာ အကျဉ်းစခန်းကို ဘာများအောက်မေ့ နေသလဲမှ မသိတာ ။


“ နည်းနည်း စိတ်ငြိမ်သွားပါစေဦး ၊ သွေးအေးသွားတော့မှ ငါလဲသူ့ ကို ပြောပါဦးမယ် ၊ မင်းဘယ်တော့ လာရမယ်ဆိုတာ ငါစာရေးခေါ်လိုက် ပါ့မယ် ” မဒမ်ပီရီယာက ပြောသည် ။


“ ဟုတ်ပြီလေ၊ ကျွန်တော့် ကိုကူညီမယ်မဟုတ်လား ”


“ စိတ်ချပါကွယ် ၊ သူ့ အဖေကြီးရော တို့ များပါ သဘောတူပြီးသားပါ ၊ တို့ လဲ အထပ်ထပ်အခါခါ ပြောဆိုတိုင်ပင်ကြတယ် ။ နောက်ဆုံးတော့ဖြစ်လာတဲ့ အခြေအနေကိုပဲ လက်ခံပြီး ကျေနပ်ကြဖို့ ရှိတာပဲလို့ သဘောရတယ် ၊ ငါ့ယောက်ျားကြီးကပေမယ့် မခေဘူး ၊ အရှုးမှ မဟုတ်တာ ၊ သူကပြောတယ် ၊ ပြင်သစ်တွေအဖို့  အခုနေမှာတော့ ဂျာမန်တွေနဲ့ ပေါင်းလိုက်ကြဖို့ ရှိတာပဲတဲ့ ၊ ငါကလဲ မင်းကို မကြိုက်မရှိပါဘူး ၊ ဟိုကျောင်းဆရာလေးထက် သာတဲ့ ယောက်ျားကောင်း တယောက်မဟုတ်လဲ ငါတော့မအံ့သြေတော့ဘူး ၊ ပြီးတော့ ကလေးကလဲ မွေးလာတော့ မယ်မဟုတ်လား ”


“ သားလေးဆိုယင် ကောင်းမှာပဲ ” ဟန်းကဆိုသည် ။


“ ကောင်ကလေး ဖြစ်မှာပဲကွဲ့  ၊ သေချာပါတယ် ၊ ငါကြည့်ပြီးပြီ ၊ ဗေဒင်လဲ တွက်ပြီးပြီ ၊ ဘယ်တော့တွက်တွက် ယောက်ျား လေးလို့ အဖြေထွက်တယ် ပဲ ”


“ အင်း… မေ့သွားလိုက်တာ ၊ ဟောဒီမှာ ခင်ဗျားတို့ အတွက် သတင်းစာတွေ ”


ထို့ နောက် ဟန်းသည် ဆိုင်ကယ်ကို လှည့်လိုက်သည် ။


ပါရီသတင်းစာ သုံးစောင်ကို ပေးလိုက်သည် ။ အဘိုးကြီးသည် ညနေတိုင်းသတင်းစာ ဖတ်သည် ။ ပြင်သစ်တို့ သည် လက်တွေ့ ကျရမည် ၊ ဥရောပ တိုက်တွင် ဟစ်တလာဖန်တီးမည့် ခေတ်သစ်ကြီး ကို ကြိုဆိုလက်ခံဖို့ သာ ရှိသည်ဟု သတင်းစာ တို့ ကဆိုသည် ။ဂျာမန်ရေငုတ်သဘောင်္တို့ သည် ပင်လယ်ပြင်ကျယ်ကြီးများကို စိုးပိုင်နေပြီ ။ သမုဒ္ဒရာ ခုနစ်တန်ကို သိမ်းပိုက်ထားပြီး ဂျာမန် ဗိုလ်ချုပ်ကြီး များသည် အင်္ဂလန်ကျွန်းကလေးကို သိမ်းပိုက်ရန် စစ်ဆင်ရေးများ ရေးဆွဲပြီးပြီ ။


အင်္ဂလန်သည် ဒူးထောက် အညံ့ခံရတော့မည် ။ အမေရိကန်တို့ သည် စစ်တိုက်ဖို့  အသင့်မဖြစ် သေး ။ ပျော့လွန်းသည် ။ အင်္ဂလန်ကို ကူဖို့ သူတို့ အချင်းချင်း သဘောထားကွဲနေကြသည် ။ ပြင်သစ်တို့ သည် ဘုရားသခင် ပေးသည့် အခွင့်ထူးကို လက်လွတ်ဖို့ မကောင်း ။ ဟစ်တလာ `၏ ရိုက်အာဏာ ပိုင်တို့ နှင့် ပေါင်းစည်းကာ ခောတ်သစ်ဥရောပ တွင် ဂုဏ်ရှိရှိ တနေရာ .ယူဖို့ ကောင်းသည်ဟူ၍ သတင်းစာ များတွင် ဖတ်ရသည် ။


ဤသတင်းများကို ရေးသူတို့ မှာ ဂျာမန်တွေချည်း မဟုတ်နိုင် ။ ပြင်သစ်အမျိုးသားတို့ ပင် ဖြစ်သည် ။ ပြင်သစ်ပြည်တွင် လူချမ်းသာများ နှင့် ဂျူးလူမျိုး တို့ ကိုအဆုံးတိုင် ချေမှုန်း ရမည် ။ ထိုအခါ တွင်မှ ဆင်းရဲသား တို့ သည် လူတလုံးသူတ လုံးဖြစ်လာ မည်ဟူ သော ဆောင်ပါးကို ဖတ်ရသည့် အခါ ယင်း တို့ ကို ရေးသူတို့ မှာ ပြင်သစ်တို့ ပင် ဖြစ်ရမည်ဟူသော သူ့ အတွေးမှန်သွားပြီဟု ခေါင်း တ ဆတ် ဆတ် ညိတ်လိုက်သည် ။


ပြင်သစ်ပြည်ကြီး သည် စင်စစ်အားဖြင့် စိုက်ပျိုးရေးတိုင်းပြည် တခုသာ ဖြစ်သည် ။ယင်းတို့ `၏ ကျောရိုးမှာအလွန် အလုပ်လုပ်သော လယ်သမားများသာ ဖြစ်သည် ဟူသော အဆိုပြုချက်ကို သူထောက် ခံသည် ။ ထိုစကား မှန်သည် ။ ထိုသို့  ပြောကြားသူများမှာ ဥာဏ်ရှိသူများသာ ဖြစ်သည်ဟု သူထင်သည် ။


ပီရီဂေဗင် သေဆုံးသည့် သတင်းကြားအပြီး ဆယ်ရက်ရှိသည့် အခါ ညစာစားပြီး တညချမ်းတွင် မဒမ်ပီရီယာသည် သူ့ ယောက်ျား ကြီးနှင့် ကြိုတင်တိုင်ပင်ထား သည့်အတိုင်း အဲနက်ကို ဤသို့ ပြောသည် ။


“ တနေ့ ကပဲ ဟန်းဆီကို ငါစာရေးပြီး ခေါ်လိုက်တယ် ၊ နက်ဖြန်လာလိမ့်မယ် ”


“ စောစော စီးစီးကြိုပြီး သိရတာ ကျေးဇူးပါပဲ အမေရယ် ၊ ကျွန်မအခန်းထဲ ကမထွက်ပဲ နေရတာပေါ့ ”

“ ငါ့သမီးရယ် ၊ မိုက်မနေစမ်းပါနဲ့ တော့ ၊ မိုက်ရမယ့်အချိန်အရွယ် မဟုတ်တော့ပါဘူး ၊ တကယ့် ဘ၀ ကို ရင်ဆိုင်မှပေါ့ကွယ် ၊ ပီရီလဲသေပြီ ၊ ဟန်းကသမီးးကိုချစ်တယ် လက်ထပ်မယ် ၊ ပြီးတော့ ရုပ်ကဆို လဲ ပြောစရာ မလိုဘူး ၊ သူ့ လိုလူကို လင်လုပ်ရယင် ဘယ်မိန်းကလေးမဆို ဂုဏ်ယူစရာပဲ ၊ သူ့ အကူအညီမပါပဲ တို့ မှာလယ်ယာပစ္စည်းတွေ ဘယ်လိုပြန်ပြီးစုမလဲ ၊ သူ့ ပိုက်ဆံနဲ့ ထရက်တာ ၀ယ်ပေး မယ် ၊ ထွန်စက်ဝယ်ပေးမယ် ၊ ပြီးပြီးသားတွေ ပြီးပေစေပေါ့ကွယ် ”


“ အလကား လေကုန်ခံနေတယ် အမေရယ် ၊ အလျင်တုန်းကလဲ ကျွန်မထမင်း ကျွန်မရှာစားခဲ့တယ် ၊ အခုလဲ ကိုယ့်ထမင်းကိုယ် ရှာစားနိုင်ပါသေးတယ် ၊ ကျွန်မသူ့ ကို မုန်းတယ် ၊ သူ့ မာနနဲ့ သူ့ ကြွစောင်း စောင်း အမူအရာကို ကျွန်မမုန်းတယ် ၊ကျွန်မသူ့ ကို သတ်နိုင်ပါတယ် ၊ သူသေယင် ကျွန်မစိတ်ထဲမှာ ကျေနပ်မှာပဲ ၊ ကျွန်မကို သူနှိပ်စက်သလို သူ့ ကိုနှိပ်စက်ရယင် တော်ပြီ ၊ ကျွန်မနှလုံးသားကို ဒဏ်ရာရ အောင် သူလုပ်ခဲ့တယ် ၊ အခုလဲ သူ့ နှလုံးသားကို ကြေပြုန်းအောင်လုပ်ရယင် ကျွန်မသေပျော်ပြီ ၊ အဲဒီလို လက်စားချေနိုင်မယ့် နည်းကို ကျွန်မရှာရမယ် ”


“ ငါ့သမီး သိပ်မိုက်တာကိုး ”


“ မင်းအမေပြောတာ မှန်တယ် သမီး ”


အဘိုးကြီးက ကြားဝင်သည် ။ “ တို့ တတွေ ရှုံးခဲ့တယ် ၊ အဲဒီတော့ ရှုံးခဲ့ပြီပဲဟာ အဲဒါရဲ့  နောက်ဆက် တွဲတွေကို ဆက်ပြီး ခံရတော့မှာပေါ့ ၊ စစ်နိုင်သူတွေနဲ့ ဘယ်လို ပေါင်းသင်းမလဲ ၊ အကောင်းဆုံး ဘယ်နည်းလဲ ဆိုတာ ရှာရမှာပေါ့ ၊ တို့ တတွေက သင်းတို့ ထက်ပိုပြီး ပါးနပ်ပါတယ် ၊ ဒီတော့ ပရိယာယ်သုံးတတ်ယင် ထိပ်ကို ပြန်ရောက်မှာပေါ့ကွယ် ၊ အခုတော့ ပြင်သစ်ပြည်ကြီးဟာ ပျက်စီးပုပ်သိုးနေပါပြီ ၊ ဂျူးတွေနဲ့ လူချမ်းသာ တွေက တိုင်းပြည်ကို ဖျက်ဆီးတာပဲ ၊ သတင်းစာတွေ ဖတ်ကြည့်ပါလား ၊ ဒါတွေတွေ့ ရမှာပေါ့  ”


“ သတင်းစာထဲက ပါတဲ့စကားတွေကို ကျွန်မယုံမယ်ထင်သလား ၊ သူတို့ ကိုယ်သူတို့  ဂျာမန်တွေက်ု ရောင်းစားတဲ့လူတွေရဲ့ သတင်းစာတွေပဲ ၊ အဲဒီသတင်းစာမျိုး တွေသူယူလာပြီး အဖေ့ကို ဖတ်စေတာ ၊ အဲဒီထဲမှာ ရေးကြတဲ့လူတွေက သစ္စာဖောက်တွေချည်း ပဲ ၊ သစ္စာဖောက်တွေ ၊ ဒီသစ္စာဖောက်တွေကို လူထုကလက်စားချေပြီး သင်းတို့ ကို တစစီ ဆွဲဆုတ်တဲ့ အဖြစ်ကို ကျွန်မမြင်ချင်လိုက်တာ အဖေရယ် ၊ ခွေးမျိုး ၊ ၀က်မျိုးတွေ ၊ အားလုံးကို ဂျာမန်တွေက ငွေနဲ့ ဝယ်သွားပြီ ၊ အားလုံးအ၀ယ်ခံ ကြရပြီလေ ”

မဒမ်ပီရီယာကား မရိုးမရွ ဖြစ်နေသည် ။


“ နေစမ်းပါဦး ၊ ကောင်လေးကို ညည်းက ဘာများမကြိုက်နိုင်ဖြစ်နေ ရတာလဲ ၊ ညည်းကို အတင်း ဗလက္ကာယ လုပ်တယ် ၊ ဟုတ်တယ် ၊ အဲဒီအချိန်မှာ သူမူးနေတယ် ၊ ဒါမျိုးဟာ မိန်းမတွေ အဖို့ ပထမ ဆုံးအကြိမ်သာ ခံရတာ မဟုတ်ဘူး ၊ ပြီးတော့ နောက်ဆုံးအကြိမ်လို့ လဲ တွက်လို့ မရဘူး ၊ ညည်း အ ဖေကို ထိုးကြိတ်တယ် ၊ သွေးတောင် ထွက်သေးတယ် ၊ အဲဒါတောင်း ညည်းအဖေက သူ့ အပေါ် ရန်ငြိုးထားသေးလား ”


“ စိတ်ညစ်စရာ အဖြစ်အပျက်ပါကွယ် ၊ ဒါပေမယ့် ငါမေ့လိုက်ပါပြီ ” အဘိုးကြီးက ပြောသည် ။

ထိုအခါ အဲနက် ၀ါးလုံးကွဲ ရယ်လေသည် ။


“ အဖေဟာ ဘုန်းကြီးလုပ်ဖို့ ကောင်းတယ် ၊ ကိုယ့်မှာ အနာရတာတောင် တကယ့်ခရစ်ယာန်တို့ ရဲ့  စိတ်ဓာတ်နဲ့ ခွင့်လွတ်တာကိုး ”


“ အဲ့ဒါ ဘာဖြစ်သလဲ အဘွားကြီးက စိတ်ဆိုးမာန်ဆိုး နှင့်ပြန်မေးသည် ။ “ သူ့ ဘက်က အပြစ်တွေ ကျေလောက်အောင် ပြန်ပြီး ပြုပြင်တယ် မဟုတ်လား ၊ သူသာမရှိယင် သည်းအဖေဒီရက် တွေမှာ ဘယ်မှာ ဆေးလိပ်သောက် ရပါ့မလဲ ၊ ဆေးတံဆေးရပါ့မလဲ ၊ တို့ တတွေ မငတ်တာလဲ သူ့ ကြောင့်ပဲ ”


“ အမေတို့ သာ မာနရှိတတ်ရင်၊ အမေတို့ သာ ကိုယ့်သိက္ခာ ကိုယ်စောင့်တတ်မယ်ဆိုယင် အဲဒီပစ္စည်း တွေနဲ့ သူ့ မျက်ခွက်ကို ပေါက်ထည့်လိုက် ရမှာပေါ့ ”


“ ညည်းလဲ အဲဒီဟာတွေ စားတာပဲ ၊ မစားဘူးလား ”


“ ဘယ်တော့မှ မစားဘူး ၊ မစားဘူး ”


“ ဒါကတော့ ညည်းလိမ်ပြောတာပဲ ၊ ညည်းသိပါတယ် ၊ သူယူလာတဲ့ ဒိန်ခဲ ၊ ထောပတ်နဲ့  ငါးသေတ္တော တို့ ကို မစားဘူးဆိုတာ ဟုတ်ပါတယ် ၊ ဒါပေမယ့် ညည်းစွပ်ပြုပ် သောက်တယ် မဟုတ်လား ၊ အဲဒီစွပ်ပြုပ် ထဲသူယူလာတဲ့ အမဲသားတွေ ငါထည့်လိုက်တာ ညည်းသိတယ်မဟုတ်လား ၊ ပြီးတော့ အသီးအရွက်ကြော်ကို ညည်းစားတယ် မဟုတ်လား ၊ သူယူလာတဲ့ ဆီနဲ့ ကြော်ထားတာပဲ ”

အဲနက်သည် သက်ပြင်းရှည်ကြီး ချလိုက်သည် ။


“ ကျွန်မသိတယ် ၊ မစားဘူး ဆိုပြီး နေသေးတယ် ၊ ဒါပေမယ့် မတတ်နိုင်ဘူး ၊ ကျွန်မ သိပ်ဆာ နေ တယ် ၊ ဟုတ်တယ် ၊ စွပ်ပြုပ်ထဲမှာ သူပေးတဲ့အမဲသား ပါမှန်း ကျွန်မသိတယ် ၊ အကြော်ကလဲ သူပေး တဲ့ ဆီနဲ့ ကြော်မှန်း သိတယ် ၊ ကျွန်မမစားချင်ဘူး ၊ မစားရတဲ့ ကိုယ်ဖြစ်ပါရစေ လို့ ဆုတောင်းမိတယ် ၊ ဒါပေမယ့် ကျွန်မစားနေတာ မဟုတ်ဘူး ၊ ဗိုက်ထဲက တိရစ္ဆာန်လေးက စားနေတာ ”


“ ဘာဘဲ ဖြစ်ဖြစ် ညည်းစားတာပဲ ”


“ ရှက်လဲ ရှက်စရာကောင်းပါရဲ့  ၊ စိတ်ဓာတ်ကျစရာလဲ ကောင်းပါရဲ့  ၊ သင်းတို့ ဟာ ကျွန်မတို့  အင်အား ကို ပထမဆုံး ရိုက်ချိုးတယ် ၊ တင့်ကားတွေ လေယာဉ်ပျံ တွေနဲ့ အတင်းဝင်ဖျက်တယ် ၊ ပြီးတော့ ကျွန်မတို့ မှာ အင်အား မရှိတော့ဘူး ဆိုတော့မှ ကျွန်မတို့ စိတ်ဓာတ် တွေကို ဖျက်ဆီးတယ် ၊ အငတ်ထားပြီး ကျွန်မတို့ စိတ်ဓာတ်ကို ကျစေတယ် ”


“ ဘာမှဇာတ်ဆန်နေစရာ မလိုဘူှး မိန်းခလေး ၊ ညည်းဟာ ပညာတတ်တယ် ဆိုပေမယ့် တကယ်တော့ ဘာမှ စဉ်းစားဥာဏ်မရှိဘူး ၊ အတိတ်ကို မေ့လိုက် ၊ ကလေးအဖေ အခေါ်ခံဖို့  လူလိုတယ် ၊ လယ်ယာ အတွက်လဲ လုပ်သားကောင်းလိုနေတယ် ၊ အဲဒါဟာ ရင်ဆိုင်ရမယ့် ကိစ္စပဲ ”


အဲနက် ပခုံးတွန့် ပြလိုက်သည် ။သူတို့ သည်ငြိမ်သွားကြသည် ။ နောက်တနေ့ တွင်ဟန်း ရောက် လာ သည် ။ အဲနက်က သူ့ ကိုခပ်တည်တည် ကြည့်လိုက်သည် ။ နှစ်ယောက် စလုံးမလှုပ်ကြ ။ စကား မ ပြော ကြ ။ ဟန်းကပြုံးသည် ။


“ ထွက်မပြေးတဲ့ အတွက် ကျေးဇူးတင်ပါတယ် ကွယ် ”


“ ကျွန်မ မိဘတွေက ရှင့်ကို ခေါ်ထားတယ် မဟုတ်လား ၊ သူတို့ က တော့ရွာထဲ ထွက်သွားကြပြီ ၊ အဲဒါကောင်းပါတယ် ၊ ဘာဖြစ်လို့ လဲဆိုတော့ ရှင့်ကို ကျွန်မ ရှင်းရှင်း ပြောစရာရှိလို့ ပဲ ၊ ထိုင်လေ ”

သူသည် ကုတ်အကျီင်္နှင့် ဦးထုပ်ကို ချွတ်လိုက်ပြီး ကုလားထိုင် တလုံးဆွဲကာ စားပွ္မဲ၌ထိုင်သည် ။


“ ကျွန်မ မိဘတေါက ရှင့်ကို လက်ထပ်စေချင်တယ် ၊ ရှင်ကလဲ သိပ်လည်တယ် ၊ လက်ဆောင်ပစ္စည်း တွေနဲ့ ကတိစကားတွေနဲ့ သူတို့ ကို အပိုင်လုပ်ထားတယ် ၊ ရှင်ယူလာတဲ့ သတင်းစာတွေထဲ ပါတာ တွေ ကို အားလုံးသူတို့ ယုံတယ် ၊ ကျွန်မပြောချင်တာကရှင့်ကို ဘယ်တော့မှ လက်ထပ်မယ် မဟုတ်ဘူး ဆိုတာပဲ ၊ ရှင့်ကို ကျွန်မသိပ်မုန်းတယ် ၊ အဲဒီ အမုန်းမျိုးနဲ့ တခြားလူတယောက် အပေါ် မုန်းဖို့ ဆိုတာတောင် မဖြစ်နိုင်ဘူး”


“ ဂျာမန်လို ငါပြောပါရစေ ၊ ငါပြောတာ အားလုံးကို မင်းနားလည်နိုင်ပါတယ် ”


“ နားလည်ရမှာပေါ့ ၊ ကျွန်မသင်ခဲ့တယ် ၊ စတူးဂတ်မှာ ကလေးမလေး နှစ်ယောက်ကို ကြည့်ရှု ထိန်းသိမ်းတဲ့ ဆရာမ လုပ်ခဲ့ဖူးတယ် ”


ဟန်းကဂျာမန်လို ပြောသည် ။ သို့ သော် အဲနက်က ပြင်သစ်လိုပြောသည် ။


“ မင်းကိုချစ်ရုံသာ မကပါဘူး ၊ လေးစားပါတယ် ၊ သူများထက်ထူးချွန်တာ ကျက်သရေရှိတာတွေကို ငါမြတ်နိုးပါတယ် ၊ ဒါပေမယ့် မင်းကို နားမလည်နိုင်တာ တခုရှိတယ် ၊ အခုနေမှာ အခြေအနေပေးပေ မယ့်လဲ ငါ့ကိုလက်မထပ်နိုင်သေးဘူးဆိုတာ သိပါတယ် ၊ ဒါပေမဲ့ ပီရီလဲသေပြီ ”


“ သူ့ အကြောင်း မပြောနဲ့  ” အဲနက် ကစူးစူးရွားရွား အော်လိုက်သည် ။


“ သူသေသွားတဲ့ အတွက် ငါလဲဝမ်းနည်း ပါတယ်ဆိုတာ ပြောမလို့ ပါ ”


“ ဂျာမန်ထောင်မှုးတွေက သွေးအေးအေးနဲ့  ပစ်သတ်လိုက်တာပေါ့  ”


“ ကြာသွားတော့လဲ သူ့ အတွက် ပူဆွေးရတာ ပြေသွား ပါလိမ့်မယ် ၊ ကိုယ်ချစ်တဲ့ သူတယောက်ဆုံးရှုံးသွားတယ် ဆိုယင် ဘယ်တော့မှ ၀မ်းနည်းလို့ ဆုံးမှာမဟုတ်ဘူး လို့ ထင်ကြတာပဲ ၊ ဒါပေမဲ့ တနေ့ ကျတော့ပြေသွားတာပါပဲ ၊ အဲဒီအတွက် ၀မ်းနည်းနေတာထက်တော့ မလေးအဖေ အခေါ်ခံဖို့ လူတယောက်ရတာက ပိုပြီး မကောင်ဘူး လား ”


“ တခြား ဘာအကြောင်းမှ မရှိယင်တောင် ရှင်ဟာ ဂျာမန် ၊ ကျွန်မက ပြင်သစ်ဆိုတာ လောက်တော့ ကျွန်မမေ့ဖို့  မကောင်းသေးပါဘူး ၊ ရှင်ဟာ ဂျာမန်တယောက် မိုက်မဲသည်အထိ မမိုက်မဲဘူး ဆိုယင် တော့ ကျွန်မအသက်ရှင် နေသမျှတော့ ဒီကလေးဟာ ကျွန်မ အရှက်ကို ခွဲတဲ့ မလေးဖြစ်နေဦးမှာပဲ ၊ ကျွန်မမှာ အပေါင်းအသင်း မိတ်ဆွေခွဲတဲ့ ကလေး ဖြစ်နေဦးမှာပဲ ၊ ကျွန်မမှာ အပေါင်းအသင်း မိတ် ဆွေ သူငယ်ချင်း မရှိဘူးလို့ ရှင်ထင်သလား ၊ ဂျာမန် စစ်သားတယောက်နဲ့ ရတဲ့မလေးကို ပိုက်ပြီး သူတို့ မျက်နှာကို ကျွန်မ ဘယ်လို လုပ် ကြည့်ရပါ့ မလဲ ၊ အဲရှင့် ကိုတခု တောင်းဆိုချင်တာကတော့ ကျွန်မ အရှက်နဲ့ ကျွန်မ ရှိပါစေ ၊ ကျွန်မဆီက ဝေးရာကို သွားပါ ၊ ဘုရားသခင် ဂုဏ်ကျေးဇူးတော်ကို အောက်မေ့ပြီး ထွက်သွားပါ ၊ ဘယ်တော့မှ ပြန်မလာပါနဲ့ ”


“ ဒါပေမဲ့ ဒီကလေးဟာ ငါ့ကလေး ၊ သူကိုငါလိုချင်တယ် ”


“ ရှင်က ” အဲနက်သည် တအံ့တသြ အော်လိုက်သည် ။


“ မူးရှုးနေတုန်း ဖြစ်သွားတဲ့ သွေးဟာ ရှင့်အတွက် ဘာအဓိပ္ပာယ် ရှိမှာတဲ့လဲ ”


“ မင်းနားမလည် သေးဘူး ၊ အခု ငါဝမ်းသာတယ် ၊ ဂုဏ်ယူတယ် ၊ မင်းမှာကလေးရှိပြီဆိုတာ သိတော့ မင်းကို ငါချစ်မှန်း သိလာတယ် ၊ ပထမတော့ ငါ့စိတ်ငါ မယုံနိုင်ဘူး ၊ ရုတ်တရက် ဖြစ်လာတဲ့ အချစ်စိတ် မဟုတ်လား ၊ ငါပြောတာ နားလည်ပါတယ်နော် ၊ အခုမွေးမယ့် ကလေးဟာ ငါ့အဖို့ တကမ္ဘာပဲ ၊ အိုဘယ်လို ပြောရမှန်းတောင် မသိပါဘူးကွယ် ၊ ငါ့နှလုံးသားဟာ ခုန်လာတယ် ”


အဲနက်သည် ဟန်းကို စိုက်ကြည့်နေရာမှ သူ့ မျက်လုံးများသည် ထူးဆန်းစွာ တောက်ပလာသည် ။ ထိုအကြည့်ကို အောင်နိုင်သောအကြည့်ဟု ခေါ်နိုင်သည် ။ အဲနက်သည် ခပ်ပြတ်ပြတ် တချက်ရယ်လိုက်သည် ။


“ ရှင်တို့ ဂျာမန်တွေရဲ့  ကြမ်းကြုတ်ရက်စက်မှုဟာ အခုထက်ပိုပြီး စက်ဆုပ်စရာ ကောင်းနိုင် ပါဦးမ လား လို့  ကျွန်မ တွေးကြည့်မိတယ် ၊ ရှင်တို့ စိတ်ကူးယဉ်နေတာတွေကို ကျွန်မ သိပ်စက်ဆုပ်တယ် ”


အဲ နက်ပြောနေသည့် စကားတို့ ကို သူ ကြားဟန်မတူ ။


“ ငါတော့ ငါ့သားလေး အကြောင်းကိုပဲ တွေးနေတာပဲ ”


“ သားလေးဖြစ်မယ်လို့  ရှင်စိတ်ချနေတယ်ပေါ့ ”



“ ဟုတ်တယ် ၊ ငါသိတယ် ၊ သားလေးဖြစ်မှာပဲ ၊ သားကိုရင်ခွင်ထဲမှာ ပွေ့ ဖက်ထားချင် တယ်၊ ပြီး တော့ လမ်းလျှောက် သင်မယ် ၊ ကြီးလာတဲ့ အခါငါသိသမျှတွေကို အားလုံးသူ့ ကိုသင် ပေးမယ် ၊ မြင်း စီး သင်မယ် ၊ သေနပ်ပစ်သင်ပေးမယ် ၊ မင်းတို့ စမ်းချောင်း လေးထဲမှာ ငါးရှိသလား ၊ ငါးမျှားသင်ပေးမယ် ၊တလောက လုံးမှာ ငါဟာသားအတွက် ဂုဏ်အတက်ဆုံး ပုဂ္ဂိုလ် ဖြစ်မှာပဲ ”


အဲနက် သည် သူ့ ကိုခပ်စိန်းစိန်း ကြည့်သည် ။ သူ့ မျက်နှာသည် တင်းမာခက် တရော် ရှိလာသည် ။ သူ့ စိတ်ထဲတွင် ကြောက်လန့် တုန်လှုပ် စရာကောင်း သည့်စိတ်ကူးတခု ၀င်လာပြီ ။ ဟန်းက အဲနက်ကို အရှုံးပေးသည့် အပြုံးဖြင့် ကြည့်ကာ ပြုံးပြသည် ။


“ တို့ သားလေးကို ငါဘယ်လောက်ချစ်တယ်ဆိုတာ မင်းသိလာတဲ့ တနေ့ မှာ မင်းလဲငါ့ကို ချစ်လာမှာပဲ ၊ ငါဟာ လင်ကောင်းတယောက် ဖြစ်ပါစေ့မယ် အချစ်ကလေးရယ် ”


အဲနက် ရှက်သွေးဖြန်းသွားသည် ။ သို့ နှင့် လက်နှစ်ဘက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည် ။


“ တခြားလူတွေ ကကျွန်မကို စက်ဆုပ်မှာပဲ ၊ ဒါပေမယ့် ကျွန်မကိုယ်ကျွန်မ စက်ဆုပ်စရာကောင်းတဲ့ အလုပ်မျိုးကိုတော့ ဘယ်တော့မှ မလုပ်ဘူး ၊ ရှင်ဟာ ကျွန်မရဲ့ ရန်သူ ၊ တသက်လုံး ရန်သူဖြစ်နေရ မှာပဲ ၊ ဟောဒီပြင်သစ်ပြည်ကြီး လွတ်မြောက်တာကို မြင်ချင်လို့ ကျွန်မ အသက်ရှင်နေတာ ၊ တနေ့ တော့ လွတ်မြောက်ရမယ် ၊ နောင်နှစ်မဟုတ်ရင် ဟိုးနောင်တနှစ်ပေါ့ ၊ ဒါမှမဟုတ်ယင် နောက် အနှစ်သုံးဆယ်ပေါ့ ၊ ဒါပေမယ့် လွတ်တော့လွတ်မြောက်ရမယ် ၊ ကျန်တဲ့လူတွေ ဘာလုပ်ကြ လုပ်ကြ သူတို့ ကြိုက်သလိုလုပ် နိုင်တယ် ၊ ဒါပေမယ့် ကျွန်မကတော့ ကျွန်မတို့ နိုင်ငံကို ၀င်ရောက်ကျူးကျော်တဲ့ သူတွေနဲ့ ဘယ်တော့မှ စစ်ပြေငြိမ်းရေး မလုပ်နိုင်ဘူး ၊ ဟူတ်တယ် ၊ ကျွန်မတို့ ရှုံးခဲ့ကြရတယ် ၊ အင်း … ဆုံးခန်းမတိုင်မီ မှာပဲ ကျွန်မတို့ ဟာ ဘယ်တော့မှ အနိုင်မခံဘူး ဆိုတာရှင်တွေ့ ရမယ် ၊ ကဲ အခုတော့ ပြန်သွား ၊ ကျွန်မစိတ်ပိုင်း ဖြတ်ပြီးပြီ ၊ ဒီကမ္ဘာမှာ ဘယ်သူမှ ကျွန်မစိတ်ကို စိတ်ပြောင်း အောင် မလုပ်နိုင်ဘူး မှတ် ”


ဟန်းသည် နှစ်မိနစ် သုံးမိနစ် ငြိမ်နေသည် ။


ဆရာဝန်နဲ့ ပြပြီးပြီလား ၊ ကုန်ကျစရိတ်တွေ ငါပေးပါ့မယ် ”


“ ကျွန်မတို့ တတွေဟာ ရွာရိုးလျှောက်ပြီး ကိုယ့်အရှက်ကိုယ် လည်ခွဲနေမယ် အောက်မေ့လို့ လား ၊ အားလုံး အမေ တာဝန်ယူမှာပါ ”


“ ဒါပေမယ့် တခုခု ဖြစ်လာယင်ရော ”


“ အိုး …. ရှင့်ကိစ္စရှင် စဉ်းစားပါလေ ”


ဟန်းသည် သက်ပြင်းချကာ ထိုင်ရာမှထသည် ။ သူပြန်သွားသည် ကို အဲနက်မျက်စိတဆုံး ကြည့်နေသည် ။ သူပြောသွားသည့် စကားတို့ အနက် အချို့ သည် သူ့ နှလုံးကို ရိုက်ခတ်စေသည်ကို ဒေါသထွက် လျက်ပင် အဲနက်သိလိုက်သည် ။ သူနှင့် ပတ်သက်လျှင် အလျင်က သည်လိုတခါမျှ မခံစားရဖူးချေ ။


“ ကျွန်မကို အားဖြည့်ပေးတော်မူပါ ဘုရားသခင် ” သူအော်လိုက်သည်။


ဟန်း ထွက်သွားသည့်အခါ သူတို့ `၏ခွေးသည် ဒေါသတကြီးလိုက် ၍ဟောင်သည် ။သည်ခွေးကို ယဉ်ပါးအောင် ပေါင်းသည် ။ သို့ သော်မရ ။ အကပ်မခံ ။ ပွတ်သပ်သည့်အခါ နောက်ဆုတ်ကာ ဒေါသတကြီး ဟိန်းဟောက်သည် ။ ယခုမူ ခွေးသည် သူ့ ဆီသို့  ထိုးဟောင်လာသည် တွင် စိတ်ထဲတွင်လည်း အလိုမကျ ဖြစ်နေသဖြင့် ပိတ်ကန်လိုက်သည် ။ ခွေးသည် ချုံထဲသို့  ယိုင်လဲသွားကာ တကိန်ကိန် အော်နေလေသည် ။


“ တိရစ္ဆာန်ကောင် ” အဲနက်အော်လိုက်သည် ။ “ လိမ်တာ ၊ ညာတာ ၊ လိမ်တာတွေ ”


တံခါးဘေးတွင် မှန်ချပ်ရှိသည် ။ အဲနက်သည် သူ့ ကိုယ်သူ မှန်ထဲကြည့်ကာ ပြုံးမိသည် ။ သို့ သော် အပြုံးသည် မဲ့ပြုံးဖြစ်သည် ။


မတ်လ ရောက်လာပြီ ။ ဆွိုက်ဆန်ရှိ တပ်ထဲတွင် လှုပ်လှုပ်ရှားရှား ဖြစ်နေကြသည် ။ စစ်ဆင်ရေးများ အပြင်းအထန် လေ့ကျင့်ရေးများ ရှိလာသည် ။ ကောလာဟလကားပြန့် နေပြီ ။ စစ်မျက်နှာတခုသို့ ထွက်ရမည်ဟုဆိုသည် ။ သို့ သော် စစ်သားလေးများမှာ ဘယ်သို့  ထွက်ရမည်ကို တပ်အပ်မသိ။ မှန်းဆရုံသာ မှန်းဆနိုင်သည် ။ တချို့  ကမူအင်္ဂလန်ကျွန်းကို တက်ရောက် သိမ်းပိုက်နိုင်ရန် အသင့်ပြင်နေကြည်ဟု ဆိုသည် ။ တချို့ ကမူ ဗော်လကန်ကျွန်းဆွယ် သို့ သွားရမည် ထင်သည် ။ တချို့ ကမူ .ယူကရိန်းသို့ ချီတက်ရမည် ဟု ဆိုသည် ။ ဟန်းတယောက်လည်း အလုပ်များနေသည် ။ ဒုတိယပတ် တနင်္ဂနွေရောက်တော့မှ လယ်တဲသို့ ထွက်လာနိုင်သည် ။ ထိုနေ့ ကား ရာသီဥတု အုံ့ မှိုင်းနေသည် ။ တောခြေသည် ခြောက်သွေ့ သွေ့ နှင့် သာသာယာယာ မရှိ ။


“ မင်းကိုး ” သူဝင်သွားသည့် အခါ ပဒမ်ပီရီယာက အော်သည် ။


“ တို့ ကတော့ သေပြီထင်နေတာ ”


“ မထွက်နိုင်ဘူး အမေ ၊ ကျွန်တော်တို့ တပ်က တနေ့ နေ့  ထွက်ရတော့မယ် ၊ ဘယ်တော့သွားရမယ် မသိဘူး ”


“ ဒီမနက်ပဲ မွေးတယ်ကွယ့် ၊ ယောက်ျားလေး ”


ဟန်း`၏ နှလုံးသည် တဒိန်းဒိန်း ခုန်သွားသည် ။ အဘွားကြီးကို လက်နှစ်ဘက်ဖြင့် သိမ်းကျုံးဖက်ကာ နမ်းလိုက်သည် ။


“ တနင်္ဂနွေသားလေးဗျ ၊ သိပ်ကံကောင်းတဲ့ သားလေးပဲ ၊ ရှမ်ပိန်ပုလင်း ဖွင့်ကြရအောင် ၊ အဲနက် ဘယ်လိုနေသေးလဲ ”


“ ကောင်းပါတယ် ၊ သိပ်ဗိုက်မနာလိုက်ရဘူး ၊ မနေ့ ကစပြီး ဗိုက်နာတယ် ၊ ဒီမနက် ငါးနာရီမှာ မွေးတာပဲ ”


အဘိုးကြီးသည် ဆေးတံကိုရှုကာ မီးဖိုနား ကပ်နိုင်သမျှ ကပ်ကာ ထိုင်နေသည် ။ ဟန်း`၏ ပျော်ရွင်နေပုံ ကို ကြည့်ကာပြုံးနေသည် ။


“ ပထမ ဆုံးသားဦးဆိုတော့ သူ့ အဖေ ဘယ်လိုနေမလဲ ” ဟန်းက ပြောလိုက်သည် ။


“ ဆံပင်မွေးကထူသနဲ့ မင်းလိုပဲကွယ့် ၊ ပြီးတော့ မျက်လုံးပြာပြာ လေးလဲ ပါသေးတယ် ၊ ဒါလောက် ချစ်စရာကောင်းတဲ့ ကလေးမျိုးမတွေ့  ဖူးသေးပါဘူးကွယ် ၊ သူ့အဖေ လိုနေမှာပဲ ”


“ အမယ်လေး ၀မ်းသာလိုက်တာ အမေရယ် ၊ ဒီလောကကြီးဟာ တယ်သာယာ ပါလားနော် ၊ အဲနက်ရော အမေ ၊ ကျွန်တော် အဲနက်ကို တွေ့ ချင်တယ် ”


“ မင်းကို တွေ့ ချင်ပါ့မလား မသိဘူး ၊ ခုနေ စိတ်မထိခိုက်စေနဲ့  ၊ နို့ မထွက်ပဲ နေဦးမယ် ”


“ ဟင့်အင်း .. ဟင့်အင်း ၊ ကျွန်တော် အတွက်တော့ စိတ်မထိခိုက်စေရပါဘူး ၊ ကျွန်တော့်ကို မတွေ့ ချင်လဲ ကိစ္စမရှိပါဘူး ၊ ဒါပေမယ့် ကျွန်တော် သားလေးကိုတော့ ခဏလောက် ကြည့်ပါရစေလားအမေ ”

“ အေး … ငါကြည့်ဦးမယ် ၊ ခေါ်လာခဲ့မယ်လေ ”


မဒမ်ပီရီယာ တယောက်ထွက်သွားကာ အပေါ်ထပ်သို့ တက်သွားသည့် ခြေသံကို ကြားရသည် ။ သို့ သော်ခပ်သုတ်သုတ် ပြေးဆင်းလာသည့် အသံကိုကြားရသည် ။ ထို့ နောက် အဘွားကြီးသည် မီးဖိုထဲသို့  ၀ုန်းကနဲ ပြေးဝင်သည် ။


“ အဲ့ဒီမှာလဲ မရှိဘူး ၊ သူ့ အခန်းထဲမှာ လဲမရှိဘူး ၊ ကလေးရော မရှိတော့ဘူး ”


ပီရီယာ နှင့် ဟန်းတို့ ကလည်း အလန့် တကြား အော်ကြသည် ။ သုံးယောက်သား ဘာလုပ်ရမှန်းမသိ ဖြစ်နေကြပြီးမှ ၀ုန်းဝုန်း ဒိုင်းဒိုင်း နှင့်ပင်အိမ်ပေါ်သို့  ပြေးတက်လာကြသည် ။ ဆောင်းရာသီမို့  အလင်း ရောင် စူးစူး ရှရှသည် အခန်းထဲထိုးဝင် နေသည် ။ သံခုတင် ၊ အပေါစားဗီရို တို့ ကို တွေ့ ရသည် ။ သို့ သော် အခန်းထဲတွင်ကား တယောက်မျှ မရှိ ။


“ ကောင်မလေး ….. ဘယ်မှာလဲ ” အဘွားကြီးကအော်သည် ။ ပြတင်းဖွင့်ကာ အဲနက် .. အဲနက် .. နင် ဘာအရှုးထတာလဲ ” ဟု သမီးနာမည် အော်ခေါ်သည် ။


“ ည့်ခန်းထဲမှာ ရှိမှာပဲ ”


အောက်ထပ်ပြေးဆင်းကာ အသုံးမပြုသည့် ည့်ခန်းထဲသို့ ပြေးဝင်ကြသည် ။ တံခါးဖွင့်လိုက်လျှင် လေအေးကြီးက သူတို့ မျက်နှာကို ၀င်မွေ့ သည် ။ စတိုခန်းတခုကို လည်းဖွင့်ရှာကြသည် ။


“ ထွက်သွားပြီ ၊ တခုခုတော့ ဖြစ်ပြီထင်တယ် ”



“ ဘယ်က ထွက်သွားနိုင်မှာတဲ့လဲ ” ဟန်းသည် စိုးရိမ်စိတ်ဖြင့် နောက်ကျုနေရာမှ မေးသည် ။


“ အိမ်ရှေ့ ပေါက်ကပေါ့ လူမိုက်ရဲ့  ”


ပီရီသည် အိမ်ရှေ့ သို့ ထွက်ကာ ကြည့်သည် ။


“ ဟုတ်တယ် ၊ မင်းတုပ်ပွင့်နေတယ် ”


“ ဘုရား .. ဘုရား ၊ ဘာအရှုး ထတာလဲ မသိ ၊ သင်းကို ငါသတ်ချင် လိုက်တာနော် ” အဘွားကြီး က မြည်တွန်တောက်တီး လုပ်နေသည် ။


“ လိုက်ရှာရမယ် ” ဟန်းက ပြောသည် ။ ထို့ နောက် မီးဖိုထဲသို့ သွားသည် ။ အဘိုးကြီး နှင့် အဘွားကြီး တို့ သူ့ နောက်သို့ လိုက်သွားကြသည် ။ “ ဘယ်သွားရမလဲ ”


“ စမ်းချောင်းဆီကို ” အဘွားကြီးက ခပ်လေးလေး ပြောလိုက်သည် ။


ဟန်းသည် ကျောက်တုံးလို တောင့်တင်းသွားကာ တုန်လှုပ်ထိတ်လန့် သွားသည် ။ အဘွားကြီး ကို ပြူးပြူး ပျာပျာ ကြည့်လိုက်သည်။


“ ငါ အသည်း ထိတ်လိုက်တာ ၊ အသည်းထိတ်လိုက်တာ ” အဘွားကြီးကအော်သည် ။

ဟန်းသည် ထွက်လိုက်ရန် တံခါးဖွင့်လိုက်သည် ။ ထိုအခိုက်မှာ ပင် အဲနက် ၀င်လာသည် ။ သူ့ ကိုယ်ပေါ်တွင် ဘာအ၀တ်မှ မကပ် ။ ည၀တ်အကျီ်ီင်္သာ ရှိသည် ။ ပန်းရောင် ရေယွန်စတွင် အပြာဖျော့ဖျော့ ပန်းပွင့် ကလေးများနှင့် အကျီသည် စိုရွဲနေသည် ။ အဲနက် တကိုယ်လုံးလည်း ရေစိုရွဲနေသည် ။ ဆံပင်မှာ ရေစက်လက်နှင့် ခေါင်းတွင်ကပ်ကာ ပခုံးထက်သို့ ကျလာသည် ။ တကိုယ်လုံး ဖြူဖပ်ဖြူရော် ဖြစ်နေသည် ။ မဒမ်ပီရီယာသည် သမီးဆီသို့  ပြေးသွားကာ ပွေ့ ဖက်ထားသည် ။


“ ဘယ်များ သွားလိုက်တာလဲ သမီးလေးရယ် ၊ တကိုယ်လုံး စိုရွဲလို့ ပါလား ၊ နင်ဘာအရှုးထတာလဲဟင် ”


သို့ သော်လည်း အဲနက်သည် မအေကြီးကို တွန်းထုတ်လိုက်ပြီး ဟန်းကို ကြည့်လိုက်သည် ။


“ ရှင်ဟာလေ …. ရှင် အချိန်ကောင်းမှ ရောက်လာတယ် ”


“ ကလေးရော ” မဒမ်ပီရီယာက အော်မေးသည် ။


“ တခါတည်း လုပ်မှ ဖြစ်မယ် ၊ စောင့်နေယင် သတ္တိရှိမှ ရှိပါ့မလား မသိဘူး ”


“ အဲနက် …. မင်း ဘာလုပ်ခဲ့သလဲဟင် ”



“ လုပ်စရာ ရှိတာ လုပ်ရတာပေါ့ ၊ သင်းကို စမ်းချောင်းထဲ ယူသွားပြီး သေသည်အထိ နှစ်ထားလိုက်တယ် ”


ဟန်းသည် ကျယ်ကျယ်လောင်လောင် အော်လိုက်သည် ။ တိရစ္ဆာန် တကောင်သည် သေလောက်အောင် ဒဏ်ရာရသဖြင့် အော်သည့်အတိုင်း ငယ်သံပါအောင် အော်လိုက်သည် ။ မျက်နှာကို လက်နှစ်ဘက်ဖြင့် ဖုံးကာ အရက်မူးသမားလို တံခါးမှ ဒယိမ်းဒယိုင် ထွက်သွားသည် ။ အဲနက်သည် ကုလားထိုင်တွင် ထိုင်ချလိုက်သည် ။ ထိုနောက် လက်သီးဆုပ် နှစ်ခုပေါ် တဖူးတင်ကာ ရှိုက်ကြီးတငင် ငိုလေသည် ။



0 comments:

Post a Comment