
စခန်းတနေရာ ( နောက်ဆုံးပိုင်း )
မစ္စတာ ၀ါဗာတန်က အဗတ်ကိုကြည့်ကာ ထောက်ခံရန် အသင့်ပြင်နေသည် ။ အဗတ်နှင့် စကားပြောသည့်အခါ ၀ါဗတန်`၏ လေသံမှုာ ညင်သာပျော့ပျောင်း သည်။ သူသည် မလေး စကားကို သွက်သွက်ပြောနိုင်သည်။ အရပ်သုံးစကားများ ၊ဥပစာစကားများ ကိုပါ ပြောတတ်နေပြီ ။ ၀ါဗာတန် အကျင့်တခုမှာ မျက်နှာဖြူ ဥရောပတိုက်သားတို့ နှင့်တွေ့  လျှင် လှောင်သလိုလို မခိုးမခန့် ပြုမူပြောဆိုတတ်ပြီး မလေးတို့ နှင့်တွေ့ လျှင် လိုက်လိုက် လျောလျော ဆက်ဆံတတ်သည်။ ကြင်နာမူ၊ စာနာမူ အပြည့်ဖြင့် ပေါင်းသင်းတတ်သည်။ ၀ါဗာတန်သည် သူ့ ကိုယ်သူ စူလတန် ( စော်ဘွားကြီး ) နေရာတွင် ရောက်နေသည်ဟု ထင်မှတ်နေသည် ။မိမိဂုဏ်သိက္ခာကို မည်သို့ စောင့်ထိန်းရမည်၊တချိန်တည်းမှာပင် သူ့ ကိုယ်ကိုကြောင့်ရွံ့ မနေအောင် မည်သို့ ဆက်ဆံရမည်ကိုလည်း သူနားလည်သည် ။
“ ဘယ်လိုလဲ ၊ ကြိုက်ရဲ့ လား “ ကူးပါးဘက်သို့ လှည့်ကာမေးသည် ။
“ ဟုတ်ကဲ့ ဖြစ်ပါလိမ့်မယ် ၊ ကျွန်တော်တွေ့ ဖူးတဲ့ မလေးတွေထက် တော့သာပါတယ် ၊ လူဆိုးလေး ဟုတ်ဟန်မတူပါ ဘူး ”
အဗတ်ကို ကူးပါးဆီမှာ အလုပ်ခန့် လိုက်ပြီဖြစ်ကြောင်း ၀ါဗာတန်က သူ`၏ ဦးလေးကိုပြောကာပြန်လွတ်လိုက်သည် ။
“ဒီလို သူငယ်လေးမျိုးရတာ ခင်ဗျား သိပ်ကံကောင်းတယ် ၊ သူတို့ က ဆွေကောင်း မျိုးကောင်းတွေ ၊ သူတို့ တတွေ မလက္ကာနယ်ကဒီကိုရောက်လာကြတာ နှစ်ပေါင်း တရာလောက်ရှိပြီ ” ကူးပါးကို သတင်းပေးသည်။
“ကျွန်တော့် ဖိနပ်တိုက်ပေးမယ် ၊ ကျွန်တော့်အရက်ခွက်ယူပေးမယ့် အခိုင်းအစေဟာ ဆွေကောင်းမျိုးကောင်းဖြစ်ဖို့ မလိုပါဘူး ၊ ဒါတွေအရေးမကြီးပါဘူး ၊ ကျွန်တော်ခိုင်းတာ တိတိကျကျလုပ်ရမယ် ၊ ဖျက်လတ်သွက်လက်ရမယ် ၊ ဒါပဲ ကျွန်တော်တောင်းဆိုမယ် ”
ဝါဗာတန်`၏် နှုတ်ခမ်း သည်အနည်းငယ် စူသွားသည် ။ သို့ သော် ဘာမျှ ပြန်မပြော တော့ပေ။
သို့ နှင့်သူတို့ နှစ်ယောက်သည် ညစာစားရန် အခန်းထဲသို့ ဝင်သွားကြသည် ။ ပထမတန်း စား ညစာမျိုးဖြစ်သည် ။ ထမင်းစားလို့ ကောင်းသည် ။ ၀ိုင်အရက်က လည်း ကောင်း သည် ။ သို့ ဖြစ်ရာ အရှိန်ကလေး ရလာပြီး စကားပြောလို့ ကောင်းလာသည် ။ လျှာသွက် အာသွက်ဖြစ်လာ သည် ။ အထေ့အငေါ့တွေမပါ ။ မထိတထိ ကလိတာတွေမပါ ။ နာလို ခံခက်စကားတွေမပါ ။ အတင်းစကားတွေမဆိုကြ ။ မိတ်ကောင်း ဆွေကောင်းတို့ ကဲ့သို့  ရယ်ရယ်မောမောပင် နှစ်လိုဖွယ်စကားတို့ ကိုဆို ကြသည်။
မစ္စတာ ၀ါဗာတန်သည် စည်းစိမ်ရှိရှိ နေတတ်သည် ။ သူ့ မှာအကျင့်တခု ရှိသည် ။ အထူးသဖြင့် တနင်္ဂနွေနေ့ ည ဆိုလျှင် သူသည် ခါတိုင်းထက်ပိုပြီး ဖွယ်ဖွယ်ရာရာ ချက် ပြုတ် စားသောက်တတ်သည်။ဝါဗာတန်သည် ဤသို့ တွေးမိသည် ။ ကူးပါးအပေါ် သူ`၏ပြုမူဆက်ဆံပုံသည် တရားမျှတ မူမရှိဟု ထင်မိသည် ။ ကူးပါးတယောက် လူကြီး လူကောင်း မဟုတ်သည်မှာမှန်သည်။ ယင်းမှာလည်း သူ့ အပြစ်ချည်းမဟုတ် ။ လူကြီး လူကောင်း ဖြစ်လာနိုင်သူတယောက် ဟူ၍ကားသူအသိအမှတ် ပြုသည် ။ သူဘက်က အားနည်း ချက်မှာ ကိုယ်နူတ်အမူအရာ မစောင့်စည်း နိုင်ခြင်းပင်ဖြစ်သည် ။ တဘက်တွင် မူကူးပါးသည် အလုပ်လုပ်ရာ ၌တာဝန်ကျေသည် ။ တာဝန်သိသည် ။ မြန်ဆန်သည် ။ သေချာသည် ။
သို့ နှင့် ထမင်းစားပြီး အချိုပွဲ ကလေးစားရန် အချိန်တွင်မူ မစ္စတာ ၀ါဗာတ
န် သည် လောက ကြီးတခုလုံး အပေါ် သဘောထား ပြည့်ပြည့်၀၀ထား ရှိစပြုလာသည် ။ ပတ်ဝန်းကျင် တခု လုံး ကိုအကျေနပ်ကြီး ကျေနပ်နေချိန် ဖြစ်သည် ။
“ ဒီရောက်လာပြီး နောက် ဒီနေ့ ဟာ ခင်ဗျားအဖို့  ပထမ ဆုံးတနင်္ဂနွေ နေ့ ပဲနော် ၊ အခု ကျုပ်မှာ အထူးစပယ်ရှယ် ၀ိုင်အရက် ကောင်းကောင်း ရှိတယ် ၊ ခင်ဗျားကို တိုက်မယ် ၊ ကျုပ်ဆီမှာ ပုလင်း နှစ်ဒါဇင်လောက်ပဲ သိမ်းထားတာ ကျန်တော့တယ် ၊ အဲဒီဝိုင်ကိုလဲ ထူးခြားတဲ့  အခမ်းအနားတွေအတွက် သိမ်းထားတာ ”
သူ့ စားပွဲထိုးကလေး ကိုစေခိုင်းလိုက်လျှင် ၀ိုင်အရက်ပုလင်းယူကာ ရောက်လာသည် ။ စားပွဲထိုးလေး ပုလင်းဖွင့်နေသည်ကို ၀ါဗာတန် ဂရုစိုက်ကြည့်နေသည် ။
“ ဒီဝိုင်ကို ကျုပ်မိတ်ဆွေဟောင်း ကြီး ချားဟော်လင်လန်က လက်ဆောင်ပေးတာ ၊ သူ့ ဆီမှုာ သိမ်းဆည်းထားတာက အနှစ်လေးဆယ် ရှိပြီတဲ့  ၊ ကျုပ်ဆီမှာကလည်း တော်တော် လေး ကြာနေပြီ ၊ အင်္ဂလန်ပြည်မှာ တော့သူ့ ဝိုင်အရက် လှေုာင်ခန်းဟာ အကောင်းဆုံး ပဲ လို့ ကျော်ကြားတာပဲ ၊ တကယ့်နှစ်ချို့ ဝိုင်တွေရှိတယ်လေ”
“သူက၀ိုင်အရက် ကုန်သည်လား ”
“ မဟုတ်ဘူး ဆိုပါတော့ “ ၀ါဗာတန်`၏ မျက်ဲနှာမှာ ပြုံးနေသည် ။ “ကျုပ်ပြောတာက ရိ ရဲ တိုက်က လော့ဟော်လင်တန်ဗျ ၊ အင်္ဂလန်မှာတော့ အချမ်းသာဆုံး မူးမတ်မျိုးထဲမှာ တ ယောက် အပါအ၀င်ပေါ့ ၊ ကျုပ်မိတ်ဆွေဟောင်းကြီး ပါ ၊ အီတန်မှာတုန်းက သူ့ အစ်ကိုနဲ့ ကျုပ်နဲ့ ကကျောင်းနေဘက် အတန်းတူပဲ ”
.ယခုလို အခွင့်အရေးမျိုးကို ၀ါဗာတန် လက်လွတ်မခံနိုင် ။ ဆွေကြီး မျိုးကြီးအကြောင်း မပြော ဘဲ မနေနိုင် ။ အဆိုပါ လော့တယောက်နှင့် ဘယ်သို့  အမှတ်မထင် ကြုံခဲ့ ရပုံ ဇာတ် ကြောင်း လေးကိုပါ သူပြောပြလေ့ ရှိသည် ။ လိုရင်းမှာ သူသည် လော့တယောက်နှင့် သိကျွမ်းသည်ဟူ၍ ပင်ဖြစ်သည် ။
ယခု.ယူလာသည့် ၀ိုင်အရက်သည် တကယ်ပင်ကောင်းသည်။ ၀ါဗာတန်သည် တခွက် သောက်ပြီး ဒုတိယတခွက်ထပ်သောက်သည် ။ ထိုအခါ သတိတရားတွေ လက်လွတ် ဖြစ်လာသည် ။ ဥရောပတိုက်သား မျက်နှာဖြူတယောက်နှင့် စကားမပြောရသည်မှာ ကာလ အတန်ကြာခဲ့ ပြီ ။ .ယခုလို ကြုံကြိုက်သည့် အခါ ၀ါဗာတန်သည် တွေ့ ခဲ့ ကြုံခဲ့ တာတွေ ၊ ဇတ်လမ်းတွေ ၊ အဖြစ်သနစ်စုံတွေကို ရေလွတ်ကရား ပြောလေတော့သည် ။ သူသည် ကြီးကျယ်မြင့်မြတ်သူတွေ နှင့် ပေါင်းသင်းခဲ့သူဖြစ်သည်ကို ထုတ်ဖော်ပြောဆို သည်။
သူပြောသည်တို့ ကို ကြားရသည့်အခါ ဟိုတချိန် တခါတုံးက၀န်ကြီးဌာနတွေ တည်ထောင် ပြီး မူဝါဒတွေ ချမှတ်ဆောင်ရွက်ခဲ့သည်မှာ မြို့ စားကတော်တယောက်အား သူကအကြံပြု တင်ပြ ဆွေးနွေး ထောက်ခံ ခဲ့သဖြင့်သာ အလုံးစုံပြီးမြောက်အောင်မြင်ခြင်းဖြစ်သည်ဟု မှတ်ထင် ရမလို ဖြစ်လာသည် ။ သို့ တည်းမဟုတ် ညစာစားပွဲ တခုတွင် ဘုရင်မင်းမြတ် `၏ မင်းကြီးသက်တော်ရှည်တပါးကို သူပြောပြလိုက်သဖြင့် အမူကိစ္စအ၀၀ အောင်မြင်စွာ ပြီးမြောက်ရခြင်းဟု မှတ်ထင်ရန်သာရှိလေသည် ။ .ယခုမူဝါဗာတန်`၏ညစာစားပွဲတွင် ဟို တုန်း က အက်စကော့မြင်းပွဲတွင် ပျော်ပျော်ပါးပါး သွားကာလောင်းကစားခဲ့ကြပုံ ၊ ဂွတ်ဒ၀ု တွင် အမဲပစ်ခဲ့ပုံ ၊ ဆောက်သင်ပတန် ကမ်းခြေနှင့်မနီးမဝေး ရှိ ကောင်းကျွန်းကလေး တွင် လှေလှော်ရွက်တိုက်ခဲ့ကြပုံ တို့ သည် အရိပ်လာထင်သည် ။ ငယ်ငယ်က အကြောင်း ကောင်း တွေ ကို ပြောလို့ မဆုံးရှိနေသည် ။ ၀ါဗာတန်သည် ၀ိုင်တခွက် နောက်ထပ် သောက်ပြန်သည်။ ထိုအခါ ယော့ရှိုင်းယား အိမ်တော်တွင် ကျင်းပသည့် ဥယျာဉ်ပွဲများ ၊ စကော့တလန် ရဲတိုက်တွင်ကျင်းပသည့် ညစာစားပွဲ များကို တသသ အောက်မေ့ယင်း ပြောပြလေသည် ။ ငယ်စဉ်ကမူ ထိုပွဲများကို တနှစ်တခါ မှန်မှန်ရောက်သည်ဟု ဆိုလေ သည် ။
“ ကျုပ်မှာ ဖိုမန်လို့ ခေါ်တဲ့ အစေအပါးတယောက် ရှိတယ် ၊ သူကကျုပ်ကို သတိပေး စကား တခု ပြောတယ် ၊ ဒီလိုလေ ၊ မြို့ စားကြီးတွေဖိတ်ကျွေးတဲ့ ပါတီ်ပွဲများကို ကျုပ်တို့ သွားတဲ့အခါ အိမ်တော်ထဲ ၀င်ပြီးနောက် အိမ်တော်ဝန် နေရာချပေးတဲ့အခန်းမှာ စောင့်နေ ကြ ရတယ် ၊ အိမ်တော်ထဲမ၀င်ရသေးဘူး ၊ အဲဒီအခါမှာ မြို့ စားကတော်ကြီးတွေနဲ့  ပါလာ တဲ့ အပျိုတော်တွေနဲ့ ၊ မြို့ စားကြီးတွေနဲ့  ပါလာတဲ့  လူပျိုတော်သားတွေဟာ သူတို့ သခင် တွေရဲ့  ရာထူးကြီးစဉ် ငယ်လိုက်အတိုင်း နေရာယူပြီး စောင့်နေကြရတယ် ။
“ ဖိုမန်ကပြောတယ် ၊ ပါတီတွေ တခုပြီးတခု တက်နေရတာ မကောင်းဘူး ၊ အတက်ချင် တော့ ဘူးတဲ့ ၊ မူးမတ်တွေ ၊ ဘွဲ့ ထူးဂုဏ်ထူးရှင်တွေအကြားမှာ သာမတ်အရပ်သားဆိုလို့  ကျုပ်တို့ ဆရာတပည့်နှစ်ယောက်ပဲ ရှိတယ် ၊ အဲဒီတော့ ထမင်းစားပွဲမှာ ဆိုယင်စားပွဲအစွန် ရောက်သွားရော၊ ဟင်းလျာခဲဖွယ်ေ၇ာက်လာပြီဆိုရင် ရာထူးအလိုက်ထိပ်ကစပြီး တတုံးစီ တဖက်စီ ယူလိုက်ကြတာ ကျုပ်တို့ ဆရာတပည့်ဆီလည်းရောက်ရော အရိုးပဲကျန်တော့ တယ်တဲ့ ။
“ အဲ့ဒီဖိုမန်စိတ်ကုန်ရတဲ့အကြောင်းပဲ ၊ ဒီအကြောင်းကို ဟားဖို့ မြို့ စားကြီးကို ကျုပ်က ပြောပြတော့ သဘောကျလွန်းလို့ ဟားတိုက်ရယ်တော့တာပဲ ၊ ပြီးတော့ သူကဘုရား သခင်က စောင်မလို့ များ ကျုပ်ဟာ အင်္ဂလန်ပြည့်ရှင် ဘုရင်းမင်းမြတ် ဖြစ်မယ်ဆိုယင် ခင်ဗျားကိုဗိုင်းကောင့်မြို့ စားဘွဲ့ ပေးမယ် ၊ ဒါမှခင်ဗျားတပည့် ဟင်းကောင်းကောင်း စားရမယ်မဟုတ်လားတဲ့ ၊ ဒီတော့ကျုပ်က ဖိုမန်ကို မြို့ စားကြီးပဲချီးမြှောက်ပါခင်ဗျား ၊ သူဟာဖြင့်လက်ပါးစေတွေထဲမှာ အတော်ဆုံး၊ အရှင့်အလိုတော်ကို အသိဆုံးလူပါပဲလို့ ပြောလိုက်တယ် ၊ ဒီတော့ ဟားဖို့ မြိုးစားကြီးက ဒီလို တဲ့လား ၀ါဗာတန် ၊ ကောင်းပြီလေ ၊ ဖိုမန်ကိုကျုပ်ဆီလွတ်လိုက်ပေါ့ တဲ့”
ထို့ နောက် မစ္စတာဝါဗျာတန်သည် မွန်တီကာလိုသို့ သွားကာ ကက်စီနိုများ ၌ကြွေအန် ကစားကြသည့်အကြာင်းကို စီကာပတ်ကုံးပြောလေသည်။ သူနှင့်အတူ မဟာမြို့ စားကြီး ဂရင်းဂျုဖီယိုဒိုလည်း ပါသည်။့ မြို့ စားကြီးနှင့် ၀ါဗာတန်မှာ စပ်တူကစားကြသူများ ဖြစ် သည်။ တညနေခင်းတွင် ဒိုင်ရုံးကားဝိုင်းသိမ်းလိုက်ရသည် ။ သူတို့ က တ၀ိုင်းလုံး သိမ်းကျုံး နိုင်လိုက်သည် ။ ဒိုင်မှာ အလျော်ပေးစရာ တပြားမှမကျန်တော့ပေ။
ထို့ နောက် ချက်ကိုစလိုဗေးကီးယား ပြည်ရေပူစမ်းအပန်းဖြေမြို့ ဖြစ်သည့် မာရီယင်ဗက်မြို့ က ကက်စီနိုတွင် ဗာကရက်ဖဲ ကစားကြသည်။
“ ဒီတုန်းကအက်ဒ၀ပ်က အင်္ဂလန်ပြည့်ရှင် မဖြစ်သေးဘူး ၊ ဝေလမင်းသားကြီး ဘ၀ပဲ ရှိ သေးတယ် ၊ သူပြောတာမှတ်မိသေးတယ် ၊ သူကဂျော့ရေ ၊ ခင်ဗျားတော့ ငါးဖဲကိုင် တာ မှားပြီနဲ့ တူတယ်၊ ခင်ဗျားဖြူပြာခါတော့ မှာပဲတဲ့ ၊ သူပြောတာမှန်တယ် ၊ သူ့ တသက်နဲ့ တကိုယ် သူပြောတဲ့စကားတွေထဲက ဒီစကားတခွန်းပဲ မှန်ဖူးတယ်လို့ ထင်မိ တယ် ၊ အက်ဒ၀ပ်ဆိုတာ တကယ်လူပဲ ၊ လူတော်တယောက်ပဲ ၊ ဥရောပ တိုက်မှာတော့ ပြိုင်စံ ရှားတဲ့ သံခင်းတမန်ခင်းပါရဂူပဲလို့ ကျုပ်အမြဲပြောတယ် ၊ ဒီတုန်းကကျုပ်ကလဲ ငယ်ငယ်ရွယ်ရွယ်ဆိုတော့ ထင်မိထင်ရာ လုပ်တတ်တာလား ၊ သူ့ စကားနားမထောင်မိဘူး ၊ သူ့ စကားသာ နားထောင်မိယင် ငါးဖဲနဲ့ လဲမကစားဘူး ၊ ပြီးတော့ကျုပ်လဲ ဟောဒီလို ဗိုလ်ညို ကျွန်းရောက်လာဖို့ အကြောင်းမမြင်ဘူး”
ကူးပါးသည် သူ့ ကို စောင့်ကြည့်နေ သည်။သူ့မျက်လုံးညို တစုံသည်တင်းမာ ခက်ထန် လာ သည်။ ၀င်းဝင်းတောက်အရောင်လက်နေသည်။ နှုတ်ခမ်းပေါ်တွင် မဲ့ပြုံး လှောင်ပြုံးတခု ယှက်သန်းလာသည် ။ ကွာလာဆိုလိုတွင် ရှိနေစဉ်ဝါဗာတန်အကြာင်းကို တော်တော်များ များ သိခဲ့သည်။ သူ့ ခရိုင်ကို နိုင်နိုင်နင်းနင်း အုပ်ချုပ်နိုင်သည် ။ သူ့ ပိုင်နက်တွင် နေရာအနှံ အပြားသို့ သူရောက်သည်။ အဆိုးလှဟု သူတို့ ကကောက်ချက် ချကြသည် ။ ယခုမူ ဘယ်လို လူစားမျိုးနှင့်လာတွေ့ နေရသလဲ ၊ သူနားမလည် ၊ တော်တော် လေလုံး ထွားတဲ့ လူပဲ ။ လေဖင်ခေါင်းကလဲကျယ်သေးတယ် ။ မျက်နှာကြီးတွေ အကြောင်း ပြော လိုက်ရ တာ အမော။
သူတို့ အားလုံးကမူ ၀ါဗာတန်ကို လှောင်ပြောင်ရယ်မောကြသည်။ သို့ သော်ချစ်ခင်စိတ် ဖြင့်လှောင်ပြောင်ခြင်းသာဖြစ်သည်။ သူ့ လိုအကျွေးအမွေးကောင်းသူ ၊ သဘောကောင်းသူ ၊ ကြင်နာတတ်သူတယောက်ကို မချစ်ခင် မနှစ်သက်သူမရှိနိုင်။
မာရီယင်ဗက် ကက်စီနိုတွင် ဝေလမင်းသားနှင့် ဗာကရက်ကစားကြသည့် အကြောင်းကို အလျင်က ကူးပါးကြားဖူးနေပြီ ။ သို့ တိုင်အောင်ယခုသူပြောနေသည့်အခါ ကူးပါးသည် နားထောင်နေခဲ့သည် ။ တွေ့ စကတည်းကပင် ကူးပါးသည် သူ့ အုပ်ချုပ်ရေးမူး`၏ အမူ အရာ တို့ ကိုမနှစ်သက်ခဲ့ ပေ။ ကူးပါးသည် ဆတ်ဆတ်ထိမခံသူဖြစ်သည်။ ၀ါဗာတန်က သူ့ ကိုသာသာနှင့် နာနာနှက်သည်။ ယဉ်ယဉ်ကျေးကျေးပင် နားကျည်းအောင်ခနဲ့ သည်။ သူ့ မှာအောင့်သက်သက်ခံရသည် ။ သူမနှစ်သက်သည့်စကား ကြားရပြီဆိုလျှင် ၀ါဗာတန် သည် ဘယ်သို့မျှ ပြန်မပြောပဲ အကြာကြီး ဆိုင်းနေတတ်သည်။
ကူးပါးသည် အင်္ဂလန်ပြည်တွင် ကြာကြာမနေဖူးခဲ့ပေ။ အင်္ဂလိပ်လူမျိုးဆိုလျှင် မချစ်မနှစ် သက်စိတ် အလိုလိုဖြစ်ပေါ်နေသူဖြစ်သည်။ အီတန်တို့ လိုအမျိုးကောင်းသားတို့ု့ `၏ ကျောင်း တော်ကြီးမှ ထွက်လာသူတွေကို သူမုန်းသည်။ သူတို့ သည်သူ့ အပေါ်အမြဲလိုလို သြဇာပေးသည်သာများသည်။ သူ တို့ သည်သူများတကာနှင့် ယှဉ်လိုက် သည့်အခါ သူတို့ အပေါ် ကြောမသွားအောင် အမြဲလိုလို ဂိုက်ပေးတတ်သည်။ သူတို့ သာ ထိပ်ဆုံးက နေချင်သည်။ သူတို့ သာအသိဆုံး အတက်ဆုံးဟု သွေးနားထင် ရောက်နေ ကြသည်။
“ အင်းလေ ၊ ဘာပဲဖြစ်ဖြစ် စစ်ဖြစ်လိုက်တာ ကောင်းတယ် ၊ မင်းညီမင်းသား မူးမတ်နွယ် လူ့ အလွှာ ရဲ့ တန်ခိုးအာဏာတွေကို ချေဖျက်လိုက်တာပဲ ၊ ဗိုးဝါးစစ်နဲ့ စတယ် ၊ ၁၉၁၄ ပထမကမ္ဘာစစ်ကြီးနဲ့  အဆုံးသတ်တယ် ” ကူးပါးက သူထင်မြင်ချက်ကို ပြောပြသည်။
“ အင်္ဂလိပ် ဆွေကြီးမျိုးကြီးတွေရဲ့  ရွှေဘုန်းတော်တေဇောခေတ်ကတော့ ကုန်ဆုံးသွားပါပြီ ” ၀ါဗာတန်`၏ လေသံသည် ဇာတ်သံပါသည်။ တကယ်ပင် ၀မ်းနည်းလွမ်းဆွတ်နေဟန် တူသည် ။ ပြင်သစ်ပြည့်ရှင် လူဝီ ၁၅ `၏ လက်ထက်တော်ကြီး ကိုမီခဲ့ သည့် အင်္ဂလန်ရောက် ပြင်သစ်နန်းတွင်းသား တယောက်`၏ လေသံမျိုးဖြင့် ပြောနေခြင်း ဖြစ်သည် ။ “ အလျင်ကလို ခမ်းနားတဲ့  နန်းတော်ကြီး တွေမှာ နေခဲ့ တဲ့ ဘ၀မျိုးနေလို့ မရတော့ဘူး ၊ ရွှေနန်းတော်ကြီးမှာ ကျွေးလိုက်တဲ့ ၊ မွေးလိုက်တဲ့ ပွဲကြီးတွေ ၊ ဆင်ယင်ကျင်းပလိုက် .ဟဲ့ ဆိုတာတွေဟာ ရှေးဖြစ်ဟောင်း အောက်မေ့ ဖွယ်အဖြစ်သာ ကျန်ခဲ့ တော့မှာပဲ ”
“ အဲ့ ဒါပဲ ကောင်းတယ်လို့ ကျွန်တော်သဘောရတယ် ”
“ ဒီမှာ ကူးပါး ၊ ဂရိတွေရဲ့  ရွှေခောတ်မှာ ရွှေဘုန်း နေနှုန်း တေဇောဆိုတာတွေ ၊ ရောမခောတ်ရဲ့  ဘုန်းမီးနေလ တောက်ပခဲ့ တာတွေကို ခင်ဗျား ကဘာများသိလို့ လဲ ”
မစ္စတာ ၀ါဗာတန်သည် အတိတ်ကို ပြန်လည်အောက်မေ့တသဟန်ဖြင့် တွေဝေငေးမော နေသည် ။ မျက်လုံးအစုံမှာ ရီဝေနေသည်။ အိမ်မက်တွင့်မိန်းမောနေသည်ထင်ရသည် ။
“ အိုး …. ကျွန်တော်တော့ အဲဒီမူးတွေ မတ်တွေ သူကောင်းမျိုးတွေ ကိုသိပ်စိတ်ကုန်တာပဲ ၊ အဲဒါတွေနဲ့  အရေမရ အဖတ်မရ နေလာရတာကြာပြီ ၊ ကျွန်တော်တို့ လိုချင်တာက ကုန် သည် တွေ ဦးစီးတဲ့ ကုန်သည်အစိုးရပဲ ၊ ကျွန်တော်ကိုလက်အောက် ခံ ကိုလိုနီ တခုမှာ မွေးတယ် ၊ ကျွန်တော်ငယ်ငယ်က ကိုလိုနီတွေမှုာလှည့်လည်ကြီးပြင်းခဲ့ ရတယ် ဆိုရင် မမှားဘူး၊ လော့တွေ ၊ ကောင့်တွေ ၊ ဂျုတွေကကျွန်တော်နဲ့ မဆိုင်ဘူး ၊ အင်္ဂလိပ်တွေကို ဒုက္ခပေးနေတာတခုက မျက်နှာကြီးလွှာကို ပလူးချင်တဲ့ စိတ်ပဲဗျ ၊ သူကောင်းမျိုးမှ အထင် ကြီးတာတွေ ၊ မှူးမျိုး သူကောင်း မတ်နွယ်တွေကို မှ ပေါင်းသင်းချင်တာတွေ ၊ သူတို့ နဲ့ ပေါင်းမှ ဂုဏ်ရှိတယ်ထင်တာတွေ ၊ အဲဒါဟာ မဟာအမှားတော်ပုံပဲ ၊ မျက်နှာကြီး လိုက်တဲ့ လူတွေပဲဗျာ ”
မစ္စတာ ၀ါဗာတန်`၏ မျက်နှာသည် မည်းသွားသည်။ မျက်လုံးအစုံမှာ မီးဝင်းဝင်း တောက် လာသည် ။ ဒေါသကြောင့်နီရဲလာသည် ။ သူ့ ဘ၀တလျောက်လုံးတွင် သည်စကားလုံး က သူ့ ကိုနှိပ်စက်လာခဲ့ သည်။ မဟုတ်လား ။ သူငယ်စဉ်က မြို့ စားကတော်ကြီးများနှင့် ပေါင်း သင်း ခဲ့ဗူးသည်။ သူတို့ နှင့် ပေါင်းသင်းရသည်မှာ ဂုဏ်တက်စရာ ကောင်းသည်ဟု ၀ါဗာ တန်ခံယူသည် ။ ဤသည်ကို မြို့ စားကတော်တို့  သိပါသည်။ သို့ တိုင်အောင် ထိုမြို့ စားကတော်တို့ သည် တခါတရံ သူကိုအရော တ၀င်မလုပ်ချင်ကြ ။ ရှောင်ဖယ်ဖယ် လုပ်ကြ သည် ။ ထိုအခါ ၀ါဗာတန်`၏ ပါးစပ်ဖျားတွင် ပြောချင်ဆိုချင်တာတွေ ၊ စိတ်နာချင် သလို စကားတွေ ခုန်ပေါက်လာကြသည်။
သူ့ အပေါ် မလိုတမာ စိတ်ထား ကြသူတွေရှိမှန်း သူသိသည်။ ဣဿာ မစ္ဆရိယ စိတ် မွေးကြသူတွေရှိမှန်း သူသိသည် ။ မသိလို့ လည်းမဖြစ် ။ထိုစကားထိုသဘောထားတို့ သည် သူ့ နားသို့ အလိုလို ရောက်လာကြသည်။ သူ့ တို့သူ့ ကို“ မျက်နှာကြီးလိုက်သူဟု ”ခေါ်ကြသည် ။ မတရား ။ နည်းနည်းလေးမျှ မတရားဟုသူထင်သည် ။ လောကကြီးတွင် အထက်ကို ပင့်ပြီး အောက်ကို ဖိတာလောက်ဆိုး တာမရှိသည် ကို သူသိသည် ။မျက်နှာကြီး လိုက်သည်ဆိုသည်မှာလည်း ဤသဘောမျိုးပင်ဖြစ်သည်။ခပ်ရိုင်းရိုင်းပြော ကြလျှင် ဒီကောင် သိပ်လေဖင်ခေါင်းကျယ်သည်ဟု ကင်ပွန်းတတ်ကြသည်။ ဤစကားလုံး သည် အလွန် မနှစ်မြို့ စရာကောင်းသည့်စကားလုံးဖြစ်သည်။ တကယ်တော့သူသည် ဘ၀ တူချင်းနှင့်သာ ပေါင်းသင်းချင်သူဖြစ်သည်။သူတို့ နှင့်ပေါင်းသင်းဆက်ဆံရသည့် အခါ စိတ်ချမ်းသာသည်။ ပျော်သည်။
ဒါနဲ့ တောင် ဘယ်မအေပေးက ငါ့ကိုမျက်နှာကြီး လိုက်သူလို့ ပြောချင်ရတာလဲ ။ ဒီကောင်တွေလဲ ဒီပုတ်ထဲက ဒီပဲတွေပဲ မဟုတ်လား။
“ ခင်ဗျားပြောတာ ကျုပ်သဘောတူ ပါတယ်၊ မျက်နှာကြီးလိုက် တဲ့သူဆိုတာ တခြားတယောက်ကို နှစ်သက်အားကျတယ် ၊ ဒါမှမဟုတ်ရှုတ်ချတယ်၊ အကြောင်းက တခြားလူဟာ လူမှုဆက်ဆံရေးအလွှာမှာ သူ့ ထက်မြင့်တဲ့နေရာရောက်နေလို့ ပဲ ၊ ဟုတ်တယ် ၊ ကျုပ်တို့ အင်္ဂလိပ်လူလတ်တန်းစား အလွှာရဲ့ ရွံမုန်းစရာ အကောင်းဆုံး ချွတ်ယွင်းချို့ တဲ့ချက် တခုဟာ အဲဒါပဲ ” ၀ါဗာတန်က ထောက် ခံသည်။
ကူးပါးသည် ကျေနပ်အားရသဘောကျနေသည်။ ထိုအမူအရာကို အရောင်တ ဖြတ်ဖြတ် လက်နေသည့် သူမျက်လုံးတွင် တွေ့ နေရသည်။ သို့ သော်သူသည်သတိရှိသည်။ သူ့ အပြုံးကို ၀ါဗာတန်သတိမထားမိအောင် ပါးစပ်ပေါ် လက်တင်ထားလိုက်သည်။ ထိုအခါမှ တလက်လူကို သတိပေးသလိုဖြစ်လာသည်။ ၀ါဗာတန်လက်များသည် တဆတ်ဆတ် တုန်လာသည်။
သူ့ အထက်လူကြီးကို စိတ်ကွက်အောင် အကြီးအကျယ် ပြစ်မှားမိလေပြီဟု ကူးပါး သတိ မထားမိ ။ ဘယ်တော့မှလည်း သိနားလည်မည်မဟုတ် ။ ကိုယ်တိုင်က ဆတ်ဆတ်ထိမခံ သူ ဖြစ်ပါလျက်နှင့် သူပြောလိုက်သည့် စကားသည် တဘက်သား စိတ်တွင် ဘယ်မျှ ထိခိုက်သွားသည်ကို သူမစဉ်းစားမိသည်မှာအံ့သြေစရာကောင်းသည်။
သူတို့ နှစ်ယောက်မှာ လုပ်ငန်းသဘောအရ နေ့ လယ်ပိုင်းတွင် မကြာခဏ တွေ့ ဆုံကြရ သည်။ ညနေပိုင်းတွင်မူ ၀ါဗာတန်`၏ အိမ်ဝရန်တာ၌ အရက်သောက်ရန် ဆုံကြ သည်။ ဤသည်မှာ အလေ့အထတခုလို ဖြစ်နေပြီ ။ သို့ ဖြစ်ရာ ၀ါဗာတန် သည်ထို ထုံးစံကိုဘာအ ကြောင်း ကြောင့်မျှ မဖျက် ။ ညနေ ၆ နာရီထိုးလျှင် ၀ရန်တာသို့ ထွက်ကာအရက်သောက် သည်။ ကူးပါးလည်းလာသည်။ သို့ သော်ညစာကိုမူတကွဲတပြားစီစားကြသည်။ ကူးပါး သည်သူ့ ဗိုလ်ရုံသို့ ပြန်ကာစားသည်။ ၀ါဗာတန်ကသူ့ အိမ်မှာပင်စားသည်။ ရုံးဆင်းလျှင် မှောင်ရီပျိုး သည်အထိလမ်းလျှောက်ကြသည်။ သို့ သော် တယောက်နှင့်တယောက် မတွေ့ အောင်ရှောင်သည်။ လမ်းလျှောက်ရန်လမ်းမှာ များများစားစား မရှိ ။ တောလမ်းများသည် ရွာပိုင်စိုက်ခင်းများနှင့် တဆက်တည်းလိုလိုဖြစ်နေသည်။ကူးပါးသည်ခြေလှမ်းစိပ်စိပ်ဖြင့် အေးအေးလူလူ လျှောက်တတ်သည်။ သူ့ ကို ရိပ်ကနဲမြင်လိုက်လျှင် ၀ါဗာတန်သည် နောက် ကြောင်း ပြန်လှည့်သည်။
ကူးပါးသည်ကိုယ်နှုတ်အမူအရာကိုမစောင့်စည်းနိုင်။ သူလုပ်တာ ၊ သူပြောတာ ၊ သူတွေးတာမှန်သည်ဟု သာမြင်သည် ။ သူ့ အဆုံးအဖြတ်သာမှန်သည်ဟု ယူဆသည်။ သူ့ ကိုယ်သူ အထင်ကြီးသည်။ သူတပါး အပေါ် သည်းမခံနိုင် ။ စိတ်မရှည် ။ သို့ ဖြစ်ရာ ၀ါဗာတန်`၏ အပြုအမူ ကိုတွေ့ ရလျှင် သူလည်းစိတ်တိုလာသည်။ ဒေါသဖြစ်လာသည်။ အောင့်သက်သက်ဖြစ်မိသည်။ သို့ သော်ဘယ်သို့ မျှအချင်းမပွားမိကြသေးပဲ သုံးလေး လ အထိ သည်အတိုင်းစခန်းသွားနေကြသည်။ ထို့ နောက်မကြာမီမှာပင် အဖြစ်အပျက်တခု ပေါ်လာသည်။ ထိုအခါ ၀ါဗာတန်သည် ကူးပါးအပေါ် ခါးခါးသီးသီး မုန်တီးစိတ်ဖြစ် လာ သည်။ မူလက မနှစ်သက်စိတ်သည် အမုန်းနိဂုံးသတ်ဖို့ ကြုံလာသည်။
ဝါဗာတန်သည် မြစ်ညာသို့ ခရီးထွက်ဖို့ ကြုံလာသည်။ သူ့ ရုံးနှင့်အုပ်ချုပ်ရေး လုပ်းငန်းများ ကို ကူးပါးအား လွဲထားခဲ့ရမည်ဖြစ်သည်။ ကူးပါးသည်မျက်နှာလွဲလို့ ရသည့်ပုဂ္ဂိုလ်ဟု ယုံ ကြည်သည်။ သို့ သော်စိတ်မချနိုင်စရာ အကြောင်းတခုတော့ ရှိသည်။ ယင်းမှာ ကူးပါး တွင်ခွင့်လွတ်တတ်သည့်စိတ်မရှိခြင်းပင်ဖြစ်သည်။ ကူးပါးသည်ရိုးသားသည်။ တရားမျှ တအောင်စီရင်တတ်သည်။ အလုပ်တွင်ဇွဲနပဲကြီးသည် ။ သို့ သော်လည်းတိုင်းရင်း သားတို့ အပေါ်တွင် စာနာစိတ် ၊ ကြင်နာစိတ်မရှိ ၊ကူးပါးသည် ကိုယ့်ပေါင်ကိုယ်ထောင်းသည့်အခါ မနာအောင် ထောင်းတတ်သည့်လူမျိုးဖြစ်သည်ဟုဝါဗာတန်ယူဆသည်။ သူ့ ကိုယ်သူ ကျန် အရာ ရှိတွေနှင့်အတူတူပါဟုယူဆသည်။ ကျန်လူအားလုံးကို သူ့ လက်အောက်ငယ်သား လို သဘောထားသည်။ ဤ အမူအကျင့်ကို ၀ါဗာတန် မနှစ်မြို့နိုင်ခြင်းပင် ဖြစ်သည်။ ကူးပါးကိုင်တွယ်ပုံမှာ ကြမ်းတမ်းးသည်။ တင်းမာသည်။ မလေးတိုင်း ရင်းသား တို့ အပေါ်စိတ်မရှည်။ သည်းမခံနိုင်။ တခါတရံသူသည် ကြီးနိုင်ငယ်ညှင်းလုပ်တတ်သည်။ မလေး တွေကလည်းကူးပါးကိုမကြိုက်။ သို့ သော်ကြောက်သည်။ ဤသည်ကို ၀ါဗာတန် သိသည်။ ကူးပါးရောက်လာပြီးမကြာမီမှာပင်ထိုအကြောင်း ကိုနားလည်လာသည်။လုံးလုံး လျားလျား မနှစ်သက်စိတ် ဖြစ်သည်ကားမဟုတ် ။ သူ့ လက်ထောက်သည် ဒေသခံမလေး တို့ `၏ နှစ်သက်ခြင်းခံရသူဖြစ်သည်။ သူ့ ကိုလူတိုင်းက ကြိုက်ကြသည် ဆိုလျှင်ကား မိမြိ့ ပြိုင်ဘက်ဖြစ်လာနိုင်သဖြင့် ကျေနပ်နိုင်စရာ အကြောင်းမမြင်။ သို့ နှင့်ဝါဗာတန် သည်ခရီးမ သွားမီပြင်ဆင်စရာရှိသည် တို့ ကိုကြိုတင်ပြင်ဆင်ကာ ခရီးတွက် သည်။ သုံးပတ်ကြာ လျှင်ပြန် လာသည်။
သူ့ အိမ်ပြန်ရောက်တော့ စာဖတ်ခန်းသို့ ဝင်သွားသည်တွင် သတင်းစာပုံကြီးကို တွေ့ လိုက်ရသဖြင့် အံ့အားသင့်သွားသည်။ သူမရှိခိုက်စာပို့ သူ ရောက်လာပြီးစာများ၊ သတင်း စာများ ကို ပို့ သွားခြင်းဖြစ်သည်။
ကူးပါးကသူ့ ကိုစောင့်ကြိုသည်။ အခန်းထဲသို့ သူတို့ နှစ်ယောက်အတူဝင်ခဲ့ကြသည် ။ ၀ါဗာတန်သည် နောက်ကျကျန်နေခဲ့သည့်အစေခံတယောက်အား သတင်းစာလိပ်များ ပွင့်နေသည့် အကြောင်းကို မေးသည်။ ထိုစဉ် သူ့ အသံမှာတင်းမာနေသည်။ ကူးပါးက ကြားဝင်ရှင်းပြသည်။
“ ၀ူလတန်ဟင့်ပတန် လူသတ်မှုအကြောင်းဖတ်ချင် တာနဲ့ ခင်ဗျားရဲ့ တိုင်းသတင်းစာ တွေ ကို ကျွန်တော် ဌါးဖတ်တာပါ ၊ ဖတ်ပြီး ပြန် ပို့ ပါတယ် ၊ ခင်ဗျားဘယ်လိုမှ မအောက်မေ့ ပါဘူးနော် ”
ဝါဗာတန်သည် သူ့ ဘက်သို့ လှည့်ကြည့်လိုက်သည်။ သူ့ မျက်နှာမှာ ဒေါသကြောင့် သွေးမရှိ ။ ဖြူဆွတ်နေသည်။
“ ကျုပ်စိတ်ဆိုးတယ် ၊ အများကြီးစိတ်ဆိုးတယ် ”
“ ၀မ်းနည်းပါတယ်ခင်ဗျာ ၊ ခင်ဗျားပြန်လားအောင်မစောင့်နိုင်လို့ ယူပြီးဖတ်မိတာပါ ” ကူးပါးကတောင်းတောင်းပန်ပန် ပြောသည်။
“ သြော်… ခင်ဗျားဖွင့်ဖတ်တာကိုး ၊ ကျုပ်စာတွေတော့ ဖောက်မဖတ်ဘူး ထင်ပါရဲ့  ”
ကူးပါးမှာ သူ့ ဆရာသမားဒေါသထွက်နေသည်ကို ဂရုမစိုက်။ ဘာမှမဖြစ်သကဲ့သို့ ပင်ကြည့်နေသည်။ ပြီးမှ..
“ ဘာဖြစ်လို့  ခင်ဗျားစာတွေ ဖောက်ဖတ်ရမှာလဲ ၊ ပြီးတော့ ခင်ဗျားသတင်းစာကို ဖွင့်ဖတ်တာနဲ့ တော့ စိတ်မဆိုးဘူးလို့ ထင်မိတာပဲ ၊ သတင်းစာထဲမှာ ဘာများလျို့ ဝှက်စရာ ကိုယ်ရေးကိုယ်တာ ပါလို့ လဲ ”
“ ကျုပ်သတင်းစာတွေကို ကျုပ်အလျင် ဘယ်သူမှမဖတ်ရဘူး ၊ ကျုပ်ဖတ်ပြီးမှ ဖတ်ရမယ် ” ၀ါဗာာတန်သည် သတင်းစာပုံကြီးဆီသို့သွားကြည့်သည်။ စုစုပေါင်းအစောင်သုံးဆယ်ခန့် ရှိမည် ထင်သည်။
“ ခင်ဗျား အတော်လွန်တယ် ၊ ကိုယ်နဲ့ မဆိုင်တာကို ဘာလို့ ကြည့်ရမှာလဲ ၊ ပြီးတော့ အားလုံးအစီအစဉ်တွေ အကျအန မရှိတော့ဘူး ”
“ သူ့ ရက်စွဲနဲ့ သူပြန်ပြီးစီစဉ်လို့  ရပါတယ်ဗျာ ” ကူးပါးကသတင်းစာပုံဆီသို့ လာသည်။
“ မကိုင်နဲ့ ၊ ဘာမှမလုပ်နဲ့  ” ၀ါဗာတန်ကအော်လိုက်သည်။
“ ဘာလဲ ခင်ဗျားဟာက သိပ်ကလေးကလားနိုင်တာပဲ ၊ ဒီကိစ္စကအသေးအဖွဲ လေးပါဗျာ ၊ ဒါလောက်စိတ်ဆိုးစရာမလိုပါဘူး”
“ ဘာ…. ခင်ဗျား ကျုပ်ကို ဒီလိုပြောစရာ မလိုဘူး ၊ ခင်ဗျားအတော်သတ္တိကောင်းတဲ့ လူပဲ ”
“ အိုး… အဓိပ္ပာယ်မရှိ ၊ အလကားစိတ်တိုနေတာ” ထိုသို့ ပြောကာ ကူးပါးသည် ၀ုန်းကနဲ အခန်းထဲမှ ထွက်သွားလေသည်။
ဝါဗာတန်သည် ဒေါသစိတ်ဖြင့် တဆတ်ဆတ်တုန်ကာ ကျန်ရစ်ခဲ့ သည်။ပြီးတော့ သူ့ သတင်းစာများကို အစီအစဉ်အတိုင်း တခုပြီးတခုထပ်သည်။
သူ့ အလေ့အထမှာတမျိုးဖြစ်သည်။ သူ့ ဘာသာသူ ကျေနပ်နှစ်သိမ့်မှုရှာနည်း တမျိုး ဟုလည်းဆိုနိုင်သည်။ယခုမူသူ့ အစီအစဉ်တခုကိုမယဉ်ကျေးသူတဦးက ၀င်ရောက် ဖျက်ဆီးလိုက်လေပြီ။
လူသူမရောက်သည့်ဒေသတွင် နေခိုင်သူတို့ သည် စာပို့ သမားကိုမျှော်တတ်သည်။ စာလာလျှင် သို့ မဟုတ်သတင်းစာလာလျှင် နောက်ဆုံးရက်စွဲကိုကြည့်ကာ နောာက်ဆုံး သတင်းသာကို ဖတ်လေ့ရှိသည်။ ထိုသူတို့ သည်စိတ်ရှည်ရှည် မထားနိုင်ကြသူများ ဖြစ်သည်။
ဝါဗာတန်ကား သူတို့ နှင့်မတူ ။ သူကသတင်းစာကိုယ်စားလှယ်ကို ကြိုတင်မှာကြားထား သည်။ သူ့ သတင်းစာလာလျှင်ရက်စွဲတို့ ကို လိပ်စာပတ်သည့် စက္ကူတွင်ရေးမှတ်ခဲ့ပါ။ ထိုရက်စွဲတို့ ကိုကြည့်ကာ ၀ါဗာတန်သည်ခဲတံပြာဖြင့် နံပါတ်စဉ်ထိုးသည်။ နံနက် လက်ဖက် ရည် သောက်ချိန်တွင် နံပါတ်စဉ်အတိုင်းစားပွဲ့၌ တင်ထားရန် စားပွဲထိုးလေးကို မှာကြားတားသည်။ လက်ဖက်ရည် တကျိုက်သောက်ပြီးနောက် စားပွဲ၌တွေ့ ရသည့်သတင်းစာကိုဖွင့်ဖတ်သည်။ တနေ့ တစောင်ကျ မှန်မှန်ဖတ်သည်။ ဤသို့ ဖြင့်သူသည် ဇာတိအင်္ဂလန်မြေသို့ ပြန်ရောက်နေသည်ဟု သူ့ ကိုယ်သူ ထင်မိသည်။ တနလာင်္နေ့ နံနက်တိုင်း လွတ်ခဲ့သည့်ခြောက်ပတ်က တနလာင်္နေ့  တိုင်း သတင်းစာ ကိုဖတ်သည်။ ပြီးတော့ အဂါင်္ ဗုဒ္ဓဟူး အစဉ်အတိုင်းဖတ်သည်။ တနင်္ဂနွေနေ့ တွင်မူအော့ဗဇားဗားကို ဖတ်သည်။ ညစာစားတိုင်း ၀တ်စုံပြည့်ဝတ်သည့် နည်းတူ နေ့ စဉ် သတင်းစာကို သူ့ ရက်နှင့်သူ ဖတ်သည်မှာလည်း ယဉ်ကျေးမူတခုလိုဖြစ်နေပြီ။. လူယဉ် ကျေးထုံးစံကိုသူမမေ့မလျော့ လိုက်နာနေပြီ။ သတင်းတခုသည် မည်မျှစိတ်ဝင်စား စရာကောင်းသည်ဟုကြို၍ သိထားသော်လည်း သူ့ လက်ဝယ်ရောက်လာ သည့် သတင်း စာ တို့ ကိုရက်စွဲအစဉ်အတိုင်းသာ ဖတ်သည်။ ကျော်ပြီးဖတ်လေ့မရှိ။
ဤစည်းကမ်းကိုမချိုးမဖောက်စောင့်ထိန်းသည်။သိချင်စိတ်ပြင်းပြသည်ကားမှန်သည်။ သို့ သော် ကိုယ့်စည်းကမ်းကို ကိုယ်မဖောက်။ ယင်းကိုလည်းဂုဏ်ယူသည်။ စစ်အတွင်းကဆိုလျှင် စစ်သတင်း၊ တိုက်ပွဲသတင်းတို့ မှာ အလွန်စိတ်ဝင်စားစရာ ကောင်းသည်။ အသည်းထိတ်ရင်ဖို စွန့် စားထတ်းတွေ များသည်။ မြို့ သိမ်းတိုက်ပွဲသတင်းတို့ မှာ နေ့ စဉ်ဆက်နေသည် ။ တနေ့ ဖတ်ပြီးလျှင် နောက်တနေ့ ဆက်ပြီးဖတ်ချင်သည်။ ဖတ်ရန်လည်း သတင်းစာက အသင့်ရှိနေသည်။ သို့ သော် ၀ါဗာတန်သည် မိမိချမှတ်ထားသည့် စည်းကမ်းကိုရိုသေသောအားဖြင့် ကျော်ဖတ် ချင်စိတ်ကိုချိုးနှိမ်ထားလိုက်သည်။ဤဒုက္ခကလည်းမသေးလှ။ စိတ်ထိန်းနိုင် မထိန်းနိုင် အပြင်းထန်ဆုံး လက်တွေ့ စမ်းသပ်ပွဲဖြစ်သည်။ သို့ သော်လည်း သူသည် စမ်းသပ်ပွဲတွင် အောင်မြင်ခဲ့သည်။ အောင်နိုင်ခဲ့သူ ဖြစ်သည်။
ယခုတော့ကြည့်ပါဦး။ ဒီအသုံးမကျအရှုး ကငါ့သတင်းစာတွေဖွင့်ဖတ်နေပြီ။ အလွန်ဆိုးတဲ့ မိန်းမတယောက်က စက်ဆုပ်စရာကောင်းတဲ့ သူ့ ယောကျားကိုသတ်တဲ့သတင်းဖတ်ချင်လို့  ငါ့သတင်းစာတွေကို သူဖောက်ဖတ်နေပြီ ။
ဝါဗာတန်သည် စားပွဲထိုးကိုခေါ်ကာ သတင်းစာ ပတ်သည့်စက္ကူများကိုအယူခိုင်းသည်။ ပြီးတော့သေသေချာချာ သပ်သပ်ရပ်ရပ် ပြန်ပတ်သည်။ ထို့ နောက်စိတ်မကောင်းစွုာပင် ရက်စွဲအလိုက် နံပါတ်စဉ် ထိုးနေရသည်။
“ ဒီလူကို ခွင့်မလွတ်နိုင်ဘူး ၊ ဘယ်တော့မှ ခွင့်မလွတ်နိုင်ဘူး ”
ဝါဗာတန်က တင်းတင်းကျပ်ကျပ်ဆိုသည်။
သူ့ စားပွဲထိုးလေးသည် သူနှင့်အတူ ခရီးထွက်ရာသို့ ပါခဲ့သည်။သူ့ စားပွဲထိုးမပါပဲ ဘယ်မျှမသွား ။ အရာရာကို သူ့ စိတ်တိုင်းကျစီစဉ်ပေးနိုင်သည့် သူငယ်လေးဖြစ်သည်။ဝါဗာတန် သည်တောခရီးသွား သည့်အခါမှာပင် ဖြစ်သလိုနေ ၊ ဖြစ်သလိုသွား ၊ဖြစ်သလို စားတတ်သူမဟုတ်။
ယခုခရီးမှ ပြန်ရောက်လာကြသည့်အခါ သူငယ်လေးသည် ကျန်ရစ်ခဲ့သည် အစေခံများနှင့် စကားဝိုင်းဖွဲ့ နေသည်။ ခေါင်းချင်းရိုက်နေသည်။ သူတို့ ပြောနေကြသည့်ကိစ္စကို သူသိသည်။ ကူးပါးသည် သူ့ အခိုင်းအစေများနှင့် အဆင်မပြေ ဖြစ်သည်။ အဗတ်ကလွဲလျှင် ကျန်အခိုင်းအစေအားလုံး ကူးပါးအိမ်မှ ထွက်သွားကြသည်။ အလုပ်မှထွက်ခြင်းပင်ဖြစ်သည်။ အဗတ်လည်း ထွက်ချင်သည်။ သို့ သော်အုပ်ချုပ်ရေးမှုးဖြစ်သည့် သူ့ စေခိုင်းချက်အရ အဗတ်`၏ဦးလေးက တာဝန်ယူအလုပ်သွင်း ပေးထားသဖြင့်မထွက်ရဲပဲ ဖြစ်နေသည်။
ဦးလေးက ထွက်ခွင့်မပြုလျှင် မထွက်ရဲဟုဆိုသည်။
“ သူ့ မှာအပြစ်မရှိပါဘူး တူအန် ( သခင် ) ၊ ဒါပေမယ့်သူ မပျော်ဘူး ၊ အဗတ်ကပြောတယ် ၊ အဲဒီအိမ်က မကောင်းဘူးတဲ့ ၊ သူများတွေ အလုပ်ထွက်သွားကြသလို သူလဲအလုပ်ထွက်ချင်တယ်တဲ့ ”
ဝါဗာတန်`၏ စားပွဲထိုးကပြောသည်။
“ မထွက်ရဘူး ၊ အဲဒီအိမ်မှာပဲ သူနေရမယ် ၊ တူအန် ( သခင် ) မှာအခိုင်းအစေတွေ ရှိရမှာပေါ့ ၊ ထွက်သွားတဲ့လူတွေနေရာမှာ အစားထိုးပြီးပြီလား ” ၀ါဗာတန်ကဆိုသည်။
“ အစားမထိုးရသေးဘူးတူအန်၊ သူ့ ဆီကိုဘယ်သူမှ မသွားချင်ကြဘူး ၊ တူအန် ”
ဝါဗာတန်သည် မျက်မှောင်ကြုတ်လိုက်သည်။ ကူးပါးသည်အလွန်မောက်မာ သည့်လူမိုက်ဖြစ်သည်။ သို့ သော်လည်း သူ့ ရာထူးအဆင့်အတန်းအရ သူခိုင်းစေရန် အစေအပါးများ ထားပေးရမည်။ အိမ်မှုကိစ္စများကို ကြည့်ရှုစောင့်ရှောက်မည့်သူ မရှိလျှင်မတင့်တယ်။
“ ထွက်သွားတဲ့ကောင်လေးတွေ အခုဘယ်မှာလဲ ”
“ ရွာမှာရှိနေကြတယ် သခင် ”
“ ဒီညရွာကိုသွား ၊ သူတို့ ကိုပြော ၊ နက်ဖြန်မနက် အရုဏ်တက်ချိန် မှာသူတို့ တတွေ ကူးပါးသခင်အိမ်ကို ပြန်သွားကြလိမ့်မယ်လို့ ငါမျှော်လင့်နေတယ်ဆိုတာ အကြောင်းကြားချေ”
“ သူတို့ကမသွားနိုင်ဘူးဆိုယင်ရောသခင် ”
“ ငါ့ အမိန့် အရသွားရမယ် ”
စားပွဲထိုးသည် ၀ါဗာတန်ဆီမှာ အမှုထမ်းသက် ဆယ့်ငါးနှစ် ရှိနေပြီ ။သူ့ သခင်`၏ သဘောကို ကောင်းကောင်းနားလည်သည်။ဝါဗာတန်`၏လေသံကိုသူသိသည်။ ၀ါဗာတန်ကို သူမကြောက်။ ဆရာတပည့်နှစ်ယောက်ရင်းရင်းနှီးနှီး ဆက်ဆံလာခဲ့ကြသည်မှာကြာပြီ။တခါကဆိုလျှင် တောတွင်းတနေရာတွင် သူ့ အသက်ကို ၀ါဗာတန်ကကယ်ခဲ့ဖူးသည်။ ထို့ အတူဝါဗာတန်`၏ အသက်ကိုလည်း သူကယ်ဖူးသည်။ ယင်းမှာ ၀ါဗာတန် ရေတံခွန်ထဲသို့ ကျကာ ဒုက္ခရောက်စဉ်က ဖြစ်သည်။ သူ့ ကြောင့်သာ ၀ါဗာတန်မှာ အသက်နှင့်ကိုယ် အိုးစားမကွဲခြင်း ဖြစ်သည်။ သို့ သော် အုပ်ချုပ်ရေးမှူးဝါဗာတန် သခင်`၏ စကားကိုဘယ်လိုအချိန်မျိုါ်တွင်မြေ၀ယ်မကျ နားထောင်ရမည်ကို သူနားလည်သည်။
“ ဟုတ်ကဲ့.. ခင်ဗျာ ၊ ကျွန်တော် ရွာကို သွားပြောပါမယ် သခင် ”
ဝါဗာတန် `၏ စိတ်ထဲတွင် သူ့ လက်ထောက်ကူးပါးသည် တနေ့ က ရိုင်းပျသည့် သူ`၏အပြုအမူအတွက် တွေ့ လျှင်တွေ့ ချင်းတောင်းပန်လိမ့်မည်ဟု မျှော်လင့်နေသည် ။ သို့ သော်ကူးပါး ဆိုသူသည် အမျိုးညံ့သူ ဖြစ်လေရာ သူမျှော်လင့်သလို တောင်းပန်စကား မကြားရ ။ သို့ ဖြစ်ရာ နောက်တနေ့ နံနက် ရုံးတွင်တွေ့ ကြလျှင် ၀ါဗာတန်သည် ညကအဖြစ်ကို မေ့ထားလိုက်လေသည်။
သူသည် သုံးပတ်ခန့်  ရုံးနှင့်ကင်းကွာနေရာ သူတို့ မှာ အလုပ်အကြောင်းပြောစရာ စကားတွေ အများကြီးရှိသည် ။ ဆွေးနွေးကြသည်။ တုင်ပင်ကြသည်။ အတော်လေးအချိန်ကြာသွားသည်။ ပြီးလျှင်ကူးပါးကိုပြန် ခွင့်ပြုလိုက်သည်။
“ တခြားဘာအကြောင်းထူးမှရှိမယ်မထင်ပါဘူး ၊ ကျွန်တော် ပြန်မယ်၊ ကျေးဇူးပဲ ”
ကူးပါးသည် ၀ါဗာတန်`၏ အခန်းထဲမှ ထွက်ရန်ခြေလှမ်း ပြင်သည်။ ကျေးဇူးပဲ ”
ကူးပါးသည် ၀ါဗာတန်`၏ အခန်းထဲမှ ထွက်ရန် ခြေလှမ်းပြင်သည်။ ထိုခဏမှာပင် ၀ါဗာတန်က မပြန်ရန်တားသည်။
“ နေပါဦး ၊ ခင်ဗျားတပည့်တွေနဲ့  ဘာဖြစ်ကြတာလဲ ၊ သူတို့ မရှိကြတော့သူးဆို ”
ကူးပါးသည် မထိတထိ ရယ်လိုက်သည်။
“ ဒီကောင်တွေ ကျွန်တော်ကို အကျပ်ကိုင်ကြတာပါ ၊ အကုန်လုံးတွက်ပြေးကုန်ကြပြီလေ ၊ အဗတ်ပဲ ကျန်တယ် ၊ သူကံကောင်းတယ်ဆို ရမှာပေါ့ ၊ ကျွန်တော်ဘက်ကတော့ ဘာမှ အလျှော့မပေးနိုင်ဘူး ၊ ဒီတော့ သူတို့ အားလုံး ခေါင်းငုံဝင်လာကြပြီလေ”
“ ဘာကိုဆိုလိုချင်တာလဲ ”
“ ဒီမနက်မှာပဲ သူတို့ အလုပ်သူတို့ ပြန်ဝင်ကြတယ် ၊ တရုတ်ထမင်း ချက်ပါမကျန် ပြန်ရောက်လာကြတယ် ၊ အခုတော့ ငြိမ်ငြိမ် သက်သက်အေးအေး ဆေးဆေးပဲ ၊ ဗိုလ်ရုံကို သူတို့ အိမ်သူတို့ ယာလို့ များ အောက်မေ့နေကြသလား မသိဘူး ၊ ကျွန်တော်ဟာ ဆိုးတယ်လို့  ထင်ရပေမယ့် တကယ်တော့ သူတို့ ထင်သလို မဆိုးမှန်းသိလို့  ပြန်လာကြတာဖြစ်မှာ ပေါ့ ”
“ ဘယ်ဟုတ်မလဲ ၊ ကျုပ်ရဲ့ အမိန့် ကြောင့် ၊ ကျုပ်ကချက်ချင်း အလုပ်ပြန်ဝင်ကြလို့ အမိန့် ပေးလိုက်လို့ ပြန်လာကြတာ ”
ကူးပါးသည်တချက်မျက်နှာပျက်သွာသည်။
“ ကျွန်တော့် ကိုယ်ရေးကိုယ်တာ ကိစ္စတွေမှုာခင်ဗျား ၀င်မပါယင် ကောင်းမှာပဲဗျာ ”
“ မဟုတ်ဘူး ၊ အဲဒီကိစ္စက ခင်ဗျား ကိုယ်ရေးကိုယ်တာသက်သက် ချည်းမဟုတ်ဘူး ၊ ခင်ဗျားရဲ့  အခိုင်းအစေ တွေထွက်သွားကြတော့ ခင်ဗျားဘယ်လိုဖြစ်ကျန်ရစ်သလဲ ၊ လူရယ်စရာ ဖြစ်တာပေါ့ ၊ ခင်ဗျား ဘာသာာ မိုက်ကန်းတာက တခြား ၊ ဒါပေမယ့်ဒီကိစ္စမျိုးမှာတော့ခင်ဗျားကို သူများရယ်စရာအဖြစ်မခံနိုင်ဘူး၊ ခင်ဗျားအိမ်မှာအခိုင်းအစေတွေပြည့်ပြည့် စုံစုံ ရှိရမယ် ၊ ဒါမှအိမ်ဟာ တင့်တယ်မယ် ၊ ကျက်သရေရှိမယ် ၊ ခင်ဗျားအိမ်မှာ အခိုင်းအစေတွေ မရှိတော့ဘူး ၊ ထွက်သွားကြပြီလို့ ကြားကြားချင်းပဲ သူတို့ကို အရုဏ်တက်အမီပြန်ဝင်ဖို့  ကျုပ်ပြောလိုက်တယ် ၊ ဒါမှ ဖြစ်မှာပေါ့ ”
ထို့ နောက်ဝါဗာတန်က ပြောစရာစကား ကုန်ပြီဟူသော သဘောဖြင့် ခေါင်းတချက် ဆတ်ပြလိုက်သည်။ ယင်းကို ကူးပါးကသတိမထားမိ ။
“ ဒီကောင်တွေကို ကျွန်တော် ဘာလုပ်သလဲ ဆိုတာ ခင်ဗျားပြောပြရမလား ၊ သူတို့ အားလုံးကို ခေါ်ပြီး မင်းတို့ ကို ငါအလုပ်ထုတ်လိုက်ပြီ လို့ ပြောလိုက်တယ် ၊ ကျွန်တော် အိမ်ဝင်းထဲက ထွက်သွားဖို့ ဆယ်မိနစ် အချိန်ပေးတယ် ”
ဝါဗာတန် သည်ပခုံးတွန့် လိုက်သည်။
“ သူတို့ နေရာမှာ တခြားအခိုင်းအစေ ရနိုင်မယ်လို့ ခင်ဗျားမျှော်လင့် ထားသလား ”
“ ကျွန်တော့် စာရေးကို အရှာခိုင်းထားတယ်လေ ”
ဝါဗာတန် သည်ခဏမျှ တွေးတော ငံ့လင့်နေသည်။ ပြီးမှ
“ ခင်ဗျား လုပ်ပုံနည်းနည်းမှ မဟုတ်ဘူး ၊ ခင်ဗျား အတော်မိုက်မဲ တာပဲ ၊ သခင် ကောင်းမှ ကျွန်ကောင်းတယ်ဗျ ၊ ကျုပ်ပြောတာကို နောင်အတွက်မြဲမြဲ မှတ်ထား ”
“ နေပါဦး ၊ ကျွန်တော်ကို တခြားသွန်သင်စရာ ၊ သင်ကြားစရာ များရှိပါသေးသလားခင်ဗျာ ”
“ အေး .. ရှိတယ် ၊ ခင်ဗျား အမူအကျင့်နဲ့  ပတ်သက်လို့  နည်းနည်းသင်ကြားချင်တယ် ၊ ဒါပေမယ့်ခင်ဗျားလိုလူ သင်ကြားရတာ အတော်ပင်ပန်မယ့် အလုပ်မျိုးပဲလို့  ကျုပ်ထင်တယ် ၊ ကျွဲပါးစောင်းတီး ဆိုတာလိုပေါ့ ၊ ပြီးတော့ကျုပ်မှာ လဲအဖိုးတန်အချိန်ကို ခွဲဝေမပေးနိုင်ဘူး ၊ ခင်ဗျား အခိုင်းအစေ ရဖို့  ကျုပ်ကြည့်ရှာလိုက်ဦးမယ် ”
“ ကျွန်တော် အတွက် ခင်ဗျား ဒုက္ခခံပြီး ရှာမနေပါနဲ့  ၊ ကျွန်တော် ဘာသာ ကျွန်တော် ရှာနိုင်ပါတယ် ”
ကူးပါး စကားကြားရလျှင်ဝါဗာတန် မဲ့ပြုံးပြုံး လိုက်သည်။ ကူးပါးကို သူမနှစ်သက်သလို ကူးပါးကလည်း သူ့ ကိုမနှစ်သက်မှန်း ရိပ်မိသည်။ပြီးတော့ကိုယ်မချစ် မနှစ်သက်သူတယောက်`၏ ကျေးဇူးအပြုခံရ တာလောက် အခံရခက်စရာ ကောင်းတာမျိုး မရှိမှန်းလည်း သူသိသည်။
“ ဒီမှာ ခင်ဗျားမသိသေးယင် သိအောင်ထပ်ပြောရဦးမယ် ၊ ဒီဒေသမှာတော့ ခင်ဗျားအတွက် မလေးအစေခံ ၊ တရုတ်အစေခံရဖို့ လမ်းမရှိဘူး ၊ အင်္ဂလိပ်စားပွဲထိုးတယောက် ၊ ဒါမှမဟုတ် ပြင်သစ်ထမင်းချက်တယောက်ရှာ ရတာလောက်မလွယ်ဘူး ၊ ပြီးတော့ ကျုပ်အမိန့် မရပဲ ခင်ဗျားဆီဘယ်သူမှလာမှာမဟုတ်ဘူး ၊ ကျုပ်အမိန့် ပေးလိုက်ရမလား ”
“ မပေးနဲ့ ”
“ ခင်ဗျား သဘောဘဲ လေ ၊ ဒါပဲ ”
ဝါဗာတန်သည် နောက်ဆက်တွဲ အခြေအနေတို့ ကို အကဲခတ်စောင့်ကြည့်နေသည်။ စိတ်ချဉ်ပေါက်ပေါက်ဖြင့် ခပ်ပြုံးပြုံး ပင်အကဲခတ် နေသည်။ ကူးပါး`၏ စာရေးအဖို့ လူရှာရန်မလွယ် ၊ အထူးသဖြင့် ကူးပါးလို သခင်မျိုးအတွက်အစေအပါးရှာရန်ခက်သည်။ မလေး ၊ ဒယက် ၊ တရုတ် ဘယ်သူမျှ ကူးပါး`၏အခိုင်းအစေမလုပ်ချင်ကြ။ သူ့ အပေါ် သစ္စာစောင့် သည့်အဗတ်သည် မလေး ထမင်း ဟင်း ကိုသာ ချက်တတ်သည် ။ ကူးပါးသည် အစားကြမ်းသူ ၊ အစားကြီးသူဖြစ်သည်။ ဆန်ထမင်းစားရငြားလည်း မကြာခဏ ဆာတတ်သူဖြစ်သည်။ ယခုမူ သူ့ တွင်ရေခပ်ပေး မည့်သူမရှိ ။ ခြစ်ခြစ်တောက် ပူနေသည့်အခါ တနေ့ ဆယ်ခါလောက် ရေချိုးရမှ နေလို့ ဖြစ်သည်။ သို့ ဖြစ်ရာ အဗတ်ကို ဆဲဆို ကြိမ်းမောင်းသည်။ အဗတ်သည် အနုနည်းဖြင့် ဆန္ဒပြသည်။ ပါးစပ်ကဘာမျှမပြော။ လုပ်ချင်သည့် အလုပ်သာ လုပ်သည်။ တဖန် အဗတ်ကိုယ်တိုင် သူ့ ဆီကျန်နေရစ်သည်မှာ ၀ါဗာတန်`၏ အမိန့် အရ ဖြစ်သည် ။ ဤတွင် ကူးပါးမှာ ပို၍စိတ်တိုလာသည်။ အခံရ ခက်လာသည်။
ဤသို့ ဖြင့် ဆယ့်ငါးရက်ခန့်  ရှိလာသည် ။ တမနက်တွင်မူ သူထုတ်ပစ်လိုက်သည့် အစေခံအားလုံး သူအိမ်သို့  ပြန်ရောက်လာသည်ကို တွေ့ ရသည်။ ထိုအခါ ကူးပါးသည် အကြီးအကျယ်ဒေါသူပုန်ထတော့သည်။ သို့ သော် အသိစိတ် ၀င်လာသည်။ သို့ ဖြစ်ရာ စကားတခွန်းမျှမပြောတော့ပဲ သူတို့ အားလုံးကို လက်ခံထားလိုက်သည်။ သည်တပွဲတွင် ခံလိုက်ရပြီ ။ ဘာမျှပြန်မပြောပဲ ကြိတ်မှိတ်နေလိုက်သည်။ သို့ သော် သူ့ အထက်က အုပ်ချုပ်ရေးမှုးဝါဗာတန်အပေါ် အခဲမကြေ။ ၀ါဗာတန်`၏ စရိုက်ကို သူမနှသ်သက် ။ ခါးခါးသီးသီး မုန်သည် ။ ဤအမုန်းစိတ်သည် တဖြည်းဖြည်းပွားများ ကြီးထွားလာသည်။ သည်းမခံနိုင်ဖြစ်လာသည်။ ယခုမူ ကူးပါးသည် ၀ါဗာတန်`၏ လက်ချက်ကြောင့် တိုင်းရင်းသားတို့ အလယ်၌ လူရီစရာ ဖြစ်နေပြီဟု ထင်သည်။
သူတို့ နှစ်ယောက်သည် အဆက်အဆံ မရှိကြ ။ သို့ သော် ညနေတိုင်း ခြောက်နာရီထိုးလျှင် ခံတပ်အိမ် ၀ရန်တာ၌ အရက်သောက်ရန်ရောက်လာကြသည်။ တယောက့် နှင့်တယောက် သဘောချင်း မတိုက်ဆိုင် ကြသော်လည်း ထိုဒေသသို့ ရောက်လာသည့် မျက်နှာဖြူ ဥရောပတိုက်သား တိုင်းညနေတွင် အရက်ဝိုင်း၌ ဆုံကြသည်ဟူသော အလေ့အထ တခုကို မပျက်မကွက် ထိန်းသိမ်းသည့်သဘောသာ ဖြစ်လေသည်။
ကူးပါးသည် သူ့ ဗိုလ် ရုံ၌နေသည်။ ၀ါဗာတန်ကလည်း ခံတပ်အိမ်၌နေသည် ။ တယောက်ကို တယောက် ရှိလေသည်ဟူ၍ ပင်မအောက်မေ့ ။ ကူးပါးမှာ အလုပ်တွင် ဖိဖိစီးစီး လုပ်သည်။ ရုံး၌အလုပ် သဘောအရ မျက်နှာချင်းဆိုင် ကြရသည် ။ သူ့ လက်ထောက်ဆီသို့ စာပို့ စရာရှိလျှင် ရုံးလုလင်ကိုစေခိုင်းသည်။ ပြောစရာရှိလျှင်၊ ခိုင်းစရာရှိလျှင် ၊ ညွန်ကြားစရာရှိလျှင် ရုံးစရေးကတဆင့် ပြောသည် ၊ ခိုင်းသည် ၊ ညွှန်ကြားသည်။
မကြာခဏပင် တယောက်နှင့် တယောက် မျက်နှာချင်းဆိုင်ကြရ သည်။ ဤသည်မှာ ရှောင်လွဲ၍ မရ ။ သို့ ငြားလည်း တပတ်ရှိ၍ စကားဆယ်လုံးပြည့်အောင် မပြောဖြစ် ။ တယောက်ကို တယောက် ရိပ်ကနဲမြင်လိုက်ရလျှင် ပင်ဒေါသဖြစ်စရာတွေ ပေါ်လာသည် ။ သွေးဆူလာသည် ။ အမုန်းစိတ်သည် တအုံးနွေးနွေး ဖြစ်လာရာမှ ဆူပွတ်လာသည် ။ ၀ါဗာတန် သည်နေ့ တိုင်းလမ်းလျှောက် သူဖြစ်သည် ။ လမ်းလျှောက်ယင်း ကူးပါးကို ရိပ်ကနဲ တွေ့ လိုက်လျှင် သူ့ အကြောင်းသာ စိတ်ထဲမှာ ပေါ်လာသည် ။ တော်တော် မုန်းစရာကောင်းတဲ့ သတ္တ၀ါ။
သို့ သော်စိတ်ရှုပ်စရာ တချက်ရှိနေသေးသည်။ ယင်းမှာ ၀ါဗာတန် အဖို့ ခွင့်မယူမီ သုံးနှစ်အတွင်း မချစ်မနှစ်သက်သူ`၏ မျက်နှာကိုကြည့်နေ ၊ မြင်နေရမည့် အဖြစ်ပင်တည်း။ သို့ တိုင်အောင်ကူးပါးနှင့် ပတ်သက်၍ အထက်သို့ တစုံတရာ အတိုင်အတော မလုပ်နိုင် ။ ကူးပါးသည် အလုပ်ကို ကျေပွန်သည် ။ ကောင်းကောင်း အလုပ်လုပ် သည် ။ ပြီးတော့ ယခုအခါ အုပ်ချုပ်ရေးသမား လူစားရဖို့ မလွယ်လှ ။ အခိုက်အတန့် တွင်မူ ကူးပါးအားမကျေနပ်သည့်လေသံများကို ကြားနေရသည်။ ယင်းမှာ ကူးပါးသည် တိုင်းရင်းသားတို့ အပေါ် မာကျောကျော ဆက်ဆံခြင်းပင်ဖြစ်သည်။ ကူးပါးကိုမနှစ်သက် ကြသည်မှာ သေချာသည်။ သို့ သော်လည်း ကိစ္စတခုချင်းကို အသေအချာ စေ့ငုသည့်အခါ သက်သက်ညှာညှာ အရေးယူပြုမူရမည့်အစား ပြင်းပြင်းထန်ထန် အရေးယူခြင်း ၊ စာနာစိတ် ထားရမည့်နေရာတွင် မစာမနာ အရေးယူခြင်းစသည့် အသေးအဖွဲကလေး
တို့ ကိုသာတွေ့ ရသည်။ကူးပါး`၏ ကိုင်တွယ်ပုံနှင့် ပတ်သက်၍တစုံတရာ အရေးယူလို့  မရသည်မှာ ထင်ရှားနေသည်။
သို့ သော်လည်း ၀ါဗာတန်သည် ကူးပါးကို စောင့်ကြည့်နေသည် ။ လူတယောက်ကို မုန်းလာပြီ ဆိုလျှင်သူ`၏ အပြစ်အနာအဆာတို့ ကို ကွက်ကွက်ကွင်းကွင်း မြင်လာတတ်သည်မှာ ဓမ္မတာပင်ဖြစ်သည်။ကူးပါးသည် တိုင်းရင်းသားတို့ ကို ခိုင်းစေရာတွင် အဆင်အခြင်မရှိ စေခိုင်းတတ်သည် ဟုသူ့ မှာသံသယစိတ် ၀င်လာသည် ။ သို့ သော်တရား ဥပဒေဘောင်အတွင်း ကလုပ်ကိုင်နေခြင်း ဖြစ်ရာ သူဝင်၍မပြောသာ ။ မည်သို့ ဖြစ်စေ ကူးပါးဘက်ကမူ ၀ါဗာတန် မခံချိ မခံသာ ဖြစ်အောင် သူ`၏အမျက်ဒေါသကို နှိုးဆွနေခြင်းလည်း ဖြစ်နိုင်သည် ။ တနေ့ နေ့ တွင်မူ ကူးပါး`၏အပြုအမူမှာ တရားလွန်သည့်အဆင့်သို့ ရောက်လာလိမ့်မည်။ ဤဒေသ ၊ ဤရပ်ရွာ အကြောင်း ၀ါဗာတန် ကောင်းကောင်းသိသည် ။ သူ့ လောက်ဘယ်သူမျှ မသိဟု ထင်သည် ။ နေက ခြစ်ခြစ်တောက်ပူသည် ။ ချွေးတဖြိုက်ဖြိုက်ကျကာ မခံမရပ်နိုင်အောင် တဖြည်းဖြည်းချင်း ပူလာသည်။ အိပ်မရသည့် ညပေါင်းများစွာ ကုန်လွန်ရသည်။ ညကအိပ်ရေးပျက်ပြီး မနက်နေထွက်လျှင် စပ်ဖျဉ်းဖျဉ်းဖြစ်လာသည်။ ထိုအခါ စိတ်တို စိတ်ညစ်ဖြစ်လာ တတ်သည် ။ ဒေါသစိတ်ကို မထိန်းနိုင် ဖြစ်လာတတ်သည် ။ စိတ်မရှည် ဖြစ်လာတတ်သည် ။သည်းမခံနိုင် ဖြစ်လာတတ်သည် ။ ၀ါဗာတန်သည် တကိုယ်တည်း ခပ်ဖွဖွလေးပြုံးမိသည် ။ ကူးပါးတယောက် မျက်စိမျက်နှာပျက်ပြီး သူ့ ရှေ့ မှောက်ရောက်လာဖို့  အချိန်သိပ်မဝေး တော့ ပြီ ။
ဤသို့ ဖြင့် သူမျှော်လင့် တွက်ဆထားသည့်အတိုင်းဖြစ်လာသည်။ ထိုအခါ ၀ါဗာတန်သည် အသံများထွက်ကာ သဘောကျ နှစ်ခြိုက်စွာ ရယ်မိလေသည်။
ကူးပါးသည် ထောင်သားများကို တာဝန်ယူ အုပ်ချုပ်ရသူ ဖြစ်သည်။ ထောင်သားတို့ ကို အလုပ်တာဝန်များ ချထားပေးသည် ။လမ်းပြင် ၊ တန်းလျားဆောက် ၊ လှေလှော် ၊ မြို့ ရွာ သန့် ရှင်းရေးဆောင်ရွက် စသည့်အလုပ်တို့ ဖြစ်သည် ။ အခြားခိုင်းစရာ မရှိလျှင် အချင်းချင်း ဝေယျာဝစ္စတို့ ကို ဆောင်းရွက်စေခြင်းဖြင့် အသုံးဝင်အောင်ခိုင်းသည်။အလုပ်တာဝန်ကျေပွန်လျှင် ၊ အထက်အမိန့် ကို နာခံလျှင် အရာရှိများ အိမ်သို့ ခေါ်ကာ တောက်တိုမည်ရခိုင်းသည် ။ ထိုအလုပ်မှာ သက်သာသည်။
ကူးပါးသည် သူတို့ ကို မနားမနေ ခိုင်းသည်။ ပင်ပင်ပန်းပန်း လုပ်စေသည်။ အလုပ်လုပ်နေမှ ကျေနပ်သည် ။သူတို့ အတွက် ရှာကြံစေခိုင်းရသည်ကိုပင် အရသာ တွေ့ နေဟန်တူသည်။ ထောင်သားတို့ ဘက်ကလည်း အကင်းပါးသည်။ အနားမနေရအောင် အသေးအဖွဲ အလုပ်ကလေးတွေကို ခိုင်းနေခြင်းဖြစ်သည်ဟုယူဆကာအလုပ်ကောင်းကောင်း မလုပ်ကြ ။ ထိုအခါ ကူးပါးက အပြစ်ပေးသည့် အနေဖြင့် အလုပ်ချိန် ဆန့် ထုတ်လိုက်သည် ။ ဤသည်မှာ တောင်စည်းကမ်းဥပဒေ နှင့်ဆန့် ကျင်နေသည် ။ ထိုအကြောင်းကို ၀ါဗာတန်သိလျှင် သူ့ လက်တောက်ကူးပါးအား မေးမြန်းမနေတော့ပဲ ထောင်သားတို့ `၏အလုပ်ချိန်ကို အလျင်ကအတိုင်း ပြန်လည်သတ်မှတ်ပေးလိုက်သည်။
ကူးပါးသည် ညနေပိုင်း လမ်းလျှောက်ထွက်အလာတွင် ထောင်ထဲသို့ ပြန်ဝင်နေကြသည့် ထောင်သားများကို တွေ့ ရလျှင်အတော်ကလေး အံ့အားသင့်သွားသည် ။ မှောင်ရီမပျိုးမချင်း ထောင်ထဲပြန်မ၀င်ရ ဟူအမိန့် ထုတ်ထားခဲ့သည်မဟုတ်လား ။ ၀ါဒါကို မေးကြည့်ရာ အုပ်ချုပ်ရေးမှုးအမိန့် အရ အလုပ်မှနားကြခြင်းဖြစ်သည်ဟုသိရသည် ။
ကူးပါးသည် ဒေါသခြောင်းခြောင်း ထွက်ကာ ၀ါဗာတန်`၏ဂေဟာသို့  ခပ်သုတ်သုတ် သွားသည် ။ သူ့ မျက်နှာတွင်သွေးရောင်ပင်မရှိတော့ ။ ထိုအချိန်တွင်ဝါဗာတန်သည် ၀တ်နေကျ ဘောင်းဘီဖြူ ၊ အကျီင်္ဖြူ ၊ တိုပီ ဦးထုပ်တို့ ဆင်ယင်ကာ တုတ်ကောက်ကိုင်လျက် ၊ နောက်ကလည်းအချစ်တော် ခွေးကလေးများလိုက်ပါလျက် ညနေခင်းလမ်းလျှောက် ထွက်တော့မည် ဟန်ပြင်နေသည် ။ ကူးပါးလာသည်ကို သူမြင်သည် ။ ကူးပါးသည် မြစ်ဘက်လမ်း ကတက်လာသည် လှေကားထစ်များကိုသုံးလေးထစ် ခုန်ကျော်ပြီး ၀ါဗာတန်ဆီသို့  ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာသည် ။
“ ကျွန်တော် က ထောင်သားတွေ ညနေခြောက်နာရီ အထိ အလုပ်လုပ်ရမယ်လို့  အမိန့် ထုတ်ထားထယ် ၊ ခင်ဗျားက ဘာဖြစ်လို့ ကျွန်တော်အမိန့် ကို ဖျက်ရတာလဲ ၊ အဲဒါ ကျွန်တော် သိချင်တယ် ” သူအသံသည် ဒေါသသံ ပါနေသည် ။ လူကလည်းတဆတ်ဆတ် တုန်နေသည် ။
ဝါဗာတန်`၏ မျက်လုံးပြာ တစုံသည် ပြူးကျယ်လာသည် ။ ထိုစကားကို ကြားရသဖြင့် အတော်ကလေး အံအားသင့်သွားဟန်တူသည်။
“ ခင်ဗျား စိတ်မှ ကောင်းရဲ့လား ၊ ခင်ဗျားဟာ တော်တော်မသိချက် ဆိုးရွားတဲ့လူပဲ ၊ ကိုယ့်အထက်အရာ ရှိကိုအခုလိုမပြောရဘူး ဆိုတာ ခင်ဗျား နားမလည်ဘူးလား ”
“ အို … အလကားအဓပ္ပာယ်မရှိ ၊ ထောင်သားတွေက ကျွန်တော် အုပ်ချုပ်မှုအောက်မှာဗျ ၊ ခင်ဗျား ၀င်ရှုပ်စရာ ဘာမှ အခွင့်မရှိဘူး ၊ ဘာဖြစ်လို့ ကျွန်တော်ကို စောက်ရှုးဖြစ်အောင် ခင်ဗျား လုပ်ရတာလဲ ၊ အဲဒါပဲ ကျွန်တော် သိချင်တယ် ၊ ကျွန်တော့် နေရာမှာ ဘယ်သူပဲ ရောက်နေနေ အခုခင်ဗျား လုပ်ပုံဟာ ကျွန်တော့်အမိန့် ကို ပြန်ဖျက်တာပဲဆိုတာ လူတိုင်းသိတယ် ”
ဝါဗာတန်သည် အလွန်အေးဆေး ငြိမ်သက်လျက်ရှိနေသည် ။
“ ဒီမှာ ကျုပ်ပြောမယ် ၊ အဲဒီ အမိန့် ထုတ်ဖို့ ခင်ဗျားမှာ အခွင့်အာဏာမရှိဘူး ၊ ဒီတော့ အဲဒီအမိန့် ကိုကျုပ်ဖျက်လိုက်တယ် ၊ အကြောင်းကဘာလဲ ၊ ခင်ဗျားသိလား ၊ ခင်ဗျားအမိန့် ကပြင်းထန်တယ် ၊ ပြီးတော့ နိုင်ထက်စီးနင်း နှိပ်စက်ကလူ ပြုချင်တဲ့သဘော သက်ရောက်နေတယ် ၊ ကျုပ်ပြောတာယုံပါ ၊ ခင်ဗျားကိုယ် ခင်ဗျား စောက်သုံးမကျ ဖြစ်အောင်လုပ်တာရဲ့ တ၀က်လောက်တောင် ကျုပ်ကခင်ဗျားအပေါ် မိုက်မိုက်မဲမဲ မလုပ်သေးပါဘူး ”
“ ကျွန်တော် ဒီရောက်လာကတည်းက ခင်ဗျား မကြိုက်မနှစ်သက် ဘူးဆိုတာ ကျွန်တော်သိတယ် ၊ ဒီဒေသမှာ ကျွန်တော် နေလို့ မဖြစ်အောင် ခင်ဗျားအကုန်လိုက်ဖျက်နေတယ် ၊ သိပါတယ် ၊ ကျွန်တော်ကမှ ခင်ဗျားဖိနပ်ကို ပြောင်အောင် လျှာနဲ့  လျက်မပေးပဲကိုး ၊ ဒီတော့ ကျွန်တော့်အပေါ် အပြစ်အနာအဆာတွေ လိုက်ရှာနေတာပေါ့ ၊ ကျွန်တော်က ခင်ဗျားအကြိုက်ကို လိုက်မလုပ်ဘူး မဟုတ်လား ”
ကူးပါးသည် ဒေါသဖြစ်ကာ တဆတ်ဆတ် တုန်နေသည် ။ သည့်ထက်တဆင့်ဆက်လျှင် အလွန် အကျွံတွေ ဖြစ်ကုန်တော့မည်။ ၀ါဗာတန်`၏ မျက်လုံးအကြည့်မှာ ပို၍စူးရှလာသည်။
“ ခင်ဗျား ထင်တာ မှားတယ် ၊ ခင်ဗျားကို အစက လူညံ့လူရှော်လို့ ကျုပ်ထင်ခဲ့တယ် ၊ ဒါပေမယ့် ခင်ဗျားအလုပ်လုပ်ပုံကို ကျုပ်ကြိုက်တယ် ၊ ကျေနပ်တယ် ”
“ ခင်ဗျားဟာ သိပ်မျက်နှာကြီး လိုက်တဲ့လူပဲ ၊ ခင်ဗျားဟာ သိပ်ဖင်ခေါင်းကျယ်တဲ့လူပဲ ၊ ကျွန်တော်ကို လူညံလူရှော်လို့  ထင်မှာပေါ့ ၊ ကျွန်တော်က အီတန်ကျောင်းထွက်မှ မဟုတ်ပဲကိုး ၊ ဒါကြောင့် ကွာလာဆိုလိုတုန်းက ဘယ်နည်းဘယ်ပုံ မျှော်လင့်ထားလို့  ပြောလိုက်ကြတာကိုး ၊ ခင်ဗျားဘာမှ မသိဘူး ၊ ခင်ဗျား အကြောင်းကို မလေး ကျွန်းဆွယ်တခုလုံး ပြောပြီး ရယ်နေကြတယ် ၊ သိလား ၊ ခင်ဗျားဟာ လူရယ်စရာဖြစ်နေတယ် ၊ဝေလမင်းသားနဲ့  ဗာကရက် ကစားတဲ့ အကြောင်းခင်ဗျား ပြောတုန်းက ဟားတိုက်မရယ်မိအောင် အတော်သတိထားနေရတယ် ၊ ကလပ်မှာ ခင်ဗျားအကြောင်း ပြောကြတုန်းက လှောင်လိုက်ကြတာ ၊ ရယ်လိုက်ကြတာ ဆူညံနေတာပဲ ၊ အင်းဒါ့ကြောင့်ကိုး ၊ အခုမှပဲ အရည်လည်တော့တယ် ၊ ကျွန်တော်တော့ လေဖင်ခေါင်းကျယ်သူ ဖြစ်ရမှာထက် လူညံ့လူရှော် ဖြစ်ရတာက တော်သေးတယ်လို့ အောက်မေ့တယ် ”
သူသည် ၀ါဗာတန်ကို အသားလွတ်တွယ်နေလေသည်။
“ ဟေ့လူ .. ခင်ဗျား ကျုပ်အိမ်ပေါ်က ခုဆင်းသွား ၊ မသွားယင် ကျုပ်မောင်းချရလိမ့်မယ် ၊ ထိုးလွတ်ရလိမ့်မယ် ” ၀ါဗာတန်ကအော်သည်။
ဝါဗာတန်သည် ပြောပြောဆိုဆိုပင် ကူးပါးအနားသို့  တိုးသွားသည်။ မျက်နှာချင်းဆိုင်သည်။
“ ထိရဲ ထိကြည့်လေ ၊ သတ္တိရှိယင် ထိကြည့်လေ ၊ ထိုးပါ ၊ ထိုးစမ်းပါ ၊ တခါထပ်ပြီး ကြားချင်သေးသလား ၊ ခင်ဗျားဟာ မျက်နှာကြီး လိုက်တဲ့လူ ၊ ခင်ဗျားဟာ သိပ်လေဖင်ခေါင်းကျယ်တဲ့လူ ၊ ကဲ ”
ကူးပါးသည် ၀ါဗာတန်ထက် သုံးလက်မပို မြင့်သည် ။ သန်မာတောင့်တင်းပြီး ကျစ်လစ်သည် ။ လူငယ်တယောက်ဖြစ်သည် ။ ၀ါဗာတန်မှာ ၀သည် ။ ငါးဆယ်လေးနှစ်ရှိနေပြီ ။ သူ့ လက်သီးသည် ကူးပါး`၏ မျက်နှာဆီသို့  မရောက် ။ ကူးပါးက သူ့ လက်မောင်းကို ဖမ်းဆုပ်ကာ တွန်းထုတ်လိုက်သည် ။
“ ခင်ဗျားကြီး မမိုက်ကန်းနဲ့ နော် ၊ ကျွန်တော် လူကြီးလူကောင်းမဟုတ်ဘူး ဆိုတာ ခင်ဗျားနားလည်ထား ၊ပါးစပ်ကပြောရုံမဟုတ်ဘူး ၊ လက်ပါပါမှာဗျား”
ကူးပါးသည် မျက်နှာထား တင်းတင်းဖြင့် စကားဆို သည်။ ထို့ နောက်ဝရန်တာမှ ခုန်ဆင်း ထွက်သွားသည်။ ၀ါဗာတန်မှာ ရင်တဒိန်းဒိန်းခုန်လျက် မောပန်းကျန်ရစ်သည်။ လေးလံနေသည့် ကိုယ်ခန္ဓာကြီးကို ကုလားထိုင်ပေါ် ပစ်လှဲလိုက်သည် ။ သူ့ နှလုံးခုန်နှုန်းမှာ မြန်လာသည် ။ တကိုယ်လုံး နတ်ပူးသလိုတုန်လာသည် ။ အော်ဟစ်ငိုယိုမိတော့မည် ။ မထိန်းသိမ်းနိုင်အောင် စိတ်ထိခိုက်လာသည်။ သို့ သော်လည်း ၀ရန်တာတွင် စားပွဲထိုးမှူးရှိနေသည်ကို သတိရလျှင် စိတ်ကို နိုင်အောင် ထိန်းရသည် ၊ ခဏအတွင်း နဂိုနေ ပြန်ရောက်သွားသည် ၊ စားပွဲထိုးသည် သူ့ ဆီသို့ ရောက်လာပြီး ဖန်ခွက်ထဲသို့  ၀ီစကီထည့်ကာ ဆိုဒါ စပ်ပေးသည် ။ ၀ါဗာတန်သည် စကားတခွန်းမျှမပြောပဲ တကျိုက်တည်း မော့ချလိုက်သည်။
“ ဘာပြောစရာရှိသလဲ ” ၀ါဗာတန်သည် ဇွတ်အတင်း ပြုံးရယ်ကာ တပည့်လေးကို မေးလိုက်သည် ။
“ ဒီလိုပါ သခင် ၊ လက်ထောက်သခင်ဟာ လူဆိုးဖြစ်ပါတယ် ၊ အဗတ်တယောက် သူ့ အိမ်မှာ မနေချင်ဘူးလို့ ပြောနေပါတယ် ”
“ ခဏလေး စောင့်ဖို့ ပြောထား ၊ ကွာလာဆိုလိုကို သခင်စာရေးမယ် ၊ ကူးပါးသခင်ကို တနေရာရာပို့ ဖို့ ပြောမယ် ”
“ ကူးပါးသခင်ဟာ မလေးတွေအပေါ်မှာ မကောင်းဘူး သခင် ”
“ ကဲ သွားတော့ကွယ် ”
စားပွဲထိုးမလေးသည် ဘာမျှမပြောတော့ပဲ ထွက်သွားသည် ။
ဝါဗာတန်တယောက်တည်း ကျန်ခဲ့သည် ။ သူ`၏အတွေးများသည် ပျံ့ လွင့်နေသည် ။ ကွာလာဆိုလို ကလပ်တွင် ၀ီစကီသောက်ယင်း ဂျင်သောက်ယင်း သူ့ အကြောင်းပြောနေကြသည့် သူများကို မြင်ရောင်လာသည် ။ တင်းနစ်ရိုက်အပြီး ၊ ဂေါက်သီး ရိုက်အပြီး ကလပ်သို့ ပြန်လာကာ အပန်းဖြေစဉ် ဝေလမင်းသား နှင့် ၀ါဗာတန်တို့  မာရီယင်ဗက်ကက်စီနို၌ ဗာကရက် ကစားကြပုံ တို့ ကိုပြောကာ တဟားဟား ရယ်ကြသည်။ ထိုအကြောင်းတွေးမိသည့်အခါ ၀ါဗာတန် သည် အရှက်ကြီး ရှက်မိသည် ။ မျက်နှာ တခုလုံး ထူပူလာသည် ။ မျက်နှာကြီး လိုက်သူ ။အားလုံးက သူ့ ကိုမျက်နှာကြီး လိုက်သူဟုထင်ကြသည် ။ သူကမူထိုအပေါင်းအသင်းတို့ ကို လူကောင်းများဟု သတ်မှတ်သည် ။ သူတို့ ကို ဒုတိယတန်းစား အလွှာက ပုဂ္ဂိုလ်များဟူ၍ပင် သဘောမထား ။ သူတို့ ကို မတူမတန်ဟု သဘောမထား ။ သူ့ ဘက်ကလူကြီးလူကောင်း ပီသစွာပင် သူတို့ ကိုပေါင်းသင်းသည်။ယခုမူ သူတို့ တတွေကို မုန်းသည် ။ သို့ သော် လည်းကူးပါးကို မုန်းသည့်စိတ်နှင့် မူမနှိုင်းယှဉ်နိုင်။ ကူးပါးကိုမုန်းသည့်စိတ်က ပိုသည် ။ တကယ်တမ်း ယှဉ်ပြိုင်သတ်ပုတ်ကြမည်ဆိုလျှင် ကူးပါးကို နိုင်အောင် သတ်နိုင်မည်မဟုတ် ။ ကူးပါးက သူ့ ကိုလုံးချေသွားမည် ဖြစ်သည်။ အရှက်တကွဲ အကျိုးနည်းဖြစ်ရသဖြင့် ကျလာသည့် မျက်ရည်တို့ သည် သူ့ မျက်နှာနီနီတွင် စိုရွဲနေသည် ။ ထိုနေရာမှာပင် နာရီပေါင်းများစွာ ထိုင်နေမိသည်။ စီးကရက် တလိပ်ပြီးတလိပ် သောက်သည် ။ သေသွားသည်က ကောင်းသေးသည်ဟု သေခြင်းကို တောင့်တမိလေသည်။
ထို့ နောက် စားပွဲထိုး ရောက်လာကာ ညစာ အသင့်ပြင်ပြီးပြီ၊ အ၀တ်လဲဦးမည်လားဟု မေးသည် ။အ၀တ်လဲ ရမှာပေါ့ ။ ညစာစားလျှင် ၀တ်စုံပြည့်ကို အမြဲဝတ်ဆင်သည် ။ ကုလားထိုင်မှ လေးကန်စွာ ထကာ အ၀တ်လဲသည် ။ အသင့်အတင့် ခင်းကျင်းထားသည့် ညစာစားပွဲတွင် ထိုင်သည် ။ ခါတိုင်းလိုပင် စားပွဲထိုး နှစ်ရောက်က ဘေးတွင်ရပ်ကာ စောင့်နေသည်။ အခန်းတောင့် နှစ်နေရာတွင် ယပ်တောင်ကြီးများ ကိုင်ကာယပ်ခတ်နေကြသည့် သူငယ်လေးများသည် ခါတိုင်းလိုပင် ရှိနေသည်။
ဂိုက်နှစ်ရာ ဝေးသည့် ဗိုလ်ရုံတွင် ကူးပါးသည် ဆရောင်ကိုပတ်၊ ဗာဂျူအကျီကိုဝတ်ကာ တော်စွလျော်စွ ညစာစားနေသည် ။ သူ့ ခြေထောက်တွင် ဖိနပ်မပါ ။ ထမင်းစားစဉ် စုံထောက်ဝထ္ထု တပုဒ်ကို ဖတ်နေလေ့ရှိသည် ။
ညစာစားပြီးလျှင် ၀ါဗာတန်သည် စားပွဲတွင် ထိုင်ကာ စာတစောင် ရေးသည် ။ စူလတန် စော်ဘွားကြီးသည် အဝေးတနေရာသို့  ရောက်နေသည် ။ ထို့ ကြောင်သူ့ အထက်လူကြီးထံ တခြားလူ မသိအောင် စာတစောင်ရေးသည် ။ စာ၌ကူးပါးအကြောင်း ပြည့်စုံအောင် ထည့်ရေးထားသည် ။ ကူးပါးသည် အလုပ်တာဝန် ကျေပွန်သည် ။ သို့ သော်လည်း မိမိမှာ သူနှင့်အဆင်မပြေ ။ တယောက်နှင့်တယောက် မကြည့်ချင်လောက်အောင် မုန်းတီးနေကြပြီ ၊ ကူးပါးကို တခြားတနေရာရာ ပြောင်းရွေ့ ပေးမည်ဆိုလျှင် ကျေးဇူးကြီးလှပြီဖြစ်ကြောင်း စာတွင်ဖော်ပြလိုက်သည်။့
နောက်တနေ့  နံနက်မှာပင် အထူး စာပို့ လုလင်တယောက်အား ပို့ စေခိုင်းလိုက်သည်။ နှစ်ပတ်ခန့် အကြာတွင် အခြားစာများနှင့်အတူ ကူးပါးကိစ္စ ပြန်ကြားစာ ရောက်လာသည်။ စာမှာ ရုံးစာအနေဖြင့် ရေးသားခြင်းမဟုတ် ။ စာကဤသို့ ဆိုသည်။
ချစ်စွာသော ၀ါဗာတန်
ခင်ဗျားစာကို ရုံးကနေပြီး တရားဝင် မပြန်ကြားချင်ဘူး ။ခင်ဗျားက တင်ပြပေးပါလို့  အတင်းအကျပ် ပြောမယ်ဆို ယင်တော့ စူလတန်ဆီ တင်ပြပေးမယ်လေ ။ ဒါပေမယ့် ဒီကိစ္စ ဒီမှာပဲ ရပ်တာကောင်းပါတယ် ။ ကူးပါးဟာ ရိုင်းတယ်ဆိုတာ တို့ သိပါတယ် ။ ဒါပေမယ့် သူက အလုပ်လုပ်တယ် ။ လုပ်တတ်တယ် ။ သူက စစ်ဖြစ်တုန်းက တပ်ထဲမှာ နေတဲ့အခါ မကျေနပ်တာလေးတွေ ကြုံခဲ့ ရတယ် မဟုတ်လား ။ တို့ သဘောကတော့ သူကို အတွေ့ အကြုံရအောင် ဖန်တီးပေးပါ ။ အချိန်စောင့်ပြီး လက်တွဲခေါ်ပါ။ ပြီးတော့ ခင်ဗျား ခံယူချက်က တမျိုးဖြစ်နေတယ် ထင်တယ် ။လူတယောက် ကိုကြည့်ယင် သူ့ မျိုးရိုးအဆင့်အတန်းက ဘယ်လိုဆိုတာတွေ ထည့်တွက်ချင်တယ်နဲ့ တူတယ် ။ ခောတ်ကပြောင်းနေပြီ ဆိုတာ သတိရပါလေ။လူကြီးလူကောင်း ဆိုတဲ့ အရည်အသွေးက ကောင်းပါတယ် ။ တို့ လဲသဘောတူပါတယ် ။ဒါပေမယ့် လူတယောက်ဟာ တော်တယ် ၊ တတ်ကျွမ်းတယ် ၊ အလုပ်ကြိုးစားလုပ် တယ်ဆိုတာ တွေလဲ ထည့်တွက်ရလိမ့်မယ် ထင်တယ် ။ ဒီတော့ ခင်ဗျားဘက်က နည်းနည်းစိတ်ရှည်မယ်ဆိုယင် ၊ သည်းခံမယ်ဆိုယင် ကူးပါးနဲ့ အဆင်ပြေမှာပါပဲ ။
သင်`၏ သစ္စာရှိသော
ရစ်ချက်တင်ပယ်
ထိုစာသည် ၀ါဗာတန်လက်ထဲက လွတ်ကျသွားသည်။ စာထဲမှာ ဖတ်ရတာတွေကတော့ အကောင်းချည်းပါပဲ ။ စာထဲမှာ ရေးပြတာ တွေကတော့လွယ်ပါတယ်လေ။
ဝါဗာတန်သည် စိတ်မသက်မသာ ဖြစ်လာသည် ။ဒစ်တင်ပယ်ကို သူသိခဲ့သည်မှာ အနှစ်နှစ်ဆယ်ရှိပြီ ။ ဒစ်တင်ပယ်သည် နယ်ကြီးပယ်ကြီး တခုမှ ၊ ဆွေကောင်းမျိုးကောင်း မိသားစုမှ ဆင်းသက်လာသူဖြစ်သည်။
ထိုပုဂ္ဂိုလ်မျိုးက သူ့ ကိုမျက်နှာကြီး လိုက်သူဟု မှတ်ထင်နေဟန်တူသည်။ထို့ ကြောင့်ပင် သူ့ တင်ပြချက်ကို လက်မခံနိုင်ခြင်း ဖြစ်သည်။ဝါဗာတန် သည် လောကကြီးကို စိတ်နာလာသည်။ လောကကြီးမှာ နေဖို့ မကောင်းတော့ ။ သူ့ စိတ်တိုင်းကျကျင်လည်ခဲ့သည့်လောကသည် လွင့်ပါးသွားပြီ ။ အတိတ်တွင် ကျန်ရစ်ခဲ့ပြီ ။ ယခုမူ အနာဂတ်ကာလ ကို သေးသိမ်ညံ့ဖျင်းသည့် မျိုးဆက်တခုက စိုးမိုးပိုင်ဆိုင်တော့မည် ထင်သည်။ ကူးပါးသည် ထိုမျိုးဆက်သစ်ကို ကိုယ်စားပြုသူ ဖြစ်နေပြီလား ။ ကူးပါးကို သူမုန်းသည် ။ မစင်ဘင်ပုပ်လို စက်ဆုပ်ရွံ့ ရှာသည်။
ဝါဗာတန် သည် ဖန်ခွက်ကိုင်ထားသော လက်ကို ဆန့် လိုက်သည် ။ အရက်ထပ်ဖြည့်ရန်ပင် ဖြစ်သည်။ ထိုအမူအရာကို စောင့်ကြည့်နေသည့် စားပွဲထိုးမှုးသည်ရှေ့ သို့ တိုးလာသည်။
“ ဟေ့ … မင်းရှိနေတာ ငါမသိဘူးကွ ”
စားပွဲထိုးက အောက်တွင်ကျနေသည့် စာကို ကောက်ယူလိုက်သည် ။ သြော်ဒါကြောင့် သူ စောင့်နေတာကိုး ။
“ တူအန် ကူးပါးပြောင်းရသလား သခင် ”
“ မပြောင်းရ ဘူး ”
“ ဒီလို ဆိုယင်တော့ ကံဆိုးမိုးမှောင် ကျတော့မှာပဲ ”
ဝါဗာတန်သည် နွမ်းလျလျအခြေ ရောက်နေရာ အခိုက်အတန့်  အားဖြင့် စားပွဲထိုးပြောသည့် စကားလုံးတို့ `၏ အဓိပ္ပာယ်ကို သဘောမပေါက်နိုင်ဖြစ် သွားသည် ။ သို့ သော် တဒင်္ဂမျှသာ အာရုံမစိုက်နိုင်ခြင်းဖြစ်သည်။ ချက်ချင်းပင် ကုလားထိုင်မှ ထကာ စားပွဲထိုးကို စိုက်ကြည့်သည် ။ စားပွဲထိုး ကခြေစုံရပ်နေသည် ။
“ စောစောက ပြောတာ ဘာဆိုချင်တာလဲ ”
“ တူအန် ကူးပါးဟာ အဗတ်နဲ့  အဆင်မပြေ ဖြစ်နေတယ်လို့ ပြောတာပါ ”
ဝါဗာတန်သည် ပခုံးနှစ်ဘက်ကိုတွန့် လိုက်သည် ။ ကူးပါးလို လူတယောက်က အခိုင်းအစေတွေနဲ့  ဘယ်လို ဆက်ဆံရမယ်ဆိုတာ ဘယ်သိပါ့မလဲ ။ သူ့ လိုစရိုက်မျိုးကို ၀ါဗာတန် နောကြေနေအောင်သိသည် ။ သူ့ လိုလူမျိုးအကြောင်းကို ၀ါဗာတန် ကောင်းကောင်းနားလည်သည် ။ အစေခံတွေနှင့် ခုကောင်းပြီး နောက်တခဏကြာလျှင် ရိုင်းရိုင်းပျပျ ဆဲဆိုတတ်သည့်လူမျိုး ၊ အစဉ်းစား အဆင်ခြင်မရှိ ခိုင်းတတ်သည့်လူစားမျိုး ၊ ထိုအထဲတွင် ကူးပါးသည် ထိပ်ဆုံးကပါသည်။
“ အဗတ်သူ့ အိမ်သူပြန်ပေါ့ ”
“ တူအန်ကူးပါးက သူထွက်မပြေးအောင် သူ့ လခတွေ မပေးပဲ သိမ်းထားတယ် ၊ သုံးလခအတွက် ဘာမှမပေးဘူး ၊ ကျွန်တော်က သည်းခံပါလို့ အဗတ်ကို ပြောထားရတယ် ၊ ဒါပေမယ့် အဗတ်စိတ်ဆိုးနေတယ် ၊ ပြောစကား နားထောင်မှာ မဟုတ်ဘူး ၊ တကယ်လို့ သာ တူအန်ကူးပါးက ဒီအတိုင်းဆက်ပြီး ထားမယ်ဆိုယင်တော့ သူကံဆိုးပြီပဲ ”
“ အေး … ငါ့ပြောထားတာ ကောင်းတယ် ”
စောက်ရှုး ။ လူမိုက် ။ မလေးလူမျိုးအကြောင်း ဒီကောင်ဘာသိသလဲ ။ ဒီလို မထိတထိ လုပ်ရုံလောက်နဲ့  ငြိမ်နေလိမ့်မယ်လို့  ထင်နေတယ်နဲ့  တူတယ် ။ သူ့ ကျော ပသျူး ဓားမြှောင့် စိုက်တော့မှ သတိတရား ရမယ့်ကောင်မျိုး ။
ပသျှုးဓားမြှောင်။ ထိုအတွေး ၀င်လာလျှင် ၀ါဗာတန်မှာ နှလုံးခုန်တချက် ရပ်သွားလေသလားဟု ထိတ်ထိတ်ပျာပျာ ဖြစ်သွားသည် ။ အချိန်တန်တော့ သူ့ အလိုလိုပဲ ဖြစ်စရာရှိတာတွေဖြစ် ၊ ပျက်စရာ ရှိတာတွေ ပျက်သွားမှာပဲ ။ အဲ … နောက်ပြီးတော့ တနေ့ မှာ ငါလဲ ကူးပါးနဲ့ ကင်းကင်းရှင်းရှင်း ဖြစ်သွားမှာပဲ ။
ထိုအတွေးများ ခေါင်းထဲဝင်လာသည့် တခဏတွင် ကျေနပ်အားရကာ ပြုံးမိသည် ။ ယခုတော့သူ့ နှလုံးခုန်ချက်သည် မြန်လာသည် ။ သူ့ မြင်ကွင်း တွင်သူမုန်းသော လူတယောက် တောလမ်းတခုတွင်ကျောမှာ ဓားတန်းလန်းနှင့် မှောက်လျက်လဲ နေသည်ကို မြင်ရသည် ။ လူညံ့ လူရှော် လူဆိုးတို့ သွားရာ နောက်ဆုံးလမ်းပေပဲ ။ ၀ါဗာတန်သည် သက်ပြင်းတချက် ချလိုက်သည် ။
မဟုတ်ဘူး ။ မတော်ဘူး ။ သူ့ ကိုငါ သတိပေးရမယ် ။ ဟုတ်တယ် ။ သတိပေးရမယ် ။
ချက်ချင်း ပင်စာတစောင် ကောက်ရေးကာ ကူးပါးအား ခံတပ်အိမ်သို့  အမြန်လာရန် အခေါ်လွတ်လိုက်သည် ။
ဆယ်မိနစ်ရှိလျှင် သူ့ ရှေ့ သို့  ကူးပါးရောက်လာသည် ။ သူတို့ နှစ်ယောက် စကားမပြောသည်မှာ ကြာပြီ ။ ၀ါဗာတန် ထိုးမည်ကြိတ်မည် လုပ်သည့်နေ့ ကစပြီး ခပ်တန်းတန်းဖြစ်နေကြသည်။ ၀ါဗာတန် ကသူ့ ကို ထိုင်ရန် မပြော ။
“ ခင်ဗျား ကျွန်တော်ကို တွေ့ ချင်တယ်ဆို ” ကူးပါးကမေးသည် ။
ကူးပါးအဆင်အပြင်မှာ သပ်သပ်ရပ်ရပ် မရှိ ။ မျက်နှာနှင့် လက်တို့ မှာလည်း ခြင်ပိမ့်များ ဖြင့် နီရဲနေသည် ။ ကုတ်ခြစ်ထားသည့် နေရာတချို့ တွင် သွေးထွက်နေသည်ကို တွေ့ ရသည် ။ သွယ်လျသည့် မျက်နှာမှာ ပုပ်သိုး စူအောင့်နေသည် ။
“ ခင်ဗျား အစေခံတွေနဲ့  အဆင်မပြေပြန်ဘူး လို့ သိရတယ် ။ ကျုပ်စားပွဲထိုးရဲ့ တူ အဗတ်က ကျုပ်ကို တိုင်တယ် ၊ ခင်ဗျား ကသူ့ လခသုံးလခကို မပေးဘူးတဲ့  ၊ အဲဒါတော့ မဟုတ်သေးဘူး၊ ကောင်လေးက ခင်ဗျားအိမ်မှာ မနေချင်တော့ဘူး ၊ ကျုပ်ကလဲ သူ့ ကိုအပြစ်မတင်တော့ပါဘူး ၊ ဒီတော့ ပေးစရာ ရှိတာပေးလိုက်ဖို့  ကျုပ်ပြောချင်တာပါပဲ ”
“ ကျွန်တော် အိမ်က ထွက်ရမယ်လို့ မပြောပါဘူး ၊ သူ့ လခတွေ မပေးသေးတာက သူအလုပ်အကိုင် ကောင်းကောင်းလုပ်မှ ပေးမယ်ဆိုပြီး အာမခံငွေအဖြစ် သိမ်းထားတာပါ ”
“ မလေးလူမျိုးတွေရဲ့  စိတ်ကို ခင်ဗျားမသိဘူး ၊ သူတို့ စရိုက်ကို ခင်ဗျားနားမလည်ဘူး ၊ သူတို့ ကို နာကျည်းအောင် လုပ်ယင် လက်တုံ့ ပြန်တတ်တယ် ၊ သိပ်စိတ်မြန်တယ် ၊ လက်စားချေတတ်တယ် ၊ ဒီတော့ ခင်ဗျားကို သတိပေးဖို့  ကျုပ်မှာတာဝန်ရှိတယ် ၊ ဒီကောင်လေး စိတ်မှာ နာကျည်းသွားယင် မခံနိုင်တဲ့ တနေ့ မှာ ခင်ဗျား ဒုက္ခတွေ့ မှာပဲ ”
ကူးပါး သည်မထီမဲ့မြင် ရယ်လိုက်သည် ။
“ သူဘာ လုပ်မယ်ထင်သလဲ ”
“ ခင်ဗျား ကိုသတ်မှာပေါ့  ”
“ ဒါဖြင့် ဘာဖြစ်လို့  ခင်ဗျားက ပူနေရတာလဲ ”
“ သြော် … ခင်ဗျားသေတာ ကျုပ်မပူပါဘူးလေ ” ၀ါဗာတန်သည် ခပ်သဲ့သဲ့ ရယ်လိုက်သည်။ “ တုန်တုန် လှုပ်လှုပ် ၊ ချောက်ချောက် ချားချား တော့ဖြစ်မှာပေါ့ ဗျာ ၊ ဒါပေမယ့် ခင်ဗျားကို သတိပေးဖို့  ၀တ္တရားရှိတယ် မဟုတ်လား ၊ အဲအခု သတိပေးတာပဲ ”
“ နေပါဦး ၊ ဒီသောက်သုံးမကျတဲ့ အသားမည်း တွေကိုများ ကျွန်တော်က ကြောက်နေရဦးမှာတဲ့လား ”
“ ကြောက်ချင်ကြောက် ၊ မကြောက်ချင်နေ ၊ ကျုပ်နဲ့ မဆိုင်ဘူး ”
“ ဒီမှာ ကျွန်တော် ပြောမယ် ၊ ဘယ်လိုနေရ ထိုင်ရမယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် သိပါတယ် ၊ အဗတ်ဆိုတဲ့ ကောင်လေးက လူဆိုးသူခိုး ပဲ ၊ အေး ကျွန်တော်ကို ယီးတီးယားတား လုပ်ယင်တော့ လည်စေ့ ညှစ်သတ်မယ် ”
“ အေး ကျုပ်ပြောချင်တာ ဒါပဲ ” ၀ါဗာတန်က စကားဖြတ်လိုက်သည်။
ထို့ နောက် သွားနိုင်ပြီဟု ခေါင်းတချက် ဆတ်ပြလိုက်သည် ။ ကူးပါး`၏ မျက်နှာမှာ နီရဲသွားသည်။ ထိုခဏတွင် ဘာပြန်ပြောရမည်မသိ ။ ဘာလုပ်ရမည်လည်းမသိ ။ ပြန်လှည့်ကာ ခြေလှမ်းယိုင်ယိုင်ဖြင့် ထွက်လာခဲ့သည် ။ သူပြန်သွားသည်ကို ၀ါဗာတန်စောင့်ကြည့်ယင်း နှုတ်ခမ်းအစုံတွင် အေးစက်စက် အပြုံးတချက် သန်းလာသည် ။ သူ့ တာဝန်ကျေပြီ ။ သို့ သော် ထိုညနေက နောက်ပိုင်းတွင် ကူးပါးတယောက် မည်သို့ ခံစားနေရသည်ကို သူမသိ ။ သိလျှင် ဘယ်လိုနေမည်လဲ ။
ထိုညနေက ကူးပါးသည် ဗိုလ်ရုံသို့  ပြန်ရောက်လျှင် အိပ်ရာပေါ် ပစ်လှဲလိုက်သည် ။ စကားလည်း မပြော ။ ရွှင်ရွှင်ပျပျလည်းမရှိ ။ အထီးကျန်ဘ၀ ကို ကြာကြာသည်းမခံနိုင်တော့ပဲ ပေါက်ကွဲချင်သလို ဖြစ်လာသည် ။ ထို့ နောက်ရင်ထဲ ၀မ်းထဲတွင် ၀မ်းနည်းလွန်းသဖြင့် ငိုရှိုက်သည့်လှိုင်းများ တလိပ်လိပ်ထလာသည် ။ ပိန်ချပ်ချပ် ပါးပြင်တွင် မျက်ရည်ပေါက်များ တလုံးပြီးတလုံး ကျလာသည် ။ သူ့ မျက်နှာ တခုလုံးမှာ စိုရွဲလာလေသည် ။
ထိုနောက်တွင်မူ ၀ါဗာတန်သည် ကူးပါးကို ရင်မဆိုင်တော့ပေ ။ စကားလည်းမပြောတော့။ နံနက်တိုင်း သတင်းစာကို မှန်မှန် ဖတ်သည် ။ ရုံးအလုပ် မှန်မှန်လုပ်သည်။ လမ်းလျှောက်သည်။ ညစာစားရန် ၀တ်စုံပြည့်ဝတ်သည် ။ ညစာကောင်းကောင်းစားသည် ။ ပြီးလျှင် မြစ်ကမ်းဘေးတွင်ထိုင်ကာ ဆေးပြင်းလိပ်ဖွာယင်း ဇိမ်ယူသည် ။ လမ်းတွင်မရှောင်သာပဲ မျက်နှာချင်းဆိုင် တွေ့ လျှင် မမြင်းချင်ယောင်ဆောင်သည်။ နှစ်ယောက်စလုံးပင် သူ့ အပြင်တခြားတယောက်မရှိသလိုနေထိုင်သည်။ သို့ သော်လည်း ကိုယ်နှင့်မနီးမဝေး မှာ သူရှိနေသည်ကို အမြဲသတိရှိနေသည်။ အချိန် ကာလကလည်း သူတို့ `၏အမုန်းကိုရင်ကြား စေ့မပေး ။ တယောက်ဘာ လုပ်နေသည်ကို ကျန်တယောက်က နားစွင့်နေသည် ။ သိနေသည် ။
ဝါဗာတန်သည် ငယ်စဉ်က အမဲပစ်လက်တည့် သူဖြစ်သည် ။ အသက်အရွယ် ရလာသည့်အခါ သူတပါးအသက်ကို သတ်ချင်ဖြတ်ချင်စိတ်မရှိ ဖြစ်လာသည် ။
တနင်္ဂနွေနေ့ နှင့် အခြား အားလပ်ရက်များတွင် ကူးပါးသည် သေနတ်လွယ်ကာ တောပစ်ထွက် တတ်သည် ။ အမဲတခုခု ၊ အကောင် တခုခု ရလာလျှင် သူ့ စိတ်ထဲတွင် ၀ါဗာတန်အပေါ် အောင်နိုင်မှုတခုဟု ယူမှတ်သည် ။ သူ့ လက်ထဲမှာ ဘာမှမပါလျှင် ၀ါဗာတန်သည် ပခုံးတွန့် ကာ ခစ်ကနဲ တချက်ရယ်တတ်သည် ။ သူတို့ တတွေမှာ အားကစား စိတ်ဓာတ် အပြည့်အ၀နှင့်ပါ တကား ။
ခရစ္စမတ် ပွဲတော်ရက်တွင် သူတို့ နှစ်ယောက်စလုံး မပျော်နိုင်ကြ ။ ကိုယ့်အိမ်မှာ ကိုယ် ထမင်းစားကာ အမူး သောက်ကြသည် ။ သူတို့ နှစ်ယောက်မှာ မိုင်နှစ်ရာအတွင်း အော်ခေါ်လျှင် ကြားနိုင်လောက်အောင် ကပ်နေကြသည့် မျက်နှာဖြူ နှစ်ယောက်ဖြစ်သည် ။
နှစ်ဆန်းစတွင် ကူးပါးမှာ အပြင်းအထန် ဖျားသည် ။ ပိန်ချုံးကျသွားသည် ။ ကူးပါးကို ၀ါဗာတန် တွေ့ ရသည့်အခါ အံ့အားသင့် သွားသည် ။ ကျန်းမာရေး မကောင်း ။ အားပြတ်သွားဟန် တူသည်ဟု သူထင်သည် ။
အထီးကျန်နေရသည် မှာမကောင်း ။ စိတ်ချောက်ချားလာသည် ။ အပေါင်းအသင်း မရှိ ။ အဆက်အဆံ မရှိရသည်မှာလည်း သဘောဝမကျ ။မဖြစ်သင့်ပဲ ဖြစ်ရသည့်ဆက်ဆံရေးကိစ္စဟု ကူးပါးထင်သည် ။
ဝါဗာတန်မှာလည်း ထိခိုက်သည် ။ အိပ်မပျော်သည့် ညများကို ရင်ဆိုင်ရသည် ။ မျက်စိကြောင်ကာ ရောက်တတ်ရာရာ စဉ်းစားသည် ။ ကူးပါးကား အရက်ကို ဖိသောက်လာသည် ။ ပေါက်ကွဲဖို့ အချိန်မှာ နီးလာပြီ ။ သို့ သော် တိုင်းရင်းသားတို့ နှင့် ဆက်ဆံသည့်အခါ သူ့ ဆရာသမားအကွက်ထဲ မ၀င်အောင် ပြေပြေလည်လည် ပြောဆိုဆက်ဆံသည် ။ သူတို့ နှစ်ယောက်သည် ငြိမ်ငြိမ်သက်သက်ပင် အပြီးသတ် ချေမှုန်းရေး စစ်ပွဲကို ဆင်နွဲနေကြသည် ။ ဘယ်သူက ဇွဲရှိပြီး ဘယ်သူက နောက်ဆုတ်သွားမည်လဲ ။ ဤသို့ ဖြင့် ရက်တွေ လတွေ ပြောင်းလာသည် ။ တဘက်ဘက်က အလျှော့ပေးမည့် အရိပ်အရောင်ပင် မပြ ။ သူတို့  နှစ်ယောက်မှာ ညတာ အရှည်ဆုံးဒေသတွင် နေထိုင်ကာ နေ့ အလင်းရောင်ကို စောင့်မျှော်နေရသူများနှင့်တူနေသည် ။ သူတို့ အဖို့  အရုဏ်တက်ဖို့ မျှော်လင့်ချက်ကင်းဝေးသည်ကို သိနေလျက်နှင့် အရုဏ်ကိုစောင့်နေရသလို ဖြစ်နေသည် ။ အမုန်တရား အစဉ်ပွားနေရသည့် ဘ၀တွင် ဆက်လက်အသက် ရှင်နေရမလို ဖြစ်နေသည် ။
သို့ နှင့်နောက်ဆုံးတွင် မလွဲမသွေဖြစ်ပေါ်လာ မည့်အခြေအနေ ဆိုးတခုနှင့် ကြုံကြိုက်ရလေသည် ။ ထိုအခါ ၀ါဗာတန်မှာ မမျှော်လင့်သည့် ကိစ္စဖြစ်သဖြင့် အံ့အားသင့်ရသည် ။ ကူးပါးကအဗတ်အား သူ့ အ၀တ်အစားများ ခိုးသည်ဟု စွပ်စွဲသည် ။ အဗတ်ကငြင်းလျှင် ကူးပါးသည် အဗတ်ကို လည်ကုတ်က ကိုင်ကာ အိမ်ထဲကဆွဲထုတ်ပြီး ဗိုလ်ရုံလှေကားထိပ်မှ ကန်ချလိုက်သည် ။ အဗတ်က သူ့ လခများကို တောင်းသည် ။ ထိုအခါ ကူးပါးသည် ဒေါသထွက်ပြီး ညစ်ညစ်ပတ်ပတ် ဆဲရေးတိုင်းထွာသည် ။ သူ့ ခြံထဲမှာ မနေရ ။ တနာရီ အတွင်း ခြံထဲက ထွက်မသွားလျှင် ပုလိပ်လက် အပ်မည်ဟု ဆိုသည် ။ နောက်တနေ့ မနက် တွင်အဗတ်သည် ကူးပါးရုံးသွားသည့်လမ်းမှ စောင့်ကာ သူလုပ်ခများ ကိုတောင်းဆို သည် ။ ထိုအခါ ကူးပါးက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ အဗတ်မျက်နှာကို တအားထိုးသည် ။ အဗတ်မှာ မြေသို့ လဲကျသွားသည် ။ ပြန်ထလာသည့်အခါ နှာခေါင်းမှ သွေးများယိုစီးကျလာသည် ။
ကူးပါးသည် ရုံးသို့ ဆက်သွားသည် ။ အလုပ်ထိုင်လုပ်သည် ။ သို့ သော် အလုပ်ထဲ စိတ်မရောက် ။ သူ့ လက်သီးချက် ပြင်းသွားသည် ကို သတိထားမိကာ ဒေါသတွေ လွင့်ပျောက်သွားသည် ။ သူ့ ဘက်က လွန်လွန်ကျွံကျွံ လုပ်မိပြီကို သိလာသည် ။ သို့ နှင့် စိုးရိမ်စိတ် ၊ ပူပန်စိတ် ၀င်လာသည် ။ စိတ်နှလုံး နောက်ကျုလာသည် ။ အားငယ်စိတ်ညစ်လာသည် ။
တဘက်ရုံးခန်းတွင် ၀ါဗာတန်ရှိ နေသည် ။ သူ့ ဆီသွားကာ ဖြစ်ပျက်သမျှကို ပြောထားရမည်လား ။ ကုလားထိုင်မှ ထရန်ဖင်တကြွကြွ ဖြစ်လာသည် ။ သို့ သော်လည်း သူပြောပြသည့်အခါ အေးတိအေးစက် မျက်နှာထိ မျက်နှာထားနှင့် နားထောင်မည်ကို မြင်ယောင်လာသည် ။ ထေ့ပြုံးလည်း ပြုံးဦးမည် ။ ထိုခဏတွင် သူသည် ကြောက်စိတ်ဝင်လာသည် ။ အဗတ်သူကို ဘာလုပ်မည်လဲ ။ ကူးပါးသက်ပြင်း တချက်ချမိသည် ။ ငါတယ်မိုက်ပါလား ။ သို့ သော် ချက်ချင်းပင် ပခုံးတွန့် ကာ စိတ်တင်းလိုက်သည် ။ ဘာဂရုစိုက် စရာရှိသလဲ ။ ဘာဖြစ်နိုင်စရာ ရှိသလဲ ။ ကိစ္စမရှိ ။ အရင်းစစ်လျှင် ၀ါဗာတန်`၏ အပြစ်သာ ဖြစ်သည် မဟုတ်လား ။ သူသာ ရန်မလုပ်ခဲ့လျှင် ယခုလို ကိစ္စမျိုးတွေ မဖြစ်ပေါ်နိုင် ။ ၀ါဗာတန် သည် အစကတည်းကပင် သူ့ ဘ၀ကို အဆင်မပြေအောင် လုပ်ခဲ့သည် ။
အတော် မျက်နှာကြီး လိုက်တဲ့လူ ။ သို့ ပေမယ့် သူတို့ လို လူမျိုးမှာ သည်လို ကတ်တီးကတ်ဖဲ့ လုပ်တတ်သူတွေ ၊ တဘက်သား ကို အကြောင်းမဲ့ ရန်လုပ်တတ် သူတွေ မဟုတ်လား ။ ပြီးတော့ ငါကလဲ ကိုလိုနီမှာ ကြီးပြင်းခဲ့သူ ။ စစ်ထဲတုန်းက အရာရှိ မဖြစ်ခဲ့တာကလဲ ရှက်စရာ ကောင်းတာပဲ ။ သူများတွေ လောက်တော့ ငါလဲ တိုက်ခဲ့ရတာပဲ မဟုတ်လား ။ တာဝန်ကျေပွန်ခဲ့တာပဲ မဟုတ်လား ။ ဒီလူကြီး တွေဟာ ဒီအတိုင်းချည်းပါပဲ ။ သိပ်ဖင်ခေါင်း ကျယ်တဲ့လူတွေ ။ မျက်နှာကြီးလိုက်တဲ့လူတွေ ။ခုမှ သူ့ ဆီသွားပြီး အောက်ကျို့ မယ်ဆိုယင် ငါ့ကို ပစ်ကြိမ်းမှာပဲ ။ သို့ သော်လည်း ယခုလိုဖြစ်ပျက်ကြသည်ကို ၀ါဗာတန် မကြားပဲ နေမည် မဟုတ် ။ အဘိုးကြီးက ဘာဖြစ်ဖြစ် အကုန်သိတာပဲ ။ သူမကြောက်ပါ ။ ဗိုညိုကျွန်းပေါ်မှာ ရှိနေသည့် ဘယ်မလေးကိုမျှ ၊ ဘယ်ပသျှုးကိုမျှမကြောက် ။ ၀ါဗာတန် ဆိုတာကတော့ ငရဲ လားမယ့် အကောင်ကြီးပဲ ။
ဝါဗာတန် သိမည်ဟု ကူးပါး မျှော်လင့်သည်မှာ မှန်သည် ။ နေ့ လယ် လက်ဖက်ရည် သောက်ချိန်တွင် သူ့ စားပွဲထိုးက ဖြစ်ပျက်သမျှ အကုန် ပြောပြသည် ။
“ မင်းရဲ့ တူ ဘယ်မှာလဲ ”
“ ကျွန်တော် မသိဘူး သခင် ၊ ထွက်သွားပြီ ”
ဝါဗာတန်သည် ဘာမျှဆက်မပြောတော့ ။ နေ့ လယ်စာစားပြီး လျှင်တမှေးလောက် အိပ်တတ်သည် ။ သို့ သော် ယနေ့ ကားမှိန်းလို့ မရ ။ အိပ်လို့ မပျော် ။ မျက်လုံးကျယ်နေသည် ။ သူ့ မျက်လုံးတို့ သည် ကူးပါးနေသည့် ဗိုလ်ရုံဆီသို့  အလိုလို ရောက်သွားသည် ။ မိုက်ကန်းကန်းအကောင်ပဲ ။ ၀ါဗာတန်က စိတ်ထဲမှာ ထင့်ထင့်ဖြစ်နေသည် ။ ဘယ်လို ဘေးအန္တရယ် နဲ့ ကြုံရမယ် ဆိုတာ ဒီကောင်သိဟန်မတူဘူး ။
ကူးပါးကို အခေါ်လွတ်မည် စိတ်ကူးမိသေးသည်။ သို့ သော်လည်း ထိုစိတ်ကူးကို ချက်ချင်းစွန့် လွတ်လိုက်သည် ။ ကူးပါးကို ဘယ်မျှ နားဝင်အောင်ပြောသော်လည်း နားမလည်။ သူ့ ကိုသာ ပြန်ပက် သည် ။ စော်ကား မော်ကားပြောသည် ။ ၀ါဗာတန် ရင်ထဲမှာ ဒေါသတွေ အလိပ်လိုက် အလိပ်လိုက် ဗလောင်ဆူလာသည် ။ နားထင်က သွေးကြောများ ထောင်ထလာသည် ။ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်မိသည် ။ ကူးပါးကို သူသတိပေးခဲ့ပြီးပြီ ။ သို့ ဖြစ်ရာ ကိုယ့်အပြစ်နဲ့  ကိုယ်ခံပေတော့ ။ သူဝင်ပါနေစရာမလို ။ တစုံတခုဖြစြလာသော် သူ့ တာဝန်မဟုတ် ။ သို့ ပေမယ့် ကွာလာဆိုလိုက လူတွေ ငါ့စကား မနာယူဘူး ။ ငါ့အကြံပေးတာ လက်မခံဘူး ။ သူ့ ကို တနေရာရာ ပြောင်းလိုက်ဖို့  ကောင်းတာ ။
ထို ညတွင် ၀ါဗာတန်`၏ စိတ်မှာ အတည်အငြိမ် မရှိ ။ လှုပ်ရှားနေသည် ။ ညစာစားပြီးလျှင် ၀ရန်တာမှာ ခေါက်တုံ့ ခေါက်ပြန် လျှောက်သည် ။ စားပွဲထိုး ပြန်ခါနီးတွင် အဗတ်ကို တွေ့ သေးသလားဟု မေးသည် ။
“ မတွေ့ ဘူး သခင် ၊ သူ့ ဦးလေးရွာ ပြန်သွားတယ်ထင်တယ် ”
ဝါဗာတန် က စားပွဲထိုး ကို တချက်ဖြတ်မနဲ ကြည့်လိုက်သည်။ စားပွဲထိုး ကခေါင်းငုံထားသဖြင့် သူတို့ မျက်စိချင်းမဆုံကြ ။ ၀ါဗာတန်သည် မြစ်ကမ်းနံ ဘေးကပန်ခြံဆီသို့  ဆင်းလာခဲ့ သည် ။ ပန်းရုံဘေးတွင် အေးအေးလူလူ ထိုင်သည် ။ သို့ တိုင်အောင် သူ့ စိတ်မှာ မငြိမ် ။ မြစ်ကြီးသည် တငြိမ့်ငြိမ့် စီးဆင်းနေသည် ။ မြွေနဂါး ကြီးတကောင် လေးလေးတွဲ့ တွဲ့ သွားတေသည့်ပုံအတိုင်း ပင်လယ်ဆီသို့ စီးဆင်းနေသည် ။ မြစ်ဟိုဘက်တွင် သစ်ပင်အုပ် တအုပ်ကို မည်းမည်းညို့ ညို့ မြင်ရသည် ။ အသက်မှ ရှိလေရဲ့ လားမသိ ။ သည်ညတွင် ငှက်လေးတွေ`၏တီတီတာတာ စိုးစိုးစီစီ အသံတို့ ကို မကြားရ ။ လေပြည် လေညင်းကလည်း သစ်ရွက်ကို မဝှေ့ ယမ်း ။ သူ့ ပတ်ဝန်းကျင်တခုလုံး သည် တစုံတခုကို စောင့်မျှော်ငံ့ လင့်နေသည်နှင့် တူနေသည် ။
သို့ နှင့် ၀ါဗာတန်သည်ပန်ခြံမှထွက်ကာ လမ်းပေါ်သို့ ရောက်လာသည် ။ ထိုနေရာ မှကြည့်လျှင် ကူးပါး`၏ ဗိုလ်ရုံကို ကောင်းကောင်း မြင်ရသည် ။
အခန်းထဲတွင် မီးရောင်မြင်နေရသည် ။ လမ်းပေါ်သို့ ဂီတသံ တခုပျံ့ လွင့်လာသည် ။ ကူးပါးသည် ဓာတ်စက်ဖွင့်နေသည် ။ ၀ါဗာတန် အော့နှလုံး နာလာသည် ။ စာတ်စက်ကို သူမုန်းသည် ။ ဓာတ်စက်မကြိုက် ကြောင်းကိုလည်း ကူးပါးကို ပြောပြီးပြီ ။ သို့ ဖြစ်ရာ သူ့ အိမ်သို့ လှည့်ပြန်လာခဲ့သည် ။ညဥ့်နက်သည် အထိ စာဖတ်သည် ။ နောက်ဆုံးတွင် အိပ်ပျော်သွားသည် ။ သို့ သော် နှစ်နှစ်ခြိုက်ခြိုက် မပျော် ။ အိပ်မက်ဆိုးတွေ မက်ကာ အော်သံတခုကြောင့် နိုးလာသည်ထင်မိသည် ။ ဤသည်မှာလည်း အိမ်မက်ထဲမှာ ကြားရသည့်အသံနှင့် အိမ်မက်ထဲမှာလန့်  နိုးခြင်းသာ ဖြစ်သည်။ ဗိုလ်ရုံဆီမှာ အော်သည့်အသံကို သူ့ အခန်းကမကြားနိုင် ။ ဤ သို့ ဖြင့် မျက်လုံးကျယ်ကာ အရုဏ်တက်သည်အထိ အိပ်မပျော်တော့ပေ ။ ထိုခဏမှာပင် ပြင်ဘက်က ခြေသံများ ကြားရသည် ။ စကားပြောသံလည်းကြားရသည် ။ စားပွဲထိုး မှူးသည် သူ့ အခန်းထဲသို့ ပြေးဝင်လာသည် ။ ဆောင်းနေကျ ပသီဦးထုပ်နီ လေးပင် သူ့ ခေါင်းမှာ ပါမလာ ။ ၀ါဗာတန်မှာ နှလုံးခုန် ရပ်သွားသည် ။
“ တူအန် တူအန် ” ၀ါဗာတန်သည် အိပ်ရာပေါ်မှ ၀ုန်းကနဲ ထလိုက်သည် ။ “ အခုပဲ လာမယ်ဟေ့ ”
ကွင်းထိုးဖိနပ်စီးကာ ဆရောင်ကိုပတ်လျက် ၊ ည၀တ်အကျီင်္ကို ၀တ်လျက် ထွက်လာခဲ့သည် ။ ထို့ နောက် ကူးပါးအိမ်ဆီသို့  ခပ်သုတ်သုတ် သွားသည် ။ ကူးပါးကို အိပ်ရာပေါ်တွင် ပါးစပ်အဟောင်းသား ရင်ဘတ်တွင် ဓားတန်းလန်းစိုက်လျက် တွေ့ ရသည် ။ အိပ်နေစဉ် အသတ်ခံရခြင်းဖြစ်သည် ။ ၀ါဗာတန် မှာစိတ်ချောက်ချားသွားသည် ။ ယခုလိုအဖြစ်မျိုး မျှော်လင့်မထား၍မဟုတ် ။ သူ့ ရင်ထဲ မှာ ၀မ်းသာသလို ခံစားလိုက်ရသဖြင့် ချောက်ချားရခြင်းသာ ဖြစ်သည်။ ယခုမူ သူ့ ပခုံးပေါ်က ၀န်ထုပ်ဝန်ပိုး ကြီးတခု ကျသွားပြီ ။
ကူးပါးတကိုယ်လုံးအေးစက်နေသည် ။ သူ့ ရင်ဘတ်ကဓားကို ၀ါဗာတန် ဆွဲနုတ်သည် ။ တအားစိုက် ထိုးထားခြင်းဖြစ်ရာ မနည်းပင် အားစိုက်နှတ်ယူ ရသည် ။ ပြီးတော့ ဓားကိုကြည့်သည် ။ သူမှတ်မိပြီ ။ သူ့ ကိုဝယ်မလားဟု တခါကလာပြဖူးသည့် ထိုဓားကို ကူးပါးဝယ်လိုက်သည်ကို သူသိသည် ။
“ အဗတ် ဘယ်မှာလဲ ” သူ့ အသံသည်မာသည် ။
“ အဗတ် သူ့ ဦးလေးဆီမှာ ရှိပါတယ် ခင်ဗျား ”
အလောင်း ခြေရင်းတွင်မလေး ပုလိပ်စာသင်တယောက် ရပ်နေသည် ။ “ ပုလိပ် နှစ်ယောက် ခေါ်သွား ၊ အဗတ်ကိုဖမ်းခဲ့  ”
အရေးယူ စရာရှိသည်ကို ၀ါဗာတန် ချက်ချင်း အရေးယူသည် ။ မျက်နှာထား တည်တည်ဖြင့်ပင် ပေးစရာရှိသည့် အမိန့် တို့ ကို ပေးသည် ။ သူ့ စကားလုံးတို့ မှာ ပြတ်တောင်းသည် ။ အာဏာသံပါသည်။ ထို့ နောက်ခံတပ် အိမ်သို့  ပြန်လာခဲ့သည် ။ မုတ်ဆိတ်ရိတ်လိုက် ပြီးနောက် ရေချိုးသည် ။ အကျအန ၀တ်ဆင်ကာ ထမင်းစားခန်း သို့ သွားသည် ။ စားစရာ ပန်းကန်ဘေးတွင် စက္ကူပတ် ထားသည့် တိုင်းသတင်းစာတစောင်က သူ့ ကိုစောင့်ကြိုနေသည် ။ သစ်သီးအနည်းငယ် စားသည် ။ စားပွဲထိုး မှူးကလက်ဖက်ရည် ငှဲ့ နေစဉ် နောက်တယောက်က ကြက်ဥပန်းကန် လာချပေးသည် ။ ၀ါဗာတန်မှာ စားလို့ မြိန်သည် ။ စားပွဲထိုးမှူးသည် ဘေးကရပ်စောင့်နေသည် ။
“ ဘာပြောချင်လို့ လဲ ”
“ တူအန်ခင်ဗျာ ၊ ကျွန်တော်တူ အဗတ်ဟာ မနေ့ ညက အမေ့ဘက်က သူ့ ဦးလေးအိမ်မှာ တညလုံး ရှိနေပါတယ် ၊ သက်သေပြနိုင်ပါတယ် ခင်ဗျာ ၊ သူ့ ဦးလေးကကျိန်ပြီး ပြောရဲပါတယ် ၊ ရွာမှာ တညလုံး ရှိပါတယ် ”
ဝါဗာတန်သည် စားပွဲထိုးကို မျက်မှောင်ကုပ်ကြည့် လိုက်သည် ။
“ တူအန်ကူးပါး ကိုအဗတ်သတ်တယ် ၊ အဲဒါ မင်းလဲသိတယ် ၊ ငါလဲသိတယ် ၊ ဒီတော့ တရားဥပဒေအတိုင်း စီရင်ရမယ် ”
“ သူ့ ကိုကြိုးပေးမှာလား သခင် ”
ဝါဗာတန်သည် ချက်ချင်းမပြောသေးပဲ ငံ့လင့်နေသည် ။ သူ့ အသံမှာ ပြင်းတန်မာကျောသော်လည်း မျက်လုံးတွင် အပြောင်းအလဲ တခုပေါ်လာသည် ။ တလျှပ်လျှပ် လက်လာသည့် အရောင်တခုကို စားပွဲထိုးမှူး ချက်ချင်း သတိထားလိုက်မိသည် ။ ပြီးတော့ ငါနားလည်ပါတယ်ကွာ ဟူသောအဖြေကို ပေးသည့်အကြည့်တခုကို ဖြတ်ကနဲ မြင်လိုက်ရသည် ။
“ အမျက်ဒေါသကို နှိုးဆွတာက တရားလွန်တယ် ၊ အဗတ်ကို ထောင်ဒဏ်စီရင်မယ် ” ၀ါဗာတန်သည် ဆက်မပြောသေးပဲ ပေါင်မုန့် ယိုသုတ်ကိုစားလိုက်သည် ။ ပြီးမှ ထောင်ထဲမှာ ပြစ်ဒဏ်တပိုင်း ခံပြီးယင် သူ့ ကိုငါ့ အိမ်မှာ နေလာတော့ အကျင့်ဆိုးတွေ ရချင်ရလာမှာ ”
“ အဗတ်ကိုယ်တိုင် လာပြီး အဖမ်းခံမယ်လေ ”
“ ပိုပြီးကောင်း တာပေါ့ ”
စားပွဲထိုး ထွက်သွားသည် ။ ၀ါဗာတန်သည် တိုင်းသတင်းစာကို ယူကာ စက္ကူပတ်ကို သပ်သပ်ရပ်ရပ် ခွာသည် ။ တွန့် ခေါက်နေသည်ကို ပြန့် အောင် လုပ်သည် ။ ယနေ့ နံနက်ခင်းမှာ အလွန်သာယာနေသည် ။ လန်းဆန်းနေသည် ။ အေးအေးလူလူ ရှိသည် ။ သူသည် ပန်းခြံဆီသို့  မျက်လုံးတချက် ဝေ့ကြည့်လိုက်သည် ။ သူ့ ရင်ထဲမှာ ပေါ့ပါးနေသည် ။ အလေးအလံကြီး တခု ကျသွားပြီ ။ ထို့ နောက် သတင်းစာ တွင်သာရေးနာရေး ခန်းကို လှန်သည် ။ မွေးဖွားသူ ၊ သေသူ ၊ မင်္ဂလာဆောင် ကြသူတို့ `၏နာမည်များကို ဖတ်သည် ။ သတင်းစာ ဖတ်လျှင် ဤက္ဌ ကိုအလျင် ကြည့်လေ့ရှိသည် ။ ဟော ၊ အသိတယောက် နာမည်ကို တွေ့ ရပြီ ။ လေဒီ အွမ်းစတက်မှာ သားငယ်တယောက် ရပြီပဲ ။ သူ့ အမေ မုဆိုးမ လေဒီကြီး ဘယ်လောက် ၀မ်းသာရှာမလဲ ။ နောက်တပတ် စာပို့ နဲ့ အတူဝမ်းသာတဲ့ အကြောင်း စာတစောင်ရေးလိုက် ရဦးမယ် ။
အင်းအဗတ်ဟာ အတော်ခိုင်းလို့  ကောင်းမယ့် ကောင်လေးပဲ ။
ဟို သောက်ကန်းမသား ကူးပါး ။
ု
0 comments:
Post a Comment