ပုရွက်ဆိတ် နှင့် နှံကောင် ၊ ဂျော့ နှင့် တွမ်




ပုရွက်ဆိတ် နှင့် နှံကောင် ၊ ဂျော့ နှင့် တွမ်


ကျွန်တော်ဖတ်ဖူးသော…


ပုံပြင်အချို့ အနက် “ပုရွက်ဆိတ် နှင့် နှံကောင်” ပုံပြင်ကို ကျွန်တော်ကောင်းစွာ မှတ်မိနေ သည် ။ ငယ်ရွယ်သူတို့ အတွက်သင်ခန်းစာ ကောင်းတခု ရနိုင်သည့် ပုံပြင်ဖြစ်သည်။ လုပ်အားတန်ဘိုး ချစ်မြတ်နိုးသူ သည် ဆုလာဒ် ကောင်းရပြီးလျှင် ပေါ့ပေါ့နေတတ် သူ သည် အချည်းနှီး ဖြစ်ရသည် ဟူ သော သဘောပင်ဖြစ်ပါသည် ။


ထိုပုံပြင်`၏အချုပ်မှာ -


ပုံပြင်အရကား ပုရွက်ဆိတ်သည် ဆောင်းတွင်းစာအတွက် တနွေလုံး ပင်ပန်းကြီး စွာ အစာရှာဖွေသည် ။ နှံကောင်ကား မြက်ပင်ပေါ်တွင် အခန့် သားထိုင်ကာ နေကို မျော်လျက် သိချင်းဆိုနေတတ် သည် ။ ဆောင်းဥတု ရောက်လျှင် ပုရွက်ဆိတ်ကား မပူပင်ရဘဲ ကောင်စွာစားသောက်နိုင်သည် ။ နှံကောင်ကား ရိက္ခာ မရှိတော့ ပေ။ ထိုကြောင့် ပုရွက်ဆိတ်ထံ သွားကာစားစရာအနည်း အကျဉ်း တောင်းသည် ။ ထိုအခါ ပုရွက်ဆိတ်က ပေးနေကျအဖြေကို ပင်ပေးလိုက်သည် ။





“ နွေတုန်းက မင်းဘာလုပ်နေသလဲ “


“ တနေ့ လုံး ၊ တညလုံး သီချင်းဆိုနေတာပေါ့ခင်ဗျာ “


“ သီချင်းဆိုနေတယ် ၊ ဒါဖြင့် ခုလဲကခုန်နေပေါ့ ကွ “


ကျွန်တော်အနေနှင့် ကားယင်းမှရသည့်ဥပဒေသကို ကောင်းစွာသဘော မပေါက်နိုင်ခဲ့ ပါ ။ ငယ်ရွယ် စဉ်က သင်ခန်းစာမယူနိုင်သဖြင့် ယင်းသို့  သဘောမပေါက်နိုင်ခဲ့ ခြင်းဖြစ်လိမ့်မည်ဟု ထင်မိသည်။ တလွဲအဓိပ္ပာယ် ကောက်ခဲ့  ခြင်းတော့ဖြင့် မဟုတ်ပါ ။ ထိုစဉ်ကပင် ကျွန်တော် စိတ်ထဲ၌ နှံကောင် ကို သနားနေခဲ့သည် ။ ထိုအခါ မှစ၍ ကာလအတန်ကြာ သည့်တိုင်ပုရွက် ဆိတ်ကိုမြင်လျှင် ခြေနှင့် နင်း မိသည် ချည်းသာများခဲ့ပါသည် ။ ကျွန် တော် ဘာသာပြန် ၀ထ္ထုတိုတစ်ပုဒ် ကိုဖတ်လိုက်ရသည့် အခါ ထိုပုံပြင်လေးကို သတိမရဘဲ မနေနိုင်တော့ပါ ။







ဝထ္ထုတိုလေး၏ အစကဤသို့ …


ဆိုင်တဆိုင်တွင် နေ့ လည်စာ စားနေသော ဂျော့ရမ်းဆေး တယောက်ထမင်းကို ကောင်းစွာ မ စား နိုင်ဘဲ စားပွဲပေါ်၌ စိတ်ပျက်လက်ပျက် မိုင်တွေချကာ ထိုင်နေသည်။ ထိုကဲ့သို့ မိုင်တွေချ နည်းမျိုး ကျွန်တော်မကြုံဘူး သေးပါ ။ သူ့ ရှေ့ရှိ ဟင်းလင်းပြင် ကြီးထဲသို့ မိန်းမောတွေဝေစွာ ကြည့် နေုသည် ။ ကမ္ဘာကြီးတခုလုံးကို သူ့ ပခုံးပေါ် ထမ်းထားရသကဲ့ သို့ လေးလန်နေ ဟန် တူသည် ။ သူ့ အတွက် ကျွန်တော်စိတ်မကောင်း ဖြစ်မိသည် ။ သူ့ ညီကသူ့ ကိုဒုက္ခပေးပြန်ပြီ လား ဟုသံသရဖြစ်မိသည် ။ ထို့ ကြောင့် သူ့ ထံသွားကာ လက်ဆွဲ နူတ်ဆက်ပြီး နောက် စကားဆိုပါသည် ။


“ ဘယ်နှဲ့ လဲဗျ “


“ မပြုံးနိုင်ဘူး ဗျို့ ” ဟုသူကဆိုသည် ။


“တွမ်ကိုစ္စမဟုတ်လား”


သူသည်သက်ပြင်းတချက်ချလိုက်သည် ။


“ဟုတ်တယ် ၊ ဒီတခါလဲ တွမ်ပဲ”


“ကန်ထုတ်လိုက်ပါလားဗျာ ၊ သင်းအတွက်ခင်ဗျားကြည့် ရူခဲ့လှပြီမဟုတ်လား ၊ ခုလောက်ဆိုခင်ဗျားညီ လုံးလုံးအသုံး မကျမှန်းသိဖို့ ကောင်းပြီဗျ “


မွေးချင်းပေါက်ဖော်တစုတွင် စုန်ပြူးတခုတော့ ပါတတ်သည် ဟုကျွန်တော်နားလည် ထားသည်။ တွမ့်`၏ ပြသနာသည် အလွန်ခေါင်းခဲစရာ ကောင်းသည့်ပြသနာပင်ဖြစ်သည် ။ အနှစ်နှစ်ဆယ်နီးပါး ရှိခဲ့ ပြီ။ တွမ့်သည် ရိုးရိုးသားသား လုပ်ကိုင်စားသောက် ရာမှအိမ်တောင် သားမွေး ပြုခဲ့သည်။ ကလေးနှစ်ယောက် ရခဲ့သည် ။ ရမ်ဆေးမိသားစု သည်ဂုဏ်သရေရှိ မိသားစုဖြစ်သည် ။ သို့ ဖြစ်ရာ တွမ်ရမ်ဆေးသည်လည်း မိဘဆွေမျိုးတို့  `၏သိက္ခာကို စောင့်ထိန်းသောအားဖြင့် ကောင်းစွာ အသက်မွေးပြုလိမ့်မည်ဟု ယူဆစရာအကြောင်းရှိသည် ။ တနေ့ တွင်သူလည်းဂုဏ်သရေရှိ လူကြီးလူကောင်း ဖြစ်လာနိုင်မည် ။


တနေ့ တွင်ကား တွမ့်သည် ဘာစိတ်ကူးပေါက်သည်မသိ ။ သူ့ အလုပ်တွင် မပျော်ပိုက်ကြောင်း ၊ အိမ်တောင်

ရှင်အဖြစ် မနေလိုတော့ကြောင်းပြောသည် ။ သူသည်တကိုယ်တည်း ပျော်ရာ ရှာချင် ဟန်တူသည် ။ ကျိုးကျောင်းပြ၍ ဆိုဆုံးမသည့်တို့ ကိုနားမ၀င်တော့ပါ ။ သို့ နှင့်သား မယား ကိုရော ၊ အလုပ်ကိုပါ စွန့် ပစ်ထွက်ခွာသွားသည် ။ သူ့ လက်ထဲတွင် ငွေစအနည်းငယ် ပါသွားလေရာ ဥရောပတခွင် ပြဲပြဲစင်အောင်လျှောက်လည် ရင်းနှစ်နှစ်တာမျှ သောက်သောက် စားစား ၊ ပျော်ပျော်ပါးပါး အချိန်ဖြုန်းခဲ့သည် ။


သူ့ သတင်း သူ့ အတင်းတို့ သည်တဆင့်စကား တဆင့်နားကြားကာ သူ့ ဆွေမျိုးအသိုင်းအ၀ိုင်း နားသို့ ရောက် လာသည် ။ ထိုအခါ ဆွေမျိုးများမှာ တုန်လူပ်ချောက်ချားဖြစ် ကြရသည် ။ သူ့  အဖို့ ကားလောကကြီး သည်အ လွန်ပျော်စရာ ကောင်းနေသည် ။ ဆွေမျိုးများ ကမူဒီကောင် ပိုက် ဆံကုန်ရင် ဘာလုပ်မတဲ့လဲ ဟုခေါင်း ယမ်း ကိုယ်ယမ်း ဖြစ်မိကြသည် ။ သူ့  အစီအစဉ် ကိုသိလိုကြသည် ။


မကြာမီပင် သိကြရဘာသည် ။ သူသည် ငွေကိုချေးဌါးကာ သုံးစွဲနေသည်ဟု ဆိုသည် ။ တွမ်သည် ဂိုက်ဆိုက် ကောင်းသည် ။ သို့ ရာတွင် အကျင့် ပျက်တက်သည် ။ သို့ ငြားလည်း သူ့  ကို ငွေမချေး ဘူးသူမရှိပါ ။ သူ့ အ ပေါင်းအသင်း မိတ်ဆွေများထံ မှငွေမှန်မှန်ချေး ၍ရနေပါ သည် ။ တွေ့ သည့်လူတိုင်းနှင့် လည်းမိတ်ဆွေဖြစ် အောင်ပေါင်းသင်း တတ်သည် ။ ပိုက်ဆံကို လိုသည့်အခါတွင်မှ လိုသလောက်သုံးရသည်မှာ စိတ်ညစ်ညူး စ ရာကောင်းလှပါသည် ။ ဇိမ်ကျကျ သုံးစွဲရမှ ၊ ဇိမ်ခံပစ္စည်းအတွက် သုံးစွဲရမှသုံး ရကျိုးနပ်သည် ။ ကျေနပ်မှုလည်းဖြစ် သည်ဟု တွမ်ကဆိုသည် ။


ငွေရေးကြေးရေး နှင့်ပက်သက်၍ကား တွမ်သည် သူ့ အစ်ကိုဂျော့အားအမြဲလိုလိုမှီခိုနေခဲ့သည်။ ဂျော့နှင့် ဆက် ဆံသည့်အခါတွင်မူ နှစ်လိုဖွယ်အမူအရာများမသုံး ။ ဂျော့သည် စည်ကမ်းကြီးသူ ၊ လေးနက်သူ ဖြစ်လေရကား ထိုနှစ်လိုဖွယ်ရာ အမူအရာတို့ သည်ဂျော့ကို သွေးဆောင်နိုင် လိမ့်မည်မဟုတ် ။ ဂျော့ကား အများသူငါတို့ `၏ လေးစားခြင်းခံရသူ တယောက်ဖြစ်သည် ။ တခါ နှစ်ခါတွင်မူ တွမ်က သူ့ အကျင့်ဆိုးများကိုဖျောက် ပါမည်ဟုအာမ၀န်ခံ သဖြင့် သူတောင်း သည့်ငွေ များများစားစား ပေးခဲ့ဘူးသည် ။ ဂျော့`၏စိတ်ထဲတွင် သူ့  ညီသည် လူကောင်း တယောက် ပြန်ဖြစ်တော့မည်ဟု မျှော်လင့်ထား ခဲ့သည် ။ သူမျော်လင့်ထားသလို ကားမဖြစ် လာပါ


တွမ်သည် သူပေးသောငွေဖြင့် မော်တော်ကားဝယ် စီးသည် ။ လက်ဝတ်ရတနာ များဝယ်သည် ။ ဤသို့ ဖြင့် သူ့ ညီကိုပြူ ပြင်၍မရ မှန်းတဖြည်းဖြည်း သိလာသောအခါ ဂျော့သည်တွမ်ကို စွန့်  လိုက်သည် ။ ထိုအခါ တွမ်သည် စိတ်ထဲ တွင်စိုးစဉ်းမျှ စနှိုးစနောက်မဖြစ်ပဲ ဂျော့အိတ်ထဲမှ ငွေကိုမရ ရသည့်နည်းဖြင့် ညစ်ထုတ်သည် ။


ဂျော့သည် လေးစားအပ်သော ရှေ့နေတယောက်မဟုတ်လား ။ သူ့ လိုလူတယောက် ၏ ညီအရင်း ခေါက် ခေါက် သည် အရက်ဆိုင်တခု `၏ အရက်ရောင်းအမား ၀င်လုပ်နေသည် ဆိုသည်မှာ နည်းနည်းလေးမျှတင့်တယ် မည်မဟုတ် ။ သူဝင်၍ အလုပ်လုပ်သော ဆိုင်မှာ လည်း ဂျော့စားနေသောက်နေ ကျဆိုင်ဖြစ်နေသည် ဆိုတော့ ဂျော့ အဖို့ စိတ်မချမ်းမြေ့ စရာ ဖြစ်လာသည် ။ တခါတရံတွင်မူ တွမ်သည် တက်ဆီမောင်းသမား ၀င်၍လုပ်တတ် ပါ သည် ။ သူမောင်းသည့်တက် ဆီိကိုဂျော့ဝင်ထွက်နေကျ ကလပ်ရှေ့တွင် အမြဲရပ်ထားသည် ။ တွမ်သည် တက် ဆီ ထဲတွင်ထိုင်ကာ ခရီးသည်စောင့်တက်သည် ။


အရက်ဆိုင်အမူထမ်း အလုပ်သည်လည်းကောင်း ၊ တက်ဆီမောင်းသမား အလုပ် သည်လည်း ကောင်း သမ္မာအာဇီဝအလုပ်ဖြစ် သည်ဟုတွမ်ကဆိုသည် ။ သို့  သော်လည်း ဂျော့ ကသာ ပေါင်တရာမျိုး ၊ ကိုးဆယ်မျိုး စောင်မမည်ဆိုလျှင် တွမ်သည်ဆွေမျိုးသားချင်းတို့ `၏ဂုဏ်ကို ထောက်သောအားဖြင့် ထိုအလုပ်များကို စွန့်  ပစ်မည်ဟုဆိုသည် ။ ထိုအခါ ဂျော့ကသူ တောင်းသည့် ငွေကို ပေးလိုက်သည် ။


တခါတွင်မူ တွမ်သည်ထောင်ကျလုနီးပါး ဒုက္ခတွေ့ ရသည်။ ထိုအခါဂျော့သည် အလွန်အမင်း စိတ်မချမ်းသာ ဖြစ် ရသည် ။ တွမ် ၏ ရုံးပြင်ကနား အမူကိစ္စထဲတွင် သူပါဝင် ဆောင်ရွက် ရ တော့သည် ။


တွမ် ၏ အဖြစ် ကလည်း ဆိုးရွားသည် ။ တွမ်သည် အဆင်အခြင်တရား မရှိပါ ။ တွမ်သည် ရိုင်စိုင်း ကြမ်းတမ်း သည် ။ တွမ်သည်တကိုယ်ကောင်း ကြံသူဖြစ်သည် ။ သို့ ငြားလည်း မရိုးသားသည့် အပြုအမူမျိုးကို လွန်ကဲ့သော အခါများက မပြုလုပ်ခဲ့ဟုဆိုသည် ။ ဤသည်မှာလည်း ဂျော့အမြင်အားဖြင့် တရားဥပဒေ နှင့်ဆန့် ကျင်သော အ ပြုအမူ မျိုးပင်ဖြစ်သည် ။


ယခုကိစ္စတွင် သူကိုတရားဆွဲမည်ဆို လျှင်သေချာပေါက် လွတ်နိုင် မည်ဖြစ်သည် ။ သို့ ပေမဲ့ ညီအရင်း ခေါက် ခေါက် တယောက် ထောင်တန်းကျမည်ကို ဘယ်အကိုကကြည့်ရက်ပါမည်လဲ ။ တွမ်သည် ကရွန်ရှော ဆိုသူ တ ယောက်အား လိမ်ခဲ့သည် ။ ကရွန်ရှောသည် လက်စားချေတတ် သူတဦးဖြစ်သည် ။ ထိုကြောင့် အမူကိစ္စကို ရုံးပြင်ကနားရောက်သည့်အထိ ယူဆောင် လာ သည် ။ တွမ်သည် အကျင့်ပျက်သူတယောက်ဖြစ်သည် ။ သူ့ ကိုအပြစ်ဒဏ်ခတ်ရမည်ဟု ကရွန်ရှောကဆိုသည် ။


ဂျော့ကား ထိုအမူကိစ္စအတွက် လူလည်းပင်ပန်း ၊ ငွေလည်းပင်ပန်း ဖြစ်ရသည် ။ အမူပြီး ဆုံး သွား သည်အထိဆိုလျှင် ပေါင်ငါးရာအကုန်အကျခံလိုက်ရသည် ။ ပေါင်ငါးရာ တန် ချက် ကို လဲပြီးနောက် တွမ်နှင့်ကရွန်ရှောတို့  မွန်တီကာလိုသို့ အတူထွက်သွားကြသည်ဟု ကြားရသည့် အခါဂျော့သည် ဒေါသခြောင်းခြောင်း ထွက်လေသည် ။ ဤသို့  ဂျော့ဒေါသ ကြီး သည်ကို -

ကျွန်တော် တခါမျှမတွေ့ ဖူးပါ ။ တွမ်နှင့်ကရွန်ရှောတို့ သည် လောင်းကစားမြိ့  တော် မွန်တီကာလို၌ တလခန့်  ပျော်ရွင်စွာ နေထိုင်ကြသည်ဟု သိရပါသည် ။

နှစ်ပေါင်း နှစ်ဆယ်လုံးလုံး တွမ်သည်ပေါ်ကြော့နေခဲ့သည် ။ သူ့ တွင်အတက်မျိုးစုံသည် ။ မြင်းလောင်းဖဲရိုက် သည်ကတမျိုး ၊ မိန်ကလေး ချောချောလှလှလေးများ နှင့်တွဲကာ စားလိုက် သောက်လိုက် ကလိုက်ခုန်လိုက်

က တမျိုး ။ စားပြန်လျှင်လည်း အကောင်းဆုံး ၊ အဖိုးအတန် ဆုံးအစားကို ဆိုင်တို့ မှစားသည် ။ဝတ်ပြန်လျှင်လည်း ကောင်းပေ့ညွှန့် ပေ့ဆိုသည့်အ၀တ်တို့  ကိုမှလှပ တင့်တယ်စွာ ၀တ်ဆင်သည် ။ သူကိုတွေ့ လိုက်ရ လျှင်မင်းပွဲစိုးပွဲတက်ရန် ထွက်လာ သလား ဟုပင်အောက်မေ့ရသည် သူ့ အသက်မှာ လေးဆယ့်ခြောက်နှစ် ရှိနေပြီ ဖြစ်သော် လည်း သုံးဆယ့်ငါးနှစ်ထက် မကြီးဟုအမြဲထင်ရသည်။


သူနှင့်ပေါင်းသင်းရ သည်မှာ ပျော်စရာ ကောင်းသည် ။သူကို အသုံးမကျမှန်း သိသော်လည်း သူနှင့် ပေါင်းသင်း ဆက်ဆံရသည့် အခါတိုင်း ကျေနပ်မရသည်ူသာ များသည် ။တွမ်သည် အ မြဲတမ်း ပျော်ရွင်ပျော်ရွင် နေသူဖြစ် သည် ။ စိတ်ကလည်း ဘုံဖျားတွင်ရှိနေသည် ။ ပေါင်းလို့  သင်း လို့ ကောင်းသူတယောက်လည်းဖြစ်သည် ။ ပိုက်ဆံပြတ်တိုင်း ကျွန်တော် ထံရောက် လာ တတ်ပြီး မှန်မှန်ပင်တောင်ရမ်းတတ်သည် ။ သူ့  ကိုပိုက်ဆံပေးရ သဖြင့်ကျွန်တော်တွင် ငြုစူ စိတ် မဖြစ်မိပါ ။ ပေါင်ငါးဆယ်မျိုး ၊ ခြောက်ဆယ်မျိုး အမြဲတောင်း တက်သည် ။ သူကို ပေါင်ငါးဆယ် ပေးလိုက်ရပြီဆိုလျှင်သူ့ အပေါ် အကြွေး ငါးဆယ်တင်သွားပြီဟု ကျွန်တော် စိတ်ထဲ တွင်မဖြစ်မိပါ ။ ထိုသို့  စိတ်ထဲတွင်ဖြစ်မိပြီဆိုလျှင် သူ့ ကိုငွေ မချေးဌါးတော့ပါ ။ တွမ်သည် အပေါင်းအသင်း စုံ သဖြင့် လူတိုင်းကိုသိသည် ။


လူအပေါင်းကလည်းတွမ်ကိုသိကြသည် ။ တွမ်`၏အမူအကျင့်တို့  ကိုထောက်ခံ အားပေး နိုင်မည်မဟုတ် သော် လည်းသူ့ ကိုမနှစ်သက်ပဲကား ပနေနိုင်ပါ ။


ဂျော့ သည် သူ့ ညီ ကလေကချေ တွမ်ထက် တနှစ်သာ ကြီးသည် ။သို့ ငြားလည်း ဂျော့ကို ကြည့် လိုက် ရလျှင်အသက်ခြောက်ဆယ်ခန့်  အိုမင်းနေပြီဟု ထင်ရသည် ။ သနားစရာ ဂျော့ပါလား ။ ဂျော့အဖို့ လုပ်သက် နှစ်ဆယ် ငါးနှစ်အတွင်း တနှစ်တွင် ဆယ့်ငါး ရက် ထက်ပို ၍ခွင့်မယူခွင့်မယူဖူးပေ ။ နေ့ စဉ်မနက်တိုင်း ကိုးနာရီ ခွဲတိတိ တွင် ရုံးသို့  ရောက်ပြီး ညနေ ခြောက်နာရီ တိတိ ရှိမှ ရုံးဆင်းသည် ။

ဂျော့သည်ရိုးသားသူ ၊ အလုပ်ကြိုးစားသူ ၊ ဂုဏ်သရေ ရှိသူ သယောက်ဖြစ်သည် ။သူ့ တွင်မယားဝတ် ငါးပါးနှင့် ပြည့်ဝသည့် ဇနီးကောင်း တ ယောက် ရှိသည် ။ သူ့ အနေနှင့်လည်း ဇနီးအပေါ်သစ္စာဖောက်မည့် စိတ်ကူးမျိုး တခါမျှမ၀င်စားမိ ။ သူ့  တွင် သမီးလေးယောက်ရှိသည် ။ သူသည် ထိုသမီး လေးယောက် `၏ဖခင်ကောင်း တ ယောက် ဖြစ်သည် ။


သူဝင်ငွေအနက် သုံးပုံတပုံကိုစုသည် ။ငါးဆယ့်ငါးနှစ် ရှိ၍ပင်စင်ယူသည့်အခါ တောပိုင်းတွင် အိမ်ကလေး တလုံးဆောက်ပြီး နောက်ဥယျာဉ်ကလေးကို ပြုပြင်လိုက် ၊ ဂေါက်သီးလေး ရိုက်လိုက်နှင့် အေးအေးချမ်းချမ်း နေတော့ရန်စိတ်ကူးထားသည် ။သူ`၏လူဘ၀က အပြစ် အနာအဆာ လုံးဝမရှိသော လူ့ ဘ၀ဖြစ်သည် ။ ယခုမူကား သူသည်အသက်ြုကီးလာပြီ ။ ထို့  ကြောင့် သူဝမ်းသာသည် ။ အကြောင်းမှာသူကြီးရင့်သလို သူ့ ညီတွမ်သည်လည်း ကြီးရင့် လာမည်ဖြစ်သောကြောင့်တည်း ။ ကျွန်တော်ကို တွေ့ သည့်အခါ ဂျော့သည်လက်ဝါး နှစ်ဘက် ကို ပွတ်ကာဤသို့ ပြောသည် ။


“.. တွမ်ဟာ ငယ်ငယ်တုန်းကတော့ အဟုတ်သားဗျ ၊ အသက်က ငယ်ငယ် ၊ ရုပ်က ဖြောင့် ဖြောင့် ၊ ဒါပေမယ့် သူဟာကျွန်တော်အောက်တနှစ်ပဲ ငယ်တာဗျ ၊ နောက်လေးနှစ် ဆိုယင် သူလဲအသက် ငါးဆယ်ရှိတော့မယ် ၊ အဲဒီအရွယ်ရောက်တော့မှ လူ့ ဘ၀ ဆိုတာ မလွယ်လှ ပါလား လို သူသိလာလိမ်မယ် ၊ ကျွန်တော် အသက်ငါး ဆယ်ပြည့် ရင် ကျွန်တော်မှာ စုပြီး ဆောင်း ပြီး ပေါင်သုံးသောင်းရှိမယ် ၊ တွမ်ဟာရေမြောင်းတခုခုထဲမှာ ခွေးသေ ၀က်သေ သေ ပြီး ဘ၀ဆုံးမှာပဲလို့  နှစ်ဆယ့်ငါးနှစ်လုံးလုံး ကျွန်တော်ပြောခဲ့ တယ် ၊ အဲဒီဘ၀ကို သူဘယ် လို ခံယူမလဲ ဆိုတာကျွန်တော်တို့ စောင့်ကြည့် ရုံဘဲမဟုတ်လား ၊ ပြီးတော့ အလုပ် လုပ်သူဟာ တကယ်အကျိုခံစားရသလား ၊ ဒါမှမဟုတ် လတ်လျား လတ်လျား လုပ်နေတဲ့ သူဟာ အကျိုးခံစားရမလား ဆိုတာ ကျွန်တော်တို့ အဆုံး တနေ့  မှာသိကြရမှာပဲမဟုတ်လား ... "


တကယ် သနားစရာကောင်း သည့်ဂျော့ပေပဲ ။ သူ့ ကိုကျွန်တော် များစွာကိုယ်ချင်းစာမိသည် ။ သူ့ ဘေး၌ ကျွန်တော် ထိုင်နေ စဉ်နာမည်ကြီး တွမ်တယောက် ဘာဖြစ်ပြန်ပြီလဲဟု သိချင်ကာ စဉ်းစားအံသြနေမိသည် ။ ဂျော့ကားအမှန်ပင် စိတ်မချမ်းမသာ ဖြစ်နေသည်ကိုကျွန်တော်တွေ့  ရသည်။


“ .. အခုဘာဖြစ်သလဲဆိုတာ ခင်ဗျားသိသလား .." ကျွန်တော်ကိုမေးပါသည် ။


ကျွန်တော်က အဆိုးဆုံးကိုမျှော်လင့်ထားမိသည် ။ တွမ်တယောက် နောက်ပိတ်ဆုံး တွင်ပုလိပ် လက်ရောက် လေပြီလား ဟူ၍လည်းထင်မိသည် ။ ဂျော့သည် တော်တော်နှင့်စကား ဆက် မပြောနိုင်သေးပဲ ငြိမ်နေသည် ။


“ .. ကျွန်တော်ဘ၀ တလျှောက်လုံးကို ခင်ဗျားအသိ ၊ ခင်ဗျား ပြန်စဉ်းစားကြည့်စမ်း ၊ ကျွန်တော်ဟာ အလုပ်ကြိုးစားလုပ်တယ် ၊ ရိုးသားဖြောင့်မတ်တယ် ၊ သဘောကောင်းတယ် ၊ အများကလေးစားကြတယ် ၊ အဲဒီလို အလုပ်ကြိုးစားပြီး ချွေချွေတာတာ စေ့စေ့နေခဲ့လို့  ပင်စင်ယူမဲ့ အချိန်ကျယင် အရင်းအနှီး ကလေး နည်း နည်းက အတိုးအပွားလေး နည်းနည်းနဲ့  နေနိုင်ရုံဘဲရှိမယ် ၊ အဲဒီဘ၀မှာ ကိုယ့်တာဝန် ကျေပွန်ခဲ့လို့ ထာဝရ ဘုရားသခင်က ကျေနပ်ပြီး ကျွန်တော်အတွက် တနေရာပေးမှာပေါ့ ဗျာ.. “


“ ဟုတ်တာပေါ့ဗျ “


“ ကဲ .. တွမ်ကို ခင်ဗျားသိတယ်မဟုတ်လား ၊ ဒီကောင်ဟာ လတ်လျား လတ်လျား နေခဲ့တယ် ၊ ဘာမှအသုံး မ ကြဘူး ၊ အပျော်ကြူးတယ် ၊ ဘယ်သူကမှ သူ့ ကိုမလေးစားကြဘူး ၊ လူဆိုးလူတေဘဲ ၊ တရားဥပဒေသ အတိုင်း သာဆိုယင် တွမ်ဟာထောင်ထဲရောက်နေဖို့ ပဲ .. “


“ဟုတ်တာပေါ့ဗျာ "


ဂျော့ ၏မျက်နှာသည် နီမြန်းလာသည် ။


“ အဲ .. လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက် ကတွမ်ဟာ သူ့ အမေလောက်ရှိတဲ့ မိန်းမကြီး တ ယောက် နဲ့ တွေ့ ခဲ့တယ် ၊ ပြီးတော့ညားခဲ့တယ် ၊ အခုအဲ့ဒီမိန်းမကြီး သေသွားတော့ ရှိသမျှ စည်းစိမ်အားလုံးကို သူ ရလိုက်သတဲ့ ဗျာ ၊ ပေါင်ငါးသိန်းလောက် ငွေသားကြီးကျန်ခဲ့တယ် ၊ ရွက်လှေသင်္ဘောငယ်ကတစီး ၊ လန်ဒန်မှာအိမ်ကတလုံး ၊ တောမှာအိမ်ကတလုံး .. “


ဂျော့ရမ်းဆေးသည် လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်ကာစားပွဲကို တတုန်းတုန်း ထု လိုက်သည် ။


“ နည်းနည်းမှ မတရားဘူး ၊ ကျွန်တော် ပြောတယ်ဗျာ ၊ လောကကြီးက နည်းနည်းမှ မတရားဘူး ၊ အလကားဘဲ ၊ နည်းနည်းလေးမှ တရားတာမဟုတ်ဘူး .. “


ကျွန်တော်ကရော ဘာတတ်နိုင်မှာလဲ ။ ဂျော့`၏မျက်နှာတွင် ဒေါသမီးလျှံ တရှိန်ရှိန် တောက်လောင်နေသည် ။ ထိုမျက်နှာကို ကြည့်ရင်းကျွန်တော်လည်း ဟက်ဟက်ပက်ပက် ရီမိသည်။ သဘောကျလွန်သဖြင့် ကုလားထိုင် တွင် ရှေ့ တိုးနောက်ငင် ဖြစ်သည့်အထိ မထိန်းနိုင် မသိမ်းနိုင် ရယ်မိသည် ။ ရှေ့ သို့ ထိုးကျမသွားရန်မနည်းပင် ကိုယ့်ကိုယ် ကိုယ်ထိန်းထားရသည် ။


ထိုအခါ မှ၍ဂျော့သည် ကျွန်တော်ကို ဘယ်တော့မှခွင့်မလွတ်တော့ပါ ။ သို့ ရာတွမ်ကမူ ကျွန်တော်အား မေဖဲယားရှိ သူ`၏အိမ်သို့  မကြာခဏ ထမင်းဖိတ်၍ ကျွေးသည် အကောင်းတကာ အကောင်းဆုံး ထမင်းဟင်းများဖြင့်ကျွန်တော်ကို ကျွေးမွေးခံသည် ။ သို့  ငြားလည်း တခါတရံတွင်မူ တွမ်သည်ကျွန်တော်ထံမှ ပိုက်ဆံချေးဌါးတတ်သေးသည် ။ ယင်းမှာသူ `၏အကျင့်ဟောင်း များကြောင့်ပင်ဖြစ်လေသည် ။ သို့ သော်လည်းဘယ်တော့မျှ တပေါင်ထက် ပို၍ မချေးဌါးတော့ပါ ။


မှတ်ချက် - ဆမ်းမားဆက်မွမ် `၏ ၀တ္ထုတိုလေးကို တင်ပြထားပါသည်။

1 comments:

Anonymous said...

မင်းဒင် ၊

ဆမ်းမားဆက်မွမ် ရဲ့ ပြောင်မြောက်တဲ့ လက်ရာလေး တပုဒ်ပါပဲ ။
ပြန်လည် ဖတ်ရှုခွင့် ရတဲ့ အတွက် ကျေးဇူးတင်ရပါတယ် ဗျာ ။

ခင်မင်လျက်

မင်းဒင်

Post a Comment