ရွှေပုဇ္ဇုန် ( ဒုတိယပိုင်း )


ရွှေပဇ္ဇုန် ( ဒုတိယပိုင်း )


မက္ကဖိုင်သည် ခြင်ပိန့် များကို ကုပ်နေသည် ။သူ့ စိတ်မှာ လက်တဆစ်သာ ရှိတော့သည် ။ မိုးတိတ်ပြန်တော့လည်း အပူရှိန်က လွန်ကဲလာသည် ။ အိမ်ထဲတွင် ပြုတ်ထားသလို ခံစားရသည် ။ ရေးနွေးပေါင်းအိုးကြီး ထဲရောက်နေသလား ထင်ရသည် ။ အသက်ရှု မှားမတတ်ပင် ဖြစ်လာသည် ။ ရာသီကြမ်း ၊ ဒေသကြမ်း များတွင် ရောက်နေသည် ထင်လာသည် ။ ကျွန်းသားတွေ ကြည့်ပါဦး ။ ဆေးမင်ကြောင် ထိုးသူကထိုး ၊ ဆံပင်ကို ဆေးဆိုးသူကဆိုးနှင့် တကယ်အရိုင်းအစိုင်းတွေ ပါပဲ ။ နောက်ကလိုက် လာလျှင်ပင် အသည်း ယားကာ လှည့်ကြည့်လှည့်ကြည့် လုပ်မိသည် ။ ကိုယ့်ကိုများ ရန်မူလေမလား စိုးရိမ်မိသည် ။ အလစ်တွင် နောက်ကျောကို ဓားနှင့်ထိုးလေမလား ၊ သူ တို့ မျက်လုံး ကြောင်ကြောင် ကိုက ကြောက်စရာကောင်းနေသည် ။ စိတ်ရှုးဖောက်ချင် ဖောက်မည့်မျက်လုံးမျိုးဖြစ်သည်ဟုထင်လာသည် ။ အီဂျစ်ဘုရား ကျောင်းနံရံပေါ်တွင် ဆေးခြယ်ထားသည့် ရှေးဟောင်းအီဂျစ် များနှင့် တူသလိုလို ။


ဒေဗီဆန်သည် အိမ်သို့  ပြန်လာလိုက် ၊ အိမ်မှ ထွက်သွားလိုက် ယောက်ယက်ခတ်နေသည် ။ သူဘာလုပ်နေသည်ကို မက္ကဖိုင် လင်မယားမသိ ။ ဘုရင်ခံဆီသို့ နေ့ တိုင်း သွားတွေ့ သည် ဟူ၍ကား ဟွန်းကပြော သည်။ တခါတွင်မူ ဘုရင်ခံအကြောင်း ဒေဗီဆန်ထံမှ အရိပ်အမြွက် ကြားရသည် ။


“ သူ့ ကြည့်ရတာ ပြတ်ပြတ်သားသား လုပ်တော့မယ့် ပုံ မျိုးဗျ ၊ ဒါပေမယ့် တကယ့်အရေးကျတော့ အလကားပဲ ”


“ ခင်ဗျား စိတ်ကြိုက်သူလုပ်မပေးဘူး ဆိုချင်တာလား ” မက္ကဖိုင်က ရယ်ကာမောကာ မေးသည် ။

ဒေဗီဆန်က မပြုံး ။


“ ကျုပ်သဘောကတော့ မှန်တာ လုပ်စေချင်တာပဲ ၊ လူတယောက် ကို မှန်တာလုပ်ဖို့  သွေးဆောင်နေဖို့  လိုမယ်တောင် မထင်ဘူး ”

ဒါပေမယ့် မှန်တယ်ဆိုတာဘာလဲ ဆိုတာကလဲအယူအဆ အမျိုးမျိုး ကွဲနိုင်သေးတာကိုး ဗျ ”


“ လူတယောက်ရဲ့ ခြေထောက်တဘက်က အနာဟာ ပုပ်ဆွေးနေပြီ ၊ ရိုးတွင်းခြင်ဆီလိုက်နေပြီ ဆိုကြပါစို့ ဗျာ ၊ အဲဒီခြေထောက်ကို ဖြတ်မပစ်နိုင် ဘူးတဲ့လား ၊ ဖြတ်မပေးတာကို စိတ်ရှည်လက်ရှည် ကြည့်နေနိုင်မတဲ့လား ”


“ ရိုးတွင်းခြင်ဆီ လိုက်နေပြီ ဆိုတာမတော့ မျက်မြင်ကိစ္စကိုး ခင်ဗျာ ”

“ ဒါဖြင့် မကောင်းမှုကတော့ရော ”


ဒေဗီဆန် ခြေပုန်းခုတ်နေသည့်ကိစ္စသည် မကြာမီ ထင်ထင်ရှားရှား ဖြစ်လာသည် ။ တနေ့ နေ့ လယ်ခင်းတွင် နေ့ လယ်စာစားပြီး လေးယောက်သား လူစုမကွဲသေးပဲ ထိုင်နေကြစဉ် အခန်းတံခါး ရုတ်တရက်ပွင့်လာပြီး နောက် မစ္စဆေဒီသွမ်မဆန် ဘွားကနဲဝင်လာသည်ကို တွေ့ ရသည် ။ အခန်းထဲရောက်လျှင် ဟိုဟိုဒီဒီ ကြည့်ပြီးနောက် ဒေဗီဆန်ဆီသို့  တန်းတန်းမတ်မတ်ရောက်လာသည် ။


“ ရှင် အင်မတန်သိမ်ဖျင်းတဲ့ လူယုတ်မာပဲ ၊ ကျွန်မအကြောင်း ဘုရင်ခံဆီကို ဘာတွေသွားပြောသလဲ ”

ဆေဒီသည် ဒေါသကြောင့် လှုပ်ယမ်းနေသည် ။ ဒေဗီဆန်က ဘာမှ ပြန်မပြောသေးပဲ ကုလားထိုင်တလုံးထိုးပေးလိုက်သည် ။


“ ထိုင်ပါလား မစ္စသွမ်မဆန် ၊ ကျုပ်မင်းကို ထပ်ပြီးဆွေးနွေး ချင်သေးတယ် ”


“ ရှင် ၊ ရှင် ၊ လူယုတ်မာပဲ ”


ဆေဒီပါးစပ်မှ ရင့်သီးသည့် စကားလုံးများ တလုံးပြီးတလုံး ထွက်လာသည် ။ ဒေဗီဆန်ကား ဆေဒီကိုသာ စိုက်ကြည့်နေသည် ။


“ မင်းဘယ်လိုဘဲဆဲဆဲ ကျုပ်မမှုဘူး ၊ ဒါပေမယ့် ဒီအခန်းထဲမှာ အမျိုးသမီးတွေ ရှိနေတယ်ဆိုတာတော့ သတိပေးချင်တယ် ”


ဆေဒီသည် ဒေါသဖြစ်လွန်သဖြင့် မျက်ရည်များပင် လည်လာသည် ။ မျက်နှာကြီးတခုလုံး လည်း နီရဲကာ ထူအန်းလာသည် ။


“ ကဲ ပြောစမ်းပါဦး ၊ ဘယ်လိုဖြစ်တာလဲ ” မက္ကဖိုင်က ၀င်၍မေးသည် ။


“ ခုလေးပဲ လူတယောက် လာပြီးပြောတယ် ၊ နောက်ဆိုက်မယ့် သဘောင်္နဲ့ ကျွန်မ လိုက်ရမယ်တဲ့ ”

ဒေဗီဆန်`၏ မျက်နှာကား နကမ္ပတိ ။


အခြေအနေအရ ဆိုယင်တော့ မင်းကိုဒီမှာ ဆက်ပြီးနေခွင့် ပေးဖို့ ဘုရင်ခံအဖို့  ခပ်ခက်ခက်ပဲ ၊ သိပ်မျှော်လင့်မနေနဲ့  ”


“ ဒါ ရှင့်လက်ချက်ပဲ ၊ ကျွန်မကို လိမ်လို့ မရဘူး ၊ ရှင်လုပ်တာပဲ ”ဆေဒီသည် အသံကုန် ဟစ်သည် ။


“ မင်းကို ကျုပ်မညာချင်ပါဘူး ၊ ဘုရင်ခံကို အသင့်တော်ဆုံး လမ်းရွေးဖို့ ကျုပ်တိုက်တွန်းတယ် ”


“ ကျွန်မကို ဘာလို့ နှောက်ယှက်ရတာလဲ ၊ ရှင့်ကို ဘာများဒုက္ခပေးလို့ လဲ ”


“ ကျုပ်ကို ဒုက္ခပေးခဲ့ယင်တောင် မင်းကို နှင်တဲ့အထဲမှာ ကျုပ်နောက်ဆုံးလူဖြစ်မှာပါပဲ ”


ဆေဒီသည် ဒေါသကြောင့် တုန်တုန်လှုပ်လှုပ် ဖြစ်ကာ အော်ဟစ်သည် ။ ထို့ နောက် အခန်းထဲမှ ထွက်သွားသည် ။ သူထွက်သွားသည်ကို ကြည့်ကာ အားလုံးစကား မပြောနိုင်ပဲ အံ့အားသင့်နေကြသည် ။


“ အင်း ၊ ဘုရင်ခံက ဒီကိစ္စကို အရေးယူ ဆောက်ရွက်တယ် ဆိုတာ သိရတော့မှ စိတ်အေးရတယ် ၊ ဒီလူက ကိုယ့်စိတ်ကိုယ် ပိုင်းဖြတ်နိုင်တဲ့လူမဟုတ်ဘူး ၊ အင်မတန် စိတ်ပျော့တဲ့လူ ၊ သူပြောတာက ဘယ်လိုပဲဖြစ်ဖြစ် ဆေဒီ ဒီမှာ နှစ်ပတ်လောက် နေမှာပဲ ၊ ပြီးတော့ အေပီယာ ကို သွားမယ်၊ အေပီယာရောက်ယင် သူနဲ့ မဆိုင်တော့ဘူး ၊ အေပီယာဆိုတာ အင်္ဂလိပ်ပိုင်နက်တဲ့ ”


ဒေဗီဆန်သည် ထိုင်ရာမှ ဆတ်ကနဲ ထလာပြီး အခန်းထဲတွင် လျှောက်နေသည် ။


“ တာဝန်ရှိတဲ့လူတွေ ဒီလိုပဲ တာဝန်ရှောင်ကြတာ သိပ်ဆိုးတာပဲ ၊ သူတို့ မျက်စိအောက်က ပျောက်သွားယင် ပြီးရော ၊ မကောင်းမှုဆိုတာဟာ သူတို့ မျက်ကွယ်မှာဆိုယင် မဆိုင်တော့ဘူးဆိုတဲ့ သဘောပေါ့ ၊ ဒီမိန်းမ ဒီကျွန်းပေါ်မှာ ရှိနေတာကိုက မကောင်းဘူး ၊ ဒီကျွန်းပေါ်မှာသာ မဟုတ်ဘူး ၊ ဘယ်မှာရှိရှိ မကောင်းဘူး ၊ သူ့ အကျင့်က ကောင်းမှမကောင်း ပဲကိုး ၊ ဒီတော့ ဘယ်နေရာ ရောက်ရောက် ငါ့ဆီက လွတ်ယင်ပြီးရောဆိုတဲ့ သဘောမျိုး ပိုက်လို့ မရဘူးဗျ ၊ ဒါနဲ့ မတတ်နိုင်တော့ဘူး ၊ ဘုရင်ခံကို ရှင်းရှင်း ပြောရတော့တာပဲ ”


ဒေဗီဆန်သည် အံကြိတ်ထားသည် ။ မေးရိုးများ ပေါ်လာသည် ။ သူ့ မျက်နှာတွင် ဆုံးခန်းတိုင် ဆောင်ရွက်တော့မည် ဟူသော အမူအရာ ပေါ်နေသည် ။


“ ဘယ်လို ပြောသလဲ ”


“ ကျုပ်တို့ သာသနာပြု အဖွဲ့ ဆိုတာက ၀ါရှင်တန်မှာလဲ သြဇာထက်ပါသေးတယ်ဗျာ ၊ ဒီတော့ ဘုရင်ခံကို ပြောရတာပေါ့ ၊ ခင်ဗျားအုပ်ချုပ်ပုံ အုပ်ချုပ်နည်း မဟန်ယင် အတိုင်အတော ရှိခဲ့ယင် သက်သာမှာ မဟုတ်ဘူး ”


“ ဒါဖြင့် ဆေဒီ ဘယ်တော့လောက် သွားရမလဲ ”


“ ဆန်ဖရန်စစ္စကို မြို့ သွားမယ့် သဘောင်္တစီး ဆစ်ဒနီက ထွက်လာနေပြီလေ ။အဂါင်္နေ့ ဆိုရောက်မှာပဲ ၊ အဲဒီသဘောင်္နဲ့  သူလိုက်ရလိမ့်မယ် ”


ငါးရက်သာ လိုတော့သည် ။


မက္ကဖိုင်သည် အအားမနေ ။ ဆေးရုံသို့ သွားကာ ကူနေသည် ။ နောက်တနေ့  ဆေးရုံမှအပြန် ဟွန်းက သူ့ ကို အိမ်ဝမှဆီး၍ တားသည် ။


“ ခဏလေး ဒေါက်တာ ၊ မစ္စသွမ်မဆန် နေမကောင်းလို့  ၀င်ကြည့်ပါလား ခင်ဗျာ ”


“ ကြည့်တာပေါ့ဗျာ ”


ဆေဒီသည် ကုလားထိုင်တွင် ထိုင်ကာ ရှေ့ တည့်တည့်ကိုသာ မျက်လုံးအကြောင်သား နှင့် ကြည့်နေသည် ။ ခါတိုင်းဝတ်နေကျ ဂါဝန်အဖြူ ၊ ခါတိုင်းဆောင်းနေကျ ပန်းတဝေေ၀ နှင့်ဦးထုပ် ။ သည်အဆင်အပြင်နှင့်တွေ့ ရသည် ။ ပေါင်ဒါ ဖို့ ထားသော အသားမှာ ၀ါတာတာ ညစ်ထေးထေး ။ မျက်လုံးအကြည့်မှာလည်း လေးလံထုံထိုင်းသည့်အကြည့် ။

“ နေမကောင်းဘူးဆို ”


“ အိုရှင် ၊ တကယ်နေမကောင်းတာ မဟုတ်ပါဘူး ၊ ရှင့်ကို တွေ့ ချင်လို့ နေမကောင်းဘူး ပြောလိုက်တာပါ ။ စစ္စကိုမြို့ သွားမယ့် သဘောင်္နဲ့ ကျွန်မလိုက်ရမယ်တဲ့  “


ဆေဒီ မျက်လုံးများမှာ လည်းပြူးပြူး ပျာပျာ ဖြစ်နေသည် ။ လက်ကို ဆုပ်လိုက်ဖြန့် လိုက် လုပ်နေသည် ။ သူ့ စိတ်မှာ ငြိမ်ဟန်မတူ ။


“ ဟုတ်ကဲ့ ”


တံတွေးကို မျိုချလိုက်ပြီးနောက် ဆေဒီဆက်၍ ပြောသည်။


“ အခုနေ စစ္စကိုသွားဖို့ မဖြစ်နိုင်သေးပါဘူး ရှင် ၊ မနေ့ က ဘုရင်ခံဆီသွားတွေ့ တယ် ၊ တွေ့ ခွင့်မရခဲ့ပါဘူး ၊ သူ့ အတွင်းဝန်နဲ့ သာ တွေ့ ခဲ့ရတယ် ၊အတွင်းဝန်ကတော့ စစ္စကိုသဘောင်္နဲ့ လိုက်သွားတဲ့ ၊ ဒါပေမယ့် ဘုရင်ခံနဲ့ တွေ့ မှဖြစ်မယ်မဟုတ်လား ၊ ဒါနဲ့  ဒီနေ့ မနက်သွားပြီး စောင့်တယ် ၊ သူထွက်လာတုန်း အခန့် သင့်ပဲ တွေ့ ရတယ် ၊ တွေ့ တော့ ပြောဆိုရတာပေါ့ ၊ သူကတော့ ကျွန်မကို စကားပြောချင်ဟန် မတူဘူး ၊ နောက်ဆုံးသူပြောတာက နောက်အပတ် ဆစ်ဒနီသွား ဖို့ သဘောင်္စောင့်နေမယ် ဆိုယင် သူဘာမှ ကန့် ကွက်စရာ မရှိပါဘူး ။ ဒါပေမယ့် ဘုန်းကြီး ဒေဗီဆန် သဘောတူမှ ဖြစ်မယ်တဲ့ ”


ဆေဒီသည် မက္ကဖိုင်ကို အားကိုးတကြီး ကြည့်နေသည် ။


“ အေးဗျာ ၊ ကျွန်တော် ဘာများတတ်နိုင်မလဲ ၊ ကျွန်တော်လဲ မပြောတတ်တော့ဘူး ”


“ ဒီလိုလေ ၊ ရှင်ကသူ့ ကို ပြောမပေးနိုင်ဘူးလား ၊ တခြားမဟုတ်ပါဘူး ၊ ဒီမှာ နှစ်ပတ်လောက် နေဖို့ ပါပဲ ၊ ပြီးယင် ကျွန်မ ဆစ်ဒနီကို သွားမယ် ၊ ကျွန်မ ဒီမှာ နေရမယ်ဆိုယင် ဘာမှမလုပ်ပါဘူးရှင် ၊ အေးအေးဆေးဆေး နေမှာပါ ၊ ကျိန်ဆိုယင် ကျိန်ပါ့မယ် ၊ အိမ်ထဲက အိမ်ပြင်ကို မထွက်ပါဘူး ”


“ ကျွန်တော် မေးကြည့်ဦးမယ်လေ ”


“ သေဘာတူမွာ မဟုတ္ဘူးဗ် ၊ အဂါၤေန ့သေဘာၤနဲ ့ စစၥကိုလိုက္သြားဖို့ ပြောမျာပဲ ၊ သွားဖို့ သာ ပြင်ပေတော့ ” ဟွန်းက ကြားဝင်ပြောသည်။


“ ဆစ်ဒနီမှာဆိုယင် ကျွန်မအလုပ်ရှာရတာ လွယ်မယ် ၊ ဒါလောက် လေးတော့ခွင့်ပြုဖို့ ကောင်းပါတယ်ရှင် ”


“ အေးလေ ၊ ကျွန်တော် တတ်နိုင်သမျှ ပြောကြည့်ပါဦးမယ် ”


“ ပြီးယင် ချက်ချင်း အဖြေပေးလှည့်ပါရှင် ၊ တအုံနွေးနွေး စောင့်မနေချင်ဘူး ”


မည်သို့ ဖြစ်စေ ဒေဗီဆန်နှင့် ပြောဖို့ ဆိုဖို့  ၀န်လေးနေသည် ။ သိပ်မပြောချင် ။ ထို့ ကြောင့် တိုက်ရိုက်မတွေ့ တော့ပဲ သူ့ မိန်းမမှတဆင့် မစ္စက်ဒေဗီဆန် ၊ ထိုမှတဆင့် ဘုန်းကြီးဒေဗီဆန်နားသို့  ဖောက်လိုက်သည် ။ ဆေဒီကို နှစ်ပတ်ခန့်  ခွင့်ပြုလိုက်သဖြင့် ပို၍ဆိုးရွားစရာ အကြောင်းမမြင် ။ သို့ သော် ဘုန်းကြီးဒေဗီဆန်`၏ စိတ်ထားကား မပြောင်း ။ နောက်တနေ့ မနက်မှ ပင် ဒေဗီဆန်ကို သူမျက်နှာချင်းဆိုင်ရသည်။


“ မစ္စသွမ်မဆန်နဲ့  ခင်ဗျုား တွေ့ တယ်ဆို ”


မက္ကဖိုင်သည် မနေတတ် မထိုင်တတ် ဖြစ်သွားသည် ။ အနည်းငယ် စိတ်တိုလာသည်။


“ ကျွန်တော် သဘောတော့ ဆေဒီအဖို့  ဆစ်ဒနီ သွားသွား ၊ ဆန်ဖရန် စစ္စကိုသွားသွား အကြောင်းမထူးလှပါဘူး ၊ ဒီမှာနေတုန်း ကောင်းကောင်းမွန်မွန် နေမယ်ဆိုယင် ပြီးတာပဲ မဟုတ်လား ”


ဒေဗီဆန်`၏ မျက်နှာသည် တင်းလာသည် ။


“ ဘာလို့ ဆန်ဖရန်စစ္စကို မပြန်ချင်တာတဲ့လဲ ”


“ မေးတော့ မကြည့်ပါဘူး ”


မက္ကဖိုင်က ခပ်ပြတ်ပြတ် ဖြေလိုက်သည် ။


“ အေးဗျ ၊ လူတွေဟာ ကိုယ်နဲ့ ဆိုင်တာပဲ လုပ်ကြယင် ကောင်းတာပေါ့ ”

သူ့ အဖြေမှာ ပရိယာယ် ကင်းလှသည် ။


“ ဘုရင်ခံက သူ့ ကို ပထမဆုံးလာတဲ့ သဘောင်္နဲ့ ဒီကျွန်းက ထွက်သွားဖို့  အမိန့် ချပြီး ဖြစ်လို့  သူ့ဝတ္တရားအရ ဆောင်ရွက်တဲ့ နေရာမှာ ကျုပ်ဝင်ပြီးစွတ်လို့  ဘယ်ဖြစ်ပါ့မလဲ ၊ ပြီးတော့ ဒီမိန်းမ ဒီကျွန်းပေါ်မှာ ရှိနေတာဟာ မကောင်းဘူး ”


“ ခင်ဗျားလုပ်တာ သိပ်မဟုတ်သေးဘူး ၊ ပြင်းထန်လွန်းတယ် ၊ ခင်ဗျားဟာက အာဏာတယ်ပြင်းတာကိုးဗျ ”

အမျိုးသမီး နှစ်ယောက်မှာ အထိတ်တလန့်  ဖြစ်သွားကြသည် ။ သို့ သော်ရန်ပွဲအထိကား မရောက် ။ ချက်ချင်းပင်း ဒေဗီဆန်`၏မျက်နှာ၌ အပြုံးရိပ်သန်းလာသည်ကို သူတို့ မြင်လိုင်ကြရသည် ။


“ ကျွန်တော်အပေါ် ဒီလိုထင်တာ ၀မ်းနည်းပါတယ်ဗျာ ၊ ဒီမှာ ဒေါက်တာမက္ကဖိုင် ၊ ယုံပါဗျာ ၊ ကျွန်တော်လဲခင်ဗျား နဲ့ ထပ်တူ စိတ်မချမ်းသာတာ အမှန်ပါ ၊ ဒါပေမယ့် ကျွန်တော့်မှာ တာဝန်ရှိတယ် မဟုတ်လား ”


မက္ကဖိုင် ဘာမှပြန်၍ မပြော ၊ ပြတင်းဆီသို့ သာ အဓိပ္ပာယ်မရှိ ကြည့်နေသည် ။ အပြင်ဘက်တွင် မိုးတိတ်နေသည် ။ အဝေးတွင် တဲငယ်လေးများကို မြင်နေရသည် ။


“ မိုးတိတ်တော့ အပြင်ထွက်လို့ ကောင်းတာပေါ့ဗျာ ” ဒါပဲပြောသည် ။


“ ခင်ဗျားအလို မလိုက်နိုင်လို့  ကျုပ်အပေါ်အနာဂတ် မထားပါနဲ့ ဗျာ ၊ ခင်ဗျား ကို ကျုပ်လေးစားပါတယ် ၊ ကျုပ်အပေါ် တလွဲထင်ယင် တော့ ၀မ်းနည်းစရာပဲ ”


ဒေဗီဆန်သည် ခပ်ယဲ့ယဲ့ကလေးပြုံးလိုက်သည် ။


“ ကျွန်တော့်ကိုလဲ နားလည်မယ်လို့ ယုံကြည်ပါတယ် ” မက္ကဖိုင်က ပြန်ချေလိုက်သည် ။

“ စိတ်ချပါ ၊ ဘယ်လိုမှ မအောက်မေ့ပါဘူး ”


အောက်ထပ်တွင်မူ ဆေဒီသည် မက္ကဖိုင်ကို စောင့်နေသည် ။ သူအောက်ရောက်လျှင် တံခါးပေါက်ပွင့်နေသည် ကို တွေ့ ရသည်။

“ ဘယ့်နှယ်လဲ ၊ ပြောပြီးပြီလား ”


“ ပြောပြီးပြီ ၊ ဒါပေမယ့် သူဘာမှ လုပ်မပေးနိုင်ဘူးတဲ့ ”


မက္ကဖိုင်သည် ဆေဒီ မျက်နှာကို မကြည့်ပဲ ပြောလိုက်သည် ။ စိတ်မချမ်းသာစရာ သတင်းကို ပေးရသည်မို့  စိတ်မကောင်းလှ ။


ဆေဒီရှိရာမှ ရှိုက်သံတချက်ကြားလိုက်ရသည့်အခါတွင်မူ မျက်နှာလွဲ မနေနိုင်တော့။ ဆေဒီမျက်နှာ၌ သွေးမရှိတော့ ။ ဖြူဖပ်ဖြူရော် ဖြစ်နေသည် ။ သူပါထိတ်လန့် သွားသည် ။ ချက်ချင်းပင် ခေါင်းထဲသို့  အကြံတခု ၀င်လာသည် ။


“ ဒါပေမယ့် အားမလျှော့နဲ့ ဦး ၊ ခင်ဗျားကို ဒီလိုလုပ်တာ သူ တို့ အဖို့ သိပ်ရှက်စရာကောင်းတယ် ၊ ဘုရင်ခံကို ကျွန်တော်သွားပြီးတွေ့ ကြည့်ဦး မယ် ”


“ အခုလား ”


မက္ကဖိုင်က ခေါင်းညိတ်လိုက်လျှင် ဆေဒီ`၏မျက်နှာသည် ရွင်ပျလန်းဆန်းလာသည် ။


“ ရှင်သိပ်သဘောကောင်းတာပဲ ၊ ရှင်သာ ပြောပေးမယ်ဆိုယင် တော့ရမှာပါပဲ ၊ ဒီမှာရှိနေတုန်း ကျွန်မဘာမှမလုပ်ပါဘူး လို့ ပြောပါရှင် ”


ဆေဒီအတွက် ဘုရင်ခံဆီအယူခံဝင်ပေးချင်စိတ် ဘယ်လိုက ဘယ်ပုံပေါ်လာမှန်းသူမသိ ။ ဆေဒီကိစ္စကို သူစိတ်မ၀င်စား ။ သို့ သော် ဒေဗီဆန် `၏ အပြုအမူကြောင့် မခံချင်စိတ်ပေါ်လာရခြင်းဖြစ်သည်ဟု သူထင်သည် ။အခန့် သင့်ပင် ဘုရင်ခံကို သူ့ အိမ်၌တွေ့ ရသည် ။ ဘုရင်ခံသည် ရေတပ်သား တယောက်ဖြစ်သည် ။ ရုပ်ဖြောင့်သည် ။ သွားပွတ်တံလို နှုတ်ခမ်းမွေး ရှိသည် ။ အဖြူယူနီဖောင်းဝတ်ထားသည် ။ ဆွတ်ဆွတ်ဖြူ အကျီင်္ဘောင်းဘီ တွင်အပေအကျံ မရှိ ။


“ ကျွန်တော်တို့ နဲ့  တအိမ်ထဲတည်းနေတဲ့ သွမ်မဆန်ဆိုတဲ့ မိန်းမတယောက်ရဲ့ ကိစ္စလေး ပြောချင်လို့ လာတွေ့ တာပါ ”


“ အား၊ သူ့ အကြောင်းကျွန်တော် အတော်လေး ကြားဖူးနေပြီ ခင်ဗျ ၊ သူ့ ကို အဂါင်္နေ့ မှာ ဒီကျွန်းကထွက်သွားဖို့  အမိန့် ထုတ်ပြီးပြီ ၊ ဒါပဲ ကျွန်တော်တတ်နိုင်တယ် ” ဘုရင်ခံ `၏ မျက်နှာသည် ပြုံးနေသည် ။


“ သူဒီမှာ နေဖို့ နည်းနည်းလေး ရက်တိုးမပေးနိုင်ဘူးလားခင်ဗျာ ၊ စစ္စကို ကလာတဲ့ သဘောင်္နဲ့ ဆစ်ဒနီကို လိုက်ရအောင်ပေါ့ ၊ ဒီမှာ နေတုန်းကောင်းကောင်း မွန်မွန်နေဖို့  တာဝန်ယူပါမယ့် ”


ဘုရင်ခံကား အပြုံးမပျက် ။ သို့ သော် သူ့ မျက်လုံးသည် အလေးအနက် စဉ်းစားနေကြောင်း ထင်ရှားလာသည် ။


“ အေးဗျာ ၊ ဒေါက်တာမက္ကဖိုင်ရဲ့ အလိုကိုတော့ လိုက်ချင်ပါရဲ့  ၊ ဒါပေမယ့် အမိန့် ကထုတ်ပြီးနေပြီဆိုတော့ ထုတ်ပြီးတဲ့အမိန့်  တည်မှ ဖြစ်မယ်ခင်ဗျ ”


မက္ကဖိုင်က အကြောင်းစုံ ရှင်းပြသည် ။ သို့ သော် နားမ၀င် ။


“ မိန်းမသားတယောက် ဒုက္ခရောက်တာ ကျွန်တော်ဝမ်းနည်းပါတယ်ခင်ဗျာ၊ ဒါပေမယ့် အဂါင်္နေ့ မှာတော့ အမိန့် အတိုင်း ဒီကထွက်သွား ရမှာပဲ ”


“ ကျွန်တော်ပြောတဲ့ ရက်ပိုင်းလောက်နဲ့ ဘာများထူးမှာမို့ လဲခင်ဗျာ ”


“ သည်းခံပါဒေါက်တာ ၊ ကျွန်တော်ရဲ့ ဝတ္တရားအရ ဆောင်ရွက်ရတာပါ ၊ အကြောင်းစုံကိုတော့ သက်ဆိုင်ရာမှတပါး ဘယ်သူ့ ကိုမှ ရှင်းမပြနိုင်ပါဘူး ”


မက္ကဖိုင်သည် ဘုရင်ခံကို မှုန်တေတေမျက်နှာထားဖြင့် စိုက်ကြည့်လိုက်သည် ။ ထိုစဉ်တွင် ဒေဗီဆန်ပြောဖူးသည့် စကားရိပ်တခုကို အမှတ်ရလာသည် ။ ၀ါရှင်တန်နှင့် ကိုင်ပေါက်ကာ ခြိမ်းခြောက်ထား နှင့်ပြီးဖြစ်နေရမည်ဟု သူထင်သည် ။ ဘုရင်ခံမျက်နှာတွင် လည်းစိတ်ရှုပ်နေသည့် အမူအရာကို တွေ့ ရသည် ။


“ ဟာဗျာ ၊ ဒေဗီဆန်ဆိုတဲ့ လူက စောက်ကျိုးနည်း ခြေရှုပ်တဲ့လူပဲ ” ဒေါသထွက်ထွက်နှင့် ပြောချလိုက်သည် ။


“ ဒီစကားက ကျွန်တော်တို့ အချင်းချင်း ပြောတာပါ ဒေါက်တာမက္ကဖိုင် ၊ မစ္စတာဒေဗီဆန် အလိုကျ ကျွန်တော်ပြောတာ မဟုတ်ပါဘူး ၊ ဒါပေမယ့် မစ္စသွမ်ဆန်လို မိန်းမတယောက် ဒီမှာရှိနေတာ ၊ ပြီးတော့လဲ ကျွန်းပေါ်မှာ စစ်သားတွေ ရှိနေတာ ၊ ဒါတွေ ပေါင်းလိုက်တော့သူထောက်ပြတဲ့ အန္တရာယ်မျိုးဆိုတာက တကယ်ဖြစ်လာနိုင်တဲ့ အန္တရာယ် မျိုးခင်ဗျ ”

ထိုစကားပြောပြီးလျှင် ဘုရင်ခံလည်း ထိုင်ရာမှထလိုက်သည် ။


“ ကျွန်တော်ကို ခွင့်လွတ်ပါဒေါက်တာ ၊ ကိစ္စလေး တွေရှိနေလို့ ပါ ၊ မစ္စက်မက္ကဖိုင် ကိုလဲ နှုတ်ဆက်လိုက်ကြောင်းပြောပြပါ ”

သို့ ဖြစ်ရာ မက္ကဖိုင်သလည်း မနေသာတော့ပဲ ထွက်လာခဲ့ရသည် ။


မစ္စသွမ်မဆန် တယောက် သူ့ ကို မျှော်လင့်တကြီး စောင့်နေမည်မှာ သေချာသည် သေချာသည် ။ အရေးကိစ္စ မအောင်မြင်ခဲ့ပြီဖြစ်ရာ အယူခံ ရုံးသည့် သတင်းကို မပြောချင် ။ ထို့ ကြောင့် အိမ်ပေါ်သို့  နောက်ဖေးဘက်မှ တက်လာခဲ့သည် ။


ထမင်းဝိုင်းတွင် ထိုင်ကြသည့်အခါ မက္ကဖိုင် နှုတ်လေးနေသည် ။ နေမထိ ထိုင်မသာ ဖြစ်နေသည် ။ သူ နှုတ်နည်းသလောက် ဒေဗီဆန်မှာ လျှာသွက်နေသည် ။သူ့ ကို လှောင်ပြောင်သည့် အပြုံးနှင့် မကြာခဏ ကြည့်နေသည်ဟု မက္ကဖိုင်ထင်လာသည် ။ ဟုတ်ပြီ ။ ဧကန္တ ဘုရင်ခံ ဆီသွားတဲ့ အကြောင်း သူသိနေပြီ ။ တပ်ဆုတ်ပြန်ခဲ့ရတယ် ဆိုတာလဲ သူသိမှာပဲ ။ ဒါပေမယ့် ဒီအကြောင်းတွေ သူဘယ်လိုသိသလဲ ။ အင်း ၊ ဒီလူရဲ့ အာဏာစက်ကလဲ တယ်ပြင်းပါလား ။


စားသောက်ပြီးလျှင် ၀ရန်တာ၌ ဟွန်းရပ်နေသည်ကို တွေ့ သဖြင့် မက္ကဖိုင် ထွက်လာသည်။


“ ဘယ်နှယ်လဲ ၊ ဘုရင်ခံဆီ သွားတဲ့အကြောင်းသိချင်လို့ တဲ့ ” ဟွန်း `၏ တိုးတိုးလေသံ ။


“ ကျွန်တော် ရောက်ခဲ့တယ် ၊ သူလာမှ မတတ်နိုင်တော့ဘူးတဲ့ ၊ အေးဗျာ ၊ ကျွန်တော်လဲ စိတ်မကောင်းဘူး ၊ ဒါထက်တော့ ဘာမှ အတတ်နိုင်တော့ဘူး ”


“ ဟုတ်ပါတယ် ၊ သူငြင်းလိုက်မယ်ဆိုတာ ကျွန်တော် သိပါတယ် ၊ ဘုရင်ခံ တို့ ဆိုတာက သာသနာပြုတွေကို လွန်ဆန်ရဲတာ မဟုတ်ဘူးခင်ဗျာ ”


“ ဘာတွေပြောနေကြတာလဲဗျ ”

သူတို့ အသံကြားရသဖြင့် ဒေဗီဆန် ထွက်လာသည်။


“ ခင်ဗျား တို့ အေပီယာကို သွားဖို့  နောက်တပတ်လောက် စောင့်ရမယ့် အကြောင်းပါဗျာ ”


ဟွန်းက ခပ်သွက်သွက် ဖြေလိုက်သည် ။ ထို့ နောက် ဟွန်းထွက်သွားသည် ။ မက္ကဖိုင်နှင့် ဒေဗီဆန် တို့ နှစ်ယောက်သာ ကျန်ရစ်သည်။ သူတို့  လည်းဧည့်ခန်းထဲသို့  ပြန်ဝင်လာကြသည် ။ ဒေဗီဆန်သည် ထမင်းစားပြီး တိုင်းတနာရီခန့်  အေးအေးလူလူ နေလေ့ရှိသည် ။ ထိုခဏတွင် တံခါးခေါက်သံတခု ကြားရသည် ။ ခပ်ပြင်းပြင်း ခေါက်သံ မဟုတ် ။ မရဲတရဲ ခေါက်သည့်အသံမျိုး ။


“ ၀င်ခဲ့လေ ”

မစ္စက်ဒေဗီဆန်က ခပ်ပြတ်ပြတ် အော်လိုက်သည် ။


သို့ သော် တံခါးကား ပွင့်မလာ ။ ထိုအခါ မစ္စက်ဒေဗီဆန်သည် ထိုင်ရာမှထကာ တံခါးကို ဖွင့်ပေးလိုက်သည် ။ တံခါးဝတွင် ရပ်နေသူကား မစ္စဆေဒီသွမ်မဆန် ။ သူ့ အမူအရာသည် ထူးထူးခြားခြား ပြောင်းလဲနေသည် ။ လမ်းတွင်တွေ့ ရစဉ်ကလို ရဲရဲတင်းတင်း မဟုတ် ။ထိတ်လန့် ကြောက်ရွံ့နေသော မိန်းမတယောက် သွင်ပြင်သည် ထင်းကနဲ ပေါ်လာသည် ။ ခါတိုင်းဆိုလျှင် ဖြီးဖြီးလိမ်းလိမ်း ။ ပြုပြုပြင်ပြင်။ ယခုကား ဆံပင်ဖိုးရိုးဖားရား ။ ယခင်က ပြောင်ပြောင်လက်လက် ။ ယခု မွဲမွဲ ခြောက်ခြောက် ။ ကြေကြေမွမွ ။ မျက်ခွက်တွင်လည်း မျက်ရည်စတို့  အသွယ်သွယ် ကျနေကြသည် ။ ရဲရဲတင်းတင်း မရှိ ။ တံခါးဖွင့် ထားသော်လည်း အခန်းထဲသို့  ၀င်ရဲ ပုံမပေါ် ။


“ ဘာကိစ္စရှိလို့ လဲ ”

မစ္စက်ဒေဗီဆန်အသံမှာ ပြတ်ပြတ်တောင်းတောင်း ရှိလှသည်။


“ ကျွန်မ မစ္စတာ ဒေဗီဆန်နဲ့  စကားပြောခွင့် ရမလားလို့ ပါ ”

ဆေဒီ`၏ အသံသည် အက်နေသည် ။


ဒေဗီဆန်လည်း ထိုင်ရာမှ ထကာ ဆေဒီဆီသို့  သွားသည် ။


“ လာလေ ၊ ၀င်ခဲ့ပါလား ၊ မစ္စသွမ်မဆန် ၊ ကဲ ပြောပါဦး ၊ ခင်ဗျားအတွက် ဘာများလုပ်ပေးရမှာလဲ ”


“ ဟို … ဟို .. ဟိုတုန်းက ပြောခဲ့တာတွေ ဗွေမယူပါနဲ့ လို့ တောင်းပန် ချင်လို့ ပါရှင် ၊ အခု ကျွန်မ နားလည်ပါပြီ ”

“ အို … ကိစ္စမရှိပါဘူးဗျာ ၊ ခွင့်လွတ်ပါတယ် ၊ ကျွန်တော် သည်းခံနိုင်ပါတယ် ”


ယိုင်တီးယိုင်တိုင်နှင့် ဆေဒီဝင်လာသည် ။


“ ရှင် ကျွန်မကို နိုင်သွားပြီ ၊ ကျွန်မလက်မြှောက် လိုက်ရပြီပေါ့ ၊ ဒါပေမယ့် ကျွန်မကိုတော့ စစ္စကို ပြန်မသွားရအောင် လုပ်ပေးမယ်ထင်တာပဲ ”


စောစောက ဖော်ဖော်ရွေရွေ အားလုံးဒေဗီဆန်ထံမှ ပျောက်သွားသည်။ သူ့ မျက်နှာသည် တင်းမာလာသည်။ သူ့ အသံသည် မာကျောသည် ။


“ မင်းဘာလို့  စစ္စကို မပြန်ချင်တာလဲ ”

“ ဟိုမှာ ကျွန်မကို သိတဲ့လူတွေ ရှိတယ် ၊ ဒီအခြေအနေမျိုးနဲ့ ကျွန်မ မျက်နှာမပြချင်ဘူး ၊ တခြားရှင်ပို့ ချင်တဲ့ နေရာပို့ သွားမယ် ”


“ ဆန်ဖရန် စစ္စကို မပြန်ချင်ဘူး ဟုတ်လား ၊ ဘာဖြစ်လို့ လဲ ”


“ ကျွန်မပြောပြီးပြီကော ”


ဒေဗီဆန်သည် ရှေ့ သို့ တိုးလာပြီး ဆေဒီကို စိုက်ကြည့်သည် ။ ဆေဒီကို စားမည် ၀ါးမည် လား ထင်ရလောက်အောင်ပင် သူ့ မျက်လုံးများသည် အရောင်တောက်နေသည် ။ ထို့ နောက် သက်ပြင်းတချက် မှုတ်ထုတ်လိုက်သည် ။


“ အမျိုးသမီး ဂေဟာ ”


ဆေဒီသည် ကြောက်ကြောက် ရွံ့ ရွံ့  နှင့် အော်ဟစ်ကာ ဒေဗီဆန်`၏ ခြေရင်းသို့  ပုံလျက်သား လဲကျသွားသည် ။ ပြီးနောက် ဒေဗီဆန်`၏ခြေထောက်ကို တင်းတင်းကျပ်ကျပ် ဖက်ထားသည် ။


“ ကျွန်မကို ပြန်မပို့ ပါနဲ့ ရှင် ၊ ကျွန်မ မိန်းမကောင်း ဖြစ်အောင် နေပါတော့မယ် ၊ ဒီအပြုအမူ တွေ အားလုံး စွန့် လိုက်ပါမယ် ”


ပေါင်ဒါအဖွေးသား ပါးပြင်ပေါ်သို့  မျက်ရည်များ အသွယ်သွယ်စီးကျလာသည် ။ ဒေဗီဆန်သည် ဆေဒီဆီသို့ ကုန်းကာ ဆေဒီမျက်နှာကို မော့ပေးလိုက်သည် ။ ပြီးမှ စိုက်ကြည့်ကာ …


“ အမျိုးသမီးဂေဟာ ၊ ဟုတ်တယ် မဟုတ်လား ၊ ဒါကို မင်းကြောက်တယ်ပေါ့ ”


“ သူ တို့ လက်ထဲ မရောက်အောင် ကျွန်မ ပြေးချင်တယ် ၊ သူတို့ လက်ထဲ ရောက်သွားယင် သုံးနှစ်ပဲ ”


ဒေဗီဆန်သည် ဆေဒီကို ထိန်းထားရာမှ လက်ကို လွတ်လိုက်သည် ။ ထိုအခါ ဆေဒီသည်လည်း ကြမ်းပေါ်သို့  ခွေခွေကလေး လဲကျသွားသည် ။တအင့်အင့် ရှိုက်သံသည် ပို၍ကျယ်လာသည် ။ မက္ကဖိုင်လည်း မနေသာတော့ပဲ ထိုင်ရာမှ ထလာသည် ။


“ ဒီလိုဆိုယင် တမျိုးတဖုံ ပြောင်းလဲသွားတော့မှာပေါ့ ၊ ဒါသိလျက်နဲ့  သူ့ ကိုခင်ဗျား ပြန်မပို့ သင့်ဘူး ၊ သူ့ ကို နောက်ထပ် အခွင့်အရေး ပေးဦးပေါ့ ၊ ဘ၀သစ် ကို သူ ထူထောင်ပစေပေါ့ဗျာ ”


“ အခုလဲ သူ့ ကို အကောင်းဆုံး အခွင့်အရေး ပေးနေတာပဲ ၊ သူနောင်တရတယ် ဆိုယင် အပြစ်ဒဏ် ကို ခံယူရမှာ ပေါ့ဗျ ”

ထိုစကားကို ကြားလျှင် ဆေဒီသည် လှုပ်လှုပ်ရှားရှား ဖြစ်လာသည် ။ မျှော်လင့်ချက် ရောင်ခြည်လေးများလား ။ အမှန်စင်စစ် ဒေဗီဆန်`၏ စကားများကို အဖျားအနားသာ ကြားလိုက်ရသဖြင့် အဓိပ္ပာယ်ကောက်လွဲ ခြင်းဖြစ်သည် ။

“ ဒါဖြင့် ကျွန်မကို ခွင့်လွတ်လိုက်တော့ မယ်ပေါ့ ”


“ မဟုတ္ဘူး ၊ မဟုတ္ဘူး ၊ အဂါၤေန ့ထြက္မယ့္သေဘာၤနဲ ့ ဆန္ဖရန္စစၥကို ကို မင်းလိုက်ရမယ် ”


ထိုစကားကို ကြားလိုက်ရလျှင် ဆေဒီသည် ကြမ်းနှင့် ခေါင်းတဒိန်းဒိန်း နေအောင် ဆောင့်ကာ အော်ဟစ်၍ ငိုသည် ။ မက္ကဖိုင်လည်း မနေနိုင်တော့ပဲ ဆေဒီကို တွဲ၍ ထူသည် ။


“ ကဲ … ထပါဗျာ ၊ ငိုမနေပါနဲ့  ၊ အခန်းထဲ သွားပြီးအိပ်နေလိုက် ၊ ကျွန်တော် တခုခု လုပ်ပေးမှ ဖြစ်မှာပါ ”


ဆေဒီကို မနိုင့်တနိုင် ဆွဲထူကာ ဖေးမ၍ အောက်ထပ်သို့ ခေါ်သွားသည် ။ မိန်းမတယောက် ပူဆွေးဒုက္ခ ရောက်နေသည်ကို ယောကျာ်းရင့်မကြီး တယောက်လုံးက ၀င်ပြီးကူညီနေပါလျက် ၀င်၍မကူပဲ လက်ပိုက်ကြည့်နေနိုင်သည့် မစ္စက်ဒေဗီဆန်နှင့် သူ့ မိန်းမစိတ်တိုချင် သလိုလိုဖြစ်လာသည် ။ ဟွန်းသည် လှေကားရင်းမှ စောင့်ကာ ဆေဒီကို တွဲခေါ်ပြီးအိပ်ရာပေါ်သို့ ပို့ သည် ။ ဆေဒီကား ထိန်းသိမ်းရန် မတတ်နိုင်တော့ ။ မက္ကဖိုင်က ဆေးတလုံးထိုးပေးသည် ။အပေါ်ထပ်သို့ ပြန်တက်လာသည့် အခါမက္ကဖိုင်မှာ အားအင် ကုန်ခန်းလုနီးပါး ဖြစ်နေပြီ ၊ဒေါသလည်း ထွက်လာသည် ။


“ သူ့ ကို အိပ်အောင် လုပ်ပေးခဲ့တယ် ”


ဒေဗီဆန်နှင့် အမျိုးသမီး နှစ်ယောက်ကား သူထွက်သွားစဉ်က အတိုင်းပင် နေရာမပျက် ထိုင်နေကြသည် ။ သူထွက်သွားပြီး နောက်စကားမပြောနိုင်ကြ ။ မလှုပ်ရှားနိုင်ကြ ။


“ ခင်ဗျား ကို ကျွန်တော် စောင့်နေတယ် ၊ ကျွန်တော်တို့ တတွေ အယူမှားနေတဲ့ နှမငယ် အတွက် ဘုရားသခင်ဆီမှာ ဆုတောင်းကြမယ်ဗျာ ”


ဒေဗီဆန် `၏ အသံကား ခြောက်ကပ်ကပ် နိုင်လှသည် ။ ထို့ နောက် ဒေဗီဆန်သည် စင်ပေါ်မှ သမ္မာကျမ်းစာကို ထ၍ ယူပြီးလျှင် သူ့ တို့ ထမင်းစားသည့် စားပွဲ၌ထိုင်သည် ။ စားပွဲပေါ်တွင် ရှုပ်နေသဖြင့် လက်ဖက်ရည်အိုးကို ရွေ့ လိုက်သည်။ ပြီးလျှင် အသံသြကြီး နှင့် သမ္မကျမ်းစာကို ဖတ်ပြသည် ။ုသူဖတ်သည့် အခန်းမှာ ယေရှုသခင်နှင့် မိန်းမယုတ် တယောက် တွေ့ သည့်အခန်းဖြစ်သည် ။


“ ကဲ … ကဲ ဒူးထောက်ပြီး ကျွန်တော်တို့ နှမငယ် ဆေဒီသွမ်မဆန် အတွက်ဆုတောင်း ကြရအောင် ”


ဒေဗီဆန်`၏ အသံသည် တုန်နေသည် ။ အပြစ်ရှိသော မိန်းမသား တယောက်ကို ဘုရားသခင်က သနားတော်မူရန် စိတ်ပါလက်ပါ ဆုတောင်းသည် ။ မိန်းမသား နှစ်ယောက်လည်း မျက်လွှာချကာ ထိုင်ကြသည် ။ မက္ကဖိုင်ကား ကြောင်တက်တက် ဖြစ်နေသဖြင့် ရောယောင်ကာ ထိုင်လိုက်သည် ။ ဒေဗီဆန်ကား အလွန်အမင်း စိတ်ထိခိုက်နေဟန်တူသည် ။ ဆုတောင်းနေစဉ် သူ့ မျက်လုံးမှ မျက်ရည်များ တဖြိုင်ဖြိုင် စီးကျနေသည် ။ အပြင်ဘက်တွင် မိုးသည် ငြိုးမာန်တကြီး ရွာချနေသည် ။


နောက်ဆုံးတွင် ဒေဗီဆန်သည် ဆုတောင်းခြင်းကို ခဏရပ်လိုက်သည် ။


“ ကဲ … တို့ တတွေ ဘုရားသခင်ရဲ့  ထံတော်မှာ ထပ်ပြီး ဆုတောင်းကြဦးစို့  ”


ကျန်လူများက ဆုတောင်းပြီးနောက် ဒူးထောက်ရာမှ ထလိုက်ကြသည် ။ မစ္စက်ဒေဗီဆန် `၏ မျက်နှာကား ညှိုးနေသည် ။ သို့ သော် တည်ငြိမ်သည် ။ ယခုကား သူ့ မျက်နှာ၌ အေးချမ်းခြင်းကို တွေ့ ရသည် ။ မစ္စက်မက္ကဖိုင် ကား အနည်းငယ် ရှက်သွေး ဖြန်းနေသည် ။ ဆုတောင်းအပြီး တယောက်မျက်နှာကို တယောက်မကြည့်ရဲ ကြ ။ မျက်နှာကိုဘယ်သို့ ထားရမည်မသိ ။


“ ဘယ်လို နေသေးသလဲလို့ အောက်ဆင်းကြည့်လိုက်ဦးမယ် ” ဒေါက်တာ မက္ကဖိုင်က ဆိုသည် ။


တံခါးခေါက်လျှင် ဟွန်းက ဖွင့်ပေးသည် ။ ဆေဒီသည် ကုလားထိုင်ပေါ်တွင် တိုးတိုး ရှိုက်နေသည် ။


“ ဒီမှာ ဘာလုပ်နေသလဲ ၊ အိပ်ရာပေါ်လှဲ နေပါလို့ ပြောခဲ့သားပဲ ”


“ ကျွန်မ လှဲမနေနိုင်ဘူး ၊ ကျွန်မ မစ္စတာ ဒေဗီဆန်ကို တွေ့ ချင်တယ် ”


“ ကွယ် … တွေ့ လို့ ကော ဘာထူးမှာ တဲ့လဲ ၊ သူ့ ကို ပြောလို့ ရမှာ မဟုတ်ဘူး ၊ ဘယ်တော့မှ ပြောလို့ ရမယ့် လူစားမဟုတ်ဘူး ”


“ ကျွန်မကသာ အခေါ်လွတ်လိုက်ယင် သူလာခဲ့မယ် လို့ ပြောထားတယ် ”


“ ကဲ … ဒါဖြင့် ခေါ်ချေလေ ”


ဟွန်းက အခေါ်လွတ်လိုက်သည် ။


အပေါ်ထပ်သို့  ဟွန်းတက်သွားလျှင် ဆေဒီအခန်း ၌ သူစောင့်နေသည် ။ ခဏကြာလျှင် ဒေဗီဆန် ရောက်လာသည် ။

ဆေဒီသည် ဒေဗီဆန်ကို ညှိုးငယ်စွာ ကြည့်လိုက်သည် ။


“ ရှင်ကို အခေါ်လွတ်ရတာ ခွင့်လွတ်ပါ ”


“ မင်းလာခေါ်မယ်ဆိုတာ မျှော်လင့်နေပြီပဲ ၊ ဘုရားသခင်က ငါ့ဆုတောင်းကို အဖြေပေးမယ်ဆိုတာ ငါသိသားပဲ ”


သူတို့ နှစ်ယောက်ခဏမျှ စိုက်ကြည့် နေကြသည် ။ ထို့ နောက် ဆေဒီက မျက်နှာလွဲလိုက်သည် ။ စကားပြောစဉ်ပင် သူ့ ကို မကြည့်တော့ ။


“ ကျွန်မ မိန်းမကောင်း တယောက် မဟုတ်ခဲ့ဘူး ၊ ခုတော့နောင် တရချင်ပါပြီရှင် ”


“ ဘုရားသခင် ကျေးဇူးပဲဟေ့ ၊ တို့ ဆုတောင်းတာကို သူကြားပြီ ပဲကွယ် ”


ထို့ နောက် ဒေဗီဆန်သည် မက္ကဖိုင်နှင့် ဟွန်းဘက်သို့ လှည့်လိုက်သည် ။


“ ကျွန်တော် သူနဲ့ ခဏနေခဲ့ဦးမယ် ၊ မစ္စက်ဒေဗီဆန် ကို ပြောလိုက်ပါဗျာ ၊ ဘုရားသခင်က ကျွန်တော်တို့  ဆုတောင်းတာကို ကြားတော်မူတယ်လို့ ”


ထို့ ကြောင့် သူတို့ နှစ်ယောက်သည် အခန်းထဲမှ ထွက်လာခဲ့ပြီးလျှင် တံခါးကို ပိတ်ခဲ့ကြသည် ။


“ ဘယ်လိုဟာလဲ ဗျ ”


ဟွန်းပါးစပ် မှ ထွက်လာသည် ။


ထိုညတွင် မက္ကဖိုင် မျက်လုံးကျယ်နေသည် ။ ညဥ့်နက်မှ အိပ်ချင်လာသည် ။ ဒေဗီဆန် `၏ ခြေသံကို ကြားသဖြင့် နာရီကြည့်လိုက်သည် ။ နှစ်နာရီ ထိုးနေပြီ ။ သို့ တိုင်အောင် ဒေဗီဆန် မအိပ်သေး ၊ ဆုတောင်းနေသံ ကို ကြားနေရသည် ။နောက်ဆုံး တွင်မှ မောပန်းလာကာ အိပ်ပျော်သွား သည် ။


နောက်တနေ့  မနက်အိပ်ရာမှ နိုးလာသည့်အခါ ဒေဗီဆန်ကို ကြည့်ကာ အံအားသင့်နေမိသည် ။ ဒေဗီဆန်`၏ မျက်နှာသည် ချောင်ကျသွားသည် ။ မျက်လုံးအစုံကား အရောင်လက်နေသည် ။ ပျော်မြူးနေသည်ဟုထင်ရသည် ။


“ ဆေဒီကို ဆင်းပြီးကြည့်ချေစမ်း ၊ ကိုယ်က နွမ်းနေပေမယ့် စိတ်ကတော့ ပြောင်းသွားပြီဗျ ”


မက္ကဖိုင်ကား ချောက်ချားနေသည် ။ သူလည်းဖြူဖပ်ဖြူရော် ဖြစ်နေသည် ။


“ ခင်ဗျား မနေ့ ညက တော်တော်ညဥ့်နက်တဲ့ အထိသူနဲ့ ရှိနေတယ် နော် ”


“ ဟုတ်တယ် ၊ ကျွန်တော်ကို အခွာမခံတော့ဘူး ”


“ အင်း ခင်ဗျားကြည့်ရတာ သိပ်ကျေနပ်နေပုံပဲ ” မက္ကဖိုင်အသံသည် စိတ်တို သံဖြစ်သည် ။


ဒေဗီဆန်`၏ မျက်လုံးကား အကြည်ဆိုက်နေသည့် မျက်လုံးမျိုးဖြစ်နေသည် ။


“ မနေ့ ညကတော့ ယေရှုသခင်ရဲ့  သနားကရုဏာတော်ဆီ ရောက်အောင် မနည်းပို့ ရတာပဲဗျ ”


မစ္စသွမ်မဆန်သည် အခန်းထဲရှိ ကုလားထိုင်ပေါ် ရောက်နေသည် ။ အိပ်ရာအိပ်ခင်းကိုလည်း အသိမ်းဆည်း ။ တခန်းလုံးပွနေသည် ။ ည၀တ်အကျီင်္ ညစ်ထေးထေးကို ၀တ်ထားသည် ။ မျက်နှာကို မျက်နှာသုတ်ပ၀ါ အစိုနှင့် သုတ်နေသည် ။ ငိုထားသဖြင့် သူ့ မျက်နှာမှာ မို့ နေသည် ။ အဆီပြန်နေသည် ။ ယခုမှ မိန်းမပျက်နှင့် ပို၍တူနေသည် ။

အခန်းထဲသို့  မက္ကဖိုင်ဝင်သွားသည့်အခါ မျက်လုံးကို ခပ်လေးလေး ပင့်၍ ကြည့်လိုက်သည် ။ သူ့ အမူအရာကား ကြောင့်ရွံ့ တုန်လှုပ်သည့် အမူအရာ ။


“ မစ္စတာ ဒေဗီဆန် ဘယ်မှာလဲ ”


“ မင်းက တွေ့ ချင်တယ်ဆိုယင် အခုလာမှာ ပေါ့ ” မက္ကဖိုင်က ခပ်ပြတ်ပြတ် ပြောသည် ။


“ အခု မင်းဘယ်လိုနေသေး သလဲလို့ လာပြီး ကြည့်တာ ”

“ ကျွန်မသက်သာ သွားပါပြီ ၊ ကျွန်မအတွက် ပူစရာ မလိုပါဘူး ”

“ ဘာစားပြီးပြီလဲ ”


“ ဟွန်းက ကော်ဖီ လာပို့ တယ် ”


တံခါးဝဆီသို့ သာ သူ့ မျက်လုံးများ ရောက်နေသည် ။


“ အခုချက်ချင်း သူဆင်းလာမယ် ထင်သလား ၊ သူနဲ့ အတူနေရမှ ကျွန်မသက်သာလာတယ် ထင်လာမိတယ် “

“ ဒါဖြင့် အဂါင်္နေ့ မှာ မင်းသွားတော့မယ် ပေါ့ ”


“ ဟုတ်ကဲ့ ၊ ကျွန်မ သွားရမယ်လို့  သူကပြောတယ် ၊ ကဲပါရှင် ၊ သူကိုသာ ခုချက်ချင်းလာဖို့ ပြောပါ ၊ ရှင် မတက်နိုင်ပါဘူး ၊ အခုနေတော့ သူသာ ကျွန်မကိုကယ်နိုင်တော့ တာပဲ ”


“ ကောင်းပါပြီဗျာ ”


နောင်သုံးရက်လုံးလုံး ဒေဗီဆန်သည် ဆေဒီသွမ်မဆန် နှင့် အတူတချိန်လုံး လိုလို ရှိနေသည် ။ ထမင်းစားချိန်တွင်သာ အပေါ်ထပ်သို့  တက်လာသည် ။ ထမင်းစားပြန်လျှင်လည်း ကောင်းကောင်းမစား သည်ကို မက္ကဖိုင် သတိပြုမိသည် ။

“ ဒီအတိုင်းသာဆိုယင် တော့ သူလဲတော့မှာပဲ ၊ ဒါပေမယ့် ပြောလို့ မရဘူးရှင့် ၊ သူ့ ကိုယ်သူတောင် မညှာတော့ဘူး ” မစ္စက်ဒေဗီဆန်က စုတ်တသပ်သပ် ပြောသည် ။


မစ္စက်ဒေဗီဆတ် ကိုယ်တိုင်လည်း ညှီုးလာသည် ။ ဖြူဖပ်ဖြူရော် ဖြစ်လာသည် ။ တရေးမှအိပ်၍ မရဟု မစ္စက်မက္ကဖိုင် ကိုပြောသည် ။ ဆေဒီထံမှ တက်လာပြီးနောက် ဒေဗီဆန် သည် မောပန်းသည် အထိဆုတောင်းသည် ။ မောမှ အိပ်သွားသည် ။ အိပ်သော်လည်း ခဏမျှသာ ။ တနာရီ နှစ်နာရီခန့် မှေးလိုက်ပြီးနောက် အိပ်ရာမှထ အ၀တ်လဲကာ ပင်လယ်အော်ဘက်သို့  ထွက်သွားသည် ။ ဒေဗီဆန် ကားထူးဆန်းဖွယ် အိပ်မက်တို့ တွင် ကျင်လည်နေချေပြီ ။


“ အခုမနက်ပဲ သူပြောတယ် ၊ အိပ်မက်ထဲမှာ နီဗရတ်စကား တောင်တန်းတွေဆီ ရောက်သွားကြတယ်တဲ့ ” မစ္စက်ဒေဗီဆန်က ပြောသည် ။


မက္ကဖိုင် “ အဲဒါ ထူးဆန်းတာပဲဗျ ”


အမေရိကပြည်ကို ဖြတ်စဉ်က မီးရထားပေါ်မှနေ၍ နီဗရက်စကားတောင်တန်းများကို မြင်ခဲ့ရသည်ကို အမှတ်ရလာသည် ။ လုံးလုံး ချောချော တောင်ကြီးများဖြစ်သည် ။ မက္ကဖိုင် စိတ်ထဲတွင်မူ မိန်းမ ရင်သားနှင့်တူသည်ဟု ထင်မိသည် ။

ဒေဗီဆန်ကား ရပ်တည်ရာမ ရဖြစ်နေသည် ။ ဆေဒီ ရင်ထဲတွင် အမြစ်တွယ်နေသည့် မကောင်းဆိုးဝါး ၀ိညာဉ်တို့ ကို ထုတ်ပစ်ရန် ကြိုးစားနေသည် ။ ဆေဒီနှင့်အတူ သမ္မာကျမ်းစာ ဖတ်သည် ။ ဆေဒီနှင့်အတူ ဘုရားသခင်ထံ ဆုတောင်းသည် ။


“ အံစရာပဲဗျာ ၊ အခုမှ လူသစ်စိတ်သစ် မွေးလာတာကိုးဗျ ၊ အလျင်တုန်းက ညစ်ထေးနေတဲ့ သူ့ စိတ်ဟာ အခုနှင်လို ဖြူလာပြီ ၊ ကျွန်တော်တောင် ရွံ့ လာပြီ ၊ သူနောင်တ ရတာက သိပ်ပြီးချစ်စရာကောင်းလာတာကိုးဗျ ၊ သူ့ ဂါဝန်နားကို ကိုင်ရမှာတောင် မရဲ တော့ဘူး ”


“ နေပါဦး ၊ ခုလိုဆိုတော့ ခင်ဗျားသူ့ ကို ဆန်ဖရင်စစ္စကို ပြန်ပို့ ရက်သေးရဲ့ လား ၊ သုံးနှစ်လောက် ထောင်ထဲနေရမယ် ၊ ခင်ဗျားသူ့ ကိုကယ်တင်ကောင်းပါရဲ့ လို့ အောက်မေ့ရတာပဲ ”


“ ဘာဗျ ၊ ခင်ဗျားအမြင်က တမျိုးပဲ ၊ ဂေဟာမှာ သူနေရမယ် ၊ နေကို နေရမယ် ၊ သူ့ အတွက် ကျွန်တော် စိတ်မဆင်းရဲဘူး လို့ ခင်ဗျားထင်နေသလား ၊ ကျွန်တော့် မိန် မကို ချစ်သလို ကျွန်တော့နှမကို ချစ်သလို သူ့ ကိုလဲကျွန်တော် ချစ်ပါတယ်ဗျာ၊ သူထောင်ထဲမှာ နေသမျှ ကာလပတ်လုံး ကျွန်တော်လဲ သူ့ နည်းတူ စိတ်ဆင်းရဲနေမှာပဲ ”

“ အိုး… အလကားပြောတဲ့ စကားပါဗျား ” မက္ကဖိုင် စိတ်မရှည် တော့ ။


“ ခင်ဗျား ဘယ်နားလည်နိုင်မလဲ ၊ ခင်ဗျားက ကန်းနေတာကိုးဗျ ၊ သူ့ ပြစ်မှု ကျူးလွန်ခဲ့ပြီ ၊ ဒီတော့ သူပြစ်ဒဏ်ခံရမယ် ၊ အစားဆင်းရဲ မယ် ၊ အနှိမ့်ချခံရမယ် ၊ အနှိပ်စက်ခံရမယ် ၊ ဘုရားသခင်ဆီမှာ ဒီပြစ်ဒဏ်ကို တော့ခံစေရမယ်ပေါ့ ၊ အဲဒါကို ပျော်ပျင်ရွင်ရွင် ခံယူစေချင်တယ် ၊ ဒီအခွင့်အရေးမျိုး ရခဲဘိခြင်းဗျာ ၊ ဘုရားသခင်ဟာ မဟာကရုဏာရှင်ပါဗျာ ”


ဒေဗီဆန်`၏ အသံသည် တုန်နေသည်။ ပါးစပ်မှ ထွက်လာညသ့် စကားတို့ ပင် မပီမသ ဖြစ်လာသည်။


“ တနေကုန် သူနဲ့ အတူ ဆုတောင်းတယ် ၊ သူ့ ဆီက ပြန်လာပြီး တော့လဲဆုတောင်းတယ် ၊ ယေရှုသခင်ရဲ့  မဟာကရုဏာတော်က သူ့ ဆီကို ကွန်ယက်ဖြန့် ဖို မနားမနေ ဆုတောင်းရတယ် ၊ သူပြုခဲ့တဲ့ အပြစ်ကို သူခံရမယ် ၊ပြစ်ဒဏ်ပေးသမျှ ခံပါမယ်ဆိုတဲ့ စိတ်သူ့ ရင်ထဲမှာ စွဲမြဲသွားအောင် လုပ်ပေးရတာပဲ ၊ နောက်ဆုံး ကျွန်တော်က သူ့ ကိုခွင့်လွတ်မယ်ဆိုယင်တောင်သူလက်ခံမယ် မဟုတ်သည် အထိသူ့ စိတ်ထားပြောင်းစေချင်တယ် ၊ ဂေဟာမှာ ပြစ်ဒဏ်ခံရတာဟာ ဘုရားသခင်ရဲ့ အလိုတော် ကျပဲဆိုတာ သူနားလည်စေချင်တယ် ”


သို့ နှင့် ရက်တို့ ကုန်လွန်ခဲ့ သည် ။ သူတို့ တအိမ်လုံးကား ထိုရက်များအတွင်း ချောက်ချားနေသည် ။ ဘာဖြစ်သလဲ ဘာဖြစ်မလဲဟု စောင့်နေကြရသည် ။ ဆေဒီကား ယဇ်ပူဇော်ခံရမည့် အရိုင်းမလေးနှင့် တူနေသည် ။


ယခုမူ အရာရာကို သူမမှုတော့ ။ ဒဏ်ခံရလွန်းသဖြင့် ထုံနေသူနှင့် တူနေသည် ။ ဒေဗီဆန်ကိုကား အပျောက်မခံတော့ ။ ဒေဗီဆန်နှင့် အတူနေရလျှင် အားအင်ပြည့်ဖြိုးလာသည်ဟု ဆေဒီထင်သည် ။ ဒေဗီဆန်သည် သာ မှီခိုအားထားရာအဖြစ် ရောက်နေသည် ။ ဆေဒီသည် တခါတရံ ပြင်းထန်စွာ ငိုကြွေးသည် ။ တခါတရံသမ္မာကျမ်းစာ ကိုဖတ်သည် ။ ထို့ နောက် ဘုရားသခင်ထံ ဆုတောင်းသည်။ တခါတရံတွင်မူ ဆေဒီသည် ဘာကိုမျှ မလုပ်ချင် မကိုင်ချင် ဖြစ်လာသည် ။ စိတ်မော လူမော မောရသည်မှာလည်း ကြီးလှသည့်ဒုက္ခ ဖြစ်သည် ။


ချစ်ခြင်း ၊ မုန်းခြင်း ၊ ဒေါသ ဆိုသည်တို့ သူ့ တွင်မရှိတော့ ။ မတုန်မလှုပ်ဖြစ်လာသည် ။ တခါတရံတွင် မူသူ့ ကိုယ်သူ အပြစ်ရှိမရှိ ဆန်းစစ်ကြည့်သည် ။ ယခုသူခံစားနေရသည့် စိတ်ဒုက္ခမှ လွတ်မြောက်ရာ လွတ်မြောက်ကြောင်း ထွက်ပေါက်ရှာ ချင်သလိုလို ဖြစ်လာသည် ။ သည်မျှ ခံစားရသည့်အခါ နာကျည်းလာသည်။ မခံရပ်နိုင် ဖြစ်လာသည် ။ ယခုမူ အလျင်ကလို ၀တ်ချင်စားချင်စိတ် မရှိတော့ ။ ညစ်ထေးထေး အ၀တ်ကို မချွတ်တော့ပဲ အခန်းထဲတွင်သာ လူးလာလျှောက်နေသည် ။ လေးရက်လုံးလုံး ဒီအတိုင်း နေလိုက်သည် ။ တခန်းလုံးလည်း ပွစာကြဲနေသည် ။ ထိုရက်အတွင်း မိုးသည် ငြိုးမာန်တကြီး တ၀ုန်းဝုန်း ရွာချနေသည် ။ ကောင်းကင်တွင် ရွာစရာ ကျန်မှကျန်သေးရဲ့ လားဟု ထင်ရသည် ။ သွပ်မိုး ပေါ်သို့ ကျသည့် မိုးသံကား ပို၍ နားမခံသာစရာ ကောင်းလှသည် ။ ဥတုသည် စွတ်စို ထိုင်းမှိုင်းလာသည် ။ စိမ့်လာသည်။ စိုလွန်းသဖြင့် ဖိနပ်ပင်မှိုတက်လာသည် ။ နံရံ၌ လည်းမှို ။ မှန်စားပွဲ၌ လည်းမှို ။ အိပ်မပျော်သည့် ညများတွင် တ၀ီဝီအော်ဟစ်နေသည့် သွေးစုပ်ကောင်ခြင်တို့ သည် မိုးကို ဖေးကူနေသည့်အလား သူတို့ ကလည်း ဒေါသတကြီး အော်မြည်သည် ။


“ အေးဗျာ ၊ တရက်လောက် မရွာပဲ စဲသွားယင် ကောင်းမှာပဲ မက္ကဖိုင်ပါစိတ်ညစ်လာသည် ။


သူတို့ အားလုံး ဆစ်ဒနီမှ ရောက်လာမည့် သဘောင်္ရက်ကို တထိတ်ထိတ် စောင့်နေကြရသည် ။ တအုံနွေးနွေး ဖြစ်နေကြရသည် ။ မက္ကဖိုင်အဖို့ ကား ကံဆိုးမ ဆေဒီတယောက် သူ့ မျက်စိအောက်က မြန်မြန် ပျောက်သွားစေချင်သည် ။ မလွဲမသွေ တွေ့ ရမည့်ဘေးကို မတတ်သာသည့် အဆုံးလက်ခံလိုက်ရုံသာ ရှိသည်မဟုတ်လား ။ သဘောင်္ထွက်သွားပြီဆို မှ ဟင်းချနိုင်တော့မည် ဖြစ်သည် ။ သဘောင်္ဆိုက်လျှင် ဆေဒီကို ဘုရင်ခံရုံးမှ စာရေးတယောက်က လာ၍ ခေါ်ကာ သဘောင်္ပေါ် တင်ပေးမည်ဖြစ်သည် ။ စာရေးကြီးဆိုသူသည် တနလာင်္နေ့ တွင် ရောက်လာကာ အသင့်ပြင်ထားဖို့ ဆေဒီအားမှာကြားသည် ။ ထိုအချိန်တွင် ဒေဗီဆန် လည်းရှိနေသည် ။


“ အားလုံးအသင့် ဖြစ်ပါစေ့မယ် ။ ကျွန်တော်လဲ သူနဲ့ အတူသဘောင်္ ပေါ်လိုက်လာမှာပါ ”


မစ္စသွမ်မဆန်ကား စကားတခွန်းမျှ မပြော ။


မက္ကဖိုင်သည် ဖယောင်းတိုင်ကို ငြိမ်းကာ ခြင်ထောင်ကိုအသာမ၍ ၀င်လိုက်သည် ။ အိပ်ရာထဲရောက်လျှင် သက်ပြင်းတချက် ချလိုက်သည် ။ ရင်ထဲတွင် အနည်းငယ် ပေါ့သွားသလို ထင်မိသည် ။


“ အေးကွယ် ၊ ဘုရားသခင် ကျေးဇူး ဆိုရမျာပဲ ၊ ခုလိုဆိုတော့အားလုံးချောချော မောမော ဖြစ်သွားပြီပေါ့ ၊ နက်ဖြန် ဒီအချိန်လောက်ဆိုယင် ဆေဒီတယောက် သဘောင်္ပေါ်ရောက်နေပြီပေါ့ ”


“ မစ္စက်ဒေဗီဆန်တယောက်လဲ ၀မ်းသာရှာမှာပဲ ၊ သူကပြောတယ် ၊ ဒေဗီဆန်တယောက်လဲ ပင်ပန်းလှပြီတဲ့ ၊ ဒီမိန်းမက တမျိုးပဲ ”


မစ္စက်မက္ကဖိုင်က ပြောသည် ။


“ဘယ်သူ့ ပြောတာလဲ ”


“ ဆေဒီလေ ၊ ကျွန်မတော့ ဒီလိုဖြစ်လာလိမ့်မယ်လို့ မထင်ဘူး ၊ အခုတော့ အတော်လေးကို စိတ်ကျသွားတာပဲ ”


မက္ကဖိုင်က ဘာမျှပြန်မပြော ။ သူလည်းပန်းလှပြီ ။ခေါငးချလိုက်လျှင်ပင် အိပ်ပျော်သွားသည် ။ သည်တညအိပ်ရသည်မှာ အိပ်ရေးအ၀ဆုံး နှစ်နှစ်ခြိုက်ခြိုက် အရှိဆုံးဟုထင်ုသည် ။


နောက်တနေ့ မနက်တွင် အိပ်ရာမှ ဆတ်ကနဲနိုးသဖြင့် ကြည့်လိုက်သည့်အခါ သူ့ လက်မောင်းကို လှုပ်နှိုးနေသည့် ဟွန်းကို တွေ့ ရသည် ။ ဟွန်းက ပါးစပ်ကို လက်ညှိုးနှင့်ကာလျက် အသံမပြုရန် သတိပေးပြီး သူနှင့်အတူ လိုက်ခဲ့ရန် ခေါ်သည် ။ ခါတိုင်းဆိုလျှင် ဟွန်းကို ဘောင်းဘီတို နှင့် တွေ့ ရလေ့ရှိုသည် ။ ယခုမူ လာဗာ လာဗာကို ၀တ်ထားသည် ။


သူ့ မျက်စိအောက်တွင် ဟွန်းသည် နေ့ ချင်းညချင်းပင် အရိုင်းအစိုင်းအသွင် ပြောင်းသွားသလိုလို ထင်မိသည် ။ တကိုယ်လုံး တွင်လည်း ဆေးမင်ကြောင် များထိုးထားသည် ။ ရှေ့ ဘက်ဝရန်တာသို့  ထွက်ခဲ့ကြသည် ။


“ ဘယ်သူမှ မကြားစေနဲ့ ဗျို့  ၊ ခင်ဗျားလိုက်ခဲ့ ဖို့ လိုလိမ့်မယ် ၊ မြန်မြန်လေးလုပ်ဗျာ ၊ ကုတ်အကျီင်္ဝတ် ၊ ဖိနပ်စီး ၊ ခပ်မြန်မြန် ”


ဟွန်းက တိုးတိုးပြောကာ ခေါ်သည် ။


ဆေဒီတယောက် တခုခုတော့ ဖြစ်ပြီဟု မက္ကဖိုင်ထင်မိသည် ။


“ ဘာဖြစ်တာလဲ ၊ ဆေးအိတ်ယူခဲ့ရဦးမလား ”


“ မြန်မြန်ဗျာ ၊ မြန်မြန်လေးလုပ်ပါ ”


မက္ကဖိုင်သည် အိပ်ခန်းထဲသို့  ပြန်ဝင်သွားပြီး မိုးကာအကျီင်္ကို ခြုံလိုက်သည် ။ ထို့ နောက်ရာဘာခံ ဖိနပ်ကို စီးလိုက်သည် ။ သူတို့ နှစ်ယောက်ခြေဖျားထောက်ကာ အောက်ထပ်သို့ ဆင်းလာကြသည် ။ အပြင်ဘက်လမ်းပေါ်တွင် ကျွန်းသားဒါဇင်ဝက်ခန့် ကိုတွေ့ ရသည် ။


“ ဘာဖြစ်တာလဲဗျ ”


“ ကျွန်တော်နဲ့ သာ လိုက်ခဲ့ပါဗျာ ”


ဟွန်းထံမှ ဤအဖြေသာ ရသည် ။


မက္ကဖိုင်လည်း သူ့ နောက်မှ လိုက်သွားသည် ။ သူတို့ နောက်မှ ကျွန်းသားများလိုက်လာကြသည် ။ လမ်းကိုကျော်ပြီးနောက် ပင်လယ်ကမ်းစပ်သို့ ရောက်လာသည် ။ ရေစပ်တွင် တစုံတခုကို ၀ိုင်းအုံ၍ ကြည့်နေသည့် ကျွန်းသားတသိုက်ကို တွေ့ ရသည် ။ သို့ နှင့် ခပ်သုတ်သုတ် အပြေးသွားသည် ။ သူတို့ လာနေသည်ကို တွေ့ သဖြင့်ကျွန်းသားတို့ သည် ထိုနေရာမှ ဖယ်ပေးလိုက်ကြသည် ။ ဟွန်းက မက္ကဖိုင်အား ရှေ့ သို့ တွန်းပို့ လိုက်သည် ။ ရေစပ်တွင်ကား တုန်လှုပ်စရာ ချောက်ချားစရာ မြင်ကွင်း ယင်းမှာ ဒေဗီဆန် `၏ အလောင်း ။


မက္ကဖိုင်သည် အရေးပေါ်ကိစ္စတို့ တွင် ခေါင်းအေးအေးထားနိုင်သူဖြစ်သည်။ ထို့ ကြောင့် ခပ်ကုန်းကုန်းဖြစ်နေသော အလောင်းကို ပက်လက်လှန်ပေးလိုက်သည် ။ ဒေဗီဆန်`၏ လည်ပင်းသည် တိတိပြတ်နေသည် ။ ညာဘက်လက်တွင်ကား သင်ဓုန်းဓားတခုကို ကိုင်လျက် ။


“ အတော်အေးနေပြီဗျ ၊ သေတာ တော်တော်လေး အချိန်ကြာ သွားပြီ ” မက္ကဖိုင်က ဆိုသည် ။


“ ဒီက ကလေးတယောက် အလုပ်သွားဖို့ ထွက်အလာမှာ တွေ့ တာနဲ့ ကျွန်တော်ကို လာခေါ်တာပဲ ၊ သူ့ ကိုယ်သူ ကြံစည်တာ ဖြစ်နိုင်ပါ့မလား ဗျာ ၊ ခင်ဗျား ဘယ်လိုထင်သလဲ ” ဟွန်းက မေးသည် ။


“ ဖြစ်နိုင်ပါတယ် ၊ ပုလိပ်ကိုတော့ အကြောင်းကြားခိုင်းမှဗျ ”


ဟွန်းက သူ့ တို့ ဘာသာစကားဖြင့် တခွန်းနှစ်ခွန်း ပြောကာ သူငယ်လေး နှစ်ယောက်ကို ခိုင်းလိုက်သည် ။


“ ပုလိပ်တွေ မလာခင်တော့ ဒီအတိုင်းပဲထားမှ ဖြစ်မယ် ”


“ ကျွန်တော်အိမ်တော့ အလောင်းသယ်လို့ မဖြစ်ဘူး ” ဟွန်းးက ကြိုကြိုတင်တင် ပြောထားသည် ။


“ သူတို့ ပြောတဲ့ အတိုင်းလုပ်ရမှာပေါ့ ” မက္ကဖိုင် စိတ်မရှည် ။ ခပ်ပြတ်ပြတ်ပင် ပြောလိုက်သည် ။

“ ရင်ခွဲရုံ ယူမှာပေါ့ ”


သူတို့ လည်း ဆိုင်ရာတို့ လာသည်အထိ ရပ်စောင့်နေကြသည် ။ ဟွန်းက စီးကရက်ထုတ်ကာ မက္ကဖိုင်ကို ပေးသည် ။ ဆေးလိပ်ကို ဖွာကာ ဒေဗီဆန် အလောင်းကို ကြည့်နေကြသည် ။ ဘာဖြစ်တာလဲ ။ ဒေါက်တာ မက္ကဖိုင်နားမလည်နိုင် ။

“ ဘာကြောင့် ဒီလိုလုပ်ရတယ် ထင်သလဲ ” ဟွန်းက မေးနေပြီ ။


မက္ကဖိုင်သည် ပခုံးနှစ်ဘက်ကို ဆတ်ကနဲ တွန့်  လိုက်သည် ။ ခဏ ကြာလျှင် ပုလိပ်များ ရောက်လာသည် ။ သူတို့ နှင့် ရှေ့ ဆင့်နောက်ဆင့်ပင် ရေတပ်ဆရာဝန် လည်းရောက်လာသည် ။ ရေတပ်အရာရှိများပါ ပါလာသည် ။ ထုံးစံအတိုင်းပင် အလောင်းကို ကြည့်ရှုစစ်ဆေးကြသည် ။


“ သူ့ မိန်းမရော ” တယောက်ကမေးသည် ။


“ ကဲ ၊ ခင်ဗျားတို့ ရောက်လာမှ ကျွန်တော်အိမ်ပြန်ပြီး စီစဉ်လိုက်ဦးမယ် ၊ သူ့ မိန်းမတော့ ခဏလေးကြာမှ ခေါ်ပြမှဖြစ်မယ် ”

“ ကောင်းသာပဲ ” ရေတပ်ဆရာဝန် ကဆိုသည် ။


မက္ကဖိုင်အိမ်ပြန် ရောက်သည့်အခါ မစ္စက်မက္ကဖိုင် အ၀တ်လဲနေသည်ကို တွေ့ ရသည် ။


“ မစ္စက် ဒေဗီဆန် တော့ သူ့ ယောက်ကျာ်းအတွက် စိတ်ပူနေတယ် ၊ တညလုံး အိပ်ရာထဲမှာ အရှိဘူးတဲ့ ၊ မစ္စသွမ်မဆန် အခန်းကထွက်သွားတဲ့ ခြေသံကြားတော့ နှစ်နာရီလောက်ရှိပြီ ၊ ပြီးတော့ အိမ်ပေါ်တက်မလာပဲ အပြင်ထွက်သွားတယ်တဲ့ ၊ အဲဒီအချိန်လောက်ကတည်းက အပြင်ဘက်မှာ လျှောက်နေယင်တော့ သေမှာပဲ ” ရောက်လျှင် ရောက်ချင်း မက္ကဖိုင်ကြားရ သည့်စကားဖြစ်သည် ။


မက္ကဖိုင်က အကြောင်းစုံ ပြောပြလိုက်သည် ။ပြီးလျှင် ထိုသတင်းဆိုးကို မစ္စက်ဒေဗီဆန်အား သူ့ မိန်းမမှ တဆင့် သိစေခိုင်းသည် ။


“ နေပါဦး ၊ ဘာဖြစ်လို့ သူ့ ကိုယ်သူ သတ်သေရတာလဲ ” ကြားရသည့် သတင်းကြောင့် မစ္စက်မက္ကဖိုင်လည်း တုန်လှုပ်သွားသည် ။


“ အေး ၊ ငါလဲမသိဘူး ”


“ ဒါပေမယ့် ကျွန်မ မပြောချင်ဘူး ၊ သူ့ ကို မပြောချင်ဘူး ”


“ မဟုတ်ဘူး ၊ ပြောရမယ် ”


သူ့ မိန်းမသည် သူ့ ကိုစိန်းစိန်းကြည့်ကာ ထွက်သွားသည် ။ထို့ နောက်မစ္စက်ဒေဗီဆန် `၏အခန်းထဲသို့  ၀င်သွားသံ ကြားလိုက်သည် ။ခဏမျှ နားနေပြီးနောက် မုတ်ဆိတ်ရိတ်ကာ အိပ်ရာပေါ်တွင် ထိုင်လျက် သူ့ မိန်းမပြန်အလာကို စောင့်နေလေသည် ။ မကြာမီ သူ့ မိန်ူမအခန်းထဲ သို့ ဝင်လာသည် ။


“ သူ့ ယောကျာ်း အလောင်းကို ကြည့်ချင်တယ်တဲ့ ”


“ ရင်ခွဲရုံ ယူသွားကြပြီ ၊ အေး ၊ သူနဲ့ အတူ လိုက်သွားကြတာပေါ့ ၊ နေပါဦး ၊ သတင်းကို ပြောလိုက်တော့ ဘယ်လိုဖြစ်သွားသလဲ ”


“ ကျွန်မစိတ်ထင်တော့ သူအံ့အားသင့်ပြီး ကြက်သေသေသွားတယ် ထင်တယ် ၊ ငိုလဲမငိုဘူး ၊ ဒါပေမယ့် တုန်တုန် လှုပ်လှုပ် ဖြစ်နေတယ် ”


“ ဒါဖြင့် လာလာ ၊ သူ့ ဆီသွားမှပဲ ”


တံခါးခေါက်လျှင် မစ္စက်ဒေဗီဆန် ထွက်လာသည်။ ချုံး ကျသွား သည် ။ မျက်ရည်တစက်မျှ မထွက် ။ မက္ကဖိုင်စိတ်ထဲတွင် မစ္စက်ဒေဗီဆန် သည် မပူရုပ်ဆောင်နေသည်ဟု ထင်သည် ။ သူတို့ သည် စကားတခွန်းမျှ မပြောကြ။ တိတ်ဆိတ် ငြိမ်သက်စွာပင် ထွက်လာခဲ့ကြသည် ။ ရင်ခွဲရုံ ရောက်သည့်အခါတွင် မှစကားစသည်။


“ ကျွန်မ သူ့ ကိုတယောက် တည်း ကြည့်ပါရစေလား ”


ထို့ ကြောင့် မက္ကဖိုင် လင်မယား လမ်းဖယ်ပေးလိုက်သည် ။ ရင်ခွဲရုံ တံခါးကို အစောင့်က ဖွင့်ပေးပြီး မစ္စက်ဒေဗီဆန် ၀င်သွားသည့်အခါ ပိတ်ထားလိုက်သည် ။ အပြင်ဘက်၌ စောင့်နေစဉ် မျက်နှာဖြူ တယောက်နှစ်ယောက်ရောက်လာကာ တိုးတိုးပင် မေးမြန်းသည် ။ မက္ကဖိုင်က သူသိသမျှပြောပြသည် ။ ခဏကြာ လျှင် တံခါးပွင့်လာပြီးနောက် မစ္စက်ဒေဗီဆန် ထွက်လာသည် ။ အားလုံးစကားပြောရပ်သွားကြသည် ။


“ ကျွန်မပြန်ဖို့ အသင့်ပဲ ”


သူ့ အသံသည် တည်ငြိမ်သည် ။ မာသည် ။ သူ့ မျက်လုံး အကြည့်ကို မက္ကဖိုင်နားမလည် ။ ပြုံးနေသော မျက်နှာမှာ တင်းမာနေသည် ။ သူတို့ သည် အိမ်ရှိရာသို့  လမ်းတပတ် ပြန်ကွေ့ ကြရသည် ။ မစ္စက်ဒေဗီဆန်`၏ သက်ပြင်းချသံ ကြားသည့်အခါ သူတို့ ခဏရပ်နေလိုက်ကြသည် ။ သူ့ တို့ နားထဲသို့  ဆူဆူညံညံ အသံများတိုးဝင်လာသည် ။ ကာလအတန်ကြာ ငြိမ်နေသည့် ဓာတ်စက်သံ ကို ပြန်၍ ကြားရသည် ။ ကျယ်ကျယ်လောင်လောင် စူးစူးရှရှ ။


“ ဒါကဘာလဲ ”


မစ္စက်ဒေဗီဆန်က ခေါ်သည် ။


သူ့ တို့ သည် လှေကားထစ်ကို တက်ရန်လှမ်းနေကြပြီ ။ ဆေဒီသည် သူ့ အခန်းဝတွင် ရပ်ကာ ရေတပ်သားတယောက်နှင့် စကားပြောနေသည် ။ သူကား အပြောင်းလဲကြီး ပြောင်းလဲနေသည် ။ အလျင်ရက်များ တုန်းက လိုကြောက်ကြောက် ရွံ့ ရွံ့  အမူအရာ မျိုးမဟုတ် ။ အကျီင်္ဖြူဖြူ ဖိနပ် ပြောင်ပြောင် ၊ ခြေအိတ် နှင့် ပေါင်ဒါ နှင့် ဖြစ်သည်။ ဆံပင်ကိုလည်း အကျအန ဖြီးကာပြင်ဆင်ထားသည် ။ ဦးထုပ်ကြီးကိုလည်း ဆောင်းထား သေးသည် ။ ဦးထုပ်ထက်တွင် ပန်းပွင့်များ ဝေဆာနေသည် ။ နှုတ်ခမ်းနီ ပါးနီ မျက်တောင်ကော့တွင် ဆေးခြယ်ထားသည်။ သူတို့ နှင့် စတွေ့  စကအချိုး အတိုင်းပင်ကြွားကြွား ရွားရွား ။ သူတို့ ဝင်လာသည်ကို မြင်လျှင် လှောင်သံ နှင့်ရယ်လိုက်သည် ။ မစ္စူက်ဒေဗီဆန် တွန့် ကနဲ ဖြစ်ကာ ရုတ်တရက်ရပ်အသွား တွင်ဆေဒီသည် ထွီကနဲ တံတွေးကို ထွေးလိုက်သည် ။ မစ္စက်ဒေဗီဆန်`၏ မျက်နှာတွင် ရဲကနဲ ရှက်သွေးဖြန်းတက်လာသည် ။ထို့ နောက် မျက်နှာ ကို လက်နှစ်ဘက်ဖြင့် အုပ်ကာ ငိုယင်း အပေါ်ထပ်သို့  အပြေးတက်သွားသည် ။ ဒေါက်တာ မက္ကဖိုင်ကား ဒေါသထွက်လာသည် ။ ထို့ ကြောင့် ဆေဒီကို တွန်းကား သူ့ အခန်းထဲသို့  ၀င်လိုက်သည် ။


“ ဒါသ ဘာလုပ်နေတာလဲ ၊ ဒီဓာတ်စက်ကြီးကို ရပ်လိုက်ပါလား ”


အသံကုန်အော်လိုက်သည် ။


ထို့ နောက် ဓာတ်စက်ကို ရပ်လိုက်သည် ။ ချက်ချင်းပင် ဆေဒီသည် မက္ကဖိုင်နှင့် မျက်နှာချင်း ဆိုင်လိုက်သည် ။


“ ဒီမှာ ဒေါက်တာ ၊ ဒါဘာလုပ်တာလဲ ၊ ရှင်.. ရှင်.. ရှင် ဘာလဲ ၊ ပိုင်စိုးပိုင်နင်း ရှိလှချည်းလား ၊ တော် .. တော် ဒါတွေ ပြောမနေနဲ့  ၊ ရှင်ကျွန်မ အခန်းထဲမှာ ဘာလာပြီး စော်ကားမော်ကား လုပ်နေတာလဲ ”


“ ဘာရယ်ကွ ၊ ဘာပြောတယ်ကွ ” မက္ကဖိုင်က ပြန်၍ အော်သည် ။


ဆေဒီသည် ပြန်ပြောရန် ပြင်ဆင်အား.ယူလိုက်သည် ။ သူ့ မျက်နှာတွင် ပေါ်လာသည့် မထီမဲ့မြင် အမူအရာများကို သရုပ်ပေါ်အောင် ဘယ်သူမှ လုပ်ပြတတ်မည် မထင် ။ ထို့ အတူ သူ့ အဖြေ သူ့ စကားတွင် အရိပ်သန်းလာသည့် စက်ဆုပ်စရာ စကားလုံးများကိုလည်း ဘယ်သူမျှ ရွေး တတ်မည်မဟုတ် ။


“ ရှင်တို့  ယောကျာ်း တွေ အကုန်လုံး အကျင့်တန်တဲ့  လူတွေ ချည်းပဲ ၊ ရှင်တို့  အားလုံး အတူတူ နဲ့ အနူနူချည်းပဲ ၊ ရှင်တို့ ရှင်တို့ တဏှာရှုး တွေ ”


ဒေါက်တာ မက္ကဖိုင်သည် နောက်ဆုံးတွင် ပင့်သက်ချလိုက်မိသည် ။ ယခုကား အဓိပ္ပာယ်အားလုံးကို သူနားလည်ပြီ ။

0 comments:

Post a Comment