ရတနာများ နှင့်စီချယ်ထားသော



ရတနာများ နှင့်စီချယ်ထားသော အဆောင်ကျောက် ပန်းအိုးလေး
( Indoor Plan )

လူတို့ သည်ကျောက်မျက်ရတနာ များကိုအဓိကအားဖြင့် အလှအပ အတွက်ဝတ်ဆင်ကြသည်။ အချို့ ကမူ ယင်းတို့ ကိုတန်ခိုးဣဒ္ဓိပါဒ် ပြည့်  စုံ၍အစွမ်းထက်သော အဆောင်ပစ္စည်းများအဖြစ်လည်းကောင်း ၊ နေ့ သင့်နံသင့် ခမည်းပစ္စည်းများ အဖြစ်လည်းကောင်း ၊ ၀တ်ဆင်ကြသည် ။ကျောက်မျက်များ ၌ထူးခြားသော တန်ခိုးဣဒ္ဓိပါဒ်များ ရှိခဲ့ သည်ဟု ရှေးပဝေသဏီကပင် လက်ခံယုံကြည်ခဲ့ ကြသည်။

ထိုကြောင့်  နိုင်ငံရေး ၊ စစ်ရေး ၊ လူမူရေး ၊ ယဉ်ကျေးမူ ၊ စီးပွားရေး စသည့် တို့ ဘက်၌ ကျောက်မျက်ရတနာ တစ်မျိုးမျိုး ကိုအဆောင်ပစ္စည်း များအဖြစ် ဆင်ယင်ထားကြသည် ။

ကျော်စောကိတ္တိအတွက် လည်းကောင်း ၊ လူချစ်လူခင် ပေါများရန်များရန်အတွက်လည်းကောင်း ၊ ကျန်းမာ သန်စွမ်း ရေးအတွက်လည်းကောင်း ၊ ပီယသိဒ္ဓိအတွက် လည်းကောင်း ၊ မကောင်းသောဂြိုဟ်ဆိုး ၊ ကြမ္မာဆိုး တို့  ကို ဖယ်ရှားပျောက်ကွယ်စေရန် အတွက်လည်းကောင်း ၊ ကျောက်မျက် ရတနာများကို ဆောင်ထား လေ့ရှိ ကြ သည်။

ကျောက်မျက်ရတနာ များ`၏တန်ခိုးအာနိသင်ကို -- မဏိသျှတ္တရခေါ် ရတနာကျမ်းများတွင် ပတ္တမြား ဘုန်းတောက် ၊ မြ ကျောက်အေးချမ်း ၊ စိန်စွမ်း ဂုဏ်ရောင် ၊ ကြောင်ကား သိဒ္ဓိ ၊ မဏိနီလာ မေတ္တာလွန်စိတ် ၊ ဂေါ်မိတ်ခွန်အား ၊ ဥဿဖရား ကျန်းမာ ၊ သန္တာကြီးကဲ ၊ ပုလဲ ကျက်သရေ ၊ ဆိပ်ပြေမဟူရာ ၊ မင်္ဂလာ ကျောက်စိမ်း ၊ မူးမိုက်တိမ်းက ပယင်းကို သာ ရူရိုက်ရာ`၏ဟူ၍ ဖော်ပြထားပေသည် ။



ထို့ အပြင် ဟူးရားကျမ်းများတွင် လည်း -------

ပတ္တမြား - ဘေးရန်အမျိုးမျိုး ကိုကာကွယ်နိုင်သည်။ စီးပွားတိုးတက်သည်။

မြ - ကိုယ်စိတ်နှစ်ပါး အေးချမ်းသာယာသည် ။ ဘေးဘယာ များကိုကုစားနိုင်သည်။

ပုလဲ - ကျက်သရေ ရှိသည် ။ သွေးလေချောက်ချား၍စိတ်နှလုံး ပျက်ပြားနေသူများကိုကုစားနိုင်သည်။

စိန် - ပျော်ရွင်ချမ်းမြေ့ ၍ လာဘ်လာဘ ရွင်စေနိုင်သည် ။ ဂုဏ်ရှိသည် ။

ကျောက်စိမ်း - မင်္ဂလာရှိ၍ ကြောက်ရွံ ထိတ်လန့် ခြင်းကိုကာကွယ် နိုင်သည်။

ပယင်း - မူးဝေသော် ရူရိုက်လျှင် ပျောက်ကင်း၍ အိပ်ပျော်နိုင်သည် ။

မဟူရာ - အသားနှင့်ထိ၍ ဆောင်ထားခြင်းဖြင့် အဆိပ်ရှိသော သတ္တ၀ါများကိုက်သော် လည်းအဆိပ်မတက်နိုင် ၊ သောက်ရေအိုးထဲ ထည့် ထားလျှင် ပြင်ပမှ အဆိပ်ခတ်ခြင်း ၊ ဆေးခတ်ခြင်းတို့ ကို ပျောက်ကင်းနိုင်သည် ။

သန္တာ - စုန်းပယောဂများကို ကာကွယ်နိုင်သည် ။

သလင်း - မျက်စိရောဂါကို ကာကွယ်နိုင်သည်။


လအလိုက်အဆောင်ရတနာများ---

၁ ။ ဇန်န၀ါရီလ - အနီရင့် ဇီးရောင်

၂ ။ ဖေဖော်ဝါရီ - မရမ်း ခရမ်းကျောက်သလင်း

၃ ။ မတ်လ - အပြာနု အက်ကွာမရင်း

၎ ။ ဧပြီလ - ကြင်လင်သောအဖြူ စိန်

၅ ။ မေလ - အစိမ်း မြ

၆ ။ ဇွန်လ - နီု့ နှစ်ရောင် ပုလဲ

၇ ။ ဇူလိုင်လ - အနီရောင် ပတ္တမြား

၈ ။ သြဂုတ်လ - အစိမ်းနု ပြောင်ခေါင်းစိမ်း

၉ ။ စက်တင်ဘာလ - အပြာရင့်  နီလာ

၁၀ ။ အောက်တိုဘာလ - ရောင်စုံ ရွဲ ၊ အိုပယ်

၁၁ ။ နိုဝင်ဘာလ - အ၀ါ ဥဿဖရား ၊ ထပ်တရာ

၁၂ ။ ဒီဇင်ဘာလ - မိုးပြာရောင် တာကွိုက်



နေ့ နံအလိုက်အဆောင်ရတနာများ -

၁ ။ တနင်္ဂနွေ သားသမီးများ - ပတ္တမြား

၂ ။ အနင်္လာ သားသမီးများ - ပုလဲ

၃ ။ အင်္ဂါ သားသမီးများ - သန္တာ

၎ ။ ဗုဒ္ဓဟူး သားသမီးများ - မြ

၅ ။ ကြာသပတေး သားသမီးများ - ဥသဖရား

၆ ။ သောကြာ သားသမီးများ - စိန်

၇ ။ စနေ သားသမီးများ - နီလာ

၈ ။ ရာဟု သားသမီးများ - ဂေါ်မုတ်

၉ ။ ကိတ် - ကြောင်

အထက်ပါရတနာအဆောင်ကျောက်များအ ပြင် ၊ စီးပွားရေး ၊ လူမူရေး ၊ များတွင် ပျော်ရွှင်ချမ်းမြေ့ ၍ လာဘ်လာဘ ရွှင်စေရန်အတွက် ဂမုန်းပင်များကို စိုက်ကြသည် ။ ရွှေလာ ၊ ငွေလာ ဂမုန်းပင်များကို ရေသန့် သန့် လောင်း ၊ အမွှေးတိုင်း ထွန်းပြီး လာဘ်လာဘ ရွှင်စေရန် အတွက် စိုက်ပျိုးလေ့ ရှိကြသည်။ရတနာ အဆောင်ကျောက်များ နှင့် ရွှေလာ ၊ ငွေလာဂမုန်း ပင်ကလေးများကို တွဲ၍ ဖန်ခွက် အကြည်ရောင် တွင် ရေ သန့် သန့် ထည့် ၍ စိုက်ပါက လာဘ်လာဘ ရွှင်လန်းစေသည့် အပြင်၊ အနှောက်အယှက် အတိုက် အခိုက် ရန်များမှလည်း ကင်းဝေးစေပါသည် ။

ထိုရတနာများနှင့်  စီချယ်ထားသော ရွှေလာ ၊ ငွေလာ ဂမုန်းပင်းကလေး များကို ဘုရားစင်ပေါ်တင်၍ ပူဇော် လျှင် လည်းကောင်း ၊ ရုံးခန်း ၊ အလုပ်ခန်းများတွင် လည်းကောင်း ၊ အိမ်ဧည့် ခန်းအတွင်း၌ လည်းကောင်း ၊ စိုက်ပျိုး ထားပါက ကျက်သရေမင်္ဂလာ အပေါင်းနှင့်  ပြည့် စုံပြီး ၊ စီးပွားလာဘ်လာဘများပွင့်  လန်းစေပါသည်။

စိုက်ပျိုးပုံမှာ-

၁ ။ကြိုက်နှင့် သက်ရာ ဖန်ခွက် အကြည်ရောင် ကိုသန့် စင်အောင်ဆေးကြောထားပါ ။

၂ ။ ရတနာအဆောင်ကျောက်များကိုရေသန့် သန့် နှင့် ဆေးထား ပါ ။

၃ ။ သန့် စင်နေသော ဖန်ခွက်အတွင်းသို့  ရတနာအဆောင် ကျောက်များကိုထည့် ပါ ။

၎ ။ ရေသန့် သန့် လောင်းထည့် ပါ ။

၅ ။ ရွှေလာ ၊ ငွေလာ ဂမုန်းပင် ကလေးကို အပေါ်မှ ထိုးစိုက်လိုက် ပါ ။

၆ ။ ရေကို အမြဲ ကြည်လင်သန့် စင်နေအောင်ထားပါ ။ နေ့ တိုင်းရေလဲစရာမလို ပါ ။ နေ့ တိုင်းရေလဲလိုက်ပါက အပင်ရှင်သန် မူ နှင့် အာနိသင်လျော့နိုင်ပါသည် ။

၇ ။ အပင်လေးကို ဂရုစိုက် ပါ ။

၈ ။ ပြီးလျှင် မေတ္တာပို့ ဆုတောင်းပါ ။ ကိုယ်တောင်းချင်သောဆုကိုတောင်းပါ ။


စီပွားလာဘ်လာဘပွင့် လန်းစေရန် ၊ ဘေးအန္တရယ် ကင်းဝေးစေရန် ၊ ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့် စုံ ရန် ၊
ဖန်ခွက်အတွင်းမှ ရတနာရေများနှင့်  ရှင်သန်လျက်ရှိသော ရွှေလာ ၊ ငွေလာ ဂမုန်းပင်းကလေးမှ- အပင်ကလေး ရှင်သန်နေသလို ၊ စီးပွားလာဘ်လာဘများဒီရေအလားတိုးတက်ရှင်သန် နီုင်ပါစေ ၊ ဖန်ခွက်အတွင်းမှရတနာရေများ ပြည့်  လျှံနေသလို မျိုး ငွေ ခွက်အတွင်းမှငွေများပြည့်လျှံနိုင်ပါစေ။ ရွှေခွက်အတွင်းမှ ရွှေများပြည့်လျှံနိုင်ပါစေ ။

နေ့ တိုင်းဘုရားရှစ်ခိုးပြီးတိုင်း မေတ္တာပို့ ဆုတောင်းပါ ။ အပင်ကလေးကအသက်ရှိပါတယ် ။

့လူတိုင်းလူတိုင်း စိတ်ချမ်းသာ ကိုယ်ချမ်းသာ ရှိကြပါစေ ၊ စီးပွားလာဘ်လာဘများပွင့်လန်းကြပါစေ ။

မှတ်ချက် - ကျောက်ထုတ်ကလေးများ လိုအပ်လျှင်မှာကြားနိုင်ပါသည် ။